မုံရွာမြို့ သလ္လာဝတီဇာတ်ဆိပ်ကမ်းတွင် ကုန်တင်သင်္ဘောတစ်စီး ဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

 1355

သန့်ဇင် (NP News) - ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ သလ္လာဝတီဇာတ်ဆိပ်တွင် ကုန်တင်သင်္ဘောတစ်စီး ဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း မုံရွာခရိုင်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်မှုသည် ယနေ့(ဒီဇင်ဘာ ၁၈ ရက်)၊ မွန်လွဲ ၁ နာရီ ၆ မိနစ်အချိန် မုံရွာမြို့၊ သလ္လာဝတီဇာတ်ဆိပ်ကမ်းတွင် ကမ်းကပ်ထားသည့် ကုန်တင်သင်္ဘောတစ်စီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သင်္ဘောအင်ဂျင်ခန်းထဲမှာ ဆီတိုင်ကီထဲကို ဆီပီပါထဲကနေ ဆီထည့်နေတဲ့အချိန် မီးထလောင်တာပါ။ မီးလောင်တဲ့ သင်္ဘောက ကုန်တင်တဲ့သင်္ဘောပါ” ဟု မုံရွာခရိုင်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါသင်္ဘောမီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း သင်္ဘောအင်ဂျင်ခန်းတစ်ခန်း နှင့် စက်သုံးဆီ ဂါလံ(၄ဝ)ခန့် မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

“လောင်တာတော့ သင်္ဘောတစ်စီးလုံး လောင်သွားတာမဟုတ်ဘူး။ သင်္ဘောက အင်ဂျင်ခန်းတစ်ခန်းပဲလောင်တာ။ လူထိခိုက်တာလဲ မရှိခဲ့ပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့ကြောင့် ၎င်းသင်္ဘောမီးလောင်မှုအား မုံရွာခရိုင်/မြို့နယ် မီးသတ် နှင့် အခြားမီးသတ်တပ်ဖွဲ့များက မိနစ်(၃ဝ)ခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စုံစမ်းလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
မုံ႐ြာၿမိဳ႕ သလႅာဝတီဇာတ္ဆိပ္ကမ္းတြင္ ကုန္တင္သေဘၤာတစ္စီး ဆီျဖည့္ေနစဥ္ မီးေလာင္မႈျဖစ္ပြား

သန္႔ဇင္ (NP News) - ဒီဇင္ဘာ ၁၈

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕ သလႅာဝတီဇာတ္ဆိပ္တြင္ ကုန္တင္သေဘၤာတစ္စီး ဆီျဖည့္ေနစဥ္ မီးေလာင္မႈျဖစ္ပြားခဲ့ ေၾကာင္း မုံ႐ြာခ႐ိုင္မီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။

မီးေလာင္မႈသည္ ယေန႔(ဒီဇင္ဘာ ၁၈ ရက္)၊ မြန္လြဲ ၁ နာရီ ၆ မိနစ္အခ်ိန္ မုံ႐ြာၿမိဳ႕၊ သလႅာဝတီဇာတ္ဆိပ္ကမ္းတြင္ ကမ္းကပ္ထားသည့္ ကုန္တင္သေဘၤာတစ္စီး၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သေဘၤာအင္ဂ်င္ခန္းထဲမွာ ဆီတိုင္ကီထဲကို ဆီပီပါထဲကေန ဆီထည့္ေနတဲ့အခ်ိန္ မီးထေလာင္တာပါ။ မီးေလာင္တဲ့ သေဘၤာက ကုန္တင္တဲ့သေဘၤာပါ” ဟု မုံ႐ြာခ႐ိုင္မီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါသေဘၤာမီးေလာင္မႈတြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း သေဘၤာအင္ဂ်င္ခန္းတစ္ခန္း ႏွင့္ စက္သုံးဆီ ဂါလံ(၄ဝ)ခန႔္ မီးေလာင္ဆုံးရႈံးသြားခဲ့ေၾကာင္း သိရသည္။

“ေလာင္တာေတာ့ သေဘၤာတစ္စီးလုံး ေလာင္သြားတာမဟုတ္ဘူး။ သေဘၤာက အင္ဂ်င္ခန္းတစ္ခန္းပဲေလာင္တာ။ လူထိခိုက္တာလဲ မရွိခဲ့ပါဘူး” ဟု ၎က ဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ ၎သေဘၤာမီးေလာင္မႈအား မုံ႐ြာခ႐ိုင္/ၿမိဳ႕နယ္ မီးသတ္ ႏွင့္ အျခားမီးသတ္တပ္ဖြဲ႕မ်ားက မိနစ္(၃ဝ)ခန႔္ မီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရၿပီး ပ်က္စီးဆုံးရႈံးမႈတန္ဖိုးအား မီးသတ္တပ္ဖြဲ႕တာဝန္ရွိသူမ်ားက စုံစမ္းလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.