သဘောတူညီချက်တစ်ခုရခဲ့မယ်ဆိုရင် ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် ဗုံးကြဲတိုက်ခိုက်မှုတွေကို ရပ်တန့်သွားမယ် လို့ ဒေါ်နယ်ထရမ့်ပြော

 58

Pika (NP News) - မေ ၈

ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့က အရှေ့အလယ်ပိုင်းဒေသမှာ အရေးကြီးတဲ့ သင်္ဘောလမ်းကြောင်း တွေကို နှောင့်ယှက်နေတာတွေ ရပ်တန့်ဖို့ သဘောတူညီခဲ့မယ်ဆိုရင် အမေရိကန်က ဟူသီလက်နက်ကိုင်အဖွဲ့ အပေါ် ဗုံးကြဲတိုက်ခိုက်မှုကို ရပ်တန့်သွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “ဟူသီလက်နက်ကိုင်အဖွဲ့က ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်မှုတွေ မလုပ်ဆောင်တော့ဘူး ဆိုရင် ကျွန်တော်တို့ဘက်ကလည်း ဗုံးကြဲတိုက်ခိုက်မှုတွေကို ရပ်တန့်သွားမှာပါ။ အဲဒီလိုမျိုးဖြစ်လာခဲ့မယ်ဆိုရင် သူတို့ရဲ့ပြောဆိုချက်တွေကို ချက်ချင်းလက်ခံပြီး ဗုံးကြဲတိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် နောက်ထပ်တိုက်ခိုက်မှုတွေ မလုပ်ဆောင်ချင်တော့ဘူးဆိုတာကို ဟူသီလက်နက်ကိုင်အဖွဲ့က အမေရိကန်ကို အသိပေးခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားပြီးနောက် ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းပြည်သူတွေကို ထောက်ခံတဲ့အနေနဲ့ ပင်လယ်နီအတွင်းသွားလာနေတဲ့ ကုန်တင်သင်္ဘောတွေကို ဟူသီလက်နက်ကိုင်အဖွဲ့က တိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ပင်လယ်နီအတွင်း သွားလာနေတဲ့ ကုန်တင်သင်္ဘောတွေကို ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ပစ်မှတ်ထားတိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့အတွက် နိုင်ငံပေါင်းစုံ ပါဝင်တဲ့ ညွန့်ပေါင်းရေတပ်တပ်ဖွဲ့ကို အမေရိကန်က ဖွဲ့စည်းခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
သေဘာတူညီခ်က္တစ္ခုရခဲ့မယ္ဆိုရင္ ဟူသီလက္နက္ကိုင္အဖြဲ႕အေပၚ ဗုံးႀကဲတိုက္ခိုက္မႈေတြကို ရပ္တန႔္သြားမယ္ လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ေမ ၈

ယီမင္အေျခစိုက္ ဟူသီလက္နက္ကိုင္အဖြဲ႕က အေရွ႕အလယ္ပိုင္းေဒသမွာ အေရးႀကီးတဲ့ သေဘၤာလမ္းေၾကာင္း ေတြကို ေႏွာင့္ယွက္ေနတာေတြ ရပ္တန႔္ဖို႔ သေဘာတူညီခဲ့မယ္ဆိုရင္ အေမရိကန္က ဟူသီလက္နက္ကိုင္အဖြဲ႕ အေပၚ ဗုံးႀကဲတိုက္ခိုက္မႈကို ရပ္တန႔္သြားမယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က “ဟူသီလက္နက္ကိုင္အဖြဲ႕က ကုန္တင္သေဘၤာေတြကို တိုက္ခိုက္မႈေတြ မလုပ္ေဆာင္ေတာ့ဘူး ဆိုရင္ ကြၽန္ေတာ္တို႔ဘက္ကလည္း ဗုံးႀကဲတိုက္ခိုက္မႈေတြကို ရပ္တန႔္သြားမွာပါ။ အဲဒီလိုမ်ိဳးျဖစ္လာခဲ့မယ္ဆိုရင္ သူတို႔ရဲ႕ေျပာဆိုခ်က္ေတြကို ခ်က္ခ်င္းလက္ခံၿပီး ဗုံးႀကဲတိုက္ခိုက္မႈေတြကို ခ်က္ခ်င္းရပ္တန႔္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ေနာက္ထပ္တိုက္ခိုက္မႈေတြ မလုပ္ေဆာင္ခ်င္ေတာ့ဘူးဆိုတာကို ဟူသီလက္နက္ကိုင္အဖြဲ႕က အေမရိကန္ကို အသိေပးခဲ့တယ္လို႔ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
အစၥေရး-ဟားမက္စစ္ပြဲ စတင္ျဖစ္ပြားၿပီးေနာက္ ဂါဇာကမ္းေျမာင္ေဒသက ပါလက္စတိုင္းျပည္သူေတြကို ေထာက္ခံတဲ့အေနနဲ႔ ပင္လယ္နီအတြင္းသြားလာေနတဲ့ ကုန္တင္သေဘၤာေတြကို ဟူသီလက္နက္ကိုင္အဖြဲ႕က တိုက္ခိုက္မႈေတြ စတင္လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ပင္လယ္နီအတြင္း သြားလာေနတဲ့ ကုန္တင္သေဘၤာေတြကို ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ပစ္မွတ္ထားတိုက္ခိုက္မႈေတြကေန ကာကြယ္ဖို႔အတြက္ ႏိုင္ငံေပါင္းစုံ ပါဝင္တဲ့ ၫြန႔္ေပါင္းေရတပ္တပ္ဖြဲ႕ကို အေမရိကန္က ဖြဲ႕စည္းခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.