ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို PDF အဖွဲ့ ထပ်မံမိုင်းခွဲဖျက်ဆီး၊ ရထားလမ်းနှင့် ဘူတာရုံ မိုင်းခွဲခံရမှု အကြိမ်ရေပေါင်း (၁၃၀) အထိရှိလာ

 6266

Pearl (NP News) - ဒီဇင်ဘာ ၂၀

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို PDF အဖွဲ့ ထပ်မံမိုင်းခွဲဖျက်ဆီးခဲ့ပြီး ရထားလမ်းနှင့် ဘူတာရုံ မိုင်းခွဲခံရမှု အကြိမ်ရေပေါင်း (၁၃၀) အထိရှိလာကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၁၉ ရက်) ၊ နံနက်ပိုင်းတွင် မန္တ လေးတိုင်း ၊ ကျောက်ဆည်မြို့နယ်၊ မင်းစုဘူတာနှင့် ကျောက်ဆည်ဘူတာ အကြား၊ မိုင်တိုင်အမှတ်၊ ၃၅၃/၃ နှင့် ၄ အကြား၊ တံတားအမှတ် (၇၃၆) အနီးတွင် PDF အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းခွဲဖျက်ဆီးထားသဖြင့် တံတားချဉ်းကပ်လမ်းရှိ ကွန်ကရစ်ဇလီဖားတုံးများပျက်စီးပြီး သံလမ်းများနေရာရွေ့နေမှုကြောင့် မင်းစုနှင့်ကျောက်ဆည်ကြားရထားလမ်းပိုင်းများအား ခေတ္တပိတ်ထားခဲ့ရပြီး အမှတ် (၅) အဆန် ရန်ကုန်-မန္တလေး လူစီးအမြန်ရထားသည် မြစ်သားဘူတာသို့ ယမန်နေ့ (ဒီဇင်ဘာလ ၁၉ ရက်)၊ နံနက် ၇ နာရီ ၂၀ မိနစ်တွင် ရောက်ရှိ ရပ်တန့်ခဲ့ရကြောင်း သိရသည်။

အဆိုပါ မိုင်းပေါက်ကွဲသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ကာ နယ်မြေလုံခြုံရေးနှင့် မိုင်းရှင်း လင်းခြင်းများ ဆောင်ရွက်ခြင်း၊ မြန်မာ့မီးရထားဝန်ထမ်းများက လမ်းပိုင်းအားစစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး အစုန်လမ်းအားပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ အမှတ် (၅) အဆန်လူစီးအမြန်ရထားသည် မြစ်သားဘူတာမှ နံနက် ၉ နာရီ ၁၀ မိနစ်၌ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။

"ရထားလမ်းတွေ ဘူတာရုံတွေ အများပြည်သူအသုံးပြုနေရတဲ့နေရာတွေကို မလုပ်စေချင်ဘူး။ မဖြစ်စေချင်ဘူးပေါ့။ တခြားလူစည်ကားတဲ့နေရာတွေ။ အများပြည်သူသွားလာနေတဲ့ စျေးတွေ၊ ဆေးရုံတွေရော အဲဒီလိုမျိုးတွေ မလုပ်သင့်ပါဘူး"ဟု နိုင်ငံအတွင်း လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသူ တစ်ဦးက NP News ကို မှတ်ချက်ပြုပြောကြားထားသည်။

အကြမ်းဖက်သမားများအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီလ (၁) ရက်မှ ယနေ့အထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့်ရထားဘူတာ နယ် မြေအတွင်း မိုင်းထောင်မိုင်းခွဲခြင်း (၁၃၀) ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၄၆) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအားမီးရှို့ဖျက် ဆီးခြင်း (၁၂) ကြိမ် ကျူးလွန်ခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

zawgyi version
ရန္ကုန္-မႏၲေလး ရထားလမ္းပိုင္းကို PDF အဖြဲ႕ ထပ္မံမိုင္းခြဲဖ်က္ဆီး၊ ရထားလမ္းႏွင့္ ဘူတာ႐ုံ မိုင္းခြဲခံရမႈ အႀကိမ္ေရေပါင္း (၁၃၀) အထိရွိလာ
Pearl (NP News) - ဒီဇင္ဘာ ၂၀

ရန္ကုန္-မႏၲေလး ရထားလမ္းပိုင္းကို PDF အဖြဲ႕ ထပ္မံမိုင္းခြဲဖ်က္ဆီးခဲ့ၿပီး ရထားလမ္းႏွင့္ ဘူတာ႐ုံ မိုင္းခြဲခံရမႈ အႀကိမ္ေရေပါင္း (၁၃၀) အထိရွိလာေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

ယမန္ေန႔ (ဒီဇင္ဘာလ ၁၉ ရက္) ၊ နံနက္ပိုင္းတြင္ မႏၲ ေလးတိုင္း ၊ ေက်ာက္ဆည္ၿမိဳ႕နယ္၊ မင္းစုဘူတာႏွင့္ ေက်ာက္ဆည္ဘူတာ အၾကား၊ မိုင္တိုင္အမွတ္၊ ၃၅၃/၃ ႏွင့္ ၄ အၾကား၊ တံတားအမွတ္ (၇၃၆) အနီးတြင္ PDF အဖြဲ႕က မိုင္းခြဲဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

ထိုသို႔ မိုင္းခြဲဖ်က္ဆီးထားသျဖင့္ တံတားခ်ဥ္းကပ္လမ္းရွိ ကြန္ကရစ္ဇလီဖားတုံးမ်ားပ်က္စီးၿပီး သံလမ္းမ်ားေနရာေ႐ြ႕ေနမႈေၾကာင့္ မင္းစုႏွင့္ေက်ာက္ဆည္ၾကားရထားလမ္းပိုင္းမ်ားအား ေခတၱပိတ္ထားခဲ့ရၿပီး အမွတ္ (၅) အဆန္ ရန္ကုန္-မႏၲေလး လူစီးအျမန္ရထားသည္ ျမစ္သားဘူတာသို႔ ယမန္ေန႔ (ဒီဇင္ဘာလ ၁၉ ရက္)၊ နံနက္ ၇ နာရီ ၂၀ မိနစ္တြင္ ေရာက္ရွိ ရပ္တန႔္ခဲ့ရေၾကာင္း သိရသည္။

အဆိုပါ မိုင္းေပါက္ကြဲသည့္ေနရာသို႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္ကာ နယ္ေျမလုံၿခဳံေရးႏွင့္ မိုင္းရွင္း လင္းျခင္းမ်ား ေဆာင္႐ြက္ျခင္း၊ ျမန္မာ့မီးရထားဝန္ထမ္းမ်ားက လမ္းပိုင္းအားစစ္ေဆးျပဳျပင္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ၿပီး အစုန္လမ္းအားျပန္လည္ဖြင့္လွစ္ေပးခဲ့ရာ အမွတ္ (၅) အဆန္လူစီးအျမန္ရထားသည္ ျမစ္သားဘူတာမွ နံနက္ ၉ နာရီ ၁၀ မိနစ္၌ ဆက္လက္ထြက္ခြာခဲ့ေၾကာင္း သိရသည္။

"ရထားလမ္းေတြ ဘူတာ႐ုံေတြ အမ်ားျပည္သူအသုံးျပဳေနရတဲ့ေနရာေတြကို မလုပ္ေစခ်င္ဘူး။ မျဖစ္ေစခ်င္ဘူးေပါ့။ တျခားလူစည္ကားတဲ့ေနရာေတြ။ အမ်ားျပည္သူသြားလာေနတဲ့ ေစ်းေတြ၊ ေဆး႐ုံေတြေရာ အဲဒီလိုမ်ိဳးေတြ မလုပ္သင့္ပါဘူး"ဟု ႏိုင္ငံအတြင္း လူမႈကူညီေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးေနသူ တစ္ဦးက NP News ကို မွတ္ခ်က္ျပဳေျပာၾကားထားသည္။

အၾကမ္းဖက္သမားမ်ားအေနျဖင့္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ ဝါရီလ (၁) ရက္မွ ယေန႔အထိ ျမန္မာ့မီးရထားလမ္းကြန္ယက္တစ္ခုလုံးတြင္ ရထားလမ္းႏွင့္ရထားဘူတာ နယ္ ေျမအတြင္း မိုင္းေထာင္မိုင္းခြဲျခင္း (၁၃၀) ႀကိမ္၊ ရထားတံတားမ်ားအား မိုင္းခြဲဖ်က္ဆီးျခင္း (၄၆) ႀကိမ္၊ ဘူတာအေဆာက္အဦႏွင့္ ဝန္ထမ္းေနအိမ္မ်ားအားမီးရႈိ႕ဖ်က္ ဆီးျခင္း (၁၂) ႀကိမ္ က်ဴးလြန္ခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.