မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းပြည်ပခရီးသွား စစ်တမ်းများကောက်ယူမည်

 745

စော (NP News) - ဒီဇင်ဘာ ၃၀

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းပြည်ပခရီးသွားစစ်တမ်းများကို ကောက်ယူမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောသည်။

ပြည်ထောင်စုဝန်ကြီးက ယမန်နေ့(ဒီဇင်ဘာလ ၂၉ ရက်)တွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင် ကျင်းပသော ခရီးသွားစစ်တမ်းများ စတင်ကောက်ယူခြင်း အခမ်းအနား၌ အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားစစ်တမ်းကို ရန်ကုန်အပါအဝင် မန္တလေး၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း နှင့် မူဆယ်မြို့များရှိ အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များတွင် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းခရီးသွားစစ်တမ်းကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ပေါင်း (၁၉)မြို့ရှိ ခရီးသွားဆွဲဆောင်ရာနေရာများ၊ ဝင်/ထွက်ပေါက်များ၊ မီးရထားဘူတာရုံများတွင် ‌ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်းခရီးသွားစစ်တမ်းကိုလည်း ယနေ့(ဒီဇင်ဘာလ ၃၀ ရက်)မှ စတင်၍ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ရရှိလာသည့် ကိန်းဂဏန်းအချက်အလက်များ နှင့် သုတေသနတွေ့ရှိချက်များကိုအခြေခံ၍ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင်ကပြော သည်။

မြန်မာနိုင်ငံ၌ ကိုဗစ်(၁၉)ရောဂါ စတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ပြည်ပခရီးသွားဝင်ရောက်မှုနှင့် ပြည်တွင်းခရီးသွားလည်ပတ်မှုများ သိသာစွာကျဆင်းခဲ့ပြီး လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေကြောင့်လည်း ခရီးသွားဝင်ရောက်လည်ပတ်မှုသည် လျော့နည်းနေသေးကြောင်း သိရသည်။

zawgyi version
ျမန္မာႏိုင္ငံ၏ ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ျပည္တြင္းျပည္ပခရီးသြား စစ္တမ္းမ်ားေကာက္ယူမည္

ေစာ (NP News) - ဒီဇင္ဘာ ၃၀

ျမန္မာႏိုင္ငံ၏ ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ျပည္တြင္းျပည္ပခရီးသြားစစ္တမ္းမ်ားကို ေကာက္ယူမည္ျဖစ္ေၾကာင္း ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီး ေဒါက္တာသက္သက္ခိုင္က ေျပာသည္။

ျပည္ေထာင္စုဝန္ႀကီးက ယမန္ေန႔(ဒီဇင္ဘာလ ၂၉ ရက္)တြင္ ေနျပည္ေတာ္ရွိ ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာနတြင္ က်င္းပေသာ ခရီးသြားစစ္တမ္းမ်ား စတင္ေကာက္ယူျခင္း အခမ္းအနား၌ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံသို႔ လာေရာက္လည္ပတ္သည့္ ႏိုင္ငံျခားသားခရီးသြားစစ္တမ္းကို ရန္ကုန္အပါအဝင္ မႏၲေလး၊ တာခ်ီလိတ္၊ ျမဝတီ၊ ေကာ့ေသာင္း ႏွင့္ မူဆယ္ၿမိဳ႕မ်ားရွိ အျပည္ျပည္ဆိုင္ရာ ဝင္ေပါက္မ်ားႏွင့္ နယ္စပ္ဝင္ေပါက္မ်ားတြင္ ေကာက္ယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

ျပည္တြင္းခရီးသြားစစ္တမ္းကို ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလး အပါအဝင္ ၿမိဳ႕ေပါင္း (၁၉)ၿမိဳ႕ရွိ ခရီးသြားဆြဲေဆာင္ရာေနရာမ်ား၊ ဝင္/ထြက္ေပါက္မ်ား၊ မီးရထားဘူတာ႐ုံမ်ားတြင္ ‌ေကာက္ယူသြားမည္ျဖစ္ေၾကာင္း သိရသည္။ ျပည္တြင္းခရီးသြားစစ္တမ္းကိုလည္း ယေန႔(ဒီဇင္ဘာလ ၃၀ ရက္)မွ စတင္၍ ေကာက္ယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ရရွိလာသည့္ ကိန္းဂဏန္းအခ်က္အလက္မ်ား ႏွင့္ သုေတသနေတြ႕ရွိခ်က္မ်ားကိုအေျခခံ၍ ဟိုတယ္ႏွင့္ခရီးသြားလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးကို ထိေရာက္စြာေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း ဟိုတယ္ ႏွင့္ ခရီးသြားလာေရးဝန္ႀကီး ေဒါက္တာသက္သက္ခိုင္ကေျပာ သည္။

ျမန္မာႏိုင္ငံ၌ ကိုဗစ္(၁၉)ေရာဂါ စတင္ျဖစ္ပြားခဲ့သည့္အခ်ိန္မွစ၍ ျပည္ပခရီးသြားဝင္ေရာက္မႈႏွင့္ ျပည္တြင္းခရီးသြားလည္ပတ္မႈမ်ား သိသာစြာက်ဆင္းခဲ့ၿပီး လက္ရွိျဖစ္ေပၚေနသည့္ ႏိုင္ငံေရးအေျခအေနေၾကာင့္လည္း ခရီးသြားဝင္ေရာက္လည္ပတ္မႈသည္ ေလ်ာ့နည္းေနေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.