မန်းရွှေစက်တော် ၊ အောက်စက်တော်ရာရင်ပြင်ပေါ်သို့ ဝင်ရောက်ခဲ့သည့် ချောင်းရေကျပြီးနောက် သန့်ရှင်းရေးပြု လုပ်ပြီးစီး

 285

Pearl (NP News) - စက်တင်ဘာ ၂၅

မန်းရွှေစက်တော် ၊ အောက်စက်တော်ရာရင်ပြင်ပေါ်သို့ ဝင်ရောက်ခဲ့သည့် ချောင်းရေကျပြီးနောက် သန့်ရှင်းရေးပြုလုပ်ပြီးစီးပြီဖြစ်ကြောင်း မန်းရွှေစက်တော်ဂေါပကအဖွဲ့ဝင် တစ်ဦးက NP Newsသို့ ပြောသည်။

ယနေ့ (စက်တင်ဘာ ၂၅ရက်) ၊ နံနက် (၆)နာရီ အချိန် တိုင်းထွာချက်အရ မန်းချောင်းရေသည် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် (၆) ပေ (၆) လက်မခန့်ရုတ်တရက်မြင့်တက်လာသဖြင့် မန်းရွှေစက်တော် အောက်စက်တော်ရာရင်ပြင်ပေါ်သို့ နဂါးအိုင်ဘက်မှ ချောင်းရေ ဝင်ရောက်ခဲ့ပြီး ရင်ပြင်ပေါ်တွင် (၁) ပေခန့်‌မှန်းချောင်း‌ရေတက်လာခဲ့ကြောင်း သိရသည်။

အောက်စက်တော်ရာရင်ပြင်ပေါ်တွင် ချောင်းရေ ၁ ပေခန့်တည်ရှိရာမှ နံနက် (၈)နာရီခွဲ တိုင်းထွာချက်အရ ၁ ပေ (၅) လက်မခန့်ကျဆင်းသွားသဖြင့် အောက်စက်တော်ရာရင်ပြင်နှင့် ရေပြင်အကွာအဝေးတွင် (၅) လက်မအကွာတွင် တည်ရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မန်းရွှေစက်တော်အောက်စက်တော်ရာရင်ပြင်ပေါ်သို့ ချောင်းရေ ၁ပေခန့်ဝင်ရောက် ခဲ့မှုကြောင့် တင်ကျန်ခဲ့သော အမှိုက်၊ သဲ၊ နုံးမြေများအား မန်းရွှေစက်တော်လုံခြုံရေးတပ်ခွဲ ၊ ရွှေစက်တော်ရဲကင်း ၊ ရွှေစက်တော်နယ်မြေမီးသတ်စခန်းတို့မှ တာဝန်ရှိသူများ နှင့် မန်းရွှေစက်တော်ဂေါပကအဖွဲ့ဝင်များ၊ အောက်စက်တော်ရာတာဝန်ခံ တို့က စုပေါင်း သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
မန္းေ႐ႊစက္ေတာ္ ၊ ေအာက္စက္ေတာ္ရာရင္ျပင္ေပၚသို႔ ဝင္ေရာက္ခဲ့သည့္ ေခ်ာင္းေရက်ၿပီးေနာက္ သန႔္ရွင္းေရးျပဳ လုပ္ၿပီးစီး
Pearl (NP News) - စက္တင္ဘာ ၂၅

မန္းေ႐ႊစက္ေတာ္ ၊ ေအာက္စက္ေတာ္ရာရင္ျပင္ေပၚသို႔ ဝင္ေရာက္ခဲ့သည့္ ေခ်ာင္းေရက်ၿပီးေနာက္ သန႔္ရွင္းေရးျပဳလုပ္ၿပီးစီးၿပီျဖစ္ေၾကာင္း မန္းေ႐ႊစက္ေတာ္ေဂါပကအဖြဲ႕ဝင္ တစ္ဦးက NP Newsသို႔ ေျပာသည္။

ယေန႔ (စက္တင္ဘာ ၂၅ရက္) ၊ နံနက္ (၆)နာရီ အခ်ိန္ တိုင္းထြာခ်က္အရ မန္းေခ်ာင္းေရသည္ မိုးအဆက္မျပတ္႐ြာသြန္းမႈေၾကာင့္ (၆) ေပ (၆) လက္မခန႔္႐ုတ္တရက္ျမင့္တက္လာသျဖင့္ မန္းေ႐ႊစက္ေတာ္ ေအာက္စက္ေတာ္ရာရင္ျပင္ေပၚသို႔ နဂါးအိုင္ဘက္မွ ေခ်ာင္းေရ ဝင္ေရာက္ခဲ့ၿပီး ရင္ျပင္ေပၚတြင္ (၁) ေပခန႔္‌မွန္းေခ်ာင္း‌ေရတက္လာခဲ့ေၾကာင္း သိရသည္။

ေအာက္စက္ေတာ္ရာရင္ျပင္ေပၚတြင္ ေခ်ာင္းေရ ၁ ေပခန႔္တည္ရွိရာမွ နံနက္ (၈)နာရီခြဲ တိုင္းထြာခ်က္အရ ၁ ေပ (၅) လက္မခန႔္က်ဆင္းသြားသျဖင့္ ေအာက္စက္ေတာ္ရာရင္ျပင္ႏွင့္ ေရျပင္အကြာအေဝးတြင္ (၅) လက္မအကြာတြင္ တည္ရွိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ မန္းေ႐ႊစက္ေတာ္ေအာက္စက္ေတာ္ရာရင္ျပင္ေပၚသို႔ ေခ်ာင္းေရ ၁ေပခန႔္ဝင္ေရာက္ ခဲ့မႈေၾကာင့္ တင္က်န္ခဲ့ေသာ အမႈိက္၊ သဲ၊ ႏုံးေျမမ်ားအား မန္းေ႐ႊစက္ေတာ္လုံၿခဳံေရးတပ္ခြဲ ၊ ေ႐ႊစက္ေတာ္ရဲကင္း ၊ ေ႐ႊစက္ေတာ္နယ္ေျမမီးသတ္စခန္းတို႔မွ တာဝန္ရွိသူမ်ား ႏွင့္ မန္းေ႐ႊစက္ေတာ္ေဂါပကအဖြဲ႕ဝင္မ်ား၊ ေအာက္စက္ေတာ္ရာတာဝန္ခံ တို႔က စုေပါင္း သန႔္ရွင္းေရးျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.