ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးအပါအဝင် အခြားသောကိစ္စရပ်များကို ကြိုတင်စီစဉ်ထားရန် တိုက်တွန်း

822
မြူနစ် (NP News) - ဒီဇင်ဘာ ၃၀
ပြည်လုံးကျွန်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအတွက် လုံခြုံရေးအပါအဝင် အခြားသောကိစ္စရပ်များကို ကြိုတင်စီစဉ်ထားရန် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းထားသည်။

ဝန်ကြီးဦးမြင့်ကြိုင်က ဒီဇင်ဘာလ ၂၉ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် ဗဟိုသန်းခေါင် စာရင်းကော်မရှင်အစည်းအဝေးတွင် အထက်ပါကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း ဆောင်ရွက်မည့် ပြည်လုံးကျွတ်လူဦးရေ နှင့် အိမ်အကြောင်းအရာသန်း ခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအတွက် လိုအပ်သည့်အုပ်ချုပ်မှုကိစ္စများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ကြိုတင်မျှော်တွေး စီစဉ်ဆောင်ရွက်ထားရန် ဝန်ကြီးဦးမြင့်ကြိုင်က ပြောသည်။
ထို့ပြင် စာရင်းစစ်၊ စာရင်းကောက်များ ရွေးချယ်ခန့်ထားနိုင်ရေးနှင့် သန်းခေါင်စာရင်းသင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ အသုံးပြုမည့် ပစ္စည်းကိရိယာများကို သက်ဆိုင်ရာဒေသသို့ အချိန်မီပေးပို့နိုင်ရေး၊ ပြည်သူလူထုအသိပညာပေးရေးစသောလုပ်ငန်းများကိုလည်း ကြိုတင်စီစဉ်ဆောင်ရွက်သွားရန် ၎င်းက ထပ်မံတိုက်တွန်းထားသည်။
လာမည့်နှစ်အတွင်း ကောက်ယူမည့် ပြည်လုံးကျွတ်သန်း ခေါင်စာရင်းကို နိုင်ငံတကာအကူအညီမပါရှိဘဲ နိုင်ငံ တော်အစိုးရ၏ ဦးဆောင်မှုဖြင့်သာ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကောက်ယူမှုဖြင့် ရရှိလာမည့်သန်းခေါင်စာရင်းအချက်အလက်များကို မြေပြင်လူဦးရေစာရင်းများနှင့် နှိုင်းယှဉ်ကာ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုခြင်းများကို အထောက်အကူပြုရေး ဆက်လက်ဆောင်ရွက်သွားရန် နစကဘက်က စီစဉ်ထားသည်။
စမ်းသပ်သန်းခေါင်စာရင်းကို ပြီးခဲ့သော အောက်တို ဘာလအတွင်း၌ မြို့နယ်ပေါင်း ၂၀ မှ စာရင်းကောက်ကွက် (၁၀၀)တွင် ကောက်ယူခဲ့ရာ ရာနှုန်းပြည့်အောင်မြင်ခဲ့ကြောင်းလည်း ဝန်ကြီးဦးမြင့်ကြိုင်က ပြောသည်။
ဝန်ကြီးဦးမြင့်ကြိုင် ဦးဆောင်နေသည့် လူဝင်မှုကြီးကြပ် ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် ပြီးခဲ့သော ကာလများအတွင်း၌ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူမှုများပြုလုပ်ခဲ့ပြီး အကြမ်းဖက်အဖွဲ့၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရမှုများလည်း ရှိခဲ့ဖူးသည်။
အလားတူ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာရုံးအဆောက် အဦးများသည်လည်း အကြမ်းဖက်အဖွဲ့၏ မီးရှို့ဖျက်ဆီးခြင်းများကို ခံခဲ့ရသည့်ဖြစ်စဉ်များ ရှိခဲ့ဖူးသည်။

zawgyi version
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၃၀
ျပည္လုံးကြၽန္သန္းေခါင္စာရင္း ေကာက္ယူျခင္းလုပ္ငန္းအတြက္ လုံၿခဳံေရးအပါအဝင္ အျခားေသာကိစၥရပ္မ်ားကို ႀကိဳတင္စီစဥ္ထားရန္ လူဝင္မႈႀကီးၾကပ္ေရး ႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းထားသည္။
ဝန္ႀကီးဦးျမင့္ႀကိဳင္က ဒီဇင္ဘာလ ၂၉ ရက္တြင္ ေနျပည္ေတာ္၌ က်င္းပသည့္ ဗဟိုသန္းေခါင္ စာရင္းေကာ္မရွင္အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ တိုက္တြန္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
၂၀၂၄ ခုႏွစ္ ေအာက္တိုဘာလအတြင္း ေဆာင္႐ြက္မည့္ ျပည္လုံးကြၽတ္လူဦးေရ ႏွင့္ အိမ္အေၾကာင္းအရာသန္း ေခါင္စာရင္း ေကာက္ယူျခင္းလုပ္ငန္းအတြက္ လိုအပ္သည့္အုပ္ခ်ဳပ္မႈကိစၥမ်ား၊ လုံၿခဳံေရးဆိုင္ရာကိစၥရပ္မ်ားကို ႀကိဳတင္ေမွ်ာ္ေတြး စီစဥ္ေဆာင္႐ြက္ထားရန္ ဝန္ႀကီးဦးျမင့္ႀကိဳင္က ေျပာသည္။
ထို႔ျပင္ စာရင္းစစ္၊ စာရင္းေကာက္မ်ား ေ႐ြးခ်ယ္ခန႔္ထားႏိုင္ေရးႏွင့္ သန္းေခါင္စာရင္းသင္တန္းမ်ား ဖြင့္လွစ္ႏိုင္ေရး၊ အသုံးျပဳမည့္ ပစၥည္းကိရိယာမ်ားကို သက္ဆိုင္ရာေဒသသို႔ အခ်ိန္မီေပးပို႔ႏိုင္ေရး၊ ျပည္သူလူထုအသိပညာေပးေရးစေသာလုပ္ငန္းမ်ားကိုလည္း ႀကိဳတင္စီစဥ္ေဆာင္႐ြက္သြားရန္ ၎က ထပ္မံတိုက္တြန္းထားသည္။
လာမည့္ႏွစ္အတြင္း ေကာက္ယူမည့္ ျပည္လုံးကြၽတ္သန္း ေခါင္စာရင္းကို ႏိုင္ငံတကာအကူအညီမပါရွိဘဲ ႏိုင္ငံ ေတာ္အစိုးရ၏ ဦးေဆာင္မႈျဖင့္သာ ေကာက္ယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ ေကာက္ယူမႈျဖင့္ ရရွိလာမည့္သန္းေခါင္စာရင္းအခ်က္အလက္မ်ားကို ေျမျပင္လူဦးေရစာရင္းမ်ားႏွင့္ ႏႈိင္းယွဥ္ကာ ေ႐ြးေကာက္ပြဲအတြက္ မဲစာရင္းျပဳစုျခင္းမ်ားကို အေထာက္အကူျပဳေရး ဆက္လက္ေဆာင္႐ြက္သြားရန္ နစကဘက္က စီစဥ္ထားသည္။
စမ္းသပ္သန္းေခါင္စာရင္းကို ၿပီးခဲ့ေသာ ေအာက္တို ဘာလအတြင္း၌ ၿမိဳ႕နယ္ေပါင္း ၂၀ မွ စာရင္းေကာက္ကြက္ (၁၀၀)တြင္ ေကာက္ယူခဲ့ရာ ရာႏႈန္းျပည့္ေအာင္ျမင္ခဲ့ေၾကာင္းလည္း ဝန္ႀကီးဦးျမင့္ႀကိဳင္က ေျပာသည္။
ဝန္ႀကီးဦးျမင့္ႀကိဳင္ ဦးေဆာင္ေနသည့္ လူဝင္မႈႀကီးၾကပ္ ေရး ႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနမွ ဝန္ထမ္းမ်ားအေနျဖင့္ ၿပီးခဲ့ေသာ ကာလမ်ားအတြင္း၌ ေျမျပင္လူဦးေရစာရင္း ကြင္းဆင္းေကာက္ယူမႈမ်ားျပဳလုပ္ခဲ့ၿပီး အၾကမ္းဖက္အဖြဲ႕၏ လုပ္ႀကံသတ္ျဖတ္ျခင္းကို ခံခဲ့ရမႈမ်ားလည္း ရွိခဲ့ဖူးသည္။
အလားတူ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာန လက္ေအာက္ရွိ ဌာနဆိုင္ရာ႐ုံးအေဆာက္ အဦးမ်ားသည္လည္း အၾကမ္းဖက္အဖြဲ႕၏ မီးရႈိ႕ဖ်က္ဆီးျခင္းမ်ားကို ခံခဲ့ရသည့္ျဖစ္စဥ္မ်ား ရွိခဲ့ဖူးသည္။