ရှမ်းမြောက်တိုက်ပွဲများကြောင့် အေးသာယာမြို့သစ်အဝင်တွင် စစ်ဆေးမှုများပိုမိုတင်းကြပ်လာဟုဆို

 2019

ကျော်(NP News) - ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ်အဝင်တွင် ပြီးခဲ့သည့် ရက်ပိုင်းမှစတင်ကာ ယခင်ရက်များထက် စစ်ဆေးမှုများပိုမိုတင်းကြပ်လာကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ဖြစ်ပေါ်လျက်ရှိသည့် တိုက်ပွဲအခြေအနေများကြောင့် အေးသာယာမြို့သစ် လုံခြုံအေးချမ်းသာယာမှုရှိစေရေးအတွက် အေးသာယာမြို့သစ်သို့ဝင်ရောက်လာသူများအား စစ်ဆေးမှုများပြုလုပ်လျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။

"တင်းတင်းကြပ်ကြပ်စစ်တာက သိပ်မကြာသေးဘူး။ မြို့ကထွက်တဲ့လူတွေကိုမစစ်ဘူး။ အဝင်တွေကိုပဲစစ်တာ။ ကားတိုင်းစစ်ဆေးရေးဂိတ်ရောက်ရင် ကားပေါ်ပါလာတဲ့လူတွေအကုန် ကားမောင်းတဲ့လူကလွဲပြီး လမ်းဆင်းလျှောက်ရတယ်။ မှတ်ပုံတင်တွေစစ်တယ်။ ဘယ်ကလာတာလဲ ဘယ်ကိုသွားမှာလဲ အကုန်မေးတာ တစ်ယောက်ချင်းစီကို အတော်တင်းတင်းကြပ်ကြပ်စစ်နေတာ"ဟု အေးသာယာမြို့သစ်နေ အိမ်ခြံမြေအကျိုးဆောင် လုပ် ငန်းလုပ်ကိုင်နေသူတစ်ဦးက NP News ကိုပြောသည်။

အေးသာယာမြို့သစ်အဝင်စစ်ဆေးရေးဂိတ်တွင် တင်းကြပ်စွာစစ်ဆေးမှုများပြုလုပ်ရာ၌ အမျိုးသားများကို အချိန်ကြာမြင့်စွာ စစ်ဆေးမေးမြန်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ဆိုရင် တောင်ကြီးနဲ့အေးသာယာကို အသွားအပြန်ခဏခဏလုပ်နေရတော့ စစ်ဆေးရေးဂိတ်ကို ခဏခဏဖြတ်ရတယ်။ လတ်တလော စစ်ဆေးတာတွေအတော်လုပ်နေတဲ့အတွက် တောင်ကြီးကိုသိပ်မသွားဖြစ်တော့ဘူး။ လိုအပ်တဲ့အချိန်လောက်ပဲ အမြန်သွား အမြန်ပြန်လာလုပ်နေရတယ် စစ်ဘေးရှောင်တွေဆိုရင်ပိုစစ်တယ်"ဟု ၎င်းက ဆက်လက်ပြော သည်။

လက်ရှိအချိန်၌ အေးသာယာမြို့သစ်သို့ ရှမ်းပြည်မြောက်ပိုင်းနှင့်ကယား ပြည်နယ်တို့၌ ဖြစ်ပွားလျက်ရှိသည့်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များအဖြစ် လာရောက်နေထိုင်သူများရှိနေကြောင်း သိရသည်။

zawgyi version
ရွမ္းေျမာက္တိုက္ပြဲမ်ားေၾကာင့္ ေအးသာယာၿမိဳ႕သစ္အဝင္တြင္ စစ္ေဆးမႈမ်ားပိုမိုတင္းၾကပ္လာဟုဆို
ေက်ာ္(NP News) - ဇန္နဝါရီ ၆

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ေအးသာယာၿမိဳ႕သစ္အဝင္တြင္ ၿပီးခဲ့သည့္ ရက္ပိုင္းမွစတင္ကာ ယခင္ရက္မ်ားထက္ စစ္ေဆးမႈမ်ားပိုမိုတင္းၾကပ္လာေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၌ျဖစ္ေပၚလ်က္ရွိသည့္ တိုက္ပြဲအေျခအေနမ်ားေၾကာင့္ ေအးသာယာၿမိဳ႕သစ္ လုံၿခဳံေအးခ်မ္းသာယာမႈရွိေစေရးအတြက္ ေအးသာယာၿမိဳ႕သစ္သို႔ဝင္ေရာက္လာသူမ်ားအား စစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိျခင္းျဖစ္ေၾကာင္း သိရသည္။

"တင္းတင္းၾကပ္ၾကပ္စစ္တာက သိပ္မၾကာေသးဘူး။ ၿမိဳ႕ကထြက္တဲ့လူေတြကိုမစစ္ဘူး။ အဝင္ေတြကိုပဲစစ္တာ။ ကားတိုင္းစစ္ေဆးေရးဂိတ္ေရာက္ရင္ ကားေပၚပါလာတဲ့လူေတြအကုန္ ကားေမာင္းတဲ့လူကလြဲၿပီး လမ္းဆင္းေလွ်ာက္ရတယ္။ မွတ္ပုံတင္ေတြစစ္တယ္။ ဘယ္ကလာတာလဲ ဘယ္ကိုသြားမွာလဲ အကုန္ေမးတာ တစ္ေယာက္ခ်င္းစီကို အေတာ္တင္းတင္းၾကပ္ၾကပ္စစ္ေနတာ"ဟု ေအးသာယာၿမိဳ႕သစ္ေန အိမ္ၿခံေျမအက်ိဳးေဆာင္ လုပ္ ငန္းလုပ္ကိုင္ေနသူတစ္ဦးက NP News ကိုေျပာသည္။

ေအးသာယာၿမိဳ႕သစ္အဝင္စစ္ေဆးေရးဂိတ္တြင္ တင္းၾကပ္စြာစစ္ေဆးမႈမ်ားျပဳလုပ္ရာ၌ အမ်ိဳးသားမ်ားကို အခ်ိန္ၾကာျမင့္စြာ စစ္ေဆးေမးျမန္းမႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

"ကြၽန္ေတာ္တို႔ဆိုရင္ ေတာင္ႀကီးနဲ႔ေအးသာယာကို အသြားအျပန္ခဏခဏလုပ္ေနရေတာ့ စစ္ေဆးေရးဂိတ္ကို ခဏခဏျဖတ္ရတယ္။ လတ္တေလာ စစ္ေဆးတာေတြအေတာ္လုပ္ေနတဲ့အတြက္ ေတာင္ႀကီးကိုသိပ္မသြားျဖစ္ေတာ့ဘူး။ လိုအပ္တဲ့အခ်ိန္ေလာက္ပဲ အျမန္သြား အျမန္ျပန္လာလုပ္ေနရတယ္ စစ္ေဘးေရွာင္ေတြဆိုရင္ပိုစစ္တယ္"ဟု ၎က ဆက္လက္ေျပာ သည္။

လက္ရွိအခ်ိန္၌ ေအးသာယာၿမိဳ႕သစ္သို႔ ရွမ္းျပည္ေျမာက္ပိုင္းႏွင့္ကယား ျပည္နယ္တို႔၌ ျဖစ္ပြားလ်က္ရွိသည့္တိုက္ပြဲမ်ားေၾကာင့္ စစ္ေဘးေရွာင္မ်ားအျဖစ္ လာေရာက္ေနထိုင္သူမ်ားရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.