ရုရှားနဲ့သဘောတူညီချက်တစ်ခု လုပ်ဆောင်တာကိုတွေ့မြင်လိုတယ်လို့ ဒေါ်နယ်ထရမ့်ပြော

70

Pika (NP News) - ဇွန် ၂၆
ယူကရိန်းမှာဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်စေမယ့် သဘောတူညီချက်တစ်ခုကို ရုရှားနဲ့လုပ်ဆောင်တာကို တွေ့မြင်လိုတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ The Hague မြို့မှာ ကျင်းပမယ့် နေတိုးထိပ်သီးအစည်းအဝေးကို သွားနေတဲ့လမ်းမှာ သတင်းထောက်တွေကို ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က “ယူကရိန်းမှာဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်ဖို့အတွက် ရုရှားနဲ့သဘောတူညီချက်တစ်ခုလုပ်တာကို ကျွန်တော် တွေ့မြင်လိုပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ရုရှားသမ္မတပူတင်နဲ့ဖုန်းခေါ်ဆိုမှုတစ်ခုကို မကြာသေးခင်က လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီဖုန်းခေါ်ဆိုမှုအတွင်း အီရန်နဲ့ အမေရိကန်ကြား ဆွေးနွေးညှိနှိုင်းမှုတွေ အဆင်ပြေချောမွေ့စေဖို့ အကူအညီတွေကို ပူတင်က ဒေါ်နယ်ထရမ့်ကို ကမ်းလှမ်းခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း အဲဒီအပိုင်းမှာ အကူအညီတွေ မလိုအပ်ကြောင်းနဲ့ ယူကရိန်းပဋိပက္ခကို အဆုံးသတ်ဖို့အတွက် ရုရှားနဲ့သဘောတူညီချက်တစ်ခုရရှိဖို့သာ အာရုံစိုက်ထားတယ်လို့ ဒေါ်နယ်ထရမ့်က ပြန်လည် တုံ့ပြန်ပြောကြားခဲ့ပါ တယ်။ ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ အမေရိကန်သမ္မတအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်စဉ် အချိန်ကတည်းက ရုရှားနဲ့ယူကရိန်းကြားဖြစ်ပွားနေတဲ့ပဋိပက္ခကို အဆုံးသတ်စေဖို့အတွက် ကြိုးပမ်းမှုတွေ လုပ်ဆောင်နေခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
႐ုရွားနဲ႔သေဘာတူညီခ်က္တစ္ခု လုပ္ေဆာင္တာကိုေတြ႕ျမင္လိုတယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဇြန္ ၂၆
ယူကရိန္းမွာျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္ေစမယ့္ သေဘာတူညီခ်က္တစ္ခုကို ႐ုရွားနဲ႔လုပ္ေဆာင္တာကို ေတြ႕ျမင္လိုတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ေဒၚနယ္ထရမ့္ဟာ The Hague ၿမိဳ႕မွာ က်င္းပမယ့္ ေနတိုးထိပ္သီးအစည္းအေဝးကို သြားေနတဲ့လမ္းမွာ သတင္းေထာက္ေတြကို ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္က “ယူကရိန္းမွာျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ ႐ုရွားနဲ႔သေဘာတူညီခ်က္တစ္ခုလုပ္တာကို ကြၽန္ေတာ္ ေတြ႕ျမင္လိုပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ေဒၚနယ္ထရမ့္ဟာ ႐ုရွားသမၼတပူတင္နဲ႔ဖုန္းေခၚဆိုမႈတစ္ခုကို မၾကာေသးခင္က လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ အဲဒီဖုန္းေခၚဆိုမႈအတြင္း အီရန္နဲ႔ အေမရိကန္ၾကား ေဆြးေႏြးညႇိႏႈိင္းမႈေတြ အဆင္ေျပေခ်ာေမြ႕ေစဖို႔ အကူအညီေတြကို ပူတင္က ေဒၚနယ္ထရမ့္ကို ကမ္းလွမ္းခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း အဲဒီအပိုင္းမွာ အကူအညီေတြ မလိုအပ္ေၾကာင္းနဲ႔ ယူကရိန္းပဋိပကၡကို အဆုံးသတ္ဖို႔အတြက္ ႐ုရွားနဲ႔သေဘာတူညီခ်က္တစ္ခုရရွိဖို႔သာ အာ႐ုံစိုက္ထားတယ္လို႔ ေဒၚနယ္ထရမ့္က ျပန္လည္ တုံ႔ျပန္ေျပာၾကားခဲ့ပါ တယ္။ ေဒၚနယ္ထရမ့္ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီလမွာ အေမရိကန္သမၼတအျဖစ္ ျပန္လည္တာဝန္ထမ္းေဆာင္စဥ္ အခ်ိန္ကတည္းက ႐ုရွားနဲ႔ယူကရိန္းၾကားျဖစ္ပြားေနတဲ့ပဋိပကၡကို အဆုံးသတ္ေစဖို႔အတြက္ ႀကိဳးပမ္းမႈေတြ လုပ္ေဆာင္ေနခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။