မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက လေထီးတပ်ဖွဲ့၏ စစ်ရေးလေ့ကျင့်မှုများကို ကိုယ်တိုင်ကြီးကြပ်ခဲ့

943
Pika (NP News) - မတ် ၁၆
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် ရန်သူ၏ နယ်မြေများကို လေကြောင်းမှတစ်ဆင့်သိမ်းပိုက်ရန်အတွက် ၎င်း၏တပ်သားများ စွမ်းရည်ကို ပြသရန် ရည်ရွယ်ထားသည့် လေထီးတပ်ဖွဲ့၏ စစ်ရေးလေ့ကျင့်မှုများကို ကိုယ်တိုင်ကြီးကြပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က မတ်လ(၁၆)ရက်တွင် ရေး သားဖော်ပြခဲ့သည်။

တောင်ကိုရီးယား နှင့် အမေရိကန်တို့သည် နှစ်စဉ်စစ်ရေးလေ့ ကျင့်မှုများကို မကြာသေးမီအချိန်က လုပ်ဆောင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ ကင်ဂျုံအန်းကိုယ်တိုင်ကြီးကြပ်မှုများထွက်ပေါ်လာခြင်းဖြစ်သည်။ ကင်ဂျုံအန်းကိုယ်တိုင်ကြီးကြပ်ခဲ့သော လေထီးတပ်ဖွဲ့၏ စစ်ရေးလေ့ကျင့်မှုများသည် စစ်ပွဲအ တွင်း မည်သည့်အခြေအနေများတွင်မဆို လေထီးတပ်သားများ၏ အဆင်သင့်ဖြစ်မှုကို စစ်ဆေးရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း KCNA က ရေးသားဖော်ပြခဲ့သည်။
ထို့ပြင် လေထီးတပ်သားများသည် အမိန့်ထုတ်ပြန်ပြီးသည်နှင့်တစ်ပြိုင်နက် ရန်သူ၏နယ်မြေများကို သိမ်းပိုက်ရန်အတွက် ၎င်းတို့၏ပြီးပြည့်စုံသော တိုက်ခိုက်ရေးစွမ်းရည်ကို သရုပ်ပြနိုင်ခဲ့ကြောင်းလည်း ရေးသားဖော်ပြထားသည်။ ကင်ဂျုံအန်း၏ သမီးဖြစ်သူ ကင်ဂျူအေးသည် ၎င်း၏ဖခင်နှင့် စစ်ဘက်ဆိုင်ရာ အကြီးတန်းအရာရှိများအနားတွင် ရပ်နေကာ လေ့ကျင့်မှုကို မှန်ပြောင်းဖြင့် ကြည့်ရှုနေသည့် ဓါတ်ပုံကို မြောက်ကိုရီးယား၏တရားဝင်သတင်းစာ Rodong Sinmun က ထုတ်ပြန်ပြသခဲ့သည်။
ကင်ဂျုံအန်းသည် မြောက်ကိုရီးယား၏ တိုက်ပွဲဝင်တင့်ကားအသစ်ကို မောင်းနှင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ စစ်ရေးလေ့ကျင်မှုကို ကိုယ်တိုင်ကြီးကြပ်မှုများထွက်ပေါ်လာခြင်းဖြစ်သည်။ တောင်ကိုရီးယား နှင့် မြောက်ကိုရီးယားတို့သည် နှစ်နိုင်ငံကြား စာချုပ်ချုပ်ဆိုထားသော တင်းမာမှုလျှော့ချရေး သဘောတူညီချက်များကို ဖျက် သိမ်းခဲ့ကြပြီး နယ်စပ်တစ်လျှောက်လုံခြုံရေးများကို ပိုမိုမြှင့်တင်ကာ စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ကြပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုများမှာ ပြီးခဲ့သည့်လများအတွင်း ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းက ေလထီးတပ္ဖြဲ႕၏ စစ္ေရးေလ့က်င့္မႈမ်ားကို ကိုယ္တိုင္ႀကီးၾကပ္ခဲ့
Pika (NP News) - မတ္ ၁၆
ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းသည္ ရန္သူ၏ နယ္ေျမမ်ားကို ေလေၾကာင္းမွတစ္ဆင့္သိမ္းပိုက္ရန္အတြက္ ၎၏တပ္သားမ်ား စြမ္းရည္ကို ျပသရန္ ရည္႐ြယ္ထားသည့္ ေလထီးတပ္ဖြဲ႕၏ စစ္ေရးေလ့က်င့္မႈမ်ားကို ကိုယ္တိုင္ႀကီးၾကပ္ခဲ့ေၾကာင္း ႏိုင္ငံပိုင္မီဒီယာ KCNA က မတ္လ(၁၆)ရက္တြင္ ေရး သားေဖာ္ျပခဲ့သည္။
ေတာင္ကိုရီးယား ႏွင့္ အေမရိကန္တို႔သည္ ႏွစ္စဥ္စစ္ေရးေလ့ က်င့္မႈမ်ားကို မၾကာေသးမီအခ်ိန္က လုပ္ေဆာင္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ ယခုကဲ့သို႔ ကင္ဂ်ဳံအန္းကိုယ္တိုင္ႀကီးၾကပ္မႈမ်ားထြက္ေပၚလာျခင္းျဖစ္သည္။ ကင္ဂ်ဳံအန္းကိုယ္တိုင္ႀကီးၾကပ္ခဲ့ေသာ ေလထီးတပ္ဖြဲ႕၏ စစ္ေရးေလ့က်င့္မႈမ်ားသည္ စစ္ပြဲအ တြင္း မည္သည့္အေျခအေနမ်ားတြင္မဆို ေလထီးတပ္သားမ်ား၏ အဆင္သင့္ျဖစ္မႈကို စစ္ေဆးရန္ ရည္႐ြယ္ထားျခင္းျဖစ္ေၾကာင္း KCNA က ေရးသားေဖာ္ျပခဲ့သည္။
ထို႔ျပင္ ေလထီးတပ္သားမ်ားသည္ အမိန႔္ထုတ္ျပန္ၿပီးသည္ႏွင့္တစ္ၿပိဳင္နက္ ရန္သူ၏နယ္ေျမမ်ားကို သိမ္းပိုက္ရန္အတြက္ ၎တို႔၏ၿပီးျပည့္စုံေသာ တိုက္ခိုက္ေရးစြမ္းရည္ကို သ႐ုပ္ျပႏိုင္ခဲ့ေၾကာင္းလည္း ေရးသားေဖာ္ျပထားသည္။ ကင္ဂ်ဳံအန္း၏ သမီးျဖစ္သူ ကင္ဂ်ဴေအးသည္ ၎၏ဖခင္ႏွင့္ စစ္ဘက္ဆိုင္ရာ အႀကီးတန္းအရာရွိမ်ားအနားတြင္ ရပ္ေနကာ ေလ့က်င့္မႈကို မွန္ေျပာင္းျဖင့္ ၾကည့္ရႈေနသည့္ ဓါတ္ပုံကို ေျမာက္ကိုရီးယား၏တရားဝင္သတင္းစာ Rodong Sinmun က ထုတ္ျပန္ျပသခဲ့သည္။
ကင္ဂ်ဳံအန္းသည္ ေျမာက္ကိုရီးယား၏ တိုက္ပြဲဝင္တင့္ကားအသစ္ကို ေမာင္းႏွင္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ ယခုကဲ့သို႔ စစ္ေရးေလ့က်င္မႈကို ကိုယ္တိုင္ႀကီးၾကပ္မႈမ်ားထြက္ေပၚလာျခင္းျဖစ္သည္။ ေတာင္ကိုရီးယား ႏွင့္ ေျမာက္ကိုရီးယားတို႔သည္ ႏွစ္ႏိုင္ငံၾကား စာခ်ဳပ္ခ်ဳပ္ဆိုထားေသာ တင္းမာမႈေလွ်ာ့ခ်ေရး သေဘာတူညီခ်က္မ်ားကို ဖ်က္ သိမ္းခဲ့ၾကၿပီး နယ္စပ္တစ္ေလွ်ာက္လုံၿခဳံေရးမ်ားကို ပိုမိုျမႇင့္တင္ကာ စစ္ေရးေလ့က်င့္မႈမ်ားကို လုပ္ေဆာင္ခဲ့ၾကၿပီးေနာက္ ႏွစ္ႏိုင္ငံၾကား တင္းမာမႈမ်ားမွာ ၿပီးခဲ့သည့္လမ်ားအတြင္း ပိုမိုျမင့္တက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။