ပြင်သစ်စစ်တပ်က စစ်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီဟု စစ်ဦးစီးချုပ်ပြော

 6658

Pika (NP News) - မတ် ၂ဝ

ပြင်သစ်စစ်တပ်သည် နိုင်ငံတကာတွင် ဖြစ်ပွားလာမည့်အရာမှန်သမျှကို ရင်ဆိုင်ရန် အသင့်ရှိနေပြီး ကိုယ့်ကိုယ်ကိုကာကွယ်ရန် အပြင်းထန်ဆုံးသော ထိပ်တိုက်ရင်ဆိုင်မှုများအတွက် ပြင်ဆင်ထားကြောင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Pierre Schill က မတ်လ(၁၉)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

Pierre Schill က 'ပြင်သစ်စစ်တပ်ဟာ စစ်ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။ နိုင်ငံတကာမှာဖြစ်ပွားလာတဲ့ အရာတွေအားလုံးကို ပြင်သစ်စစ်တပ်က လက်တုံ့ပြန်သွားမှာပါ'ဟု ပြောဆိုခဲ့သည်။ ပြင်သစ်နိုင်ငံတွင် နိုင်ငံတကာတာဝန်များရှိပြီး ခြိမ်းခြောက်မှုများကြုံတွေ့နေရသော နိုင်ငံများကို ကာကွယ် ရေးသဘောတူညီချက်များဖြင့် ချိတ်ဆက်ထားခြင်းကြောင့် ပြင်သစ် တပ်ဖွဲ့များနှင့် မိတ်ဖက်နိုင်ငံများ၏တပ်ဖွဲ့တို့သည် အပြန်အလှန်လေ့ ကျင့်မှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ ထို့ပြင် နျူကလီးယားတားဆီးရေးကာကွယ်ရေးသည် အရေးပါသော အကျိုးစီးပွားများအောက်ရှိ ပဋိပက္ခများကို ကာကွယ်ပေးနိုင်ခြင်းမျိုးမရှိသောကြောင့် ကမ္ဘာလုံးဆိုင်ရာ အာမခံချက်တစ်ခုမဟုတ်ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။

ပြင်သစ်စစ်တပ်သည် စစ်ဆင်ရေးများတွင် လက်တုံ့ပြန်မှုများမှတစ်ဆင့် ယုံကြည်စိတ်ချရသော အင်အားများကို ပြသရမည်ဖြစ်ကြောင်း Pierre Schillကပြောဆိုခဲ့သည်။ပြင်သစ်နိုင်ငံသည် ရုရှားနိုင်ငံနှင့် စစ်ပွဲဖြစ်ပွားနေခြင်းမျိုးမဟုတ်ဘဲ လက်ရှိပဋိပက္ခတွင် ယူကရိန်းကို ထောက်ခံနေခြင်းမျိုးသာဖြစ်ကြောင်း ပြင်သစ်သမ္မတမက်ခရွန်က ပြီးခဲ့သည့်သီတင်းပတ်တွင် TF1 ၊ France 2ချန်နယ်တို့နှင့် အင်တာဗျူးအတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့အပြင် ရုရှားနိုင်ငံကို ပြင်သစ်၏ ရန်သူအဖြစ် မက်ခရွန်က ပြတ်ပြတ်သားသားဖော်ပြပြောဆိုခဲ့ကြောင်းသိရသည်။ ရုရှားနိုင်ငံအနေဖြင့် ခရိုင်းမီးယားကျွန်းဆွယ်အပါအဝင် နိုင်ငံတကာကအသိအမှတ်ပြုထားသော ယူကရိန်းနယ်မြေများကို ပြန်မပေးပါက ငြိမ်းချမ်းရေးကို ရရှိနိုင်မည်မဟုတ်ကြောင်းလည်း မက်ခရွန်ကပြောဆိုခဲ့သည်။

zawgyi version
ျပင္သစ္စစ္တပ္က စစ္ပြဲအတြက္ အဆင္သင့္ျဖစ္ေနၿပီဟု စစ္ဦးစီးခ်ဳပ္ေျပာ
Pika (NP News) - မတ္ ၂ဝ

ျပင္သစ္စစ္တပ္သည္ ႏိုင္ငံတကာတြင္ ျဖစ္ပြားလာမည့္အရာမွန္သမွ်ကို ရင္ဆိုင္ရန္ အသင့္ရွိေနၿပီး ကိုယ့္ကိုယ္ကိုကာကြယ္ရန္ အျပင္းထန္ဆုံးေသာ ထိပ္တိုက္ရင္ဆိုင္မႈမ်ားအတြက္ ျပင္ဆင္ထားေၾကာင္း စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး Pierre Schill က မတ္လ(၁၉)ရက္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

Pierre Schill က 'ျပင္သစ္စစ္တပ္ဟာ စစ္ပြဲအတြက္ အဆင္သင့္ျဖစ္ေနပါၿပီ။ ႏိုင္ငံတကာမွာျဖစ္ပြားလာတဲ့ အရာေတြအားလုံးကို ျပင္သစ္စစ္တပ္က လက္တုံ႔ျပန္သြားမွာပါ'ဟု ေျပာဆိုခဲ့သည္။ ျပင္သစ္ႏိုင္ငံတြင္ ႏိုင္ငံတကာတာဝန္မ်ားရွိၿပီး ၿခိမ္းေျခာက္မႈမ်ားႀကဳံေတြ႕ေနရေသာ ႏိုင္ငံမ်ားကို ကာကြယ္ ေရးသေဘာတူညီခ်က္မ်ားျဖင့္ ခ်ိတ္ဆက္ထားျခင္းေၾကာင့္ ျပင္သစ္ တပ္ဖြဲ႕မ်ားႏွင့္ မိတ္ဖက္ႏိုင္ငံမ်ား၏တပ္ဖြဲ႕တို႔သည္ အျပန္အလွန္ေလ့ က်င့္မႈမ်ား လုပ္ေဆာင္ရန္ လိုအပ္ေၾကာင္း ၎ကေျပာၾကားခဲ့သည္။ ထို႔ျပင္ န်ဴကလီးယားတားဆီးေရးကာကြယ္ေရးသည္ အေရးပါေသာ အက်ိဳးစီးပြားမ်ားေအာက္ရွိ ပဋိပကၡမ်ားကို ကာကြယ္ေပးႏိုင္ျခင္းမ်ိဳးမရွိေသာေၾကာင့္ ကမာၻလုံးဆိုင္ရာ အာမခံခ်က္တစ္ခုမဟုတ္ေၾကာင္း ၎ကထပ္မံေျပာဆိုခဲ့သည္။

ျပင္သစ္စစ္တပ္သည္ စစ္ဆင္ေရးမ်ားတြင္ လက္တုံ႔ျပန္မႈမ်ားမွတစ္ဆင့္ ယုံၾကည္စိတ္ခ်ရေသာ အင္အားမ်ားကို ျပသရမည္ျဖစ္ေၾကာင္း Pierre Schillကေျပာဆိုခဲ့သည္။ျပင္သစ္ႏိုင္ငံသည္ ႐ုရွားႏိုင္ငံႏွင့္ စစ္ပြဲျဖစ္ပြားေနျခင္းမ်ိဳးမဟုတ္ဘဲ လက္ရွိပဋိပကၡတြင္ ယူကရိန္းကို ေထာက္ခံေနျခင္းမ်ိဳးသာျဖစ္ေၾကာင္း ျပင္သစ္သမၼတမက္ခ႐ြန္က ၿပီးခဲ့သည့္သီတင္းပတ္တြင္ TF1 ၊ France 2ခ်န္နယ္တို႔ႏွင့္ အင္တာဗ်ဴးအတြင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ထို႔အျပင္ ႐ုရွားႏိုင္ငံကို ျပင္သစ္၏ ရန္သူအျဖစ္ မက္ခ႐ြန္က ျပတ္ျပတ္သားသားေဖာ္ျပေျပာဆိုခဲ့ေၾကာင္းသိရသည္။ ႐ုရွားႏိုင္ငံအေနျဖင့္ ခ႐ိုင္းမီးယားကြၽန္းဆြယ္အပါအဝင္ ႏိုင္ငံတကာကအသိအမွတ္ျပဳထားေသာ ယူကရိန္းနယ္ေျမမ်ားကို ျပန္မေပးပါက ၿငိမ္းခ်မ္းေရးကို ရရွိႏိုင္မည္မဟုတ္ေၾကာင္းလည္း မက္ခ႐ြန္ကေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.