စစ်တပ်ကို ပိုမိုအားကောင်းလာစေရန်အတွက် နောက်ထပ်စစ်သားစုဆောင်းမှုများလုပ်ဆောင်ရန် မလိုအပ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးပြော

 4295

Pika (NP News) - မတ် ၂၇

ရုရှားနိုင်ငံအနေဖြင့် ၎င်း၏စစ်တပ်ကို ပိုမိုအားကောင်းလာအောင်လုပ်ဆောင်ရန်အတွက် နောက်ထပ်စစ်သားစုဆောင်းမှုများလုပ်ဆောင်ရန် မလိုအပ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူက ထုတ်ဖော်ပြောဆိုခဲ့သည်။

ယူကရိန်းက အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းအား ကာကွယ်ရန်အတွက် ယူကရိန်းထိန်းချုပ်ထားသော နယ်မြေများတွင် ကြားခံဇုန်ထူထောင်ရန် ဆုံးဖြတ်ခဲ့လျှင်တောင် နောက်ထပ်စစ်သားစုဆောင်းမှုများ လုပ်ဆောင်ရန် မလိုအပ်ကြောင်း ဆာဂေးရှိုဂူက ထပ်မံပြောဆိုခဲ့သည်။ ရုရှားအစိုးရသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် စစ်သားစုဆောင်းမှုများကို စတင်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ ကီလိုမီတာ(၁)ထောင်ကျော် ရှည်လျားသော ရှေ့တန်းစစ်မြေမျက်နှာပြင်ကို ထိန်းထားနိုင်ရန်၊ အခြေအနေများ တည်ငြိမ်စေရန်နှင့် နယ်မြေအသစ်များကို ကာကွယ်ရန်တွက် နောက်ထပ်တပ်ဖွဲ့ဝင်များကို လိုအပ်ကြောင်း အဆိုပါအချိန်တွင် ဆာဂေးရှိုဂူက ထုတ်ပြန်ပြောဆိုခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ရုရှားအာဏာပိုင်များသည် ကြီးမားသော စစ်သားစုဆောင်းမှုကို လုပ်ဆောင်ခဲ့ပြီး လူပေါင်း(၄၉၀၀၀၀)ခန့်သည် စစ်တပ်နှင့် သဘောတူညီချက်များကို လက်မှတ်ရေးထိုးခြင်း သို့မဟုတ် စေတနာ့ဝန်ထမ်းအဖွဲ့များတွင် ပါဝင်ခဲ့ကြကြောင်းသိရသည်။ ရုရှားနိုင်ငံတစ်ဝှမ်းတွင် နေ့စဉ် လူပေါင်း(၁၅၀၀)ခန့်သည် ၎င်းတို့၏ဆန္ဒအလျောက်စစ်မှုထမ်းနေကြကြောင်း သမ္မတပူတင်က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ဆာဂေးရှိုဂူက 'ဒီနှစ်မှာ စစ်တပ်နဲ့ရေတပ်အတွက် စစ်သားစု ဆောင်းမှုအစီအစဉ်တွေက ပြီးသွားပါပြီ။ ရုရှားစစ်တပ်မှာ တပ်ဖွဲ့ဝင်(၁ဒသမ၁၅)သန်းရှိပါတယ်။၂၀၂၄ ခုနှစ်မှာ ရုရှားစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်အရေအတွက်ဟာ (၁ ဒသမ ၅)သန်းထိတိုးလာပါလိမ့်မယ်'ဟု ပြောဆိုခဲ့သည်။

zawgyi version
စစ္တပ္ကို ပိုမိုအားေကာင္းလာေစရန္အတြက္ ေနာက္ထပ္စစ္သားစုေဆာင္းမႈမ်ားလုပ္ေဆာင္ရန္ မလိုအပ္ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးေျပာ
Pika (NP News) - မတ္ ၂၇

႐ုရွားႏိုင္ငံအေနျဖင့္ ၎၏စစ္တပ္ကို ပိုမိုအားေကာင္းလာေအာင္လုပ္ေဆာင္ရန္အတြက္ ေနာက္ထပ္စစ္သားစုေဆာင္းမႈမ်ားလုပ္ေဆာင္ရန္ မလိုအပ္ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီး ဆာေဂးရႈိဂူက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ယူကရိန္းက အရပ္သားမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ေနျခင္းအား ကာကြယ္ရန္အတြက္ ယူကရိန္းထိန္းခ်ဳပ္ထားေသာ နယ္ေျမမ်ားတြင္ ၾကားခံဇုန္ထူေထာင္ရန္ ဆုံးျဖတ္ခဲ့လွ်င္ေတာင္ ေနာက္ထပ္စစ္သားစုေဆာင္းမႈမ်ား လုပ္ေဆာင္ရန္ မလိုအပ္ေၾကာင္း ဆာေဂးရႈိဂူက ထပ္မံေျပာဆိုခဲ့သည္။ ႐ုရွားအစိုးရသည္ ၂၀၂၂ ခုႏွစ္ စက္တင္ဘာလတြင္ စစ္သားစုေဆာင္းမႈမ်ားကို စတင္လုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။ ကီလိုမီတာ(၁)ေထာင္ေက်ာ္ ရွည္လ်ားေသာ ေရွ႕တန္းစစ္ေျမမ်က္ႏွာျပင္ကို ထိန္းထားႏိုင္ရန္၊ အေျခအေနမ်ား တည္ၿငိမ္ေစရန္ႏွင့္ နယ္ေျမအသစ္မ်ားကို ကာကြယ္ရန္တြက္ ေနာက္ထပ္တပ္ဖြဲ႕ဝင္မ်ားကို လိုအပ္ေၾကာင္း အဆိုပါအခ်ိန္တြင္ ဆာေဂးရႈိဂူက ထုတ္ျပန္ေျပာဆိုခဲ့သည္။

၂၀၂၃ ခုႏွစ္တြင္ ႐ုရွားအာဏာပိုင္မ်ားသည္ ႀကီးမားေသာ စစ္သားစုေဆာင္းမႈကို လုပ္ေဆာင္ခဲ့ၿပီး လူေပါင္း(၄၉၀၀၀၀)ခန႔္သည္ စစ္တပ္ႏွင့္ သေဘာတူညီခ်က္မ်ားကို လက္မွတ္ေရးထိုးျခင္း သို႔မဟုတ္ ေစတနာ့ဝန္ထမ္းအဖြဲ႕မ်ားတြင္ ပါဝင္ခဲ့ၾကေၾကာင္းသိရသည္။ ႐ုရွားႏိုင္ငံတစ္ဝွမ္းတြင္ ေန႔စဥ္ လူေပါင္း(၁၅၀၀)ခန႔္သည္ ၎တို႔၏ဆႏၵအေလ်ာက္စစ္မႈထမ္းေနၾကေၾကာင္း သမၼတပူတင္က ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလတြင္ ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးသည္။ ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလတြင္ ဆာေဂးရႈိဂူက 'ဒီႏွစ္မွာ စစ္တပ္နဲ႔ေရတပ္အတြက္ စစ္သားစု ေဆာင္းမႈအစီအစဥ္ေတြက ၿပီးသြားပါၿပီ။ ႐ုရွားစစ္တပ္မွာ တပ္ဖြဲ႕ဝင္(၁ဒသမ၁၅)သန္းရွိပါတယ္။၂၀၂၄ ခုႏွစ္မွာ ႐ုရွားစစ္တပ္ရဲ႕ တပ္ဖြဲ႕ဝင္အေရအတြက္ဟာ (၁ ဒသမ ၅)သန္းထိတိုးလာပါလိမ့္မယ္'ဟု ေျပာဆိုခဲ့သည္။

© 2021. All rights reserved.