မလေးရှားမှာ ဂုံးစားမိခြင်းကြောင့် လူ ၈ ဦး အစာအဆိပ်သင့်

465

ရောင်နီ (NP News) - ဧပြီ ၄
မလေးရှားနိုင်ငံ၊ ပေါ့ဒစ်ဆမ်မှာ ဂုံး စားသုံးခြင်းကြောင့် အစာအဆိပ်သင့်မှု ရှစ်ခုဖြစ်ပွားခဲ့တယ်လို့ Negeri Sembilan ကျန်းမာရေးဌာနမှ ဒါရိုက်တာ ဟာလီနာအက်ဒူလ်ရာရှီးက ပြောကြားပါတယ်။
အဆိုပါဖြစ်ရပ်ကြောင့် လူနှစ်ဦး လေဖြတ်သလို လက္ခဏာတွေဖြစ်လာခဲ့လို့ ခရိုင်ဆေးရုံရဲ့ အထူးကြပ်မတ် ကုသဆောင်ကို ပို့ခဲ့ရတယ်လို့ ၎င်းက ပြောပါတယ်။
ကျန် ၅ ဦးထဲက ၁ ဦးကတော့ ပြင်ပလူနာအဖြစ် ကုသမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။ လက္ခဏာ ခံစားခဲ့ရသူ ရှစ်ဦးဟာ မတူညီတဲ့မိသားစုများမှဖြစ်ပြီး ပေါ့ဒစ်ဆမ်ခရိုင်ရှိ စျေးနှစ်ခုမှ ဝယ်ယူခဲ့တဲ့ ဂုံးတွေကို ချက်ပြုတ် စားသောက်ခဲ့ကြတာဖြစ်တယ်လို့ ဒေါက်တာ ဟာလီနာ မှ ပြောကြားခဲ့ပါတယ်။
အဲဒီနောက် ၎င်းတို့ဟာ ခေါင်းကိုက်ခြင်း၊ လက်နဲ့ခြေများ ထုံကျင်လာပြီး ကြွက်သားများ အားနည်းကာ အစာအဆိပ်သင့်မှု ဝေဒနာခံစားခဲ့ရတယ်လို့ သိရပါတယ်။ အခြားကျန်းမာရေးဌာနတွေကိုလည်း ဂုံးကောင်တွေ စားသုံးမိခြင်းကြောင့် အစာအဆိပ်သင့်တဲ့ လူနာတွေ ရှိ၊ မရှိ စစ်ဆေးဖို့ ဆက်သွယ်ထားပါတယ်လို့ ၎င်းက ပြောပါတယ်။
ပြည်နယ်ကျန်းမာရေးနဲ့ ငါးလုပ်ငန်းဦးစီးဌာနတို့က အဆိုပါ ဂုံးနမူနာတွေကို ခွဲခြမ်းစိတ်ဖြာဖို့ ဓာတ်ခွဲခန်းကို ပေးပို့ ထားတယ်လို့ သိရပါတယ်။

Zawgyi Version;
မေလးရွားမွာ ဂုံးစားမိျခင္းေၾကာင့္ လူ ၈ ဦး အစာအဆိပ္သင့္
ေရာင္နီ (NP News) - ဧၿပီ ၄
မေလးရွားႏိုင္ငံ၊ ေပါ့ဒစ္ဆမ္မွာ ဂုံး စားသုံးျခင္းေၾကာင့္ အစာအဆိပ္သင့္မႈ ရွစ္ခုျဖစ္ပြားခဲ့တယ္လို႔ Negeri Sembilan က်န္းမာေရးဌာနမွ ဒါ႐ိုက္တာ ဟာလီနာအက္ဒူလ္ရာရွီးက ေျပာၾကားပါတယ္။
အဆိုပါျဖစ္ရပ္ေၾကာင့္ လူႏွစ္ဦး ေလျဖတ္သလို လကၡဏာေတြျဖစ္လာခဲ့လို႔ ခ႐ိုင္ေဆး႐ုံရဲ႕ အထူးၾကပ္မတ္ ကုသေဆာင္ကို ပို႔ခဲ့ရတယ္လို႔ ၎က ေျပာပါတယ္။
က်န္ ၅ ဦးထဲက ၁ ဦးကေတာ့ ျပင္ပလူနာအျဖစ္ ကုသမႈ ခံယူခဲ့ရတယ္လို႔ သိရပါတယ္။ လကၡဏာ ခံစားခဲ့ရသူ ရွစ္ဦးဟာ မတူညီတဲ့မိသားစုမ်ားမွျဖစ္ၿပီး ေပါ့ဒစ္ဆမ္ခ႐ိုင္ရွိ ေစ်းႏွစ္ခုမွ ဝယ္ယူခဲ့တဲ့ ဂုံးေတြကို ခ်က္ျပဳတ္ စားေသာက္ခဲ့ၾကတာျဖစ္တယ္လို႔ ေဒါက္တာ ဟာလီနာ မွ ေျပာၾကားခဲ့ပါတယ္။
အဲဒီေနာက္ ၎တို႔ဟာ ေခါင္းကိုက္ျခင္း၊ လက္နဲ႔ေျခမ်ား ထုံက်င္လာၿပီး ႂကြက္သားမ်ား အားနည္းကာ အစာအဆိပ္သင့္မႈ ေဝဒနာခံစားခဲ့ရတယ္လို႔ သိရပါတယ္။ အျခားက်န္းမာေရးဌာနေတြကိုလည္း ဂုံးေကာင္ေတြ စားသုံးမိျခင္းေၾကာင့္ အစာအဆိပ္သင့္တဲ့ လူနာေတြ ရွိ၊ မရွိ စစ္ေဆးဖို႔ ဆက္သြယ္ထားပါတယ္လို႔ ၎က ေျပာပါတယ္။
ျပည္နယ္က်န္းမာေရးနဲ႔ ငါးလုပ္ငန္းဦးစီးဌာနတို႔က အဆိုပါ ဂုံးနမူနာေတြကို ခြဲျခမ္းစိတ္ျဖာဖို႔ ဓာတ္ခြဲခန္းကို ေပးပို႔ ထားတယ္လို႔ သိရပါတယ္။