အမြန်လမ်း၌ ကုန်တင်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရ

2623

စော (NP News) - မေ ၁၂
ရန်ကုန်-မန္တလေး အမြန်လမ်း၌ ကုန်တင်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (မေလ ၁၂ ရက်)၊ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမ၊ မိုင်တိုင် အမှတ်(၆၂/၄)နှင့် (၆၂/၅)ကြား၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဥသျှစ်ကုန်း အမြန်လမ်းမီးသတ်စခန်း ထံမှ သိရသည်။
အဆိုပါကားသည် အပြာရောင် MITSUBISHI CANTER အမျိုးအစားဖြစ်ပြီး ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ သွားနေစဉ် အထက်ပါဖြစ်စဉ်နေရာအရောက်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လမ်းကွေ့ကြောမှာ အရှိန်မထိန်းနိုင်ဘဲနဲ့ ဘေးနားမှာ ကာထားတဲ့ ဘယ်ရီယာတုံးတွေကို ဝင်တိုက်ပြီးတော့ လက်ယာဘက်ကို တိမ်းမှောက်သွားတာပါ။ သူက ကုန်တင်ယာဉ်ပါ။ ပစ္စည်းပို့ပြီး ပြန်လာတာဖြစ်မယ်။ အမြန် လမ်းမှာက ကုန်သွယ်ရေးယာဉ်က သွားခွင့်ရှိတယ်” ဟု ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော အမျိုးသား (၂)ဦးမှာ စိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး မြို့ချောင်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အမြန်လမ်းကို အသုံးပြုသော ယာဉ်များအနေဖြင့် လမ်းကွေ့များတွင် သတိပြုမောင်းနှင်ရန် နှင့် သတ်မှတ်မြန်နှုန်း ထက် ကျော်လွန်မောင်းနှင်ခြင်းမပြုလုပ်ကြရန် အထက်ပါတာဝန်ရှိသူက အကြံပြုထားသည်။
ယခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း အမြန်လမ်း၌ ယာဉ်တိုက်မှုပေါင်း (၄၄)ကြိမ်ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၉၂)ဦး နှင့် သေဆုံးသူ (၂၆)ဦး ရှိခဲ့ကြောင်း သိရသည်။

Zawgyi Version;
အျမန္လမ္း၌ ကုန္တင္ကားတစ္စီး တိမ္းေမွာက္ခဲ့ရာ အမ်ိဳးသား (၂)ဦး ထိခိုက္ဒဏ္ရာရ
ေစာ (NP News) - ေမ ၁၂
ရန္ကုန္-မႏၲေလး အျမန္လမ္း၌ ကုန္တင္ကားတစ္စီး တိမ္းေမွာက္ခဲ့ရာ အမ်ိဳးသား (၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (ေမလ ၁၂ ရက္)၊ မြန္းလြဲ ၁ နာရီဝန္းက်င္အခ်ိန္တြင္ ရန္ကုန္-မႏၲေလး အျမန္လမ္းမ၊ မိုင္တိုင္ အမွတ္(၆၂/၄)ႏွင့္ (၆၂/၅)ၾကား၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ဥသွ်စ္ကုန္း အျမန္လမ္းမီးသတ္စခန္း ထံမွ သိရသည္။
အဆိုပါကားသည္ အျပာေရာင္ MITSUBISHI CANTER အမ်ိဳးအစားျဖစ္ၿပီး ရန္ကုန္ဘက္မွ ေနျပည္ေတာ္ဘက္သို႔ သြားေနစဥ္ အထက္ပါျဖစ္စဥ္ေနရာအေရာက္တြင္ တိမ္းေမွာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“လမ္းေကြ႕ေၾကာမွာ အရွိန္မထိန္းႏိုင္ဘဲနဲ႔ ေဘးနားမွာ ကာထားတဲ့ ဘယ္ရီယာတုံးေတြကို ဝင္တိုက္ၿပီးေတာ့ လက္ယာဘက္ကို တိမ္းေမွာက္သြားတာပါ။ သူက ကုန္တင္ယာဥ္ပါ။ ပစၥည္းပို႔ၿပီး ျပန္လာတာျဖစ္မယ္။ အျမန္ လမ္းမွာက ကုန္သြယ္ေရးယာဥ္က သြားခြင့္ရွိတယ္” ဟု ဥသွ်စ္ကုန္းအျမန္လမ္းမီးသတ္စခန္းမွ တာဝန္ရွိသူ တစ္ဦးက NP News ကို ေျပာသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ ယာဥ္ေပၚတြင္ လိုက္ပါလာေသာ အမ်ိဳးသား (၂)ဦးမွာ စိုးရိမ္ရဒဏ္ရာရရွိခဲ့ၿပီး ၿမိဳ႕ေခ်ာင္း တိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
အျမန္လမ္းကို အသုံးျပဳေသာ ယာဥ္မ်ားအေနျဖင့္ လမ္းေကြ႕မ်ားတြင္ သတိျပဳေမာင္းႏွင္ရန္ ႏွင့္ သတ္မွတ္ျမန္ႏႈန္း ထက္ ေက်ာ္လြန္ေမာင္းႏွင္ျခင္းမျပဳလုပ္ၾကရန္ အထက္ပါတာဝန္ရွိသူက အႀကံျပဳထားသည္။
ယခုႏွစ္ ဇန္နဝါရီလမွ မတ္လအတြင္း အျမန္လမ္း၌ ယာဥ္တိုက္မႈေပါင္း (၄၄)ႀကိမ္ျဖစ္ပြားခဲ့ၿပီး ဒဏ္ရာရရွိသူ (၉၂)ဦး ႏွင့္ ေသဆုံးသူ (၂၆)ဦး ရွိခဲ့ေၾကာင္း သိရသည္။