ရုရှား-ယူကရိန်းစစ်ပွဲအတွက် နိုင်ငံသား(၂၈၀)ခန့် လူသစ်စုဆောင်းခံခဲ့ရတယ်လို့ သီရိလင်္ကာအစိုးရပြော

2191

Pika (NP News) - မေ ၁၅
ရုရှား-ယူကရိန်းစစ်ပွဲမှာ နှစ်ဖက်စလုံးကနေပါဝင်တိုက်ခိုက်ဖို့အတွက် သီရိလင်္ကာနိုင်ငံသား(၂၈၀)ခန့် လူသစ်စုဆောင်းခံခဲ့ရတယ်လို့ ယူကရိန်းပဋိပက္ခမှာ နိုင်ငံသားတွေရဲ့ပါဝင်ပတ်သက်မှုကို စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးအပ်ခံထားရတဲ့ အရာရှိတွေက မေလ(၁၅)ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်မှာ သီရိလင်္ကာကာကွယ်ရေးဝန်ကြီးဌာနဟာ ရုရှား-ယူကရိန်းစစ်ပွဲမှာပါဝင်ဖို့အတွက် နှစ်နိုင်ငံစလုံးကို သွားရောက်ခဲ့သူတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းဖို့ အထူးတပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းပြီးတဲ့နောက်မှာတော့ ၎င်းတို့နဲ့ဆက်နွယ်တဲ့ ဆွေမျိုးတွေရဲ့ တိုင် ကြားစာပေးပို့မှုတွေကို စတင်လက်ခံရရှိခဲ့တာလို့လည်းသိရပါတယ်။ ပြည်သူ့လုံခြုံရေးဝန်ကြီး Tiran Alles က 'မိသားစုဝင်(၂၈၀)လောက်ရဲ့ တိုင်ကြားစာတွေကို ကျွန်တော်တို့လက်ခံရရှိခဲ့ပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။
သီရိလင်္ကာနိုင်ငံသားအများစုမှာ ရုရှားစစ်တပ်အတွက် လူသစ်စုဆောင်းမှုကို ခံခဲ့ရတယ်လို့ လွှတ်တော်အမတ် Gamini Waleboda ကပြောကြားခဲ့ပါတယ်။ ဒါ့ပြင် လူသစ်စုဆောင်းခံရသူတွေဟာ မြင့်မားတဲ့လစာတွေနဲ့ တိုက်ခိုက်ရေးမဟုတ်တဲ့ကဏ္ဍတွေအတွက် ရာထူးတွေရရှိမယ်လို့ ကတိပေးပြီး သွေးဆောင်ဖြားယောင်းခံရတာဖြစ်တယ်လို့ Gamini Waleboda ကပြောကြားခဲ့ပါတယ်။ ရုရှား-ယူကရိန်းပဋိပက္ခမှာ သီရိလင်္ကာနိုင်ငံသားဘယ်လောက်သေဆုံးသွားပြီဆိုတဲ့အချက်ကိုလည်း လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးဘူးလို့သိရပါတယ်။ သီရိလင်္ကာအစိုးရဟာ ၎င်းရဲ့နိုင်ငံသားတွေကို စစ်ပွဲမှာပါဝင်ဖို့အတွက် ရုရှားဒါမှမဟုတ် ယူကရိန်းကို သွားရောက်ခြင်းမပြုဖို့ အကြိမ်ကြိမ်သတိပေးခဲ့တယ်လို့လည်းသိရပါတယ်။
သီရိလင်္ကာရဲတပ်ဖွဲ့ဟာ ရုရှားကြေးစားလုပ်ငန်းတွေအတွက် လူသစ်စု ဆောင်းမှုအေးဂျင့်အဖြစ် တရားမဝင်လုပ်ဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတစ်ဦးအပါအဝင် အငြိမ်းစားစစ်တပ်အရာရှိနှစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ သီရိလင်္ကာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ နီပေါနဲ့ အိန္ဒိယနိုင်ငံတို့ကလည်း ပြီးခဲ့တဲ့နှစ်အတွင်း ၎င်းတို့ရဲ့နိုင်ငံသားတွေဟာ ရုရှားစစ်တပ်ဘက်ကနေ တိုက်ခိုက်ဖို့အတွက် လူသစ်စုဆောင်းခံခဲ့ရတယ်လို့ အတည်ပြုခဲ့ပါတယ်။
zawgyi version
႐ုရွား-ယူကရိန္းစစ္ပြဲအတြက္ ႏိုင္ငံသား(၂၈၀)ခန႔္ လူသစ္စုေဆာင္းခံခဲ့ရတယ္လို႔ သီရိလကၤာအစိုးရေျပာ
Pika (NP News) - ေမ ၁၅
႐ုရွား-ယူကရိန္းစစ္ပြဲမွာ ႏွစ္ဖက္စလုံးကေနပါဝင္တိုက္ခိုက္ဖို႔အတြက္ သီရိလကၤာႏိုင္ငံသား(၂၈၀)ခန႔္ လူသစ္စုေဆာင္းခံခဲ့ရတယ္လို႔ ယူကရိန္းပဋိပကၡမွာ ႏိုင္ငံသားေတြရဲ႕ပါဝင္ပတ္သက္မႈကို စုံစမ္းစစ္ေဆးဖို႔ တာဝန္ေပးအပ္ခံထားရတဲ့ အရာရွိေတြက ေမလ(၁၅)ရက္ေန႔မွာ ေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့သီတင္းပတ္မွာ သီရိလကၤာကာကြယ္ေရးဝန္ႀကီးဌာနဟာ ႐ုရွား-ယူကရိန္းစစ္ပြဲမွာပါဝင္ဖို႔အတြက္ ႏွစ္ႏိုင္ငံစလုံးကို သြားေရာက္ခဲ့သူေတြနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကို စုေဆာင္းဖို႔ အထူးတပ္ဖြဲ႕တစ္ခုကို ဖြဲ႕စည္းၿပီးတဲ့ေနာက္မွာေတာ့ ၎တို႔နဲ႔ဆက္ႏြယ္တဲ့ ေဆြမ်ိဳးေတြရဲ႕ တိုင္ ၾကားစာေပးပို႔မႈေတြကို စတင္လက္ခံရရွိခဲ့တာလို႔လည္းသိရပါတယ္။ ျပည္သူ႔လုံၿခဳံေရးဝန္ႀကီး Tiran Alles က 'မိသားစုဝင္(၂၈၀)ေလာက္ရဲ႕ တိုင္ၾကားစာေတြကို ကြၽန္ေတာ္တို႔လက္ခံရရွိခဲ့ပါတယ္'လို႔ ေျပာဆိုခဲ့ပါတယ္။
သီရိလကၤာႏိုင္ငံသားအမ်ားစုမွာ ႐ုရွားစစ္တပ္အတြက္ လူသစ္စုေဆာင္းမႈကို ခံခဲ့ရတယ္လို႔ လႊတ္ေတာ္အမတ္ Gamini Waleboda ကေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ လူသစ္စုေဆာင္းခံရသူေတြဟာ ျမင့္မားတဲ့လစာေတြနဲ႔ တိုက္ခိုက္ေရးမဟုတ္တဲ့က႑ေတြအတြက္ ရာထူးေတြရရွိမယ္လို႔ ကတိေပးၿပီး ေသြးေဆာင္ျဖားေယာင္းခံရတာျဖစ္တယ္လို႔ Gamini Waleboda ကေျပာၾကားခဲ့ပါတယ္။ ႐ုရွား-ယူကရိန္းပဋိပကၡမွာ သီရိလကၤာႏိုင္ငံသားဘယ္ေလာက္ေသဆုံးသြားၿပီဆိုတဲ့အခ်က္ကိုလည္း လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးဘူးလို႔သိရပါတယ္။ သီရိလကၤာအစိုးရဟာ ၎ရဲ႕ႏိုင္ငံသားေတြကို စစ္ပြဲမွာပါဝင္ဖို႔အတြက္ ႐ုရွားဒါမွမဟုတ္ ယူကရိန္းကို သြားေရာက္ျခင္းမျပဳဖို႔ အႀကိမ္ႀကိမ္သတိေပးခဲ့တယ္လို႔လည္းသိရပါတယ္။
သီရိလကၤာရဲတပ္ဖြဲ႕ဟာ ႐ုရွားေၾကးစားလုပ္ငန္းေတြအတြက္ လူသစ္စု ေဆာင္းမႈေအးဂ်င့္အျဖစ္ တရားမဝင္လုပ္ေဆာင္ခဲ့တဲ့ ဗိုလ္ခ်ဳပ္ႀကီးတစ္ဦးအပါအဝင္ အၿငိမ္းစားစစ္တပ္အရာရွိႏွစ္ဦးကို ဖမ္းဆီးခဲ့တယ္လို႔သိရပါတယ္။ သီရိလကၤာႏိုင္ငံရဲ႕ အိမ္နီးခ်င္းႏိုင္ငံေတြျဖစ္တဲ့ နီေပါနဲ႔ အိႏၵိယႏိုင္ငံတို႔ကလည္း ၿပီးခဲ့တဲ့ႏွစ္အတြင္း ၎တို႔ရဲ႕ႏိုင္ငံသားေတြဟာ ႐ုရွားစစ္တပ္ဘက္ကေန တိုက္ခိုက္ဖို႔အတြက္ လူသစ္စုေဆာင္းခံခဲ့ရတယ္လို႔ အတည္ျပဳခဲ့ပါတယ္။