တရုတ်ဖက်ရှင်ကုမ္ပဏီ Shein မှ ထုတ်လုပ်တဲ့ ကလေးအသုံးအဆောင် ပစ္စည်းတွေမှာ အဆိပ်သင့်သတ္တုတွေ ပါဝင်နေတယ်လို့ တောင်ကိုရီးယားအစိုးရ ကြေညာ

 876

ရောင်နီ (NP News) - မေ ၂၇

တရုတ် e-commerce ကုမ္ပဏီကြီး AliExpress နဲ့ Shein မှ ထုတ်လုပ်ရောင်းချနေတဲ့ ကလေး အသုံးအဆောင်ပစ္စည်းတွေမှာ ခွင့်ပြုထားတဲ့ ပမာဏထက်ကျော်လွန်တဲ့ အဆိပ်သင့်သတ္တုပစ္စည်းတွေ ပါဝင်နေတယ်လို့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော် အစိုးရက မေ ၂၃ ရက်မှာ ကြေညာခဲ့ပါတယ်။

AliExpress နဲ့ Shein မှာ ရောင်းချတဲ့ ကလေးသုံး ကုန်ပစ္စည်း ခုနစ်မျိုးမှာ Korea Conformity Laboratories မှ ပြုလုပ်တဲ့ ဓာတုဘေးကင်းလုံခြုံရေး စမ်းသပ်ချက်များအရ Shein ရဲ့ကလေးလက်ပတ်နာရီတစ်လုံးနဲ့ AliExpress မှ ကလေးလည်ဆွဲတစ်ခုမှာ အန္တရာယ်ရှိ ဓာတုပစ္စည်းတွေ ပါဝင်နေတယ်လို့ သိရပါတယ်။

လက်ပတ်နာရီမှာ ကန့်သတ်ချက်ထက် ခဲအဆင့် ၂၇၈ ဆ ပါဝင်နေပြီး နာရီနောက်ကျောမှာ ခရိုမီယမ်အဆင့် ၃.၄ ဆ၊ နီကယ်အဆင့် ၄.၄ ဆ မြင့်မားစွာ ပါဝင်နေကာ လည်ဆွဲရဲ့ ဆွဲသီးမှာလည်း ခဲဆိပ် စံနှုန်းထက် ၁.၂ ဆ ပါဝင်နေတယ်လို့ စမ်းသပ်ချက်က ဆိုပါတယ်။ အဲဒီလို ခဲဓာတ် ပါဝင်မှုတွေဟာ လူသားမှာ မျိုးပွား စနစ်ကို အနှောင့်အယှက်ပေးနိုင်ပြီး ကင်ဆာအန္တရာယ်ဖြစ်နိုင်ခြေကို တိုးလာစေနိုင်တယ်လို့ သိရပါတယ်။

ခရိုမီယမ်ဟာ အရေပြားဆိုင်ရာ အဆိပ်အတောက်တွေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ယားယံခြင်းတို့ ဖြစ်စေနိုင်ပြီး နီကယ်ဟာ ဓာတ်မတည့်မှု၊ သွေးကြောဆိုင်ရာ ရောဂါတွေနဲ့ အခြားကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားအစိုးရအနေနဲ့ တရုတ် e-commerce ပလပ်ဖောင်း AliExpress၊ Temu နဲ့ Shein မှာ ရောင်းချနေတဲ့ကုန်ပစ္စည်းတွေအပေါ် လုံခြုံရေးစစ်ဆေးမှုတွေ တိုးမြှင့် ပြုလုပ်နေတယ်လို့ ဆိုးလ်တာဝန်ရှိသူတွေက ဆိုပါတယ်။ နောက်ထပ် ကလေး သားရေပစ္စည်းများ၊ ဖိနပ်နဲ့ အိတ်တွေကို ခဲဆိပ်ပါဝင်မှု စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

Zawgyi Version;
တ႐ုတ္ ဖက္ရွင္ကုမၸဏီ Shein မွ ထုတ္လုပ္တဲ့ ကေလးအသုံးအေဆာင္ ပစၥည္းေတြမွာ အဆိပ္သင့္သတၱဳေတြ ပါဝင္ေနတယ္လို႔ ေတာင္ကိုရီးယားအစိုးရ ေၾကညာ
ေရာင္နီ (NP News) - ေမ ၂၇

တ႐ုတ္ e-commerce ကုမၸဏီႀကီး AliExpress နဲ႔ Shein မွ ထုတ္လုပ္ေရာင္းခ်ေနတဲ့ ကေလး အသုံးအေဆာင္ပစၥည္းေတြမွာ ခြင့္ျပဳထားတဲ့ ပမာဏထက္ေက်ာ္လြန္တဲ့ အဆိပ္သင့္သတၱဳပစၥည္းေတြ ပါဝင္ေနတယ္လို႔ ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕ေတာ္ အစိုးရက ေမ ၂၃ ရက္မွာ ေၾကညာခဲ့ပါတယ္။

AliExpress နဲ႔ Shein မွာ ေရာင္းခ်တဲ့ ကေလးသုံး ကုန္ပစၥည္း ခုနစ္မ်ိဳးမွာ Korea Conformity Laboratories မွ ျပဳလုပ္တဲ့ ဓာတုေဘးကင္းလုံၿခဳံေရး စမ္းသပ္ခ်က္မ်ားအရ Shein ရဲ႕ကေလးလက္ပတ္နာရီတစ္လုံးနဲ႔ AliExpress မွ ကေလးလည္ဆြဲတစ္ခုမွာ အႏၲရာယ္ရွိ ဓာတုပစၥည္းေတြ ပါဝင္ေနတယ္လို႔ သိရပါတယ္။

လက္ပတ္နာရီမွာ ကန႔္သတ္ခ်က္ထက္ ခဲအဆင့္ ၂၇၈ ဆ ပါဝင္ေနၿပီး နာရီေနာက္ေက်ာမွာ ခ႐ိုမီယမ္အဆင့္ ၃.၄ ဆ၊ နီကယ္အဆင့္ ၄.၄ ဆ ျမင့္မားစြာ ပါဝင္ေနကာ လည္ဆြဲရဲ႕ ဆြဲသီးမွာလည္း ခဲဆိပ္ စံႏႈန္းထက္ ၁.၂ ဆ ပါဝင္ေနတယ္လို႔ စမ္းသပ္ခ်က္က ဆိုပါတယ္။ အဲဒီလို ခဲဓာတ္ ပါဝင္မႈေတြဟာ လူသားမွာ မ်ိဳးပြား စနစ္ကို အေႏွာင့္အယွက္ေပးႏိုင္ၿပီး ကင္ဆာအႏၲရာယ္ျဖစ္ႏိုင္ေျခကို တိုးလာေစႏိုင္တယ္လို႔ သိရပါတယ္။

ခ႐ိုမီယမ္ဟာ အေရျပားဆိုင္ရာ အဆိပ္အေတာက္ေတြနဲ႔ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ယားယံျခင္းတို႔ ျဖစ္ေစႏိုင္ၿပီး နီကယ္ဟာ ဓာတ္မတည့္မႈ၊ ေသြးေၾကာဆိုင္ရာ ေရာဂါေတြနဲ႔ အျခားက်န္းမာေရးျပႆနာေတြျဖစ္လာႏိုင္တယ္လို႔ သိရပါတယ္။

ေတာင္ကိုရီးယားအစိုးရအေနနဲ႔ တ႐ုတ္ e-commerce ပလပ္ေဖာင္း AliExpress၊ Temu နဲ႔ Shein မွာ ေရာင္းခ်ေနတဲ့ကုန္ပစၥည္းေတြအေပၚ လုံၿခဳံေရးစစ္ေဆးမႈေတြ တိုးျမႇင့္ ျပဳလုပ္ေနတယ္လို႔ ဆိုးလ္တာဝန္ရွိသူေတြက ဆိုပါတယ္။ ေနာက္ထပ္ ကေလး သားေရပစၥည္းမ်ား၊ ဖိနပ္နဲ႔ အိတ္ေတြကို ခဲဆိပ္ပါဝင္မႈ စမ္းသပ္စစ္ေဆးမႈေတြျပဳလုပ္ေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.