ကုန်ပစ္စည်းချင်းဖလှယ်သည့် ကုန်သွယ်မှုစနစ် (BTA) ဖြင့်ဆောင်ရွက်ရာတွင် တရုတ်မှလွဲ၍ ကျန်နိုင်ငံများနှင့် ကုန်သွယ်ရာ၌ အခက်အခဲများရှိနိုင်ဟု သုံးသပ်

 2184

ယွန်း (NP News) - ‌ဇွန် ၄

ကုန်ပစ္စည်းချင်း အပြန်အလှန်ဖလှယ် သည့်ကုန်သွယ်မှုစနစ် (BTA) ဖြင့် ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံမှလွဲ၍ ကျန်နိုင်ငံများနှင့် ကုန်သွယ်ရာ၌ အခက်အခဲများရှိနိုင်ကြောင်း ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင်အချို့က သုံးသပ်ပြောဆိုကြသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အထက်ပါ Barter System အရ သွင်းကုန်တန်ဖိုးအတွက် နိုင်ငံခြားငွေပေး ချေခြင်းမှ ကင်းလွတ်ပုံစံ (IBEP) နှင့် ပို့ကုန်တင်ပို့ခြင်းမှ နိုင်ငံခြားငွေပြန်လည်ရရှိမှု ကင်းလွတ်ခွင့်ပုံစံ (EBRE) လျှောက်ထားရမည့် အစီအစဉ်များကို ပြီးခဲ့သည့်ရက်ပိုင်းက အသိပေး ထုတ်ပြန်ထားသည်။ သို့သော် အဆိုပါ Barter Trade System သည် တရုတ်နိုင်ငံမှလွဲ၍ အခြား ကုန်သွယ်ဖက်နိုင်ငံများနှင့် အောင်မြင်စွာ ကုန်သွယ်နိုင်ရေးအတွက် ပြဿနာအချို့ရှိနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ထားသည်။
‘အခုဆိုရင် ပါမစ်ကို Barter Trade လုပ်တယ်။ Barter Trade ဆိုတာက ဟိုးအရင်တုန်းကဖြစ်ခဲ့ တာမျိုးတွေ။ ၁၀ဝ ရာခိုင်နှုန်း အလုပ်ဖြစ်နိုင်လားဆိုတော့ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ်ကသံဝယ်တဲ့ ကုမ္ပဏီပဲထားပါတော့။ အဲဒီသံဝယ်တဲ့ကုမ္ပဏီက ကြက်သွန်ပြန်ယူပါဆို ဘယ်ယူမှာလဲ။ Barter Trade ဆိုတာကလည်း လွဲနေတယ်။ တကယ့်တကယ်တော့ တရုတ်နဲ့တော့ ရှိကောင်းရှိနိုင်မယ်။ ကျန် တဲ့နိုင်ငံတွေနဲ့ကော တကယ်အောင်မြင်နိုင်လားဆိုတော့ ပြဿနာရှိလာနိုင်တယ်။ ဘာပဲလုပ်ပေးရမှာလဲဆိုတော့ နိုင်ငံခြားသုံးငွေသာ မယူဘူးဆိုရင် အစိုးရ အရောင်းမပေးဘူး။ ပါမစ်ကိုလွတ်လွတ်လပ်လပ်လုပ်၊ ငွေကြိုက်တဲ့နေရာကလွှဲဆိုတဲ့ စနစ်တစ်ခုသာရှိရင် အဆင်ပြေတယ်’ဟု ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကဆိုသည်။

ကုန်သွယ်ဖက်နှစ်နိုင်ငံအကြား ကုန်ပစ္စည်းချင်း အပြန်အလှန်ဖလှယ်သည့် ကုန်သွယ်မှုစနစ် (BTA) အရ ပို့ကုန်တင်ပို့ပြီးပါက ပို့ကုန်အတွက် နိုင်ငံခြားငွေ ပြန်လည်ရရှိမှု ကင်းလွတ်ခွင့် (EBRE) ကို အထောက်အထားများနှင့်အတူ òန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနကြီး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ လိပ်မူပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် Barter Transaction Arrangement (BTA) စနစ်အရ သွင်းကုန်တင်သွင်းပြီးပါက သွင်းကုန်တန်ဖိုး အတွက် နိုင်ငံခြားငွေပေးချေခြင်းမှ ကင်းလွတ်ခွင့် (IBEP) ကို အ‌ထောက်အထားများနှင့်အတူ အထက်ပါအတိုင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် သို့ပေးပို့ရန် အသိပေးထားသည်။
ထိုသို့ လျှောက်ထားရာတွင် Allowed Shipment Notification Release Order Notification မိတ္တူ၊ Barter System ဖြင့် ခွင့်ပြုခဲ့သည့် Import / Export License, Sale Contract နှင့် အခြားလိုအပ်သည့် အထောက်အထားများကို ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း သိရသည်။ ယခုဘဏ္ဍာနှစ်(၂၀၂၄- ၂၀၂၅)၏ နှစ်လတာကာလအတွင်း စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၉၉၈ ဒသမ ၂၈၁ သန်းရှိခဲ့ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ် (၂၀၂၃- ၂၀၂၄) အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၄၄၅၃ ဒသမ ၉၄၀ သန်းအထိရှိခဲ့ရာ ကုန်သွယ်မှုတန်ဖိုးမှာ အနည်းငယ် လျော့နည်းနေကြောင်း နစက၏ အချက်အလက်များအရ သိရသည်။ ယခုဘဏ္ဍာနှစ်တွင် ပင်လယ်ရေ ကြောင်းကုန်သွယ် မှု အမေရိကန်ဒေါ်လာ ၃၂၀၈ ဒသ မ ၉၇၃ သန်းနှင့် နယ်စပ်ကုန်သွယ်မှု အမေရိကန် ဒေါ်လာ ၇၈၉ ဒသမ ၃၀၈ သန်းရှိခဲ့ကြောင်း သိရသည်။

zawgyi version
ကုန္ပစၥည္းခ်င္းဖလွယ္သည့္ ကုန္သြယ္မႈစနစ္ (BTA) ျဖင့္ေဆာင္႐ြက္ရာတြင္ တ႐ုတ္မွလြဲ၍ က်န္ႏိုင္ငံမ်ားႏွင့္ ကုန္သြယ္ရာ၌ အခက္အခဲမ်ားရွိႏိုင္ဟု သုံးသပ္
ယြန္း (NP News) - ‌ဇြန္ ၄

ကုန္ပစၥည္းခ်င္း အျပန္အလွန္ဖလွယ္ သည့္ကုန္သြယ္မႈစနစ္ (BTA) ျဖင့္ ေဆာင္႐ြက္ရာတြင္ တ႐ုတ္ႏိုင္ငံမွလြဲ၍ က်န္ႏိုင္ငံမ်ားႏွင့္ ကုန္သြယ္ရာ၌ အခက္အခဲမ်ားရွိႏိုင္ေၾကာင္း ျပည္တြင္းရွိ စီးပြားေရး လုပ္ငန္းရွင္အခ်ိဳ႕က သုံးသပ္ေျပာဆိုၾကသည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က အထက္ပါ Barter System အရ သြင္းကုန္တန္ဖိုးအတြက္ ႏိုင္ငံျခားေငြေပး ေခ်ျခင္းမွ ကင္းလြတ္ပုံစံ (IBEP) ႏွင့္ ပို႔ကုန္တင္ပို႔ျခင္းမွ ႏိုင္ငံျခားေငြျပန္လည္ရရွိမႈ ကင္းလြတ္ခြင့္ပုံစံ (EBRE) ေလွ်ာက္ထားရမည့္ အစီအစဥ္မ်ားကို ၿပီးခဲ့သည့္ရက္ပိုင္းက အသိေပး ထုတ္ျပန္ထားသည္။ သို႔ေသာ္ အဆိုပါ Barter Trade System သည္ တ႐ုတ္ႏိုင္ငံမွလြဲ၍ အျခား ကုန္သြယ္ဖက္ႏိုင္ငံမ်ားႏွင့္ ေအာင္ျမင္စြာ ကုန္သြယ္ႏိုင္ေရးအတြက္ ျပႆနာအခ်ိဳ႕ရွိႏိုင္ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္မ်ားက သုံးသပ္ထားသည္။
‘အခုဆိုရင္ ပါမစ္ကို Barter Trade လုပ္တယ္။ Barter Trade ဆိုတာက ဟိုးအရင္တုန္းကျဖစ္ခဲ့ တာမ်ိဳးေတြ။ ၁၀ဝ ရာခိုင္ႏႈန္း အလုပ္ျဖစ္ႏိုင္လားဆိုေတာ့ မျဖစ္ႏိုင္ဘူး။ ဘာလို႔လဲဆိုေတာ့ ကိုယ္ကသံဝယ္တဲ့ ကုမၸဏီပဲထားပါေတာ့။ အဲဒီသံဝယ္တဲ့ကုမၸဏီက ၾကက္သြန္ျပန္ယူပါဆို ဘယ္ယူမွာလဲ။ Barter Trade ဆိုတာကလည္း လြဲေနတယ္။ တကယ့္တကယ္ေတာ့ တ႐ုတ္နဲ႔ေတာ့ ရွိေကာင္းရွိႏိုင္မယ္။ က်န္ တဲ့ႏိုင္ငံေတြနဲ႔ေကာ တကယ္ေအာင္ျမင္ႏိုင္လားဆိုေတာ့ ျပႆနာရွိလာႏိုင္တယ္။ ဘာပဲလုပ္ေပးရမွာလဲဆိုေတာ့ ႏိုင္ငံျခားသုံးေငြသာ မယူဘူးဆိုရင္ အစိုးရ အေရာင္းမေပးဘူး။ ပါမစ္ကိုလြတ္လြတ္လပ္လပ္လုပ္၊ ေငြႀကိဳက္တဲ့ေနရာကလႊဲဆိုတဲ့ စနစ္တစ္ခုသာရွိရင္ အဆင္ေျပတယ္’ဟု ျပည္တြင္း စီးပြားေရးလုပ္ငန္းရွင္တစ္ဦးကဆိုသည္။

ကုန္သြယ္ဖက္ႏွစ္ႏိုင္ငံအၾကား ကုန္ပစၥည္းခ်င္း အျပန္အလွန္ဖလွယ္သည့္ ကုန္သြယ္မႈစနစ္ (BTA) အရ ပို႔ကုန္တင္ပို႔ၿပီးပါက ပို႔ကုန္အတြက္ ႏိုင္ငံျခားေငြ ျပန္လည္ရရွိမႈ ကင္းလြတ္ခြင့္ (EBRE) ကို အေထာက္အထားမ်ားႏွင့္အတူ òန္ၾကားေရးမႉးခ်ဳပ္၊ ႏိုင္ငံျခားသုံးေငြစီမံခန႔္ခြဲမႈဌာနႀကီး၊ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္သို႔ လိပ္မူေပးပို႔ရမည္ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ Barter Transaction Arrangement (BTA) စနစ္အရ သြင္းကုန္တင္သြင္းၿပီးပါက သြင္းကုန္တန္ဖိုး အတြက္ ႏိုင္ငံျခားေငြေပးေခ်ျခင္းမွ ကင္းလြတ္ခြင့္ (IBEP) ကို အ‌ေထာက္အထားမ်ားႏွင့္အတူ အထက္ပါအတိုင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ သို႔ေပးပို႔ရန္ အသိေပးထားသည္။
ထိုသို႔ ေလွ်ာက္ထားရာတြင္ Allowed Shipment Notification Release Order Notification မိတၱဴ၊ Barter System ျဖင့္ ခြင့္ျပဳခဲ့သည့္ Import / Export License, Sale Contract ႏွင့္ အျခားလိုအပ္သည့္ အေထာက္အထားမ်ားကို ပူးတြဲတင္ျပရမည္ျဖစ္ေၾကာင္း သိရသည္။ ယခုဘ႑ာႏွစ္(၂၀၂၄- ၂၀၂၅)၏ ႏွစ္လတာကာလအတြင္း စုစုေပါင္း ကုန္သြယ္မႈတန္ဖိုးသည္ အေမရိကန္ေဒၚလာ ၃၉၉၈ ဒသမ ၂၈၁ သန္းရွိခဲ့ၿပီး ၿပီးခဲ့သည့္ ဘ႑ာႏွစ္ (၂၀၂၃- ၂၀၂၄) အလားတူကာလတြင္ အေမရိကန္ေဒၚလာ ၄၄၅၃ ဒသမ ၉၄၀ သန္းအထိရွိခဲ့ရာ ကုန္သြယ္မႈတန္ဖိုးမွာ အနည္းငယ္ ေလ်ာ့နည္းေနေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။ ယခုဘ႑ာႏွစ္တြင္ ပင္လယ္ေရ ေၾကာင္းကုန္သြယ္ မႈ အေမရိကန္ေဒၚလာ ၃၂၀၈ ဒသ မ ၉၇၃ သန္းႏွင့္ နယ္စပ္ကုန္သြယ္မႈ အေမရိကန္ ေဒၚလာ ၇၈၉ ဒသမ ၃၀၈ သန္းရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.