အေဂျင်စီ ၉ဝ နီးပါး ပြည်ပစေလွှတ်လုပ်သား လချုပ်စာရင်းတင်ပြရန် လိုအပ်နေ

 195

NP News - မေလ ၁၇

၂၀၂၅ ခုနှစ် ဧပြီလအတွက် အလုပ်သမားစေလွှတ်လချုပ်စာရင်းတွေ အချိန်မီတင်ပြဖို့ လိုအပ်သော အေဂျင်စီ ၉၀ နီးပါးရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၊ safe Migration ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်ပနိုင်ငံအသီးသီးသို့ အလုပ်သမားစေလွှတ်ခြင်းအတွက် အေဂျင်စီများသည် လစဥ် စေလွှတ်လုပ်သား စာရင်း များ တင်ပြရကြောင်း သိရသည်။
"၂ဝ၂၅ ခုနှစ် ဧပြီအတွက် စေလွှတ်လချုပ်ပေးပို့တာမရှိသေးတဲ့အေဂျင်စီတွေစာရင်းကို အသိပေးထုတ်ပြန်တာ ဖြစ်ပါတယ်။ အေဂျင်စီတွေအနေနဲ့ စေလွှတ်တာရှိလို့ဖြစ်စေ၊ မရှိလို့ဖြစ်စေ တင်ပြရမှာဖြစ်ပါတယ်” လို့ safe Migration ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၂၀၂၅ ခုနှစ် ဧပြီအတွက် စေလွှတ်လချုပ်ပေးပို့တာမရှိသည့် အေဂျင်စီ စုစုပေါင်း ၈၈ ခုရှိပြီး ၊ယင်းအေဂျင်စီများ အနေဖြင့် အချိန်မီစာရင်းမပေးပို့နိုင်ပါက ဒဏ်ကြေးပေးဆောင်ရမည်ဟု သိရသည်။
လိုင်စင်ရအေဂျင်စီများသည် နိုင်ငံအလိုက် မိမိတို့စေလွှတ်ခဲ့သော အလုပ်သမား တစ်ဦးချင်းစီ ၏ အမည်၊ မှတ်ပုံတင် နံပါတ်၊ မွေးသက္ကရာဇ်၊ နိုင်ငံကူးလက်မှတ်နံပါတ်၊ ပြည်တွင်းနေရပ်လိပ်စာ၊ ပြည်ပကိုသွားရောက်သောနေ့စွဲ၊ ပြည်ပမှာ အလုပ်လုပ်နေသည့်အလုပ်အကိုင် နှင့် နေရပ်လိပ်စာ စသည်များကို စာရင်းပြုစုပြီး အလုပ်သမားဝန်ကြီး ဌာနသို့ပေးပို့ရခြင်းဖြစ်သည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်ရန် လျှောက်ထားလာသူများ၏ ကိုယ်ရေးအချက်အလက် (Profile) ပေါ်မှုတည်ကာ စေလွှတ်သင့်/မသင့် ဆုံးဖြတ်ပေးနေခြင်း ြဖစ်ကြောင်း သိရသည်။

Zawgyi Version:
ေအဂ်င္စီ ၉ဝ နီးပါး ျပည္ပေစလႊတ္လုပ္သား လခ်ဳပ္စာရင္းတင္ျပရန္ လိုအပ္ေန
NP News - ေမလ ၁၇
၂၀၂၅ ခုႏွစ္ ဧၿပီလအတြက္ အလုပ္သမားေစလႊတ္လခ်ဳပ္စာရင္းေတြ အခ်ိန္မီတင္ျပဖို႔ လိုအပ္ေသာ ေအဂ်င္စီ ၉၀ နီးပါးရွိေၾကာင္း အလုပ္သမားဝန္ႀကီးဌာန၊ safe Migration ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျပည္ပႏိုင္ငံအသီးသီးသို႔ အလုပ္သမားေစလႊတ္ျခင္းအတြက္ ေအဂ်င္စီမ်ားသည္ လစဥ္ ေစလႊတ္လုပ္သား စာရင္း မ်ား တင္ျပရေၾကာင္း သိရသည္။
"၂ဝ၂၅ ခုႏွစ္ ဧၿပီအတြက္ ေစလႊတ္လခ်ဳပ္ေပးပို႔တာမရွိေသးတဲ့ေအဂ်င္စီေတြစာရင္းကို အသိေပးထုတ္ျပန္တာ ျဖစ္ပါတယ္။ ေအဂ်င္စီေတြအေနနဲ႔ ေစလႊတ္တာရွိလို႔ျဖစ္ေစ၊ မရွိလို႔ျဖစ္ေစ တင္ျပရမွာျဖစ္ပါတယ္” လို႔ safe Migration ဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။
၂၀၂၅ ခုႏွစ္ ဧၿပီအတြက္ ေစလႊတ္လခ်ဳပ္ေပးပို႔တာမရွိသည့္ ေအဂ်င္စီ စုစုေပါင္း ၈၈ ခုရွိၿပီး ၊ယင္းေအဂ်င္စီမ်ား အေနျဖင့္ အခ်ိန္မီစာရင္းမေပးပို႔ႏိုင္ပါက ဒဏ္ေၾကးေပးေဆာင္ရမည္ဟု သိရသည္။
လိုင္စင္ရေအဂ်င္စီမ်ားသည္ ႏိုင္ငံအလိုက္ မိမိတို႔ေစလႊတ္ခဲ့ေသာ အလုပ္သမား တစ္ဦးခ်င္းစီ ၏ အမည္၊ မွတ္ပုံတင္ နံပါတ္၊ ေမြးသကၠရာဇ္၊ ႏိုင္ငံကူးလက္မွတ္နံပါတ္၊ ျပည္တြင္းေနရပ္လိပ္စာ၊ ျပည္ပကိုသြားေရာက္ေသာေန႔စြဲ၊ ျပည္ပမွာ အလုပ္လုပ္ေနသည့္အလုပ္အကိုင္ ႏွင့္ ေနရပ္လိပ္စာ စသည္မ်ားကို စာရင္းျပဳစုၿပီး အလုပ္သမားဝန္ႀကီး ဌာနသို႔ေပးပို႔ရျခင္းျဖစ္သည္။
အလုပ္သမားဝန္ႀကီးဌာနအေနျဖင့္ ျပည္ပကို သြားေရာက္ အလုပ္လုပ္ကိုင္ရန္ ေလွ်ာက္ထားလာသူမ်ား၏ ကိုယ္ေရးအခ်က္အလက္ (Profile) ေပၚမႈတည္ကာ ေစလႊတ္သင့္/မသင့္ ဆုံးျဖတ္ေပးေနျခင္း ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.