ယခုမိုးရာသီ၌ တစ်နိုင်ငံလုံးတွင် အပင်ပေါင်း (၂၁) သန်းကျော် စိုက်ပျိုးရန်ဝန်ကြီးဌာနပြင်ဆင်နေ

513

စော (NP News) - ဇွန် ၁၀
ယခုမိုးရာသီ၌ တစ်နိုင်ငံလုံးတွင် အပင်ပေါင်း (၂၁) သန်းကျော်ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးလေးထင်က NP News ကိုပြော သည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် နှစ်စဉ်မိုးရာသီ၌ သစ်ပင်များစိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် အပင်ပေါင်း (၂၁ ဒသမ ၃၃၂) သန်းကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
“နိုင်ငံပိုင် သစ်တောစိုက်ခင်းအနေနဲ့စိုက်တယ်။ လမ်းဘေးဝဲယာ စိုက်တယ်။ နောက်ကွက်လပ်ဖြစ်တဲ့နေရာမှာ ကွက်လပ်ဖြည့်စိုက်တာတို့၊ ကျေးရွာတွေအတွက် ထင်းလုံလောက်စွာရရှိဖို့အတွက် ကျေးရွာထင်းစိုက်ခင်း ဧကစိုက်ပျိုးတာတို့၊ ဘက်စုံသုံး စိုက်ခင်းတို့၊ သဘာဝတောမှာ အဖိုးတန်သစ်တွေ လျော့ပါးသွားရင် ပြန်ဖြည့်စိုက်တာတို့၊ ပြည်သူလူထုနဲ့ ပူးပေါင်းပြီးတော့ လူထုဖြန့်ပျိုးပင်ပေါ့။ ပြည်သူလူထုကို ဖြန့်ဝေပေးတာပေါ့။ နောက်ပြီးတော့ အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်းတွေ တည်ထောင်တာတို့ ဒါလေးတွေတော့ လုပ်ပါတယ် ” ဟု ၎င်းက ပြောသည်။
အပင်များကို စိုက်ပျိုးရာတွင် စိုက်ခင်းအမျိုးအစားပေါ်မူတည်ကာ စိုက်ပျိုးသွားမည်ဖြစ်ပြီး စီးပွားရေးစိုက်ခင်းဆိုပါက ကျွန်းပင်၊ ပျဉ်းကတိုးပင်၊ ပိတောက်ပင်များကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် စက်မှုကုန်ကြမ်းစိုက်ခင်းအတွက် ရေမနေပင်၊ ရေဝေရေလဲ စိုက်ခင်းအတွက် ရွက်သေး အပင်၊ ဒီရေတော စိုက်ခင်းအတွက် ဒီရေတောအပင်များကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။ အလားတူ ကျေးရွာထင်းစိုက်ခင်းများအတွက် အသုံးဝင်သော ဒေသသစ်မျိုးများ၊ လမ်းဘေးဝဲ ယာများ၊ ရထားလမ်းဘေးများအတွက်ကုက္ကိုပင်၊ မယ်ဇလီပင်နှင့် စိန်ပန်းတို့ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအပင်များကို ပြည်တွင်းရှိ ဌာနဆိုင်ရာ၊ ကျောင်း၊ တိုင်းရင်းသားအဖွဲ့နှင့် ပြည်သူ လူထုကို ဖြန့်ဝေကာ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် မိုးရာသီတွင် တစ်နိုင်ငံလုံး၌ အပင် ပေါင်း (၂၄ ဒသမ ၆၁၉ )သန်း စိုက်ပျိုးခဲ့ကာ အပင်ရှင်သန်မှုအနေဖြင့် (၉၀ ဒသမ ၆၈ )ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။
zawgyi version
ယခုမိုးရာသီ၌ တစ္ႏိုင္ငံလုံးတြင္ အပင္ေပါင္း (၂၁) သန္းေက်ာ္ စိုက္ပ်ိဳးရန္ ဝန္ႀကီးဌာန ျပင္ဆင္ေန
ေစာ (NP News) - ဇြန္ ၁၀
ယခုမိုးရာသီ၌ တစ္ႏိုင္ငံလုံးတြင္ အပင္ေပါင္း (၂၁) သန္းေက်ာ္ကို စိုက္ပ်ိဳးသြားမည္ျဖစ္ေၾကာင္း သစ္ေတာဦးစီးဌာနမွ ဒုၫႊန္ၾကားေရးမႉး ဦးေလးထင္က NP News ကိုေျပာ သည္။ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ သစ္ေတာဦးစီးဌာနအေနျဖင့္ ႏွစ္စဥ္မိုးရာသီ၌ သစ္ပင္မ်ားစိုက္ပ်ိဳးလ်က္ရွိရာ ယခုႏွစ္တြင္ အပင္ေပါင္း (၂၁ ဒသမ ၃၃၂) သန္းကို စိုက္ပ်ိဳးသြားမည္ျဖစ္ေၾကာင္း သိရသည္။
“ႏိုင္ငံပိုင္ သစ္ေတာစိုက္ခင္းအေနနဲ႔စိုက္တယ္။ လမ္းေဘးဝဲယာ စိုက္တယ္။ ေနာက္ကြက္လပ္ျဖစ္တဲ့ေနရာမွာ ကြက္လပ္ျဖည့္စိုက္တာတို႔၊ ေက်း႐ြာေတြအတြက္ ထင္းလုံေလာက္စြာရရွိဖို႔အတြက္ ေက်း႐ြာထင္းစိုက္ခင္း ဧကစိုက္ပ်ိဳးတာတို႔၊ ဘက္စုံသုံး စိုက္ခင္းတို႔၊ သဘာဝေတာမွာ အဖိုးတန္သစ္ေတြ ေလ်ာ့ပါးသြားရင္ ျပန္ျဖည့္စိုက္တာတို႔၊ ျပည္သူလူထုနဲ႔ ပူးေပါင္းၿပီးေတာ့ လူထုျဖန႔္ပ်ိဳးပင္ေပါ့။ ျပည္သူလူထုကို ျဖန႔္ေဝေပးတာေပါ့။ ေနာက္ၿပီးေတာ့ အထူးစိမ္းလန္းစိုျပည္ေရးစိုက္ခင္းေတြ တည္ေထာင္တာတို႔ ဒါေလးေတြေတာ့ လုပ္ပါတယ္ ” ဟု ၎က ေျပာသည္။
အပင္မ်ားကို စိုက္ပ်ိဳးရာတြင္ စိုက္ခင္းအမ်ိဳးအစားေပၚမူတည္ကာ စိုက္ပ်ိဳးသြားမည္ျဖစ္ၿပီး စီးပြားေရးစိုက္ခင္းဆိုပါက ကြၽန္းပင္၊ ပ်ဥ္းကတိုးပင္၊ ပိေတာက္ပင္မ်ားကို စိုက္ပ်ိဳးသြားမည္ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ စက္မႈကုန္ၾကမ္းစိုက္ခင္းအတြက္ ေရမေနပင္၊ ေရေဝေရလဲ စိုက္ခင္းအတြက္ ႐ြက္ေသး အပင္၊ ဒီေရေတာ စိုက္ခင္းအတြက္ ဒီေရေတာအပင္မ်ားကို စိုက္ပ်ိဳးသြားမည္ျဖစ္ေၾကာင္း သိရသည္။ အလားတူ ေက်း႐ြာထင္းစိုက္ခင္းမ်ားအတြက္ အသုံးဝင္ေသာ ေဒသသစ္မ်ိဳးမ်ား၊ လမ္းေဘးဝဲ ယာမ်ား၊ ရထားလမ္းေဘးမ်ားအတြက္ကုကၠိဳပင္၊ မယ္ဇလီပင္ႏွင့္ စိန္ပန္းတို႔ကို စိုက္ပ်ိဳးသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါအပင္မ်ားကို ျပည္တြင္းရွိ ဌာနဆိုင္ရာ၊ ေက်ာင္း၊ တိုင္းရင္းသားအဖြဲ႕ႏွင့္ ျပည္သူ လူထုကို ျဖန႔္ေဝကာ စိုက္ပ်ိဳးသြားမည္ျဖစ္ေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ႏွစ္ မိုးရာသီတြင္ တစ္ႏိုင္ငံလုံး၌ အပင္ ေပါင္း (၂၄ ဒသမ ၆၁၉ )သန္း စိုက္ပ်ိဳးခဲ့ကာ အပင္ရွင္သန္မႈအေနျဖင့္ (၉၀ ဒသမ ၆၈ )ရာခိုင္ႏႈန္း ေအာင္ျမင္ခဲ့ေၾကာင္း သိရသည္။