တရုတ်ဘက်မှ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်လိုက် သဖြင့် မြောက်ပိုင်းရှမ်းပြည် လောင်စာဆီ ရှားပါးလာ

696

ပြည့်ဖြိုး (NP News) - နိုဝင်ဘာ ၁၆ရက်
တရုတ်ပြည်ဘက်မှ မြန်မာနိုင်ငံ နယ်စပ်မြို့ဖြစ်သည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးဂိတ်များဖြစ်သော မူဆယ်-ကျယ်ခေါင် နှင့် မူဆယ်-ဆင်ဖြူရှင် ဂိတ်များကို ကုန်စည်ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားရာ စက်သုံးဆီ ရှားပါးပြတ်တောက်နေ ကြောင်း ဒေသခံများထံမှသိရသည်။
နိုဝင်ဘာလ (၁၁)ရက်မှစတင်ကာ ကုန်စည်စီးဆင်းမှုများကို ပိတ်ထားလိုက်ခြင်းဖြစ်ပြီး တရုတ်ပြည်ဘက်မှတင်သွင်းခွင့် မရရှိသည့်အပြင် မြန်မာပြည်ဘက်မှလည်း တင်ပို့မှုများ ရပ်ဆိုင်းနေကြောင်း သိရသည်။
“စပိတ်တုန်းက စားသောက်ကုန်တွေ စက်သုံးဆီတွေ မပါဘူး။ အခုအကုန်ပိတ်လိုက်တာ ကုန်ဈေးနှုန်းတွေ အကုန်တက် ကုန်ရော။ ဓါတ်ဆီကနိုဝင်ဘာ (၁၆) ဒီနေ့မှာ တစ်လီတာကို (၁၆၀၀၀) အထိ ဈေးတက်လာနေတယ် တချို့ဆိုင်တွေမှာ ဝယ်လို့မရတော့ဘူး” ဟု မူဆယ်မြို့ခံ ပရဟိတအသင်းမှတာဝန်ခံတစ်ဦးက ဆိုသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် တရားဝင်ကုန်သွယ်ရေးလမ်းကြောင်းရပ်တန့်နေပြီး မြန်မာပြည်ဘက်မှ လက်နက်ကိုင်တိုက်ပွဲ များကြောင့် ကုန်သွယ်မှု စတင်ရပ်တန့်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် တရုတ်ပြည်ဘက်မှ မြန်မာပြည်တွင်းသို့ တင်ပို့မှုများ ကို ကန့်သတ်လိုက်ခြင်းဖြစ်သည်။
တရုတ်-မြန်မာနှစ်နိုင်ငံတရားဝင်ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ရန်ဆွေးနွေးမှုများ ရှိနေသော်လည်း လက်ရှိအချိန် အထိ သတင်းတစ်စုံတစ်ရာ မသိရှိရကြောင်း မူဆယ်မြို့ခံများက ပြောကြားသည်။
တရုတ်မြန်မာနယ်စပ်တွင် လွယ်ဂျယ်၊မူဆယ်၊ကန်ပိုက်တီ၊ချင်းရွှေဟော် နှင့်ကျိုင်းတုံလမ်းကြောင်းများမှ တဆင့် ကုန်သွယ်နေခြင်းဖြစ်ပြီး ကျိုင်းတုံလမ်းကြောင်းမှအပ ကျန်နယ်စပ်ဂိတ်များမှာ လက်နက်ကိုင်တိုက်ပွဲများကြောင့် ကုန်သွယ်မှုရပ်တန့်နေပြီး လက်ရှိတွင် မူဆယ်-ကြယ်ခေါင်လမ်းကြောင်းသည်လည်း ကုန်သွယ်မှုရပ်ဆိုင်းနေခြင်းဖြစ် သည်။

Zawgyi Version;
တ႐ုတ္ဘက္မွ နယ္စပ္ကုန္သြယ္ေရးဂိတ္မ်ား ပိတ္လိုက္ သျဖင့္ ေျမာက္ပိုင္းရွမ္းျပည္ ေလာင္စာဆီ ရွားပါးလာ
ျပည့္ၿဖိဳး (NP News) - ႏိုဝင္ဘာ ၁၆ရက္
တ႐ုတ္ျပည္ဘက္မွ ျမန္မာႏိုင္ငံ နယ္စပ္ၿမိဳ႕ျဖစ္သည့္ မူဆယ္နယ္စပ္ကုန္သြယ္ေရးဂိတ္မ်ားျဖစ္ေသာ မူဆယ္-က်ယ္ေခါင္ ႏွင့္ မူဆယ္-ဆင္ျဖဴရွင္ ဂိတ္မ်ားကို ကုန္စည္ျဖတ္သန္းသြားလာခြင့္ပိတ္ပင္ထားရာ စက္သုံးဆီ ရွားပါးျပတ္ေတာက္ေန ေၾကာင္း ေဒသခံမ်ားထံမွသိရသည္။
ႏိုဝင္ဘာလ (၁၁)ရက္မွစတင္ကာ ကုန္စည္စီးဆင္းမႈမ်ားကို ပိတ္ထားလိုက္ျခင္းျဖစ္ၿပီး တ႐ုတ္ျပည္ဘက္မွတင္သြင္းခြင့္ မရရွိသည့္အျပင္ ျမန္မာျပည္ဘက္မွလည္း တင္ပို႔မႈမ်ား ရပ္ဆိုင္းေနေၾကာင္း သိရသည္။
“စပိတ္တုန္းက စားေသာက္ကုန္ေတြ စက္သုံးဆီေတြ မပါဘူး။ အခုအကုန္ပိတ္လိုက္တာ ကုန္ေဈးႏႈန္းေတြ အကုန္တက္ ကုန္ေရာ။ ဓါတ္ဆီကႏိုဝင္ဘာ (၁၆) ဒီေန႔မွာ တစ္လီတာကို (၁၆၀၀၀) အထိ ေဈးတက္လာေနတယ္ တခ်ိဳ႕ဆိုင္ေတြမွာ ဝယ္လို႔မရေတာ့ဘူး” ဟု မူဆယ္ၿမိဳ႕ခံ ပရဟိတအသင္းမွတာဝန္ခံတစ္ဦးက ဆိုသည္။
ရွမ္းျပည္ေျမာက္ပိုင္းတြင္ တရားဝင္ကုန္သြယ္ေရးလမ္းေၾကာင္းရပ္တန႔္ေနၿပီး ျမန္မာျပည္ဘက္မွ လက္နက္ကိုင္တိုက္ပြဲ မ်ားေၾကာင့္ ကုန္သြယ္မႈ စတင္ရပ္တန႔္ခဲ့ျခင္းျဖစ္သည္။ လက္ရွိတြင္ တ႐ုတ္ျပည္ဘက္မွ ျမန္မာျပည္တြင္းသို႔ တင္ပို႔မႈမ်ား ကို ကန႔္သတ္လိုက္ျခင္းျဖစ္သည္။
တ႐ုတ္-ျမန္မာႏွစ္ႏိုင္ငံတရားဝင္ကုန္သြယ္ေရး ျပန္လည္စတင္ႏိုင္ရန္ေဆြးေႏြးမႈမ်ား ရွိေနေသာ္လည္း လက္ရွိအခ်ိန္ အထိ သတင္းတစ္စုံတစ္ရာ မသိရွိရေၾကာင္း မူဆယ္ၿမိဳ႕ခံမ်ားက ေျပာၾကားသည္။
တ႐ုတ္ျမန္မာနယ္စပ္တြင္ လြယ္ဂ်ယ္၊မူဆယ္၊ကန္ပိုက္တီ၊ခ်င္းေ႐ႊေဟာ္ ႏွင့္က်ိဳင္းတုံလမ္းေၾကာင္းမ်ားမွ တဆင့္ ကုန္သြယ္ေနျခင္းျဖစ္ၿပီး က်ိဳင္းတုံလမ္းေၾကာင္းမွအပ က်န္နယ္စပ္ဂိတ္မ်ားမွာ လက္နက္ကိုင္တိုက္ပြဲမ်ားေၾကာင့္ ကုန္သြယ္မႈရပ္တန႔္ေနၿပီး လက္ရွိတြင္ မူဆယ္-ၾကယ္ေခါင္လမ္းေၾကာင္းသည္လည္း ကုန္သြယ္မႈရပ္ဆိုင္းေနျခင္းျဖစ္ သည္။