နှစ်ပေါင်း(၂ဝ)ရှိနေပြီဖြစ်ပေမယ့်လည်း ကမ္ဘာတစ်ဝှမ်း ရေပန်းစားနေဆဲဖြစ်တဲ့ World of Warcraft ဂိမ်း

264

Pika (NP News) - နိုဝင်ဘာ ၂၈
နာမည်ကျော် အွန်လိုင်းဂိမ်းတစ်ခုဖြစ်သည့် World of Warcraft သည် ထွက်ရှိခဲ့သည်မှာ နှစ်(၂၀)ပြည့်သွားပြီ ဖြစ်သော်လည်း လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်းတွင် နာမည်ကြီးရေပန်းစားနေဆဲဂိမ်းတစ်ခုအဖြစ် ဆက်လက် ရပ်တည်နေဆဲဖြစ်သည်။
World of Warcraft ဂိမ်း၏ လက်ရှိဒါရိုက်တာဖြစ်သူ Ion Hazzikostas က "ကစားသမားပေါင်းများစွာကို ဆွဲဆောင် နိုင်ခဲ့တဲ့ဒီလိုဂိမ်းအတွက် အလုပ်လုပ်ရတာ ဂုဏ်ယူစရာပါပဲ။ ပြီးတော့ ဒီဂိမ်းကို ရှေ့လျှောက်အကောင်းဆုံးဖြစ် အောင် ဆက်လက်ကြိုးစားလုပ်ဆောင်သွားမှာပါ" ဟု ပြောခဲ့သည်။
၂ဝဝ၄ ခုနှစ် နိုဝင်ဘာလ(၃၀)ရက်တွင် စတင်ထွက်ရှိလာခဲ့သော World of Warcraft ဂိမ်းသည် ကမ္ဘာတစ်ဝှမ်းမှ သန်းပေါင်းများစွာသော ကစားသမားများကို ဆွဲဆောင်နိုင်ခဲ့သည်။ ထို့ပြင် World of Warcraft ဂိမ်းကို ကမ္ဘာ့ ချန်ပီယံရှစ်ပြိုင်ပွဲ (The International) အဖြစ် လက်ရှိအချိန်အထိ နှစ်စဉ်နှစ်တိုင်း ဆက်လက်ကျင်းပနေဆဲဖြစ် ကြောင်းလည်း သိရသည်။
အဆိုပါပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည့်အသင်းများသည် အောက်ဆုံးအဆင့်မှတစ်ဆင့် တစ်ဖြည်းဖြည်းယှဉ်ပြိုင် ကာ နောက်ဆုံးတွင် နှစ်သင်းထိပ်တိုက်တွေ့ဆုံရမည့်အဆင့်ထိရောက်အောင်ကြိုးစားရပြီး အနိုင်ရရှိမည့်အသင်းက Aegis ကို ဆွတ်ခူးနိုင်မည်လည်းဖြစ်သည်။ နှစ်စဉ် နှစ်တိုင်းကျင်းပခဲ့သော ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ (The International) တွင် Aegis ကို အများဆုံးဆွတ်ခူးရရှိခဲ့သည့်အသင်းများမှာ OG Esports၊Team Spirit Esports နှင့် Team Liquid Esports တို့ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်စက်တင်ဘာလ (၄)ရက်မှ (၁၅)ရက်အထိ ကျင်းပခဲ့သော The International 2024(TI 13) ကို Team Liquid Esports က အနိုင်ရရှိခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် Team Liquid Esports သည် Aegis ကို ဆွတ်ခူးရရှိမှုနှင့်အတူ ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ(၁)သန်းကျော်ကို ရရှိခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
ႏွစ္ေပါင္း(၂ဝ)ရွိေနၿပီျဖစ္ေပမယ့္လည္း ကမာၻတစ္ဝွမ္း ေရပန္းစားေနဆဲျဖစ္တဲ့ World of Warcraft ဂိမ္း
Pika (NP News) - ႏိုဝင္ဘာ ၂၈
နာမည္ေက်ာ္ အြန္လိုင္းဂိမ္းတစ္ခုျဖစ္သည့္ World of Warcraft သည္ ထြက္ရွိခဲ့သည္မွာ ႏွစ္(၂၀)ျပည့္သြားၿပီ ျဖစ္ေသာ္လည္း လက္ရွိအခ်ိန္အထိ ကမာၻတစ္ဝွမ္းတြင္ နာမည္ႀကီးေရပန္းစားေနဆဲဂိမ္းတစ္ခုအျဖစ္ ဆက္လက္ ရပ္တည္ေနဆဲျဖစ္သည္။
World of Warcraft ဂိမ္း၏ လက္ရွိဒါ႐ိုက္တာျဖစ္သူ Ion Hazzikostas က "ကစားသမားေပါင္းမ်ားစြာကို ဆြဲေဆာင္ ႏိုင္ခဲ့တဲ့ဒီလိုဂိမ္းအတြက္ အလုပ္လုပ္ရတာ ဂုဏ္ယူစရာပါပဲ။ ၿပီးေတာ့ ဒီဂိမ္းကို ေရွ႕ေလွ်ာက္အေကာင္းဆုံးျဖစ္ ေအာင္ ဆက္လက္ႀကိဳးစားလုပ္ေဆာင္သြားမွာပါ" ဟု ေျပာခဲ့သည္။
၂ဝဝ၄ ခုႏွစ္ ႏိုဝင္ဘာလ(၃၀)ရက္တြင္ စတင္ထြက္ရွိလာခဲ့ေသာ World of Warcraft ဂိမ္းသည္ ကမာၻတစ္ဝွမ္းမွ သန္းေပါင္းမ်ားစြာေသာ ကစားသမားမ်ားကို ဆြဲေဆာင္ႏိုင္ခဲ့သည္။ ထို႔ျပင္ World of Warcraft ဂိမ္းကို ကမာၻ႔ ခ်န္ပီယံရွစ္ၿပိဳင္ပြဲ (The International) အျဖစ္ လက္ရွိအခ်ိန္အထိ ႏွစ္စဥ္ႏွစ္တိုင္း ဆက္လက္က်င္းပေနဆဲျဖစ္ ေၾကာင္းလည္း သိရသည္။
အဆိုပါၿပိဳင္ပြဲမ်ားတြင္ ပါဝင္ယွဥ္ၿပိဳင္မည့္အသင္းမ်ားသည္ ေအာက္ဆုံးအဆင့္မွတစ္ဆင့္ တစ္ျဖည္းျဖည္းယွဥ္ၿပိဳင္ ကာ ေနာက္ဆုံးတြင္ ႏွစ္သင္းထိပ္တိုက္ေတြ႕ဆုံရမည့္အဆင့္ထိေရာက္ေအာင္ႀကိဳးစားရၿပီး အႏိုင္ရရွိမည့္အသင္းက Aegis ကို ဆြတ္ခူးႏိုင္မည္လည္းျဖစ္သည္။ ႏွစ္စဥ္ ႏွစ္တိုင္းက်င္းပခဲ့ေသာ ကမာၻ႔ခ်န္ပီယံရွစ္ၿပိဳင္ပြဲ (The International) တြင္ Aegis ကို အမ်ားဆုံးဆြတ္ခူးရရွိခဲ့သည့္အသင္းမ်ားမွာ OG Esports၊Team Spirit Esports ႏွင့္ Team Liquid Esports တို႔ျဖစ္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္စက္တင္ဘာလ (၄)ရက္မွ (၁၅)ရက္အထိ က်င္းပခဲ့ေသာ The International 2024(TI 13) ကို Team Liquid Esports က အႏိုင္ရရွိခဲ့ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ Team Liquid Esports သည္ Aegis ကို ဆြတ္ခူးရရွိမႈႏွင့္အတူ ဆုေၾကးေငြအျဖစ္ အေမရိကန္ေဒၚလာ(၁)သန္းေက်ာ္ကို ရရွိခဲ့ေၾကာင္းလည္း သိရသည္။