အမေရိကန်က ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းများ ထပ်မံရောင်းချ

469
ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁
အမေရိကန်အစိုးရသည် ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းများ ရောင်းချပေးရန် ခွင့်ပြုလိုက်ကြောင်း သိရသည်။ အမေရိကန်က ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါးတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ရောင်းချပေးမည်ဖြစ်ရာ ရေဒါစနစ် ဆက်သွယ်ရေးစနစ် နှင့် တိုက်လေယာဥ် အပိုပစ္စည်းများ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်သည် ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်း အဓိက ပံ့ပိုးကူညီသောနိုင်ငံများထဲတွင် ပါဝင်နေသည်။ ထိုင်ဝမ်သည် တရုတ်နိုင်ငံနှင့်ပိုင်နက်နယ်မြေ အငြင်းပွားပြီးနောက် စစ်လက်နက်ပစ္စည်းများ ပိုမိုဝယ်ယူခဲ့သည်။ တရုတ်က ထိုင်ဝမ်ကို ၄င်းတို့ပိုင်နက်ဖြစ်သည်ဟု ပြောဆိုထားပြီး ထိုင်ဝမ်က အမေရိကန်အကူအညီ နှင့် ကိုယ်ပိုင်လွတ်လပ်ရေး ရယူလိုကြောင်း သိရသည်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက အက်ဖ် ၁၆ တိုက်လေယာဥ်များအတွက် ရေဒါစနစ်များ အပိုပစ္စည်းများပိုမို ဝယ်ယူမည်ဟု ပြောသည်။ ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်း ရောင်းချခြင်းနှင့်ပတ်သက်ပြီး တရုတ်အစိုးရက အမေရိကန်ကို ဝေဖန်ခဲ့သော်လည်း အမေရိကန်က ဆက်လက်ရောင်းချနေဆဲဖြစ်သည်။
Zawgyi Version;
အေမရိကန္က ထိုင္ဝမ္ကို စစ္လက္နက္ပစၥည္းမ်ား ထပ္မံေရာင္းခ်
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁
အေမရိကန္အစိုးရသည္ ထိုင္ဝမ္ကို စစ္လက္နက္ပစၥည္းမ်ား ေရာင္းခ်ေပးရန္ ခြင့္ျပဳလိုက္ေၾကာင္း သိရသည္။ အေမရိကန္က ထိုင္ဝမ္ကို အေမရိကန္ေဒၚလာ သန္း ၄၀၀ နီးပါးတန္ဖိုးရွိ စစ္လက္နက္ပစၥည္းမ်ား ေရာင္းခ်ေပးမည္ျဖစ္ရာ ေရဒါစနစ္ ဆက္သြယ္ေရးစနစ္ ႏွင့္ တိုက္ေလယာဥ္ အပိုပစၥည္းမ်ား ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း သိရသည္။
အေမရိကန္သည္ ထိုင္ဝမ္ကို စစ္လက္နက္ပစၥည္း အဓိက ပံ့ပိုးကူညီေသာႏိုင္ငံမ်ားထဲတြင္ ပါဝင္ေနသည္။ ထိုင္ဝမ္သည္ တ႐ုတ္ႏိုင္ငံႏွင့္ပိုင္နက္နယ္ေျမ အျငင္းပြားၿပီးေနာက္ စစ္လက္နက္ပစၥည္းမ်ား ပိုမိုဝယ္ယူခဲ့သည္။ တ႐ုတ္က ထိုင္ဝမ္ကို ၄င္းတို႔ပိုင္နက္ျဖစ္သည္ဟု ေျပာဆိုထားၿပီး ထိုင္ဝမ္က အေမရိကန္အကူအညီ ႏွင့္ ကိုယ္ပိုင္လြတ္လပ္ေရး ရယူလိုေၾကာင္း သိရသည္။
ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးက အက္ဖ္ ၁၆ တိုက္ေလယာဥ္မ်ားအတြက္ ေရဒါစနစ္မ်ား အပိုပစၥည္းမ်ားပိုမို ဝယ္ယူမည္ဟု ေျပာသည္။ ထိုင္ဝမ္ကို စစ္လက္နက္ပစၥည္း ေရာင္းခ်ျခင္းႏွင့္ပတ္သက္ၿပီး တ႐ုတ္အစိုးရက အေမရိကန္ကို ေဝဖန္ခဲ့ေသာ္လည္း အေမရိကန္က ဆက္လက္ေရာင္းခ်ေနဆဲျဖစ္သည္။