Peace Forum 2025 ကို ဘာတွေ မျှော်လင့်ထားကြသလဲ

343

NP News သတင်းအဖွဲ့ - ဇွန် ၂၄
(၂၀၂၅) အလွန်ငြိမ်းချမ်းရေး အခင်းအကျင်းနှင့် ရွေးကောက်ပွဲအလားအလာသုံးသပ်ဆွေးနွေးပွဲ Peace Forum (၂၀၂၅) ကို နေပြည်တော် မင်္ဂလာသီရိဟိုတယ်တွင် လာမည့်ဇွန်လ (၂၅) ရက်မှ စတင် ကာ (၂၇) ရက်အထိ (၃) ရက်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲသို့ ပြည်ပနိုင်ငံများရှိ Think Tank များတွင်ပါဝင်သောပညာရှင်များနှင့် ပြည်တွင်းမှ လက်တွေ့နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ဆောင်ရွက်နေကြသည့်တတ်သိပညာရှင်များက ဝင်ရောက်ဆွေးနွေးသွား မည်ဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် Peace Forum (၂၀၂၅) တွင် ဆွေးနွေးမည့်အကြောင်းအရာ၊ ဆွေးနွေးပွဲမှရရှိလာနိုင်သည့် ရလဒ်ကောင်းများနှင့် မျှော်လင့်ချက်များကို တက်ရောက်ဆွေးနွေးမည့် နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်အချို့ထံ NP News က ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
ဒေါက်တာအေးမောင်
ကျွန်တော်တို့က ခေါင်းစဉ်လေးတွေပဲ ပေးထား တာပေါ့။ အဓိကတော့ ငြိမ်းချမ်းရေးပါတယ်။ ပွင့်လင်း မြင်သာတဲ့ရွေးကောက်ပွဲနဲ့ နိုင်ငံတော်တည်ငြိမ်ရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရ မည့်နည်းလမ်းများကို ဖော်ထုတ်ခြင်းဆိုတာမျိုးပေါ့ နော်။ ငြိမ်းချမ်းရေး၊ ပွင့်လင်းမြင်သာတဲ့ ရွေးကောက် ပွဲနဲ့ နိုင်ငံတော်တည်ငြိမ်ရေး ဖွံ့ဖြိုတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရမယ့် နည်းလမ်းတွေ ကိုဖော်ထုတ်ခြင်းဆိုတဲ့ခေါင်းစဉ်လေးပေါ့။ အဲဒီ ခေါင်းစဉ်လေးမှာ (၄) ဦးက ဆွေးနွေးမှာပေါ့။ တစ် ယောက်ကို (၁၅) မိနစ်စီ ရကြပါတယ်။group တွေ ကတော့ (၃) (၄) ခုလောက်ရှိနိုင်တယ်။ ပထမ တစ် ရက်မှာတော့ နိုင်ငံခြားသားတွေ လာနိုင်တာပေါ့နော်။ ကျွန်တော်တို့ကိုပေးထားတဲ့ toppic ကတော့ ကျွန် တော်တို့က အမှတ် (၂) ပေါ့နော်။ ခေါင်းစဉ် (၂) ပေါ့နော်။ အုပ်စု (၂) ပေါ့။ အပြောင်းအလဲ စသဖြင့် ရှိနိုင်တယ်။ ခေါင်းစဉ် တစ်ခုမှာ (၄) ဦးလောက်ပါမှာ လား မပြောတက်ဘူး။ ကျွန်တော်တို့ရဲ့ဆွေးနွေးမှုမှာတော့ (၄) ဦးပါမယ်။ သဘာပတိတစ်ဦးပါမယ်။ (၅)ဦးပေါ့နော်။ Peace Forum ဆိုတဲ့အမည်နဲ့ ပေးထား တာကိုတွေ့တယ်။ Peace Forum ရဲ့ဦးတည်ချက်က ဆောင်ပုဒ်ပေါ့နော်။ အခု NSPNC လုပ်နေတာ လည်းအဲဒါပဲ။ စောစောက ကျွန်တော်ပြောတဲ့ ဦးတည် ချက်တွေဆိုတာလည်း အဲဒါတွေပါ။ အဲဒီတော့ ချိတ် ဆက်နေကြတာပေါ့။ အဲဒီလို ချိတ်ဆက်နေတဲ့ကိစ္စ လေးတွေ။ ရွေးကောက်ပွဲဆိုတာ တစ်ခုလာမယ်။ ရွေးကောက်ပွဲမှာ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကြီးတစ်ခုဖြစ်အောင် ဘယ်လိုဖြတ်သန်းရမှာလဲ။ ကာလ(၃)ပါးလို့ပြောကြတာကိုး။ ရွေးကောက်ပွဲ ကြို ကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲ အလွန် ကာလအထိ တရားမျှတမှုပေါ့နော်။ အဲဒါ လိုအပ်တာ ပေါ့။ အဲဒီရွေးကောက်ပွဲအလွန်မှာ အစိုးရ တစ်ရပ်ပေါ် ထွန်းလာမှာပေါ့။ အဲဒီလိုပေါ်ထွန်းလာတဲ့ တရား ဥပဒေ မဏ္ဍိုင်တစ်ခုနဲ့ အစိုးရတစ်ရပ်ရဲ့ တာဝန်သည် အခုလက်ရှိအနေအထားကနေ Carry ယူသွားရမှာ ပေါ့။ ပြောင်းလဲပြီးယူသွားရမယ့်အခါမှာ အခုကာလ တည်းက နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ လိုအပ်တဲ့ အခြေခံ ငြိမ်းချမ်းရေးကို ဖောင်ဒေးရှင်းချပေးရမှာပေါ့။ တစ်နည်းအားဖြင့် အခြေခံအုတ်မြစ်ကိုချပေးနိုင်မှ အဆိုပါကာလများမှာ ထပ်ပြီးတော့ တည်ဆောင်နိုင် ရမှာပေါ့။ ရွေးကောက်ပွဲအလွန်ကာလမှာ။ ဒါကြောင့် ရွေးကောက်ပွဲအလွန် မတိုင်ခင်လေးမှာ ဒီ Process တွေ၊ ဆောင်ပုဒ်ပါအတိုင်း ဆောင်ရွက်နိုင်အောင်ဆိုတဲ့ ဦးတည်ချက်နဲ့ NSPNC က သွားပုံပေါက်ပါတယ်။ အဲဒီလိုသွားမယ့် လုပ်ငန်းအဆင်ပြေဖို့အတွက်ကို ဒီ Forum ဆွေးနွေးပွဲကြီးကို (၃)ရက် သတ်မှတ်ထား တယ်လို့ ကျွန်တော်တို့နားလည်တယ်။
အဲဒီတော့ ပထမ တစ်နေ့မှာတော့ နိုင်ငံတကာ အမြင်ပေါ့ဗျာ။ ပြည်တွင်းက နိုင်ငံတကာပညာရှင် များရဲ့အမြင် ဒါမျိုးကို ပေါင်းစပ်ညှိနှိုင်းပြီးမှ အဖြေ တစ်ခုထုတ်မယ်ထင်တယ်။ ကျန်တဲ့(၂)ရက်ကတော့ ပြည်တွင်းပေါ့ဗျာ။ လက်တွေ့နိုင်ငံရေး၊ ငြိမ်းချမ်း ရေးမှာ ဆောင်ရွက်နေကြတဲ့ နယ်ပယ်က ပုဂ္ဂိုလ်တွေ ပါနိုင်တယ်။ ပညာရှင်တွေပါနိုင်တာပေါ့။ ပြည်တွင်း အနေနဲ့ တစ်နည်းအားဖြင့်ပြောရရင် နိုင်ငံတကာ အမြင်တစ်ခုတည်းနဲ့ လက်ရှိအခင်းအကျင်းကို ဖြေ ရှင်းလို့ မရနိုင်ဘူးခင်ဗျ။ ပြည်သူလူထုလည်း ပါမှဖြစ် မှာကိုး။ အမှန်က လူထုသည်သာ အက္ခရာပေါ့ဗျာ။ နိုင်ငံရေးပဲလုပ်လုပ်၊ ငြိမ်းချမ်းရေးပဲလုပ်လုပ်၊ ပင်မ ဖြစ်တဲ့ ကိုယ့်နိုင်ငံရေးရဲ့ ပြဿနာကို ကိုယ်တို့ကိုယ် တိုင် ဖြေရှင်းမှရမှာပေါ့။ အဲဒီလိုဖြေရှင်းတဲ့အခါမှာ နိုင်ငံတကာအတွေ့အကြုံတွေ၊ ဆောင်ရန်ရှောင်ရန် တွေ ဒါလေးတွေက အတွေ့အကြုံအတွက် သင်ခန်း စာလေးတွေကို ရယူပြီးမှ ရှေ့ဆက်သွားသင့်တယ် ဆိုတာလေးနဲ့ NSPNC ဘက်က တည်ဆောက်တယ် ထင်ပါတယ်။
ဒေါက်တာညိုညိုသင်း
(လွှတ်တော် ကိုယ်စားလှယ်ဟောင်း )
အခုတစ်ခေါက်ကတော့ ရွေးကောက်ပွဲကို Focus လုပ်ပြီးပြောကြမှာ။ ဆွေးနွေးကြမယ်လို့ ထင် တာပဲ။ ရွေးကောက်ပွဲလုပ်မယ့်ဒေသတွေမှာ နယ်မြေ မအေးချမ်းတဲ့ဒေသတွေ ရှိတယ်ပေါ့နော်။ အဲဒီမှာ ပြည်သူလူထု ရင်ဆိုင်နေရတဲ့အခက်အခဲတွေရှိတယ် ပေါ့နော်။ ကျွန်မတော့ ကျွန်မအဖွဲ့ထဲမှာ စကားပြော မယ့် တိုင်းရင်းသူအမျိုးသမီးခေါင်းဆောင်တစ်ယောက်နဲ့ ဆွေးနွေးကြတဲ့အခါမှာ မြေပြင်မှာက သတင်းစာတွေထဲမှာပါတဲ့အတိုင်း ဖြစ်မနေဘူးပေါ့လေ။ အဲဒီတော့ မြေပြင်မှာဖြစ်နေတာတွေနဲ့ သတင်းစာတွေနဲ့က ဘာတွေကွဲလွဲနေလဲဆိုတာတွေကို တင်ပြ မှာတွေ၊ တင်ပြမယ့်ခေါင်းဆောင်တွေလည်းရှိတာ ပေါ့နော်။ အဲဒီတော့ အဲဒီကနေ တိုင်းပြည်ရဲ့အခြေ အနေအမှန်ကို သဘောပေါက်ပြီးတော့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်တွေ နောက်ပြီးအစိုးရခေါင်းဆောင် တွေပေါ့နော်။ အစိုးရအရာရှိတွေကလည်း DG Level တွေတက်ကြမယ်ဆိုတော့၊ ဌာနဆိုင်ရာ အရာ ရှိကြီးတွေအားလုံး တက်ကြမယ်ဆိုတော့ တိုင်းပြည် ရဲ့ပြဿနာတွေကို မိတ်ဆက်တဲ့ပွဲလောက်တော့ ဖြစ် မယ်ထင်တယ်။ ပထမတစ်ခေါက်ကလည်း မိတ်ဆက် တာပဲ။ ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ ပိုပြီးတော့ စနစ်တကျနဲ့မိတ်ဆက်ကြမယ်။ ပြီးတော့ နည်းလမ်း တွေလည်း ဖော်ထုတ်ကြမယ်ပေါ့နော်။ အဲဒီမှာလည်း အခုတည်းက ကျွန်မတို့ ကြိုတင်ညှိနှိုင်းပြီးတော့ ဘယ်အရာတွေကတော့ ဒီဆွေးနွေးပွဲရဲ့ ရလဒ်ဖြစ် သင့်တယ် ဘာညာဆိုပြီးတော့ ကိုယ့်ရဲ့ကွဲပြားနေတဲ့အုပ်စုထဲမှာ ကြိုတင်ညှိနှိုင်းထားတာတွေ ဘာတွေရှိ ပါတယ်။ တိုင်းပြည်အတွက်အကောင်းဆုံး အဖြေရှာ ကြမယ်ဆိုတော့ အကောင်းဆုံးအဖြေလည်း ထွက် လာမယ်လို့တော့ ကျွန်မမျှော်လင့်တယ်။ အမှန်က တော့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ တိုင်းပြည် အခြေအနေ ဒီလောက်ဆိုးနေတဲ့အချိန်မှာ ဒီဖိုရမ် လေးတစ်ပွဲ လုပ်ရုံနဲ့တော့ ငြိမ်းချမ်းရေးရမယ်ဆိုတာ တော့ မဖြစ်နိုင်ဘူးလေ။ ဒါပေမဲ့ ဒီပွဲက ဘာဖြစ်မလဲ ဆိုတော့ ကွဲပြားနေတဲ့နိုင်ငံရေး အင်အားစုတွေကြား ထဲမှာ တိုင်းပြည်ရဲ့ပြဿနာအမှန်တွေကို သိရှိပြီး တော့ အဲဒီအမှန်တွေအတွက် ဘယ်လိုချည်းကပ် မလဲဆိုတဲ့ နည်းလမ်းတွေကို ညှိနှိုင်းတိုင်ပင်ကြမယ့် အဆင့်လောက်တော့ ရမှာပေါ့။ ငြိမ်းချမ်းရေးကတော့ ဝုန်းခနဲကြီးတော့ မရဘူး။ ဒီလောက်နှစ် (၇၀) ကျော် (၈၀) စစ်ဖြစ်လာတဲ့တိုင်းပြည်မှ ဒီတစ်ပွဲ(၂)ပွဲနဲ့တော့ အဖြေရှာဖို့ခက်တယ်လေ။ ဒါပေမဲ့ မြေပြင်မှာ အမှန် တကယ် ပြည်သူလူထုခံစားနေရတဲ့ ဒုက္ခတွေကိုတော့ အတန်အသင့် လျော့ပါးသက်သာသွားစေမယ်လို့ တော့ ကျွန်မယုံကြည်တယ်။ အထူးသဖြင့် စစ်မှုထမ်း ဥပဒေနဲ့ပတ်သက်လို့ ပြည်သူလူထုခံစားနေရတဲ့ ဝန်ထုပ်ဝန်ပိုးတွေ။ မငြိမ်းချမ်းတဲ့ဒေသတွေမှာ ခံစား နေရတဲ့ ရိက္ခာပြတ်လပ်နေကြတဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေပေါ့။ အဲဒီအရာတွေအတွက်ကိုတော့ အဖြေတစ်စုံတစ်ရာရမယ်လို့တော့ ကျွန်မမျှော်လင့် ပါတယ်။
ဦးထက်အောင်ကျော်
(ဒုတိယဥက္ကဋ္ဌ၊ အမျိုးသား ဒီမိုကရေစီ
အင်အားစုပါတီ)
ကျွန်တော်ကတော့ အဖွဲ့(၂)ထဲပါတာပေါ့လေ။ အဖွဲ့ (၂)ထဲ ပါတယ်ဆိုပေမယ့် ခေါင်းစဉ်တွေကတော့ အတူတူပါပဲ။ နိုင်ငံတော်၏ ပကတိအခြေအနေနဲ့ ရွေး ကောက်ပွဲရဲ့ အရေးပါမှုပေါ့နော်။ ဆိုတော့ လွတ်လပ် ၍ တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပြီး ဥပဒေနဲ့ အညီ လွှတ်တော်ဖော်ဆောင်နိုင်ရေး ဆောင်ရွက်သင့် တဲ့ အစီအမံများ ဆိုပြီးတော့ နှစ်ခုတော့ပေးတာပေါ့။ ကျွန်တော်တို့အဖွဲ့ (၂) မှာက စပီကာ (၇) ယောက်ရှိ တာပေါ့လေ။ ဒီလူတွေအချင်းချင်းလည်း ပြန်တော့ ညှိရဦးမယ်။ မဟုတ်ရင် တစ်ယောက်နဲ့တစ် ယောက်က ထပ်နေမှာလည်း စိုးတာပေါ့။ ကြားထဲမှာ ကျွန်တော်တို့ရဲ့ သဘာပတိအဖြစ်က ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် လုပ်မှာဖြစ်တယ်။ ဗိုလ်ချုပ်ကြီးက Viber Group ဖွဲ့ပြီးတော့ Zoom meeting တစ်ခါလုပ်မယ်လို့ ပြောတယ်။ လောလောဆယ် အထိတော့ မလုပ်ရသေးဘူး။ အခု ဒီတစ်ခေါက် Pease ဖိုရမ်က အရင်တစ်ခေါက်နဲ့မတူဘူး။ ဘာ မတူသလဲဆိုရင် နိုင်ငံတကာက ပညာရှင်တွေပါလာ တာ။ နိုင်ငံတကာပညာရှင်တွေပါလာတော့ သူတို့ သည်လည်း မြန်မာနိုင်ငံကို ရောက်လာပြီးတော့ မြန် မာနိုင်ငံရဲ့လက်ရှိအနေအထားကို မျက်ဝါးထင်ထင် မြင်ရတာကတစ်ခု၊ မြန်မာပြည်ရဲ့ နိုင်ငံရေးပါတီတွေ၊ မြန်မာပြည်က ပညာရှင်တွေ၊ မြန်မာပြည်က မီဒီယာတွေနဲ့ပါသူတို့တွေ့သွားခဲ့ရင် အပြင်မှာ သူတို့ကြား နေတာတွေမဟုတ်ဘူးဆိုတဲ့အကြောင်း သတင်း စကားကိုလည်း ယူသွားနိုင်တယ်။ ဒါက အားသာ ချက်တစ်ခုပေါ့နော်။ နောက်ပြီးတော့ ဒီလိုမျိုးပွဲတွေ ကို များများလုပ်နေခြင်းသည်ကပင်လျှင် နိုင်ငံရေး အရ အရွေ့တစ်ခုဖြစ်တယ်။ ဒီက ရလဒ်ကတော့ လူပေါင်း မြောက်မြားစွာကနေပြီးတော့ ဝိုင်းဆွေးနွေး ကြမှာဆိုတော့ အားလုံးရဲ့အတွေ့အကြုံတွေ၊ အား လုံးရဲ့ အတွေးအကြုံကနေ ပေါ်ထွက်လာတဲ့ သဘော ထား စုစည်းမှုတစ်ရပ်ကတော့ ကောင်းကောင်း အင်နဲ့အားနဲ့တော့ပေါ်လာမယ်။ ပေါ်လာတဲ့အပြင် နိုင်ငံတကာပညာရှင်တွေရဲ့အမြင်တွေ၊ သူတို့ရဲ့ သတင်းစကားဖြန့်ဝေမှုတွေကိုလည်း ရသွားမယ်ပေါ့။ ပြီးတော့ ဒီလိုပွဲတွေ စီစဉ်ခြင်းတွေကနေပြီး သတင်းဖြစ်သွားပြီးတော့ သတင်းတွေကနေတစ်ဆင့် လူထုကို ပြောလိုတဲ့သတင်းစကားတွေ များများ ရောက်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။
ဗိုလ်မှူးကြီး စောကျော်ညွန့်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ၊ 7 EAO Alliance
ပြီးခဲ့တဲ့ Peace Talk မှာတုန်းကတော့ ဒီလိုမျိုး စကားဝိုင်းတွေကို သုံးလတစ်ကြိမ်လုပ်ကြဖို့ ပြောခဲ့ တာတွေရှိတယ်။ အခုလည်း အဲဒါရဲ့အဆက်ပေါ့ နော်။ ဒါပေမဲ့ ထူးခြားချက်တစ်ခုအနေနဲ့ ငြိမ်းချမ်း ရေး စကားဝိုင်းကနေပြီးတော့ ငြိမ်းချမ်းရေးဖိုရမ်လို့ ပြောင်းလဲခေါ်ဝေါ်လိုက်တဲ့အပေါ်မှာ ပါဝင်မှုတွေ လည်းပိုပြီးတော့ ကျယ်ပြန့်လာမယ်လို့တော့ မျှော်လင့် ရတာပေါ့ဗျာ။ အဲဒီ ငြိမ်းချမ်းရေး ဖိုရမ်ကနေပြီးတော့ နယ်ပယ်အသီးသီးက အသံတွေ စုံစုံလင်လင် နား ထောင်လို့ရအောင် စီစဉ်ဆောင်ရွက်ထားတာဖြစ် သလို နိုင်ငံတကာက ပညာရှင်တွေရဲ့ ပံ့ပိုးကူညီမှုတွေ လည်း အတိုင်းအတာတစ်ခုအထိတော့ ပါလာမယ်လို့ ကြားသိရတာတွေရှိတယ်။ ဘယ်အကြောင်းအရာ တွေ ဆွေးနွေးမလဲဆိုရင် လက်ရှိကျွန်တော်တို့နိုင်ငံ အတွက် အရမ်းကိုလိုအပ်နေတဲ့ ငြိမ်းချမ်းရေးကိစ္စရပ် တွေနဲ့ဆက်စပ်ပြီးတော့ အစုအဖွဲ့အသီးသီးက အမြင်တွေအပေါ်မှာ ကျွန်တော်တို့ ပြောဆိုဆွေးနွေး ကြတာမျိုး ရှိနိုင်မယ်လို့တော့ထင်တယ်။ လက်ရှိဖြစ် ပေါ်နေတဲ့ ကျွန်တော်တို့နိုင်ငံရေးရဲ့ လက်နက်ကိုင် ပဋိပက္ခတွေဖြစ်ပေါ်နေတဲ့အချိန်မှာ ကျွန်တော်တို့ နိုင်ငံအတွက် မလွဲမသွေ လိုအပ်တဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုလမ်းစကို အမှီပြုပြီး လျှော့ချတာတို့၊ ချုပ် ငြိမ်းတာတို့စသည်ဖြင့် လုပ်လို့ရမလဲဆိုတာကို တက် ရောက်လာသူတွေက အမြင်တွေ ဖလှယ်ကြမယ်။ စကားပြောကြမယ်။ ပြီးတော့ ဒီငြိမ်းချမ်းရေးဖိုရမ်က နေပြီးတော့ အလုံးစုံပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေး မဟုတ်သည့်တိုင်အောင်တောင်မှ ကျွန်တော်တို့ တစ် နိုင်ငံလုံးအတွက် အကျိုးသက်ရောက်မှု၊ ခံစားမှုရရှိ နိုင်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးတည်ဆောက်နိုင် ဖို့အတွက် လမ်းစတစ်ခုအနေနဲ့ အားပြုချင်ပါတယ်။ မျှော်လင့်ချင်ပါတယ်။
ဒေါ်စောမြရာဇာလင်း ဥက္ကဋ္ဌ - ရခိုင်ပြည်လွတ်မြောက်ရေးပါတီ
အဓိကကတော့ အစိုးရဘက်က စဉ်းစားချက် တစ်ခုက နိုင်ငံတော်ကို တည်တည်ငြိမ်ငြိမ်နဲ့ပြောင်းနိုင်မယ့်နည်းလမ်းတွေကို စဉ်းစားနေတယ်လို့ ပြော ချင်တယ်။ အဲဒီဟာကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နဲ့ ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်း သာယာဝဖြိုးသည့် နိုင်ငံတော်သစ်ဆီသို့ ဆိုပြီးမှ အဲဒါတွေနဲ့ပတ်သက်ပြီးတော့မှ ဆွေးနွေးဖို့ဆိုပြီး အကြောင်းကြားတာရှိတယ်။ ဆိုတော့ EAOs တွေ လည်းပဲ လာကြလိမ့်မယ်လို့ထင်တယ်။ နိုင်ငံရေး ပါတီတွေ၊ ပညာရှင်တွေ အားလုံးဖိတ်ထားတယ်လို့ တော့ထင်တယ်။ အဓိကဆွေးနွေးမှာတော့ ဖြစ်စေ ချင်တာတော့ အစိုးရဘက်က မျှော်လင့်တာကတော့ ရွေးကောက်ပွဲရဲ့ အခက်အခဲတွေ ကျော်ဖြတ်နိုင်ဖို့ အတွက် နည်းလမ်းတွေအပါအဝင် နိုင်ငံတော်သစ် ဆီသို့ ရှေ့ကိုဘယ်လိုရှေးရှုသွားမလဲဆိုတဲ့ စဉ်းစား ချက်မျိုးတွေ၊ အဖြေတွေရလာစေချင်တဲ့ ဆန္ဒရှိတယ် လို့ ထင်ရတယ်။ တစ်ခါတည်း ဘယ်လိုဖြစ်လာလိမ့် မယ်၊ ဘယ်လိုရလာလိမ့်မယ်ဆိုတာတော့ မပြောချင် ဘူးပေါ့။ ဒါပေမဲ့ ဆွေးနွေးပွဲကတော့ ဖြစ်နေရမယ်။ ဆွေးနွေးပွဲတွေက ပုံမှန်မရှိခဲ့တာ၊ ဆွေးနွေးပွဲကနေ အဖြေရအောင်မဆွေးနွေးခဲ့တာ၊ အဲဒီလို တိုင်းပြည်ရဲ့ ပြဿနာတွေကို သေချာ မဆွေးနွေးနိုင်ခဲ့လို့ပဲ အခုလို တိုင်းပြည်က အခက်အခဲများစွာ ကြုံတွေ့ခဲ့ရတယ် လို့ပဲ နားလည်ထားတယ်။ ဆွေးနွေးပွဲတွေက တစ် ယောက်နဲ့တစ်ယောက် ထိတွေ့လာနိုင်တယ်။ ထိ တွေ့လာတဲ့အခါ တစ်ဦးကိုတစ်ဦးနားလည်မှုတွေ ရလာနိုင်တယ်။ အချင်းချင်း နားလည်မှု ကနေပြီးတော့ မှ အနာဂတ်နိုင်ငံတော်ကို ဘယ်လိုတည်ဆောက်မှာ လဲဆိုတဲ့ စဉ်းစားချက်တွေ၊ အဖြေဆိုတာမျိုးထက် ရလဒ်တွေပေါ့လေ။ အဲဒီလိုရလဒ်တွေကို လူပေါင်း များစွာ စဉ်းစားတဲ့အခါ ရလဒ်တွေ ထွက်လာနိုင်တယ်။ တစ်ယောက်တည်း စဉ်းစားတာနဲ့ အများစဉ်းစားတာ တော့ မတူဘူး။ အဲဒါကြောင့်မို့ပဲ ဘယ်လိုဖြစ်လာနိုင် တယ်ဆိုတာ အတိအကျတော့ မပြောချင်သေးဘူးပေါ့။ အဓိကက အများနဲ့ ဆွေးနွေးလိုက်တဲ့အခါမှာ ဆွေး နွေးတယ်ဆိုရင် အဖြေလို့ဆိုတာထက် စဉ်းစားတဲ့ တွေးခေါ်ချက်တွေ ရလာနိုင်တယ်။ အဲဒီထဲကနေ နိုင်ငံတော်ကို ဘယ်လိုပြုပြင်ပြောင်းလဲသွားမလဲဆိုတဲ့စဉ်းစားချက်မျိုး၊ လုပ်ဆောင်ချက်မျိုးတွေ ရလာနိုင် တယ်လို့ ကိုယ်ကတော့ယုံကြည်ထားတယ်။

Zawgyi Version:
Peace Forum 2025 ကို ဘာေတြ ေမွ်ာ္လင့္ထားၾကသလဲ
NP News သတင္းအဖြဲ႕ - ဇြန္ ၂၄
(၂၀၂၅) အလြန္ၿငိမ္းခ်မ္းေရး အခင္းအက်င္းႏွင့္ ေ႐ြးေကာက္ပြဲအလားအလာသုံးသပ္ေဆြးေႏြးပြဲ Peace Forum (၂၀၂၅) ကို ေနျပည္ေတာ္ မဂၤလာသီရိဟိုတယ္တြင္ လာမည့္ဇြန္လ (၂၅) ရက္မွ စတင္ ကာ (၂၇) ရက္အထိ (၃) ရက္တိုင္ က်င္းပျပဳလုပ္သြားမည္ျဖစ္သည္။ အဆိုပါေဆြးေႏြးပြဲသို႔ ျပည္ပႏိုင္ငံမ်ားရွိ Think Tank မ်ားတြင္ပါဝင္ေသာပညာရွင္မ်ားႏွင့္ ျပည္တြင္းမွ လက္ေတြ႕ႏိုင္ငံေရးႏွင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ားတြင္ ေဆာင္႐ြက္ေနၾကသည့္တတ္သိပညာရွင္မ်ားက ဝင္ေရာက္ေဆြးေႏြးသြား မည္ျဖစ္ေၾကာင္းသိရသည္။ ထို႔ေၾကာင့္ Peace Forum (၂၀၂၅) တြင္ ေဆြးေႏြးမည့္အေၾကာင္းအရာ၊ ေဆြးေႏြးပြဲမွရရွိလာႏိုင္သည့္ ရလဒ္ေကာင္းမ်ားႏွင့္ ေမွ်ာ္လင့္ခ်က္မ်ားကို တက္ေရာက္ေဆြးေႏြးမည့္ ႏိုင္ငံေရးနယ္ပယ္မွ ပုဂၢိဳလ္အခ်ိဳ႕ထံ NP News က ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေဒါက္တာေအးေမာင္
ကြၽန္ေတာ္တို႔က ေခါင္းစဥ္ေလးေတြပဲ ေပးထား တာေပါ့။ အဓိကေတာ့ ၿငိမ္းခ်မ္းေရးပါတယ္။ ပြင့္လင္း ျမင္သာတဲ့ေ႐ြးေကာက္ပြဲနဲ႔ ႏိုင္ငံေတာ္တည္ၿငိမ္ေရး ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ပူးေပါင္းေဆာင္႐ြက္ရ မည့္နည္းလမ္းမ်ားကို ေဖာ္ထုတ္ျခင္းဆိုတာမ်ိဳးေပါ့ ေနာ္။ ၿငိမ္းခ်မ္းေရး၊ ပြင့္လင္းျမင္သာတဲ့ ေ႐ြးေကာက္ ပြဲနဲ႔ ႏိုင္ငံေတာ္တည္ၿငိမ္ေရး ဖြံ႕ၿဖိဳတိုးတက္ေရး အတြက္ ပူးေပါင္းေဆာင္႐ြက္ရမယ့္ နည္းလမ္းေတြ ကိုေဖာ္ထုတ္ျခင္းဆိုတဲ့ေခါင္းစဥ္ေလးေပါ့။ အဲဒီ ေခါင္းစဥ္ေလးမွာ (၄) ဦးက ေဆြးေႏြးမွာေပါ့။ တစ္ ေယာက္ကို (၁၅) မိနစ္စီ ရၾကပါတယ္။group ေတြ ကေတာ့ (၃) (၄) ခုေလာက္ရွိႏိုင္တယ္။ ပထမ တစ္ ရက္မွာေတာ့ ႏိုင္ငံျခားသားေတြ လာႏိုင္တာေပါ့ေနာ္။ ကြၽန္ေတာ္တို႔ကိုေပးထားတဲ့ toppic ကေတာ့ ကြၽန္ ေတာ္တို႔က အမွတ္ (၂) ေပါ့ေနာ္။ ေခါင္းစဥ္ (၂) ေပါ့ေနာ္။ အုပ္စု (၂) ေပါ့။ အေျပာင္းအလဲ စသျဖင့္ ရွိႏိုင္တယ္။ ေခါင္းစဥ္ တစ္ခုမွာ (၄) ဦးေလာက္ပါမွာ လား မေျပာတက္ဘူး။ ကြၽန္ေတာ္တို႔ရဲ႕ေဆြးေႏြးမႈမွာေတာ့ (၄) ဦးပါမယ္။ သဘာပတိတစ္ဦးပါမယ္။ (၅)ဦးေပါ့ေနာ္။ Peace Forum ဆိုတဲ့အမည္နဲ႔ ေပးထား တာကိုေတြ႕တယ္။ Peace Forum ရဲ႕ဦးတည္ခ်က္က ေဆာင္ပုဒ္ေပါ့ေနာ္။ အခု NSPNC လုပ္ေနတာ လည္းအဲဒါပဲ။ ေစာေစာက ကြၽန္ေတာ္ေျပာတဲ့ ဦးတည္ ခ်က္ေတြဆိုတာလည္း အဲဒါေတြပါ။ အဲဒီေတာ့ ခ်ိတ္ ဆက္ေနၾကတာေပါ့။ အဲဒီလို ခ်ိတ္ဆက္ေနတဲ့ကိစၥ ေလးေတြ။ ေ႐ြးေကာက္ပြဲဆိုတာ တစ္ခုလာမယ္။ ေ႐ြးေကာက္ပြဲမွာ ပြင့္လင္းျမင္သာတဲ့ ေ႐ြးေကာက္ပြဲ ႀကီးတစ္ခုျဖစ္ေအာင္ ဘယ္လိုျဖတ္သန္းရမွာလဲ။ ကာလ(၃)ပါးလို႔ေျပာၾကတာကိုး။ ေ႐ြးေကာက္ပြဲ ႀကိဳ ကာလ၊ ေ႐ြးေကာက္ပြဲကာလ၊ ေ႐ြးေကာက္ပြဲ အလြန္ ကာလအထိ တရားမွ်တမႈေပါ့ေနာ္။ အဲဒါ လိုအပ္တာ ေပါ့။ အဲဒီေ႐ြးေကာက္ပြဲအလြန္မွာ အစိုးရ တစ္ရပ္ေပၚ ထြန္းလာမွာေပါ့။ အဲဒီလိုေပၚထြန္းလာတဲ့ တရား ဥပေဒ မ႑ိဳင္တစ္ခုနဲ႔ အစိုးရတစ္ရပ္ရဲ႕ တာဝန္သည္ အခုလက္ရွိအေနအထားကေန Carry ယူသြားရမွာ ေပါ့။ ေျပာင္းလဲၿပီးယူသြားရမယ့္အခါမွာ အခုကာလ တည္းက ႏိုင္ငံေတာ္ရဲ႕ဖြံ႕ၿဖိဳးတိုးတက္မႈနဲ႔ လိုအပ္တဲ့ အေျခခံ ၿငိမ္းခ်မ္းေရးကို ေဖာင္ေဒးရွင္းခ်ေပးရမွာေပါ့။ တစ္နည္းအားျဖင့္ အေျခခံအုတ္ျမစ္ကိုခ်ေပးႏိုင္မွ အဆိုပါကာလမ်ားမွာ ထပ္ၿပီးေတာ့ တည္ေဆာင္ႏိုင္ ရမွာေပါ့။ ေ႐ြးေကာက္ပြဲအလြန္ကာလမွာ။ ဒါေၾကာင့္ ေ႐ြးေကာက္ပြဲအလြန္ မတိုင္ခင္ေလးမွာ ဒီ Process ေတြ၊ ေဆာင္ပုဒ္ပါအတိုင္း ေဆာင္႐ြက္ႏိုင္ေအာင္ဆိုတဲ့ ဦးတည္ခ်က္နဲ႔ NSPNC က သြားပုံေပါက္ပါတယ္။ အဲဒီလိုသြားမယ့္ လုပ္ငန္းအဆင္ေျပဖို႔အတြက္ကို ဒီ Forum ေဆြးေႏြးပြဲႀကီးကို (၃)ရက္ သတ္မွတ္ထား တယ္လို႔ ကြၽန္ေတာ္တို႔နားလည္တယ္။
အဲဒီေတာ့ ပထမ တစ္ေန႔မွာေတာ့ ႏိုင္ငံတကာ အျမင္ေပါ့ဗ်ာ။ ျပည္တြင္းက ႏိုင္ငံတကာပညာရွင္ မ်ားရဲ႕အျမင္ ဒါမ်ိဳးကို ေပါင္းစပ္ညႇိႏႈိင္းၿပီးမွ အေျဖ တစ္ခုထုတ္မယ္ထင္တယ္။ က်န္တဲ့(၂)ရက္ကေတာ့ ျပည္တြင္းေပါ့ဗ်ာ။ လက္ေတြ႕ႏိုင္ငံေရး၊ ၿငိမ္းခ်မ္း ေရးမွာ ေဆာင္႐ြက္ေနၾကတဲ့ နယ္ပယ္က ပုဂၢိဳလ္ေတြ ပါႏိုင္တယ္။ ပညာရွင္ေတြပါႏိုင္တာေပါ့။ ျပည္တြင္း အေနနဲ႔ တစ္နည္းအားျဖင့္ေျပာရရင္ ႏိုင္ငံတကာ အျမင္တစ္ခုတည္းနဲ႔ လက္ရွိအခင္းအက်င္းကို ေျဖ ရွင္းလို႔ မရႏိုင္ဘူးခင္ဗ်။ ျပည္သူလူထုလည္း ပါမွျဖစ္ မွာကိုး။ အမွန္က လူထုသည္သာ အကၡရာေပါ့ဗ်ာ။ ႏိုင္ငံေရးပဲလုပ္လုပ္၊ ၿငိမ္းခ်မ္းေရးပဲလုပ္လုပ္၊ ပင္မ ျဖစ္တဲ့ ကိုယ့္ႏိုင္ငံေရးရဲ႕ ျပႆနာကို ကိုယ္တို႔ကိုယ္ တိုင္ ေျဖရွင္းမွရမွာေပါ့။ အဲဒီလိုေျဖရွင္းတဲ့အခါမွာ ႏိုင္ငံတကာအေတြ႕အႀကဳံေတြ၊ ေဆာင္ရန္ေရွာင္ရန္ ေတြ ဒါေလးေတြက အေတြ႕အႀကဳံအတြက္ သင္ခန္း စာေလးေတြကို ရယူၿပီးမွ ေရွ႕ဆက္သြားသင့္တယ္ ဆိုတာေလးနဲ႔ NSPNC ဘက္က တည္ေဆာက္တယ္ ထင္ပါတယ္။
ေဒါက္တာညိဳညိဳသင္း
(လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း )
အခုတစ္ေခါက္ကေတာ့ ေ႐ြးေကာက္ပြဲကို Focus လုပ္ၿပီးေျပာၾကမွာ။ ေဆြးေႏြးၾကမယ္လို႔ ထင္ တာပဲ။ ေ႐ြးေကာက္ပြဲလုပ္မယ့္ေဒသေတြမွာ နယ္ေျမ မေအးခ်မ္းတဲ့ေဒသေတြ ရွိတယ္ေပါ့ေနာ္။ အဲဒီမွာ ျပည္သူလူထု ရင္ဆိုင္ေနရတဲ့အခက္အခဲေတြရွိတယ္ ေပါ့ေနာ္။ ကြၽန္မေတာ့ ကြၽန္မအဖြဲ႕ထဲမွာ စကားေျပာ မယ့္ တိုင္းရင္းသူအမ်ိဳးသမီးေခါင္းေဆာင္တစ္ေယာက္နဲ႔ ေဆြးေႏြးၾကတဲ့အခါမွာ ေျမျပင္မွာက သတင္းစာေတြထဲမွာပါတဲ့အတိုင္း ျဖစ္မေနဘူးေပါ့ေလ။ အဲဒီေတာ့ ေျမျပင္မွာျဖစ္ေနတာေတြနဲ႔ သတင္းစာေတြနဲ႔က ဘာေတြကြဲလြဲေနလဲဆိုတာေတြကို တင္ျပ မွာေတြ၊ တင္ျပမယ့္ေခါင္းေဆာင္ေတြလည္းရွိတာ ေပါ့ေနာ္။ အဲဒီေတာ့ အဲဒီကေန တိုင္းျပည္ရဲ႕အေျခ အေနအမွန္ကို သေဘာေပါက္ၿပီးေတာ့ ႏိုင္ငံေရးပါတီေခါင္းေဆာင္ေတြ အရပ္ဘက္အဖြဲ႕အစည္း ေခါင္းေဆာင္ေတြ ေနာက္ၿပီးအစိုးရေခါင္းေဆာင္ ေတြေပါ့ေနာ္။ အစိုးရအရာရွိေတြကလည္း DG Level ေတြတက္ၾကမယ္ဆိုေတာ့၊ ဌာနဆိုင္ရာ အရာ ရွိႀကီးေတြအားလုံး တက္ၾကမယ္ဆိုေတာ့ တိုင္းျပည္ ရဲ႕ျပႆနာေတြကို မိတ္ဆက္တဲ့ပြဲေလာက္ေတာ့ ျဖစ္ မယ္ထင္တယ္။ ပထမတစ္ေခါက္ကလည္း မိတ္ဆက္ တာပဲ။ ဒါေပမဲ့ ဒီတစ္ေခါက္ကေတာ့ ပိုၿပီးေတာ့ စနစ္တက်နဲ႔မိတ္ဆက္ၾကမယ္။ ၿပီးေတာ့ နည္းလမ္း ေတြလည္း ေဖာ္ထုတ္ၾကမယ္ေပါ့ေနာ္။ အဲဒီမွာလည္း အခုတည္းက ကြၽန္မတို႔ ႀကိဳတင္ညႇိႏႈိင္းၿပီးေတာ့ ဘယ္အရာေတြကေတာ့ ဒီေဆြးေႏြးပြဲရဲ႕ ရလဒ္ျဖစ္ သင့္တယ္ ဘာညာဆိုၿပီးေတာ့ ကိုယ့္ရဲ႕ကြဲျပားေနတဲ့အုပ္စုထဲမွာ ႀကိဳတင္ညႇိႏႈိင္းထားတာေတြ ဘာေတြရွိ ပါတယ္။ တိုင္းျပည္အတြက္အေကာင္းဆုံး အေျဖရွာ ၾကမယ္ဆိုေတာ့ အေကာင္းဆုံးအေျဖလည္း ထြက္ လာမယ္လို႔ေတာ့ ကြၽန္မေမွ်ာ္လင့္တယ္။ အမွန္က ေတာ့ ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ တိုင္းျပည္ အေျခအေန ဒီေလာက္ဆိုးေနတဲ့အခ်ိန္မွာ ဒီဖိုရမ္ ေလးတစ္ပြဲ လုပ္႐ုံနဲ႔ေတာ့ ၿငိမ္းခ်မ္းေရးရမယ္ဆိုတာ ေတာ့ မျဖစ္ႏိုင္ဘူးေလ။ ဒါေပမဲ့ ဒီပြဲက ဘာျဖစ္မလဲ ဆိုေတာ့ ကြဲျပားေနတဲ့ႏိုင္ငံေရး အင္အားစုေတြၾကား ထဲမွာ တိုင္းျပည္ရဲ႕ျပႆနာအမွန္ေတြကို သိရွိၿပီး ေတာ့ အဲဒီအမွန္ေတြအတြက္ ဘယ္လိုခ်ည္းကပ္ မလဲဆိုတဲ့ နည္းလမ္းေတြကို ညႇိႏႈိင္းတိုင္ပင္ၾကမယ့္ အဆင့္ေလာက္ေတာ့ ရမွာေပါ့။ ၿငိမ္းခ်မ္းေရးကေတာ့ ဝုန္းခနဲႀကီးေတာ့ မရဘူး။ ဒီေလာက္ႏွစ္ (၇၀) ေက်ာ္ (၈၀) စစ္ျဖစ္လာတဲ့တိုင္းျပည္မွ ဒီတစ္ပြဲ(၂)ပြဲနဲ႔ေတာ့ အေျဖရွာဖို႔ခက္တယ္ေလ။ ဒါေပမဲ့ ေျမျပင္မွာ အမွန္ တကယ္ ျပည္သူလူထုခံစားေနရတဲ့ ဒုကၡေတြကိုေတာ့ အတန္အသင့္ ေလ်ာ့ပါးသက္သာသြားေစမယ္လို႔ ေတာ့ ကြၽန္မယုံၾကည္တယ္။ အထူးသျဖင့္ စစ္မႈထမ္း ဥပေဒနဲ႔ပတ္သက္လို႔ ျပည္သူလူထုခံစားေနရတဲ့ ဝန္ထုပ္ဝန္ပိုးေတြ။ မၿငိမ္းခ်မ္းတဲ့ေဒသေတြမွာ ခံစား ေနရတဲ့ ရိကၡာျပတ္လပ္ေနၾကတဲ့ ျပည္သူေတြရဲ႕ အခက္အခဲေတြေပါ့။ အဲဒီအရာေတြအတြက္ကိုေတာ့ အေျဖတစ္စုံတစ္ရာရမယ္လို႔ေတာ့ ကြၽန္မေမွ်ာ္လင့္ ပါတယ္။
ဦးထက္ေအာင္ေက်ာ္
(ဒုတိယဥကၠ႒၊ အမ်ိဳးသား ဒီမိုကေရစီ
အင္အားစုပါတီ)
ကြၽန္ေတာ္ကေတာ့ အဖြဲ႕(၂)ထဲပါတာေပါ့ေလ။ အဖြဲ႕ (၂)ထဲ ပါတယ္ဆိုေပမယ့္ ေခါင္းစဥ္ေတြကေတာ့ အတူတူပါပဲ။ ႏိုင္ငံေတာ္၏ ပကတိအေျခအေနနဲ႔ ေ႐ြး ေကာက္ပြဲရဲ႕ အေရးပါမႈေပါ့ေနာ္။ ဆိုေတာ့ လြတ္လပ္ ၍ တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲက်င္းပၿပီး ဥပေဒနဲ႔ အညီ လႊတ္ေတာ္ေဖာ္ေဆာင္ႏိုင္ေရး ေဆာင္႐ြက္သင့္ တဲ့ အစီအမံမ်ား ဆိုၿပီးေတာ့ ႏွစ္ခုေတာ့ေပးတာေပါ့။ ကြၽန္ေတာ္တို႔အဖြဲ႕ (၂) မွာက စပီကာ (၇) ေယာက္ရွိ တာေပါ့ေလ။ ဒီလူေတြအခ်င္းခ်င္းလည္း ျပန္ေတာ့ ညႇိရဦးမယ္။ မဟုတ္ရင္ တစ္ေယာက္နဲ႔တစ္ ေယာက္က ထပ္ေနမွာလည္း စိုးတာေပါ့။ ၾကားထဲမွာ ကြၽန္ေတာ္တို႔ရဲ႕ သဘာပတိအျဖစ္က ဗိုလ္ခ်ဳပ္ႀကီး ဝင္းဗိုလ္ရွိန္ လုပ္မွာျဖစ္တယ္။ ဗိုလ္ခ်ဳပ္ႀကီးက Viber Group ဖြဲ႕ၿပီးေတာ့ Zoom meeting တစ္ခါလုပ္မယ္လို႔ ေျပာတယ္။ ေလာေလာဆယ္ အထိေတာ့ မလုပ္ရေသးဘူး။ အခု ဒီတစ္ေခါက္ Pease ဖိုရမ္က အရင္တစ္ေခါက္နဲ႔မတူဘူး။ ဘာ မတူသလဲဆိုရင္ ႏိုင္ငံတကာက ပညာရွင္ေတြပါလာ တာ။ ႏိုင္ငံတကာပညာရွင္ေတြပါလာေတာ့ သူတို႔ သည္လည္း ျမန္မာႏိုင္ငံကို ေရာက္လာၿပီးေတာ့ ျမန္ မာႏိုင္ငံရဲ႕လက္ရွိအေနအထားကို မ်က္ဝါးထင္ထင္ ျမင္ရတာကတစ္ခု၊ ျမန္မာျပည္ရဲ႕ ႏိုင္ငံေရးပါတီေတြ၊ ျမန္မာျပည္က ပညာရွင္ေတြ၊ ျမန္မာျပည္က မီဒီယာေတြနဲ႔ပါသူတို႔ေတြ႕သြားခဲ့ရင္ အျပင္မွာ သူတို႔ၾကား ေနတာေတြမဟုတ္ဘူးဆိုတဲ့အေၾကာင္း သတင္း စကားကိုလည္း ယူသြားႏိုင္တယ္။ ဒါက အားသာ ခ်က္တစ္ခုေပါ့ေနာ္။ ေနာက္ၿပီးေတာ့ ဒီလိုမ်ိဳးပြဲေတြ ကို မ်ားမ်ားလုပ္ေနျခင္းသည္ကပင္လွ်င္ ႏိုင္ငံေရး အရ အေ႐ြ႕တစ္ခုျဖစ္တယ္။ ဒီက ရလဒ္ကေတာ့ လူေပါင္း ေျမာက္ျမားစြာကေနၿပီးေတာ့ ဝိုင္းေဆြးေႏြး ၾကမွာဆိုေတာ့ အားလုံးရဲ႕အေတြ႕အႀကဳံေတြ၊ အား လုံးရဲ႕ အေတြးအႀကဳံကေန ေပၚထြက္လာတဲ့ သေဘာ ထား စုစည္းမႈတစ္ရပ္ကေတာ့ ေကာင္းေကာင္း အင္နဲ႔အားနဲ႔ေတာ့ေပၚလာမယ္။ ေပၚလာတဲ့အျပင္ ႏိုင္ငံတကာပညာရွင္ေတြရဲ႕အျမင္ေတြ၊ သူတို႔ရဲ႕ သတင္းစကားျဖန႔္ေဝမႈေတြကိုလည္း ရသြားမယ္ေပါ့။ ၿပီးေတာ့ ဒီလိုပြဲေတြ စီစဥ္ျခင္းေတြကေနၿပီး သတင္းျဖစ္သြားၿပီးေတာ့ သတင္းေတြကေနတစ္ဆင့္ လူထုကို ေျပာလိုတဲ့သတင္းစကားေတြ မ်ားမ်ား ေရာက္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ခင္ဗ်ာ။
ဗိုလ္မႉးႀကီး ေစာေက်ာ္ၫြန႔္အဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ၊ 7 EAO Alliance
ၿပီးခဲ့တဲ့ Peace Talk မွာတုန္းကေတာ့ ဒီလိုမ်ိဳး စကားဝိုင္းေတြကို သုံးလတစ္ႀကိမ္လုပ္ၾကဖို႔ ေျပာခဲ့ တာေတြရွိတယ္။ အခုလည္း အဲဒါရဲ႕အဆက္ေပါ့ ေနာ္။ ဒါေပမဲ့ ထူးျခားခ်က္တစ္ခုအေနနဲ႔ ၿငိမ္းခ်မ္း ေရး စကားဝိုင္းကေနၿပီးေတာ့ ၿငိမ္းခ်မ္းေရးဖိုရမ္လို႔ ေျပာင္းလဲေခၚေဝၚလိုက္တဲ့အေပၚမွာ ပါဝင္မႈေတြ လည္းပိုၿပီးေတာ့ က်ယ္ျပန႔္လာမယ္လို႔ေတာ့ ေမွ်ာ္လင့္ ရတာေပါ့ဗ်ာ။ အဲဒီ ၿငိမ္းခ်မ္းေရး ဖိုရမ္ကေနၿပီးေတာ့ နယ္ပယ္အသီးသီးက အသံေတြ စုံစုံလင္လင္ နား ေထာင္လို႔ရေအာင္ စီစဥ္ေဆာင္႐ြက္ထားတာျဖစ္ သလို ႏိုင္ငံတကာက ပညာရွင္ေတြရဲ႕ ပံ့ပိုးကူညီမႈေတြ လည္း အတိုင္းအတာတစ္ခုအထိေတာ့ ပါလာမယ္လို႔ ၾကားသိရတာေတြရွိတယ္။ ဘယ္အေၾကာင္းအရာ ေတြ ေဆြးေႏြးမလဲဆိုရင္ လက္ရွိကြၽန္ေတာ္တို႔ႏိုင္ငံ အတြက္ အရမ္းကိုလိုအပ္ေနတဲ့ ၿငိမ္းခ်မ္းေရးကိစၥရပ္ ေတြနဲ႔ဆက္စပ္ၿပီးေတာ့ အစုအဖြဲ႕အသီးသီးက အျမင္ေတြအေပၚမွာ ကြၽန္ေတာ္တို႔ ေျပာဆိုေဆြးေႏြး ၾကတာမ်ိဳး ရွိႏိုင္မယ္လို႔ေတာ့ထင္တယ္။ လက္ရွိျဖစ္ ေပၚေနတဲ့ ကြၽန္ေတာ္တို႔ႏိုင္ငံေရးရဲ႕ လက္နက္ကိုင္ ပဋိပကၡေတြျဖစ္ေပၚေနတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ ႏိုင္ငံအတြက္ မလြဲမေသြ လိုအပ္တဲ့ ၿငိမ္းခ်မ္းေရးကို ဘယ္လိုလမ္းစကို အမွီျပဳၿပီး ေလွ်ာ့ခ်တာတို႔၊ ခ်ဳပ္ ၿငိမ္းတာတို႔စသည္ျဖင့္ လုပ္လို႔ရမလဲဆိုတာကို တက္ ေရာက္လာသူေတြက အျမင္ေတြ ဖလွယ္ၾကမယ္။ စကားေျပာၾကမယ္။ ၿပီးေတာ့ ဒီၿငိမ္းခ်မ္းေရးဖိုရမ္က ေနၿပီးေတာ့ အလုံးစုံၿပီးျပည့္စုံတဲ့ ၿငိမ္းခ်မ္းေရး မဟုတ္သည့္တိုင္ေအာင္ေတာင္မွ ကြၽန္ေတာ္တို႔ တစ္ ႏိုင္ငံလုံးအတြက္ အက်ိဳးသက္ေရာက္မႈ၊ ခံစားမႈရရွိ ႏိုင္မယ့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးတည္ေဆာက္ႏိုင္ ဖို႔အတြက္ လမ္းစတစ္ခုအေနနဲ႔ အားျပဳခ်င္ပါတယ္။ ေမွ်ာ္လင့္ခ်င္ပါတယ္။
ေဒၚေစာျမရာဇာလင္း ဥကၠ႒ - ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ
အဓိကကေတာ့ အစိုးရဘက္က စဥ္းစားခ်က္ တစ္ခုက ႏိုင္ငံေတာ္ကို တည္တည္ၿငိမ္ၿငိမ္နဲ႔ေျပာင္းႏိုင္မယ့္နည္းလမ္းေတြကို စဥ္းစားေနတယ္လို႔ ေျပာ ခ်င္တယ္။ အဲဒီဟာကေတာ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ နဲ႔ ဖက္ဒရယ္စနစ္တို႔ ေပါင္းစည္းျခင္းမွ ေအးခ်မ္း သာယာဝၿဖိဳးသည့္ ႏိုင္ငံေတာ္သစ္ဆီသို႔ ဆိုၿပီးမွ အဲဒါေတြနဲ႔ပတ္သက္ၿပီးေတာ့မွ ေဆြးေႏြးဖို႔ဆိုၿပီး အေၾကာင္းၾကားတာရွိတယ္။ ဆိုေတာ့ EAOs ေတြ လည္းပဲ လာၾကလိမ့္မယ္လို႔ထင္တယ္။ ႏိုင္ငံေရး ပါတီေတြ၊ ပညာရွင္ေတြ အားလုံးဖိတ္ထားတယ္လို႔ ေတာ့ထင္တယ္။ အဓိကေဆြးေႏြးမွာေတာ့ ျဖစ္ေစ ခ်င္တာေတာ့ အစိုးရဘက္က ေမွ်ာ္လင့္တာကေတာ့ ေ႐ြးေကာက္ပြဲရဲ႕ အခက္အခဲေတြ ေက်ာ္ျဖတ္ႏိုင္ဖို႔ အတြက္ နည္းလမ္းေတြအပါအဝင္ ႏိုင္ငံေတာ္သစ္ ဆီသို႔ ေရွ႕ကိုဘယ္လိုေရွးရႈသြားမလဲဆိုတဲ့ စဥ္းစား ခ်က္မ်ိဳးေတြ၊ အေျဖေတြရလာေစခ်င္တဲ့ ဆႏၵရွိတယ္ လို႔ ထင္ရတယ္။ တစ္ခါတည္း ဘယ္လိုျဖစ္လာလိမ့္ မယ္၊ ဘယ္လိုရလာလိမ့္မယ္ဆိုတာေတာ့ မေျပာခ်င္ ဘူးေပါ့။ ဒါေပမဲ့ ေဆြးေႏြးပြဲကေတာ့ ျဖစ္ေနရမယ္။ ေဆြးေႏြးပြဲေတြက ပုံမွန္မရွိခဲ့တာ၊ ေဆြးေႏြးပြဲကေန အေျဖရေအာင္မေဆြးေႏြးခဲ့တာ၊ အဲဒီလို တိုင္းျပည္ရဲ႕ ျပႆနာေတြကို ေသခ်ာ မေဆြးေႏြးႏိုင္ခဲ့လို႔ပဲ အခုလို တိုင္းျပည္က အခက္အခဲမ်ားစြာ ႀကဳံေတြ႕ခဲ့ရတယ္ လို႔ပဲ နားလည္ထားတယ္။ ေဆြးေႏြးပြဲေတြက တစ္ ေယာက္နဲ႔တစ္ေယာက္ ထိေတြ႕လာႏိုင္တယ္။ ထိ ေတြ႕လာတဲ့အခါ တစ္ဦးကိုတစ္ဦးနားလည္မႈေတြ ရလာႏိုင္တယ္။ အခ်င္းခ်င္း နားလည္မႈ ကေနၿပီးေတာ့ မွ အနာဂတ္ႏိုင္ငံေတာ္ကို ဘယ္လိုတည္ေဆာက္မွာ လဲဆိုတဲ့ စဥ္းစားခ်က္ေတြ၊ အေျဖဆိုတာမ်ိဳးထက္ ရလဒ္ေတြေပါ့ေလ။ အဲဒီလိုရလဒ္ေတြကို လူေပါင္း မ်ားစြာ စဥ္းစားတဲ့အခါ ရလဒ္ေတြ ထြက္လာႏိုင္တယ္။ တစ္ေယာက္တည္း စဥ္းစားတာနဲ႔ အမ်ားစဥ္းစားတာ ေတာ့ မတူဘူး။ အဲဒါေၾကာင့္မို႔ပဲ ဘယ္လိုျဖစ္လာႏိုင္ တယ္ဆိုတာ အတိအက်ေတာ့ မေျပာခ်င္ေသးဘူးေပါ့။ အဓိကက အမ်ားနဲ႔ ေဆြးေႏြးလိုက္တဲ့အခါမွာ ေဆြး ေႏြးတယ္ဆိုရင္ အေျဖလို႔ဆိုတာထက္ စဥ္းစားတဲ့ ေတြးေခၚခ်က္ေတြ ရလာႏိုင္တယ္။ အဲဒီထဲကေန ႏိုင္ငံေတာ္ကို ဘယ္လိုျပဳျပင္ေျပာင္းလဲသြားမလဲဆိုတဲ့စဥ္းစားခ်က္မ်ိဳး၊ လုပ္ေဆာင္ခ်က္မ်ိဳးေတြ ရလာႏိုင္ တယ္လို႔ ကိုယ္ကေတာ့ယုံၾကည္ထားတယ္။