နျူကလီးယားလက်နက် အီရန်တို့ပိုင်ဆိုင်ခြင်းမရှိစေရန် အရာရာတိုင်းလုပ်ဆောင်မည်ဟု အစ္စရေးဝန်ကြီးချုပ် သတိပေး

924

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက အစ္စရေးနိုင်ငံအနေဖြင့် အီရန်နိုင်ငံကို နျူကလီးယား လက်နက်ရရှိ ခြင်းမှတားဆီးနိုင်ရန် အရာရာတိုင်းကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထပ်မံသတိပေးပြောဆိုလိုက်သည်။
အီရန်ထိပ်တန်းသံတမန်တစ်ဦးက အနောက်အုပ်စုနိုင်ငံများသည် အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုများ ပြန်လည်ချမှတ်မည်ဆိုလျှင် အီရန်ကလည်း နျူကလီးယားဖွံ့ဖြိုးတိုးတက်ရေးပိတ်ပင်ထားမှုကို အဆုံးသတ်မည် ဖြစ်ကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် ပြောဆိုခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ်က သတိပေးခဲ့ခြင်းဖြစ်သည်။
အီရန်သည်လက်ရှိအချိန်တွင် ဥရောပတိုက်ရှိအစိုးရအဖွဲ့စည်းအချို့နှင့် နျူကလီးယားကိစ္စများ တွေ့ဆုံ ဆွေးနွေးရန် ပြင်ဆင်နေချိန်တွင် အရှေ့အလယ်ပိုင်းဒေသအတွင်း အီရန်နျူကလီးယားကိစ္စနှင့်ပတ်သက်ပြီး စကားလုံး တိုက်ပွဲများပြန်လည် ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။
အစ္စရေးဝန်ကြီးချုပ်က “အီရန်ကို နျူကလီးယားလက်နက် မပိုင်ဆိုင်နိုင်အောင် တားဆီးဖို့ ကျွန်တော်အသုံးပြုလို့ ရသမျှ အရင်းမြစ်အားလုံးကို သုံးသွားမယ်” ဟုပြောသည်။ အီရန်နှင့် အစ္စရေး နိုင်ငံသည် ယခင်ကတည်းက အငြင်းပွားမှုများ၊ တင်းမာမှုများရှိခဲ့ဖူးပြီး ဂါဇာစစ်ပွဲ၊ လက်ဘနွန် စစ်ပွဲဖြစ်လာချိန်တွင် နှစ်နိုင်ငံကြား အပြန် အလှန်တိုက်ခိုက်မှုများ ရှိလာခဲ့သည်။
အီရန်နှင့် အစ္စရေးနိုင်ငံတို့သည် (၂၀၂၄) ခုနှစ်အတွင်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်းသိရသည်။ အီရန်နိုင်ငံက နျူကလီးယားလက်နက်ပိုင်ဆိုင်ကြောင်း မကြေညာသေးပါက အစ္စရေးနိုင်ငံက အရှေ့အလယ်ပိုင်းဒေသတွင်း နိုင်ငံများထဲတွင် နျူကလီးယားလက်နက်ပိုင်ဆိုင် သည့်တစ်ခုတည်း သောနိုင်ငံဖြစ်နေကြောင်း သိရသည်။ အီရန်အစိုးရသည် အမေရိကန်သမ္မတအသစ်အဖြစ် တာဝန်ယူမည့် ဒေါ်နယ်ထရမ့် မတက်ခင် အီရန်နိုင်ငံ၏နျူကလီးယားကိစ္စကို အခြားနိုင်ငံများနှင့်တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိနေ ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။ အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရမ့်တာဝန်ယူချိန်တွင် အီရန်နိုင်ငံအပေါ် နျူကလီးယားကိစ္စနှင့်ဆက်နွယ်ပြီး ပြင်းထန်သော ပိတ်ဆို့မှုများထပ်မံချမှတ်နိုင်ဖွယ်ရှိနေ ကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် သတင်းများ ထွက်ပေါ်ခဲ့သည်။

Zawgyi Version;
န်ဴကလီးယားလက္နက္ အီရန္တို႔ပိုင္ဆိုင္ျခင္းမရွိေစရန္ အရာရာတိုင္းလုပ္ေဆာင္မည္ဟု အစၥေရးဝန္ႀကီးခ်ဳပ္ သတိေပး
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁
အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက အစၥေရးႏိုင္ငံအေနျဖင့္ အီရန္ႏိုင္ငံကို န်ဴကလီးယား လက္နက္ရရွိ ျခင္းမွတားဆီးႏိုင္ရန္ အရာရာတိုင္းကို လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ထပ္မံသတိေပးေျပာဆိုလိုက္သည္။
အီရန္ထိပ္တန္းသံတမန္တစ္ဦးက အေနာက္အုပ္စုႏိုင္ငံမ်ားသည္ အီရန္ႏိုင္ငံအေပၚ ပိတ္ဆို႔မႈမ်ား ျပန္လည္ခ်မွတ္မည္ဆိုလွ်င္ အီရန္ကလည္း န်ဴကလီးယားဖြံ႕ၿဖိဳးတိုးတက္ေရးပိတ္ပင္ထားမႈကို အဆုံးသတ္မည္ ျဖစ္ေၾကာင္း ၿပီးခဲ့ေသာရက္ပိုင္းတြင္ ေျပာဆိုခဲ့ၿပီးေနာက္ အစၥေရးဝန္ႀကီးခ်ဳပ္က သတိေပးခဲ့ျခင္းျဖစ္သည္။
အီရန္သည္လက္ရွိအခ်ိန္တြင္ ဥေရာပတိုက္ရွိအစိုးရအဖြဲ႕စည္းအခ်ိဳ႕ႏွင့္ န်ဴကလီးယားကိစၥမ်ား ေတြ႕ဆုံ ေဆြးေႏြးရန္ ျပင္ဆင္ေနခ်ိန္တြင္ အေရွ႕အလယ္ပိုင္းေဒသအတြင္း အီရန္န်ဴကလီးယားကိစၥႏွင့္ပတ္သက္ၿပီး စကားလုံး တိုက္ပြဲမ်ားျပန္လည္ ျဖစ္ပြားလာခဲ့ျခင္းျဖစ္သည္။
အစၥေရးဝန္ႀကီးခ်ဳပ္က “အီရန္ကို န်ဴကလီးယားလက္နက္ မပိုင္ဆိုင္ႏိုင္ေအာင္ တားဆီးဖို႔ ကြၽန္ေတာ္အသုံးျပဳလို႔ ရသမွ် အရင္းျမစ္အားလုံးကို သုံးသြားမယ္” ဟုေျပာသည္။ အီရန္ႏွင့္ အစၥေရး ႏိုင္ငံသည္ ယခင္ကတည္းက အျငင္းပြားမႈမ်ား၊ တင္းမာမႈမ်ားရွိခဲ့ဖူးၿပီး ဂါဇာစစ္ပြဲ၊ လက္ဘႏြန္ စစ္ပြဲျဖစ္လာခ်ိန္တြင္ ႏွစ္ႏိုင္ငံၾကား အျပန္ အလွန္တိုက္ခိုက္မႈမ်ား ရွိလာခဲ့သည္။
အီရန္ႏွင့္ အစၥေရးႏိုင္ငံတို႔သည္ (၂၀၂၄) ခုႏွစ္အတြင္း အျပန္အလွန္ ပစ္ခတ္တိုက္ခိုက္မႈ ႏွစ္ႀကိမ္ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။ အီရန္ႏိုင္ငံက န်ဴကလီးယားလက္နက္ပိုင္ဆိုင္ေၾကာင္း မေၾကညာေသးပါက အစၥေရးႏိုင္ငံက အေရွ႕အလယ္ပိုင္းေဒသတြင္း ႏိုင္ငံမ်ားထဲတြင္ န်ဴကလီးယားလက္နက္ပိုင္ဆိုင္ သည့္တစ္ခုတည္း ေသာႏိုင္ငံျဖစ္ေနေၾကာင္း သိရသည္။ အီရန္အစိုးရသည္ အေမရိကန္သမၼတအသစ္အျဖစ္ တာဝန္ယူမည့္ ေဒၚနယ္ထရမ့္ မတက္ခင္ အီရန္ႏိုင္ငံ၏န်ဴကလီးယားကိစၥကို အျခားႏိုင္ငံမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးရန္ ဆႏၵရွိေန ေၾကာင္း သတင္းမ်ားလည္း ထြက္ေပၚေနသည္။ အေမရိကန္သမၼတအျဖစ္ ေဒၚနယ္ထရမ့္တာဝန္ယူခ်ိန္တြင္ အီရန္ႏိုင္ငံအေပၚ န်ဴကလီးယားကိစၥႏွင့္ဆက္ႏြယ္ၿပီး ျပင္းထန္ေသာ ပိတ္ဆို႔မႈမ်ားထပ္မံခ်မွတ္ႏိုင္ဖြယ္ရွိေန ေၾကာင္း ၿပီးခဲ့ေသာရက္ပိုင္းတြင္ သတင္းမ်ား ထြက္ေပၚခဲ့သည္။