အပစ်အခတ်ရပ်စဲထားသော်လည်း အစ္စရေးကိုတိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်မည်ဟု ဟူသီလက်နက်ကိုင်အဖွဲ့ပြော

 682

Pika (NP News) - ဒီဇင်ဘာ ၁

အစ္စရေးနှင့် လက်ဘနွန်အခြေစိုက် ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သော်လည်း ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့က အစ္စရေးအပေါ် တိုက်ခိုက်မှုများအား ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်က နိုဝင်ဘာလ(၂၈)ရက်တွင် ထုတ်ပြန် ပြောကြားခဲ့သည်။
ဟူသီလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် အက်ဘ်ဒူလာမာလစ်ခ်အယ်လ်ဟူသီက “ဂါဇာကမ်းမြောင်ဒေသ က ပါလက်စတိုင်းပြည်သူတွေကိုထောက် ခံတဲ့အနေနဲ့ အစ္စရေးကိုဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု စစ်ဆင်ရေးကို ဟူသီလက်နက် ကိုင်အဖွဲ့က ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ပြောဆိုခဲ့သည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် အစ္စ ရေး-ဟားမတ်စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် ဟူသီ လက်နက်ကိုင်အဖွဲ့သည် အစ္စရေးကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အစ္စရေးတပ်ဖွဲ့များက ဂါဇာ ကမ်းမြောင်ဒေသအပေါ်တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းကို မရပ်တန့်မချင်း အစ္စရေးကိုတိုက်ခိုက်မှုများအား ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ကတိပြုခဲ့သည်။
ထို့ပြင် ဟူသီလက်နက်ကိုင်အဖွဲ့သည် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့တို့တွင် သွားလာနေသော ကုန်တင်သင်္ဘောများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများလည်းလုပ်ဆောင်ခဲ့ပြီး အရေးကြီး သော ကုန်သွယ်ရေးလမ်းကြောင်းကို နှောင့်ယှက်ခဲ့ကြောင်းသိရသည်။
ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှု များကြောင့် သင်္ဘောကုမ္ပဏီများသည် ၎င်းတို့၏ သင်္ဘောများကို ရှည်လျားသည့်ရေကြောင်းလမ်းဖြစ်သော အာဖရိကတောင်ပိုင်းတစ်ဝိုက်ကို လမ်းကြောင်း ပြောင်းခိုင်းခဲ့ပြီး ပို့ဆောင်ခမြင့်မားခြင်းနှင့် ပို့ဆောင်မှုနှောင့်နှေးခြင်းတို့ကြောင့် ကမ္ဘာ့ကုန်သွယ် မှုကို အနှောင့်အယှက်ဖြစ်စေခဲ့ ကြောင်း သိရသည်။ ကုန်တင်သင်္ဘောများကို ဟူသီလက်နက်ကိုင်အဖွဲ့၏ ပစ်မှတ်ထားတိုက်ခိုက်ခံရခြင်းမှ ကာကွယ်ရန်အတွက် အမေရိကန်သည် နိုင်ငံပေါင်းစုံပါဝင်သော ညွန့်ပေါင်းရေတပ်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း လည်း သိရသည်။
အက်ဘ်ဒူလာမာလစ်ခ်အယ်လ်ဟူသီက “ကျွန်တော်တို့ရဲ့တာဝန်ကို စစ်တပ်နဲ့ပြည်သူတွေက သတိပြုမိ မယ်လို့ မျှော်လင့်ပါတယ်။ ဘုရားသခင်ရဲ့အကူအညီနဲ့အတူ အစ္စရေးကို ဆန့်ကျင်တိုက်ခိုက်မှုတွေ ဒီထက်မက ပိုလုပ်ဆောင်နိုင်ပါလိ့မ်မယ်။ ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းပြည်သူတွေကို ထောက်ခံတဲ့အနေနဲ့ ဟူသီ လက်နက်ကိုင်အဖွဲ့က ၎င်းတို့လုပ်နိုင်တာမှန်သမျှကို အစွမ်းကုန် လုပ်ဆောင်နေပါတယ်” ဟု ပြောခဲ့သည်။

Zawgyi Version;
အပစ္အခတ္ရပ္စဲထားေသာ္လည္း အစၥေရးကိုတိုက္ခိုက္မႈ ဆက္လက္လုပ္ေဆာင္မည္ဟု ဟူသီလက္နက္ကိုင္ အဖြဲ႕ေျပာ

Pika (NP News) - ဒီဇင္ဘာ ၁

အစၥေရးႏွင့္ လက္ဘႏြန္အေျခစိုက္ ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕ၾကား အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ ရရွိခဲ့ေသာ္လည္း ယီမင္အေျခစိုက္ဟူသီလက္နက္ကိုင္အဖြဲ႕က အစၥေရးအေပၚ တိုက္ခိုက္မႈမ်ားအား ဆက္လက္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ဟူသီလက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္က ႏိုဝင္ဘာလ(၂၈)ရက္တြင္ ထုတ္ျပန္ ေျပာၾကားခဲ့သည္။
ဟူသီလက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ အက္ဘ္ဒူလာမာလစ္ခ္အယ္လ္ဟူသီက “ဂါဇာကမ္းေျမာင္ေဒသ က ပါလက္စတိုင္းျပည္သူေတြကိုေထာက္ ခံတဲ့အေနနဲ႔ အစၥေရးကိုဒုံးက်ည္ေတြ၊ ဒ႐ုန္းေတြနဲ႔ ပစ္ခတ္တိုက္ခိုက္မႈ စစ္ဆင္ေရးကို ဟူသီလက္နက္ ကိုင္အဖြဲ႕က ဆက္လက္လုပ္ေဆာင္သြားမွာပါ” ဟု ေျပာဆိုခဲ့သည္။ ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာလတြင္ အစၥ ေရး-ဟားမတ္စစ္ပြဲစတင္ျဖစ္ပြားၿပီးေနာက္ ဟူသီ လက္နက္ကိုင္အဖြဲ႕သည္ အစၥေရးကို ဒုံးက်ည္မ်ား၊ ဒ႐ုန္းမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္မႈမ်ား စတင္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။ အစၥေရးတပ္ဖြဲ႕မ်ားက ဂါဇာ ကမ္းေျမာင္ေဒသအေပၚတိုက္ခိုက္မႈမ်ား လုပ္ေဆာင္ေနျခင္းကို မရပ္တန႔္မခ်င္း အစၥေရးကိုတိုက္ခိုက္မႈမ်ားအား ဆက္လက္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ဟူသီလက္နက္ကိုင္အဖြဲ႕က ကတိျပဳခဲ့သည္။
ထို႔ျပင္ ဟူသီလက္နက္ကိုင္အဖြဲ႕သည္ ပင္လယ္နီႏွင့္ ေအဒင္ပင္လယ္ေကြ႕တို႔တြင္ သြားလာေနေသာ ကုန္တင္သေဘၤာမ်ားကို ဒုံးက်ည္မ်ား၊ ဒ႐ုန္းမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္မႈမ်ားလည္းလုပ္ေဆာင္ခဲ့ၿပီး အေရးႀကီး ေသာ ကုန္သြယ္ေရးလမ္းေၾကာင္းကို ေႏွာင့္ယွက္ခဲ့ေၾကာင္းသိရသည္။
ဟူသီလက္နက္ကိုင္အဖြဲ႕၏ တိုက္ခိုက္မႈ မ်ားေၾကာင့္ သေဘၤာကုမၸဏီမ်ားသည္ ၎တို႔၏ သေဘၤာမ်ားကို ရွည္လ်ားသည့္ေရေၾကာင္းလမ္းျဖစ္ေသာ အာဖရိကေတာင္ပိုင္းတစ္ဝိုက္ကို လမ္းေၾကာင္း ေျပာင္းခိုင္းခဲ့ၿပီး ပို႔ေဆာင္ချမင့္မားျခင္းႏွင့္ ပို႔ေဆာင္မႈေႏွာင့္ေႏွးျခင္းတို႔ေၾကာင့္ ကမာၻ႔ကုန္သြယ္ မႈကို အေႏွာင့္အယွက္ျဖစ္ေစခဲ့ ေၾကာင္း သိရသည္။ ကုန္တင္သေဘၤာမ်ားကို ဟူသီလက္နက္ကိုင္အဖြဲ႕၏ ပစ္မွတ္ထားတိုက္ခိုက္ခံရျခင္းမွ ကာကြယ္ရန္အတြက္ အေမရိကန္သည္ ႏိုင္ငံေပါင္းစုံပါဝင္ေသာ ၫြန႔္ေပါင္းေရတပ္တပ္ဖြဲ႕ကို ဖြဲ႕စည္းခဲ့ေၾကာင္း လည္း သိရသည္။
အက္ဘ္ဒူလာမာလစ္ခ္အယ္လ္ဟူသီက “ကြၽန္ေတာ္တို႔ရဲ႕တာဝန္ကို စစ္တပ္နဲ႔ျပည္သူေတြက သတိျပဳမိ မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဘုရားသခင္ရဲ႕အကူအညီနဲ႔အတူ အစၥေရးကို ဆန႔္က်င္တိုက္ခိုက္မႈေတြ ဒီထက္မက ပိုလုပ္ေဆာင္ႏိုင္ပါလိ့မ္မယ္။ ဂါဇာကမ္းေျမာင္ေဒသက ပါလက္စတိုင္းျပည္သူေတြကို ေထာက္ခံတဲ့အေနနဲ႔ ဟူသီ လက္နက္ကိုင္အဖြဲ႕က ၎တို႔လုပ္ႏိုင္တာမွန္သမွ်ကို အစြမ္းကုန္ လုပ္ေဆာင္ေနပါတယ္” ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.