စစ်သွေးကြွအဖွဲ့တွေနဲ့ရင်ဆိုင်နေရတဲ့ ဆီးရီးယားအစိုးရကို လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ က အကူအညီတွေပေးသွားမယ်

310

Pika (NP News) - ဒီဇင်ဘာ ၇
ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့သည် ဂျီဟတ်စစ်သွေးကြွအဖွဲ့ကို တိုက်ခိုက်ရာတွင် ဆီးရီးယားအစိုးရကို ကူညီပေး သွားမည်ဖြစ်ပြီး တိုက်ပွဲများအတွင်း ဆီးရီးယားနိုင်ငံကို ထောက်ပံ့ပေးမှုများလုပ်ဆောင်ရန် အာရပ်နိုင်ငံများကို တောင်းဆိုထားကြောင်း လက်ဘနွန်အခြေစိုက်ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့၏ ယာယီခေါင်းဆောင် နာရင်းကာဆန်က ဒီဇင်ဘာလ(၅)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
နာရင်းကာဆန်က "ဆီးရီးယားနိုင်ငံတွင်းမှာ ရန်လိုမှုတွေဖြစ်ပွားအောင် အမေရိကန်နဲ့ အစ္စရေးတို့က လုပ်နေတာ ပါ။ ဆီးရီးယားနိုင်ငံမှာ ပြဿနာတွေစတင်ဖြစ်ပွားခဲ့တဲ့ (၂၀၁၁)ခုနှစ်ကတည်းက အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ တွေဟာ သူတို့ရဲ့အသုံးချခံ ပစ္စည်းကိရိယာတွေဖြစ်ခဲ့တာပါ" ဟု ပြောခဲ့သည်။
အစိုးရဆန့်ကျင်ရေးအဖွဲ့များသည် သမ္မတ Bashar Assad ကို ဖြုတ်ချရန်ကြိုးပမ်းခဲ့မှုနှင့်အတူ(၂၀၁၁)ခုနှစ်တွင် ဆီးရီးယားနိုင်ငံသည် ရှည်လျားသောစစ်ပွဲအတွင်း ကျရောက်သွားခဲ့ခြင်းဖြစ်သည်။ အဆိုပါအချိန်တွင် ဂျီဟတ် စစ်သွေးကြွအဖွဲ့သည် ဆီးရီးယားအစိုးရကို ဆန့်ကျင်တိုက်ခိုက်မှုများလုပ်ဆောင်နေသည့်အဖွဲ့များကြားတွင် ထင်ရှားသောအဖွဲ့တစ်ဖွဲ့အဖြစ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း (၂၀၁၅)ခုနှစ်တွင် ရုရှားသည် ဆီးရီးယားနိုင်ငံတွင်းဖြစ်ပွားနေသောပြဿနာများကို ဝင်ရောက် စွက်ဖက်မှုလုပ်ဆောင်ခဲ့ပြီး ဆီးရီးယားအစိုးရကို လေကြောင်းအကူအညီများ ပေးအပ်ခဲ့သည်။ ထို့နောက် ဆီးရီးယားတပ်ဖွဲ့များသည် နိုင်ငံ၏အစိတ်အပိုင်း အများစုကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သော်လည်း တူရကီနယ်စပ် အနီးရှိ Idlib ပြည်နယ် အပါအဝင် အချို့နေရာများကို ပြန်လည်ထိန်းချုပ်နိုင်ခြင်းမျိုးမရှိသေးကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် Hayat Tahrir-al-Sham (HTS) အကြမ်းဖက်အဖွဲ့ နှင့် ၎င်းတို့၏ မိတ်ဖက်များသည် ဆီးရီးယားနိုင်ငံ၏ အနောက်မြောက်ဘက်တွင် ကြီးမားသောတိုက်ခိုက်မှုကို စတင်လုပ်ဆောင်ခဲ့ပြီးနောက် အခြေ အနေများမှာ ပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်သည်။ စစ်သွေးကြွအဖွဲ့များသည် ဆီးရီးယားအစိုးရတပ်ဖွဲ့များကို တိုက်ထုတ်ကာ Aleppo မြို့နှင့် Idlib မြို့တို့ရှိ နယ်မြေများကို သိမ်းပိုက်ခဲ့ပြီး ဒီဇင်ဘာလ(၅)ရက် အစောပိုင်းတွင် အဓိကမြို့တစ်မြို့ဖြစ်သော ဟာမာမြို့ပတ်ပတ်လည်တွင်လည်း အောင်မြင်မှုများရယူနိုင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် Hayat Tahrir-al-Sham (HTS) အဖွဲ့ကို ဆီးရီးယား၊ ရုရှား၊ အီရန်၊ အမေရိကန် နှင့် အခြားနိုင်ငံများက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားကြောင်းလည်းသိရသည်။
Zawgyi Version;
စစ္ေသြးႂကြအဖြဲ႕ေတြနဲ႔ရင္ဆိုင္ေနရတဲ့ ဆီးရီးယားအစိုးရကို လက္ဘႏြန္အေျခစိုက္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ က အကူအညီေတြေပးသြားမယ္
Pika (NP News) - ဒီဇင္ဘာ ၇
ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕သည္ ဂ်ီဟတ္စစ္ေသြးႂကြအဖြဲ႕ကို တိုက္ခိုက္ရာတြင္ ဆီးရီးယားအစိုးရကို ကူညီေပး သြားမည္ျဖစ္ၿပီး တိုက္ပြဲမ်ားအတြင္း ဆီးရီးယားႏိုင္ငံကို ေထာက္ပံ့ေပးမႈမ်ားလုပ္ေဆာင္ရန္ အာရပ္ႏိုင္ငံမ်ားကို ေတာင္းဆိုထားေၾကာင္း လက္ဘႏြန္အေျခစိုက္ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕၏ ယာယီေခါင္းေဆာင္ နာရင္းကာဆန္က ဒီဇင္ဘာလ(၅)ရက္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
နာရင္းကာဆန္က "ဆီးရီးယားႏိုင္ငံတြင္းမွာ ရန္လိုမႈေတြျဖစ္ပြားေအာင္ အေမရိကန္နဲ႔ အစၥေရးတို႔က လုပ္ေနတာ ပါ။ ဆီးရီးယားႏိုင္ငံမွာ ျပႆနာေတြစတင္ျဖစ္ပြားခဲ့တဲ့ (၂၀၁၁)ခုႏွစ္ကတည္းက အစၥလာမ္မစ္စစ္ေသြးႂကြအဖြဲ႕ ေတြဟာ သူတို႔ရဲ႕အသုံးခ်ခံ ပစၥည္းကိရိယာေတြျဖစ္ခဲ့တာပါ" ဟု ေျပာခဲ့သည္။
အစိုးရဆန႔္က်င္ေရးအဖြဲ႕မ်ားသည္ သမၼတ Bashar Assad ကို ျဖဳတ္ခ်ရန္ႀကိဳးပမ္းခဲ့မႈႏွင့္အတူ(၂၀၁၁)ခုႏွစ္တြင္ ဆီးရီးယားႏိုင္ငံသည္ ရွည္လ်ားေသာစစ္ပြဲအတြင္း က်ေရာက္သြားခဲ့ျခင္းျဖစ္သည္။ အဆိုပါအခ်ိန္တြင္ ဂ်ီဟတ္ စစ္ေသြးႂကြအဖြဲ႕သည္ ဆီးရီးယားအစိုးရကို ဆန႔္က်င္တိုက္ခိုက္မႈမ်ားလုပ္ေဆာင္ေနသည့္အဖြဲ႕မ်ားၾကားတြင္ ထင္ရွားေသာအဖြဲ႕တစ္ဖြဲ႕အျဖစ္ ထြက္ေပၚလာခဲ့ျခင္းျဖစ္သည္။
သို႔ေသာ္လည္း (၂၀၁၅)ခုႏွစ္တြင္ ႐ုရွားသည္ ဆီးရီးယားႏိုင္ငံတြင္းျဖစ္ပြားေနေသာျပႆနာမ်ားကို ဝင္ေရာက္ စြက္ဖက္မႈလုပ္ေဆာင္ခဲ့ၿပီး ဆီးရီးယားအစိုးရကို ေလေၾကာင္းအကူအညီမ်ား ေပးအပ္ခဲ့သည္။ ထို႔ေနာက္ ဆီးရီးယားတပ္ဖြဲ႕မ်ားသည္ ႏိုင္ငံ၏အစိတ္အပိုင္း အမ်ားစုကို ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ေသာ္လည္း တူရကီနယ္စပ္ အနီးရွိ Idlib ျပည္နယ္ အပါအဝင္ အခ်ိဳ႕ေနရာမ်ားကို ျပန္လည္ထိန္းခ်ဳပ္ႏိုင္ျခင္းမ်ိဳးမရွိေသးေၾကာင္းလည္း သိရသည္။
ၿပီးခဲ့သည့္သီတင္းပတ္တြင္ Hayat Tahrir-al-Sham (HTS) အၾကမ္းဖက္အဖြဲ႕ ႏွင့္ ၎တို႔၏ မိတ္ဖက္မ်ားသည္ ဆီးရီးယားႏိုင္ငံ၏ အေနာက္ေျမာက္ဘက္တြင္ ႀကီးမားေသာတိုက္ခိုက္မႈကို စတင္လုပ္ေဆာင္ခဲ့ၿပီးေနာက္ အေျခ အေနမ်ားမွာ ပိုမိုဆိုး႐ြားလာခဲ့ျခင္းျဖစ္သည္။ စစ္ေသြးႂကြအဖြဲ႕မ်ားသည္ ဆီးရီးယားအစိုးရတပ္ဖြဲ႕မ်ားကို တိုက္ထုတ္ကာ Aleppo ၿမိဳ႕ႏွင့္ Idlib ၿမိဳ႕တို႔ရွိ နယ္ေျမမ်ားကို သိမ္းပိုက္ခဲ့ၿပီး ဒီဇင္ဘာလ(၅)ရက္ အေစာပိုင္းတြင္ အဓိကၿမိဳ႕တစ္ၿမိဳ႕ျဖစ္ေသာ ဟာမာၿမိဳ႕ပတ္ပတ္လည္တြင္လည္း ေအာင္ျမင္မႈမ်ားရယူႏိုင္ခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ Hayat Tahrir-al-Sham (HTS) အဖြဲ႕ကို ဆီးရီးယား၊ ႐ုရွား၊ အီရန္၊ အေမရိကန္ ႏွင့္ အျခားႏိုင္ငံမ်ားက အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ သတ္မွတ္ထားေၾကာင္းလည္းသိရသည္။