စင်ကာပူမှာ အွန်လိုင်းလိမ်လည်မှု(Scammers) လုပ်ပြီး ဘဏ်ကနေ ငွေကြေး အမြောက်အများ လွှဲပြောင်းခဲ့တဲ့ အမျိုးသားသုံးဦး ဖမ်းဆီးခံရ

887
ရောင်နီ (NP News) - ဒီဇင်ဘာ ၈
စင်ကာပူမှာ အွန်လိုင်းလိမ်လည်မှု (Scammers) လုပ်ပြီး ဘဏ်ကနေ ငွေကြေးအမြောက်အမြား လွှဲခဲ့တယ်ဆိုတဲ့ သံသယနဲ့ ဒီဇင်ဘာ ၅ ရက်က အမျိုးသား ၃ ဦး ဖမ်းဆီးခဲ့ပြီး စုစုပေါင်း စင်ကာပူဒေါ်လာ ၂၅၁၇၀၀ ကျော်နဲ့ လက်ကိုင်ဖုန်း ၄ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
သံသယရှိသူ အမျိုးသား ၂ ဦးက လိမ်လည်ထားတဲ့ငွေတွေလို့ ယူဆရတဲ့ငွေအမြောက်အများကို သူတို့နဲ့ မသက်ဆိုင် တဲ့ ဘဏ်အကောင့်များစွာကနေ ထုတ်ယူခဲ့ပြီး အခြားဘဏ်အကောင့်ကို လွှဲပြောင်းဖို့ စီစဉ်ခဲ့တာကြောင့် သံသယရှိ ဖမ်းဆီးခဲ့ပြီး နောက်ဆုံး အမျိုးသား ၃ ယောက်ထိ ဖမ်းမိခဲ့ခြင်းဖြစ်ပါတယ်။ ၄င်းတို့အားလုံးကို ဘဏ်ကွန်ပျူတာ အကောင့် ခွင့်ပြုချက်မရှိပဲ အကောင့်တွေထဲ ဝင်ရောက်မှုအတွက် ဒီဇင်ဘာ ၇ ရက် ညက တရားရုံးမှတဆင့် တရားစွဲဆိုမှာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ ကတော့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Zawgyi Version;
စင္ကာပူမွာ အြန္လိုင္းလိမ္လည္မႈ(Scammers) လုပ္ၿပီး ဘဏ္ကေန ေငြေၾကး အေျမာက္အမ်ား လႊဲေျပာင္းခဲ့တဲ့ အမ်ိဳးသားသုံးဦး ဖမ္းဆီးခံရ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၈
စင္ကာပူမွာ အြန္လိုင္းလိမ္လည္မႈ (Scammers) လုပ္ၿပီး ဘဏ္ကေန ေငြေၾကးအေျမာက္အျမား လႊဲခဲ့တယ္ဆိုတဲ့ သံသယနဲ႔ ဒီဇင္ဘာ ၅ ရက္က အမ်ိဳးသား ၃ ဦး ဖမ္းဆီးခဲ့ၿပီး စုစုေပါင္း စင္ကာပူေဒၚလာ ၂၅၁၇၀၀ ေက်ာ္နဲ႔ လက္ကိုင္ဖုန္း ၄ လုံး သိမ္းဆည္းရမိခဲ့တယ္လို႔ သိရပါတယ္။
သံသယရွိသူ အမ်ိဳးသား ၂ ဦးက လိမ္လည္ထားတဲ့ေငြေတြလို႔ ယူဆရတဲ့ေငြအေျမာက္အမ်ားကို သူတို႔နဲ႔ မသက္ဆိုင္ တဲ့ ဘဏ္အေကာင့္မ်ားစြာကေန ထုတ္ယူခဲ့ၿပီး အျခားဘဏ္အေကာင့္ကို လႊဲေျပာင္းဖို႔ စီစဥ္ခဲ့တာေၾကာင့္ သံသယရွိ ဖမ္းဆီးခဲ့ၿပီး ေနာက္ဆုံး အမ်ိဳးသား ၃ ေယာက္ထိ ဖမ္းမိခဲ့ျခင္းျဖစ္ပါတယ္။ ၄င္းတို႔အားလုံးကို ဘဏ္ကြန္ပ်ဴတာ အေကာင့္ ခြင့္ျပဳခ်က္မရွိပဲ အေကာင့္ေတြထဲ ဝင္ေရာက္မႈအတြက္ ဒီဇင္ဘာ ၇ ရက္ ညက တရား႐ုံးမွတဆင့္ တရားစြဲဆိုမွာျဖစ္ပါတယ္။ ရဲတပ္ဖြဲ႕ ကေတာ့ စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။