ရှမ်းမြောက် က.ည.န ရပ်နားထားတာကြောင့် တောင်ကြီးမှာ ပြောင်းလဲလုပ်ဆောင်မည်

 3355

NP News - ဒီဇင်ဘာ ၈

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသကမြို့တွေမှာ နယ်မြေမလုံခြုံလို့ ရပ်နားထားရသည့် မော်တော်ယာဥ်မှတ်ပုံတင် လုပ်ငန်းကို တောင်ကြီးမြို့မှာ ဆောင်ရွက်ပေးမည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကညန ရုံးများဖြစ်သော တွဲဖက်ပြည်နယ်ရုံး (လားရှိုး)၊ ခရိုင်ရုံး (ကျောက်မဲ) နှင့် ခရိုင်ရုံး (မူဆယ်) များမှ မော်တော်ယာဥ်မှတ်ပုံတင်လုပ်ငန်းများနှင့် ယာဥ်မောင်းလိုင်စင်လုပ်ငန်းများကို လက်ရှိ ဒီဇင်ဘာလ မှစတင်ကာ ရှမ်းပြည်နယ်ရုံး (တောင်ကြီး) မှာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အဲဒီရုံးတွေမှာ မှတ်ပုံတင်ထားတဲ့ယာဥ်တွေ ခရီးလွန်စစ်ဆေးတာကိုလည်း ရန်ကုန်တိုင်းထဲက ကညနရုံးတွေ၊ မန္တလေးတိုင်းထဲက ခရိုင်ရုံး (မန္တလေးတောင်ပိုင်း) ၊ (မန္တလေးမြောက်ပိုင်း) က ရုံးတွေကလွဲရင် ကျန် ကညနရုံး တွေမှာ လက်ခံဆောင်ရွက်ပေးသွားမှာပါ” ဟု နေပြည်တော် ကုန်လမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မော်တော်ယာဉ် အန္တရာယ်ကင်းဝေးစေရေးအတွက် အများပြည်သူသယ်ယူပို့ဆောင်ရေး ခရီးသည်တင်ယာဥ်များ အား ယာဥ် မှန်/မမှန် စစ်ဆေးခြင်း၊ ပြောင်းလဲထားသည့်ယာဥ်များအား စစ်ဆေးခြင်း၊ နယ်ဝင်ယာဥ်တွေကို စစ်ဆေးခြင်း အကျုံးဝင်တဲ့ယာဥ်တွေ၊ Taxi နှင့် School Bus တွေ၊ ၂ တန်နဲ့အထက်အငှားယာဥ်တွေ၊ သက်တမ်းတိုးရန် ခရီးလွန်စစ်ဆေးတာခြင်းများကို ဆောင်ရွက်ပေးနေပြီး ယာဥ်စစ်ဆေးပြီး တခြားယာဥ်များ နှင့် မော်တော်ဆိုင်ကယ်များကိုမူ ယာဥ်စစ်ဆေးခြင်း မပြုလုပ်ဘဲ နှစ်လဲသက်တမ်းတိုးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။

Zawgyi Version;
ရွမ္းေျမာက္ က.ည.န ရပ္နားထားတာေၾကာင့္ ေတာင္ႀကီးမွာ ေျပာင္းလဲလုပ္ေဆာင္မည္
NP News - ဒီဇင္ဘာ ၈

ရွမ္းျပည္နယ္ ေျမာက္ပိုင္းေဒသကၿမိဳ႕ေတြမွာ နယ္ေျမမလုံၿခဳံလို႔ ရပ္နားထားရသည့္ ေမာ္ေတာ္ယာဥ္မွတ္ပုံတင္ လုပ္ငန္းကို ေတာင္ႀကီးၿမိဳ႕မွာ ေဆာင္႐ြက္ေပးမည္ဟု ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနက သိရသည္။
ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ကညန ႐ုံးမ်ားျဖစ္ေသာ တြဲဖက္ျပည္နယ္႐ုံး (လားရႈိး)၊ ခ႐ိုင္႐ုံး (ေက်ာက္မဲ) ႏွင့္ ခ႐ိုင္႐ုံး (မူဆယ္) မ်ားမွ ေမာ္ေတာ္ယာဥ္မွတ္ပုံတင္လုပ္ငန္းမ်ားႏွင့္ ယာဥ္ေမာင္းလိုင္စင္လုပ္ငန္းမ်ားကို လက္ရွိ ဒီဇင္ဘာလ မွစတင္ကာ ရွမ္းျပည္နယ္႐ုံး (ေတာင္ႀကီး) မွာ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“အဲဒီ႐ုံးေတြမွာ မွတ္ပုံတင္ထားတဲ့ယာဥ္ေတြ ခရီးလြန္စစ္ေဆးတာကိုလည္း ရန္ကုန္တိုင္းထဲက ကညန႐ုံးေတြ၊ မႏၲေလးတိုင္းထဲက ခ႐ိုင္႐ုံး (မႏၲေလးေတာင္ပိုင္း) ၊ (မႏၲေလးေျမာက္ပိုင္း) က ႐ုံးေတြကလြဲရင္ က်န္ ကညန႐ုံး ေတြမွာ လက္ခံေဆာင္႐ြက္ေပးသြားမွာပါ” ဟု ေနျပည္ေတာ္ ကုန္လမ္းပို႔ေဆာင္ေရးၫြန္ၾကားမႈဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ေမာ္ေတာ္ယာဥ္ အႏၲရာယ္ကင္းေဝးေစေရးအတြက္ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရး ခရီးသည္တင္ယာဥ္မ်ား အား ယာဥ္ မွန္/မမွန္ စစ္ေဆးျခင္း၊ ေျပာင္းလဲထားသည့္ယာဥ္မ်ားအား စစ္ေဆးျခင္း၊ နယ္ဝင္ယာဥ္ေတြကို စစ္ေဆးျခင္း အက်ဳံးဝင္တဲ့ယာဥ္ေတြ၊ Taxi ႏွင့္ School Bus ေတြ၊ ၂ တန္နဲ႔အထက္အငွားယာဥ္ေတြ၊ သက္တမ္းတိုးရန္ ခရီးလြန္စစ္ေဆးတာျခင္းမ်ားကို ေဆာင္႐ြက္ေပးေနၿပီး ယာဥ္စစ္ေဆးၿပီး တျခားယာဥ္မ်ား ႏွင့္ ေမာ္ေတာ္ဆိုင္ကယ္မ်ားကိုမူ ယာဥ္စစ္ေဆးျခင္း မျပဳလုပ္ဘဲ ႏွစ္လဲသက္တမ္းတိုးလုပ္ငန္းေတြကို ေဆာင္႐ြက္ေပးေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.