အမေရိကန်ကျောထောက်နောက်ခံပေးမှုနှင့်အတူ ဖိလစ်ပိုင်က တောင်တရုတ်ပင်လယ်အတွင်း ပြဿနာများကို ဖန်တီးနေကြောင်း တရုတ် စွပ်စွဲပြောဆို

647

Pika (NP News) - ဒီဇင်ဘာ ၁၃
ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်၏ ကျောထောက်နောက်ခံပေးမှုနှင့်အတူ တောင်တရုတ်ပင်လယ်တွင် ပြဿနာများဖြစ်ပွားအောင်လုပ်ဆောင်နေကြောင်း တရုတ်အစိုးရက ဒီဇင်ဘာလ(၁၃)ရက်တွင် စွပ်စွဲပြောဆိုခဲ့သည်။
တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားရေပိုင်နက်တွင် ထိပ်တိုက်တွေ့ဆုံမှုအသစ်များနှင့်ပတ်သက်ပြီး ဖိလစ်ပိုင် နှင့် တရုတ်တို့က အပြန်အလှန်စွပ်စွဲပြောဆိုမှုများ လုပ်ဆောင်ခဲ့ပြီးနောက် သီတင်းပတ်(၁)ပတ်အကြာတွင် တရုတ်ဘက်က ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝူကျီအန်းက "ဖိလစ်ပိုင်က အမေရိကန်ရဲ့ကူညီပံ့ပိုးပေးမှုတွေနဲ့အတူ တောင်တရုတ်ပင်လယ်အတွင်းက နေရာအများအပြားမှာ ပြဿနာတွေဖြစ်အောင် လုပ်ဆောင်နေပါတယ်။ ဖိလစ်ပိုင်ဟာ ၎င်းရဲ့နယ်မြေအကျယ်အဝန်းကို နိုင်ငံတကာသဘောတူစာချုပ်တွေနဲ့ သတ်မှတ်ဆုံးဖြတ်နေပေမယ့် အဲဒီအထဲမှာ တရုတ်ရဲ့စပရက်တလီကျွန်းစုနဲ့ Scarborough Shoal ကျွန်းတို့ မပါဘူးဆိုတာ ကောင်းကောင်းနားလည်မှာပါ" ဟု ပြောခဲ့သည်။
ယခုနှစ်အတွင်း ဖိလစ်ပိုင် နှင့် တရုတ်တို့သည် တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားရေပိုင်နက်များတွင် ထိပ်တိုက်တွေ့ဆုံမှုများ မကြာခဏဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းပိုင်ဆိုင်ကြောင်း တရုတ်ဘက်က အခိုင်အမာပြောဆိုထားသလို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား နှင့် ဘရူနိုင်းနိုင်ငံတို့ကလည်း တောင်တရုတ်ပင်လယ်အတွင်း တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထားကြသည်။
တရုတ်နိုင်ငံဘက်က နောက်ဆုံးထွက်ပေါ်လာသော စွပ်စွဲပြောဆိုချက်များနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန်တောင်းဆိုမှုများကို ဖိလစ်ပိုင်အမျိုးသားရေကြောင်းကောင်စီ နှင့် အမျိုးသားလုံခြုံရေးကောင်စီတို့က ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုး မရှိသေးကြောင်း သိရသည်။ ထို့ပြင် အမေရိကန်ရေတပ်၏ အမှတ်(၇)ရေတပ်ကလည်း တရုတ်ဖက်ကပြောဆိုချက်များအတွက် မှတ်ချက်ပေးရန်တောင်းဆိုမှုများကို ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုး မရှိသေးကြောင်း သိရသည်။

Zawgyi Version;
အေမရိကန္ေက်ာေထာက္ေနာက္ခံေပးမႈႏွင့္အတူ ဖိလစ္ပိုင္က ေတာင္တ႐ုတ္ပင္လယ္အတြင္း ျပႆနာမ်ားကို ဖန္တီးေနေၾကာင္း တ႐ုတ္ စြပ္စြဲေျပာဆို
Pika (NP News) - ဒီဇင္ဘာ ၁၃
ဖိလစ္ပိုင္ႏိုင္ငံသည္ အေမရိကန္၏ ေက်ာေထာက္ေနာက္ခံေပးမႈႏွင့္အတူ ေတာင္တ႐ုတ္ပင္လယ္တြင္ ျပႆနာမ်ားျဖစ္ပြားေအာင္လုပ္ေဆာင္ေနေၾကာင္း တ႐ုတ္အစိုးရက ဒီဇင္ဘာလ(၁၃)ရက္တြင္ စြပ္စြဲေျပာဆိုခဲ့သည္။
ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ အျငင္းပြားေရပိုင္နက္တြင္ ထိပ္တိုက္ေတြ႕ဆုံမႈအသစ္မ်ားႏွင့္ပတ္သက္ၿပီး ဖိလစ္ပိုင္ ႏွင့္ တ႐ုတ္တို႔က အျပန္အလွန္စြပ္စြဲေျပာဆိုမႈမ်ား လုပ္ေဆာင္ခဲ့ၿပီးေနာက္ သီတင္းပတ္(၁)ပတ္အၾကာတြင္ တ႐ုတ္ဘက္က ေျပာဆိုခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ ဝူက်ီအန္းက "ဖိလစ္ပိုင္က အေမရိကန္ရဲ႕ကူညီပံ့ပိုးေပးမႈေတြနဲ႔အတူ ေတာင္တ႐ုတ္ပင္လယ္အတြင္းက ေနရာအမ်ားအျပားမွာ ျပႆနာေတြျဖစ္ေအာင္ လုပ္ေဆာင္ေနပါတယ္။ ဖိလစ္ပိုင္ဟာ ၎ရဲ႕နယ္ေျမအက်ယ္အဝန္းကို ႏိုင္ငံတကာသေဘာတူစာခ်ဳပ္ေတြနဲ႔ သတ္မွတ္ဆုံးျဖတ္ေနေပမယ့္ အဲဒီအထဲမွာ တ႐ုတ္ရဲ႕စပရက္တလီကြၽန္းစုနဲ႔ Scarborough Shoal ကြၽန္းတို႔ မပါဘူးဆိုတာ ေကာင္းေကာင္းနားလည္မွာပါ" ဟု ေျပာခဲ့သည္။
ယခုႏွစ္အတြင္း ဖိလစ္ပိုင္ ႏွင့္ တ႐ုတ္တို႔သည္ ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ အျငင္းပြားေရပိုင္နက္မ်ားတြင္ ထိပ္တိုက္ေတြ႕ဆုံမႈမ်ား မၾကာခဏျဖစ္ပြားခဲ့ေၾကာင္းလည္း သိရသည္။ ေတာင္တ႐ုတ္ပင္လယ္တစ္ခုလုံးနီးပါးကို ၎ပိုင္ဆိုင္ေၾကာင္း တ႐ုတ္ဘက္က အခိုင္အမာေျပာဆိုထားသလို ဖိလစ္ပိုင္၊ ဗီယက္နမ္၊ အင္ဒိုနီးရွား၊ မေလးရွား ႏွင့္ ဘ႐ူႏိုင္းႏိုင္ငံတို႔ကလည္း ေတာင္တ႐ုတ္ပင္လယ္အတြင္း တစ္စိတ္တစ္ပိုင္းကို ၎တို႔ပိုင္ဆိုင္ေၾကာင္း အခိုင္အမာေျပာဆိုထားၾကသည္။
တ႐ုတ္ႏိုင္ငံဘက္က ေနာက္ဆုံးထြက္ေပၚလာေသာ စြပ္စြဲေျပာဆိုခ်က္မ်ားႏွင့္ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ေတာင္းဆိုမႈမ်ားကို ဖိလစ္ပိုင္အမ်ိဳးသားေရေၾကာင္းေကာင္စီ ႏွင့္ အမ်ိဳးသားလုံၿခဳံေရးေကာင္စီတို႔က ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားျခင္းမ်ိဳး မရွိေသးေၾကာင္း သိရသည္။ ထို႔ျပင္ အေမရိကန္ေရတပ္၏ အမွတ္(၇)ေရတပ္ကလည္း တ႐ုတ္ဖက္ကေျပာဆိုခ်က္မ်ားအတြက္ မွတ္ခ်က္ေပးရန္ေတာင္းဆိုမႈမ်ားကို ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားျခင္းမ်ိဳး မရွိေသးေၾကာင္း သိရသည္။