ယူကရိန်းနဲ့စစ်ဖြစ်နေပေမယ့် ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲမှာမဟုတ်ဟု ရုရှားသမ္မတ ပြော

810

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၇
ရုရှားနိုင်ငံအနေနဲ့ ယခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲမှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ရုရှားသမ္မတဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်အတွင်း အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။ ရုရှားသမ္မတပူတင်က ကာကွယ်ရေးအသုံးစရိတ်ကို နိုင်ငံဂျီဒီပီရဲ့ ၆ ဒသမ ၃ ရာခိုင်နှုန်းသာ သုံးစွဲနေဆဲဖြစ်ကြောင်း ပြောပါတယ်။ ရုရှားနိုင်ငံက လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ စစ်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကမ္ဘာတဝန်းကနိုင်ငံအချို့သုံးစွဲနေတဲ့ ကာကွယ်ရေးစရိတ်အတိုင်းသာသုံးစွဲနေခြင်းဖြစ်တယ်လို့ သမ္မတပူတင်ကပြောပါတယ်။ ရုရှားဟာ လက်ရှိအချိန်မှာ ယူကရိန်းနဲ့ စစ်ပွဲဖြစ်ပွားနေပေမယ့် ကာကွယ်ရေးအသုံးစရိတ်ကို ပုံမှန်အတိုင်းသုံးစွဲနေခြင်းမျိုးသာဖြစ်ကြောင်း သိရပါတယ်။
၎င်းက "ကျွန်တော်တို့ဟာ စစ်ပွဲဖြစ်နေတဲ့အတွက် ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲလို့ရတဲ့အကြောင်းပြချက်တွေရှိနေပါတယ်။ စစ်လက်နက်ပစ္စည်း၊ ကျည်ဆံတွေကို ထုတ်လုပ်နိုင်အောင် ကာကွယ်ရေးအသုံးစရိတ်တွေကို ထိရောက်စွာအသုံးပြုရမှာလည်းဖြစ်တယ်။ စစ်သားတွေကိုလည်းမှန်ကန်ထိရောက်စွာ လေ့ကျင့်သင်ကြားပေးမှုတွေ ပိုမိုလုပ်ဆောင်ရမယ်"လို့ ပြောပါတယ်။ ရုရှားဟာ ရုရှားနိုင်ငံအပြင် မဟာမိတ်နိုင်ငံတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး အစီအမံတွေကိုလုပ်ဆောင်နေရဆဲဖြစ်ကြောင်း၊ နိုင်ငံလူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့၊ စစ်လက်နက်ပစ္စည်းပြိုင်ဆိုင်မှုတွေကို လက်ရှိအချိန်မှာတွန်းအားပေးလုပ်ဆောင်မှာမဟုတ်သေးကြောင်း သမ္မတပူတင်က ပြောပါတယ်။
zawgyi version
ယူကရိန္းနဲ႔စစ္ျဖစ္ေနေပမယ့္ ကာကြယ္ေရးအသုံးစရိတ္ကို တိုးျမႇင့္သုံးစြဲမွာမဟုတ္ဟု ႐ုရွားသမၼတ ေျပာ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၇
႐ုရွားႏိုင္ငံအေနနဲ႔ ယခုႏွစ္အတြက္ ကာကြယ္ေရးအသုံးစရိတ္ကို တိုးျမႇင့္သုံးစြဲမွာမဟုတ္ဘူးလို႔ ႐ုရွားသမၼတပူတင္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
႐ုရွားသမၼတဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံခ်ိန္အတြင္း အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။ ႐ုရွားသမၼတပူတင္က ကာကြယ္ေရးအသုံးစရိတ္ကို ႏိုင္ငံဂ်ီဒီပီရဲ႕ ၆ ဒသမ ၃ ရာခိုင္ႏႈန္းသာ သုံးစြဲေနဆဲျဖစ္ေၾကာင္း ေျပာပါတယ္။ ႐ုရွားႏိုင္ငံက လက္ရွိအသုံးျပဳေနတဲ့ ကာကြယ္ေရးအသုံးစရိတ္ဟာ စစ္ပြဲျဖစ္ပြားျခင္းမရွိတဲ့ ကမာၻတဝန္းကႏိုင္ငံအခ်ိဳ႕သုံးစြဲေနတဲ့ ကာကြယ္ေရးစရိတ္အတိုင္းသာသုံးစြဲေနျခင္းျဖစ္တယ္လို႔ သမၼတပူတင္ကေျပာပါတယ္။ ႐ုရွားဟာ လက္ရွိအခ်ိန္မွာ ယူကရိန္းနဲ႔ စစ္ပြဲျဖစ္ပြားေနေပမယ့္ ကာကြယ္ေရးအသုံးစရိတ္ကို ပုံမွန္အတိုင္းသုံးစြဲေနျခင္းမ်ိဳးသာျဖစ္ေၾကာင္း သိရပါတယ္။
၎က "ကြၽန္ေတာ္တို႔ဟာ စစ္ပြဲျဖစ္ေနတဲ့အတြက္ ကာကြယ္ေရးအသုံးစရိတ္ကို တိုးျမႇင့္သုံးစြဲလို႔ရတဲ့အေၾကာင္းျပခ်က္ေတြရွိေနပါတယ္။ စစ္လက္နက္ပစၥည္း၊ က်ည္ဆံေတြကို ထုတ္လုပ္ႏိုင္ေအာင္ ကာကြယ္ေရးအသုံးစရိတ္ေတြကို ထိေရာက္စြာအသုံးျပဳရမွာလည္းျဖစ္တယ္။ စစ္သားေတြကိုလည္းမွန္ကန္ထိေရာက္စြာ ေလ့က်င့္သင္ၾကားေပးမႈေတြ ပိုမိုလုပ္ေဆာင္ရမယ္"လို႔ ေျပာပါတယ္။ ႐ုရွားဟာ ႐ုရွားႏိုင္ငံအျပင္ မဟာမိတ္ႏိုင္ငံေတြရဲ႕ လုံၿခဳံေရးနဲ႔ပတ္သက္ၿပီး အစီအမံေတြကိုလုပ္ေဆာင္ေနရဆဲျဖစ္ေၾကာင္း၊ ႏိုင္ငံလူမႈစီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ဖို႔၊ စစ္လက္နက္ပစၥည္းၿပိဳင္ဆိုင္မႈေတြကို လက္ရွိအခ်ိန္မွာတြန္းအားေပးလုပ္ေဆာင္မွာမဟုတ္ေသးေၾကာင္း သမၼတပူတင္က ေျပာပါတယ္။