ယခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို လာမည့်ဖေဖော်ဝါရီ(၉)ရက်တွင် ကျင်းပမည်

703

ယွန်း (NP News) - ဒီဇင်ဘာ ၂၈
ယခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို လာမည့် ဖေဖော်ဝါရီ(၉)ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဒီဇင်ဘာ(၂၇)ရက်တွင် ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည့်အစည်းအဝေးတွင် အထက်ပါကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။
(၂၀၂၄) ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကို (၂၀၂၅) ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပမည်ဖြစ်သည့်အတွက် အချိန်အနည်းငယ်သာကျန်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောထားသည်။
ထို့ပြင် အခမ်းအနားကို ယခင်နှစ်ထက် ပိုမိုကောင်းမွန်အောင် စီမံဆောင်ရွက်ရန်နှင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရွေးချယ်ရေးအကဲဖြတ်အဖွဲ့အနေဖြင့် ဆုများရွေးချယ်ရာတွင် စနစ်တကျရွေးချယ်၍ ရသင့်ရထိုက်သူများရရှိစေရေး ဆောင်ရွက်ရန် ထည့်သွင်းပြောကြားထားသည်။
အလားတူ ရွှေကြိုရွေးချယ်ရေးနှင့်ပတ်သက်၍ အချက်အလက်များကို ဘက်ပေါင်းစုံမှကြည့်ပြီး ရွေးချယ်ကြရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းထားသည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရွေးချယ်ရေးအကဲဖြတ်အဖွဲ့အနေဖြင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရွေးချယ်ရာတွင် ပြည်သူများ၏ သဘောထားအမြင်ကိုလည်း လေ့လာသုံးသပ်၍ သတ်မှတ်စည်းမျဥ်းစည်းကမ်းများနှင့်အညီ ရွေးချယ်ဆောင်ရွက်ရေးကိုလည်း အသိပေးပြောထားသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ခန်းမတွင် ကျင်းပခဲ့ပြီး အကယ်ဒမီပေးပွဲကိုတက်ရောက်ခဲ့ကြသည့် အကယ်ဒမီဆုရ အနုပညာရှင်၊ အတတ်ပညာရှင်များကို ရွှေစင်ရုပ်တုရင်ထိုးတံဆိပ်များ ပေးအပ်ခဲ့သည်။

Zawgyi Version;
ယခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲကို လာမည့္ေဖေဖာ္ဝါရီ(၉)ရက္တြင္ က်င္းပမည္
ယြန္း (NP News) - ဒီဇင္ဘာ ၂၈
ယခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲကို လာမည့္ ေဖေဖာ္ဝါရီ(၉)ရက္တြင္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။
ျပန္ၾကားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ဒီဇင္ဘာ(၂၇)ရက္တြင္ ဗဟန္းၿမိဳ႕နယ္ရွိ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန ႐ုပ္ရွင္ျမႇင့္တင္ေရးဌာနခြဲ အစည္းအေဝးခန္းမ၌ က်င္းပသည့္အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ေျပာခဲ့ျခင္းျဖစ္သည္။
(၂၀၂၄) ခုႏွစ္ အတြက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ ဆုခ်ီးျမႇင့္ပြဲအခမ္းအနားကို (၂၀၂၅) ခုႏွစ္၊ ေဖေဖာ္ဝါရီ ၉ ရက္တြင္ က်င္းပမည္ျဖစ္သည့္အတြက္ အခ်ိန္အနည္းငယ္သာက်န္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာထားသည္။
ထို႔ျပင္ အခမ္းအနားကို ယခင္ႏွစ္ထက္ ပိုမိုေကာင္းမြန္ေအာင္ စီမံေဆာင္႐ြက္ရန္ႏွင့္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေ႐ြးခ်ယ္ေရးအကဲျဖတ္အဖြဲ႕အေနျဖင့္ ဆုမ်ားေ႐ြးခ်ယ္ရာတြင္ စနစ္တက်ေ႐ြးခ်ယ္၍ ရသင့္ရထိုက္သူမ်ားရရွိေစေရး ေဆာင္႐ြက္ရန္ ထည့္သြင္းေျပာၾကားထားသည္။
အလားတူ ေ႐ႊႀကိဳေ႐ြးခ်ယ္ေရးႏွင့္ပတ္သက္၍ အခ်က္အလက္မ်ားကို ဘက္ေပါင္းစုံမွၾကည့္ၿပီး ေ႐ြးခ်ယ္ၾကရန္ ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းထားသည္။
ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေ႐ြးခ်ယ္ေရးအကဲျဖတ္အဖြဲ႕အေနျဖင့္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေ႐ြးခ်ယ္ရာတြင္ ျပည္သူမ်ား၏ သေဘာထားအျမင္ကိုလည္း ေလ့လာသုံးသပ္၍ သတ္မွတ္စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ေ႐ြးခ်ယ္ေဆာင္႐ြက္ေရးကိုလည္း အသိေပးေျပာထားသည္။
ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲအခမ္းအနားကို ၂၀၂၄ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၃)ရက္တြင္ ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာကြန္ဗင္းရွင္းဗဟိုဌာန-၁ (MICC-1) ခန္းမတြင္ က်င္းပခဲ့ၿပီး အကယ္ဒမီေပးပြဲကိုတက္ေရာက္ခဲ့ၾကသည့္ အကယ္ဒမီဆုရ အႏုပညာရွင္၊ အတတ္ပညာရွင္မ်ားကို ေ႐ႊစင္႐ုပ္တုရင္ထိုးတံဆိပ္မ်ား ေပးအပ္ခဲ့သည္။