ရာထူးကဆိုင်းငံ့ခံထားရတဲ့ တောင်ကိုရီးယားသမ္မတကို ဖမ်းဝရမ်းထုတ်ဖို့ တောင်ကိုရီးယားတရားရုံးဆုံးဖြတ်

569

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၃၁
တောင်ကိုရီးယားတရားရုံးဟာ ရာထူးကဆိုင်းငံ့ခံရတဲ့ သမ္မတယွန်ဆက်ယိုလ်ကို ဖမ်းဝရမ်းထုတ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။ တောင်ကိုရီးယားစုံစမ်းစစ်ဆေးရေးအရာရှိတွေဟာစစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်မှုနဲ့ပတ်သက်ပြီး ယွန်ဆက်ယိုလ်ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ တောင်ကိုရီးယား တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။
တောင်ကိုရီးယား ပူးတွဲစုံစမ်းစစ်ဆေးရေးရုံးချုပ်က "သမ္မတယွန်ဆက်ယိုလ်ကို ရှာဖွေခွင့်နဲ့ ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခဲ့တယ်။ ဒီဇင်ဘာ ၃၁ ရက်မှာတော့ တရားရုံးက ယွန်ဆက်ယိုလ်ကို ရှာဖွေခွင့်နဲ့ ဖမ်းဝရမ်းထုတ်ပေးခဲ့တယ်"လို့ သတင်းထုတ်ပြန်ထားပါတယ်။ တောင်ကိုရီးယား သမ္မတ ယွန်ဆက်ယိုလ်ဟာ ဒီဇင်ဘာ ၃ ရက်မှာ နိုင်ငံအတွင်း စစ်အုပ်ချုပ်ရေးဥပဒေကို ထုတ်ပြန်ခဲ့ရာ အတိုက်ခံပါတီတွေရဲ့လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်အတွင်းစွပ်စွဲပြစ်တင်ခဲ့ရာ ဒီဇင်ဘာ ၁၄ ရက်မှာ ယွန်ဆက်ယိုလ်ကို ရာထူးက ဆိုင်းငံ့ခဲ့ပါတယ်။
ယွန်ဆက်ယိုလ်ရာထူးက ဆိုင်းငံ့ခံရပြီးနောက် ဝန်ကြီးချုပ်ဖြစ်သူ ဟန်ဒက်ဆိုက ယာယီသမ္မတအဖြစ်တာဝန်ယူခဲ့ပေမယ့် ဒီဇင်ဘာ ၂၈ ရက်မှာထပ်မံပြီး လွှတ်တော်အတွင်းစွပ်စွဲပြစ်တင်ခံရ ကာ ရာထူးကနေ ဆိုင်းငံ့ခံခဲ့ရပါတယ်။ လွှတ်တော်ကစွပ်စွဲပြစ်တင်ခံရကာ ရာထူးကဆိုင်းငံ့ခံရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ် နဲ့ ဟန်ဒက်ဆိုတို့ နှစ်ဦးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ဆုံးဖြတ်ချက်ကို ခံယူရမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဟာ ယွန်ဆက်ယိုလ် နဲ့ ဟန်ဒက်ဆိုတို့ နှစ်ဦးကို ရာထူးမှာ ဆက်လက်ခန့်ထားဖို့သင့်မသင့်ဆိုတာကို ရက်ပေါင်း (၁၈၀)အတွင်း အပြီးသတ်ဆုံးဖြတ်မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီးဟာ ယာယီသမ္မတအဖြစ်တာဝန်ယူနေပြီး အတိုက်ခံပါတီတွေရဲ့တောင်းဆိုချက်ကိုမလိုက်လျောရင် လွှတ်တော်အတွင်းစွပ်စွဲပြစ်တင်မှုတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်ဟာ စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်မှုကြောင့် ရာထူးကဆိုင်းငံ့ခံရတဲ့အပြင် ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်တဲ့ စုံစမ်းရေးအဖွဲ့ရဲ့စုံစမ်းစစ်ဆေးခြင်းကိုခံရမှာဖြစ်ပါတယ်။
zawgyi version
ရာထူးကဆိုင္းငံ့ခံထားရတဲ့ ေတာင္ကိုရီးယားသမၼတကို ဖမ္းဝရမ္းထုတ္ဖို႔ ေတာင္ကိုရီးယားတရား႐ုံးဆုံးျဖတ္
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၃၁
ေတာင္ကိုရီးယားတရား႐ုံးဟာ ရာထူးကဆိုင္းငံ့ခံရတဲ့ သမၼတယြန္ဆက္ယိုလ္ကို ဖမ္းဝရမ္းထုတ္ဖို႔ ဆုံးျဖတ္လိုက္ေၾကာင္း သိရပါတယ္။ ေတာင္ကိုရီးယားစုံစမ္းစစ္ေဆးေရးအရာရွိေတြဟာစစ္အုပ္ခ်ဳပ္ေရးဥပေဒ ထုတ္ျပန္မႈနဲ႔ပတ္သက္ၿပီး ယြန္ဆက္ယိုလ္ကို ဖမ္းဝရမ္းထုတ္ဖို႔ ေတာင္းဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ ေတာင္ကိုရီးယား တရား႐ုံးက ဖမ္းဝရမ္းထုတ္ခဲ့တာျဖစ္ပါတယ္။
ေတာင္ကိုရီးယား ပူးတြဲစုံစမ္းစစ္ေဆးေရး႐ုံးခ်ဳပ္က "သမၼတယြန္ဆက္ယိုလ္ကို ရွာေဖြခြင့္နဲ႔ ဖမ္းဝရမ္းထုတ္ဖို႔ ေတာင္းဆိုခဲ့တယ္။ ဒီဇင္ဘာ ၃၁ ရက္မွာေတာ့ တရား႐ုံးက ယြန္ဆက္ယိုလ္ကို ရွာေဖြခြင့္နဲ႔ ဖမ္းဝရမ္းထုတ္ေပးခဲ့တယ္"လို႔ သတင္းထုတ္ျပန္ထားပါတယ္။ ေတာင္ကိုရီးယား သမၼတ ယြန္ဆက္ယိုလ္ဟာ ဒီဇင္ဘာ ၃ ရက္မွာ ႏိုင္ငံအတြင္း စစ္အုပ္ခ်ဳပ္ေရးဥပေဒကို ထုတ္ျပန္ခဲ့ရာ အတိုက္ခံပါတီေတြရဲ႕လႊတ္ေတာ္ကိုယ္စားလွယ္ေတြက လႊတ္ေတာ္အတြင္းစြပ္စြဲျပစ္တင္ခဲ့ရာ ဒီဇင္ဘာ ၁၄ ရက္မွာ ယြန္ဆက္ယိုလ္ကို ရာထူးက ဆိုင္းငံ့ခဲ့ပါတယ္။
ယြန္ဆက္ယိုလ္ရာထူးက ဆိုင္းငံ့ခံရၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ျဖစ္သူ ဟန္ဒက္ဆိုက ယာယီသမၼတအျဖစ္တာဝန္ယူခဲ့ေပမယ့္ ဒီဇင္ဘာ ၂၈ ရက္မွာထပ္မံၿပီး လႊတ္ေတာ္အတြင္းစြပ္စြဲျပစ္တင္ခံရ ကာ ရာထူးကေန ဆိုင္းငံ့ခံခဲ့ရပါတယ္။ လႊတ္ေတာ္ကစြပ္စြဲျပစ္တင္ခံရကာ ရာထူးကဆိုင္းငံ့ခံရတဲ့ ေတာင္ကိုရီးယားသမၼတ ယြန္ဆက္ယိုလ္ နဲ႔ ဟန္ဒက္ဆိုတို႔ ႏွစ္ဦးဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးရဲ႕ဆုံးျဖတ္ခ်က္ကို ခံယူရမွာျဖစ္ပါတယ္။ ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးဟာ ယြန္ဆက္ယိုလ္ နဲ႔ ဟန္ဒက္ဆိုတို႔ ႏွစ္ဦးကို ရာထူးမွာ ဆက္လက္ခန႔္ထားဖို႔သင့္မသင့္ဆိုတာကို ရက္ေပါင္း (၁၈၀)အတြင္း အၿပီးသတ္ဆုံးျဖတ္မွာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ေတာင္ကိုရီးယား ဘ႑ာေရးဝန္ႀကီးဟာ ယာယီသမၼတအျဖစ္တာဝန္ယူေနၿပီး အတိုက္ခံပါတီေတြရဲ႕ေတာင္းဆိုခ်က္ကိုမလိုက္ေလ်ာရင္ လႊတ္ေတာ္အတြင္းစြပ္စြဲျပစ္တင္မႈေတြကို ရင္ဆိုင္ရမွာျဖစ္ပါတယ္။ေတာင္ကိုရီးယားသမၼတယြန္ဆက္ယိုလ္ဟာ စစ္အုပ္ခ်ဳပ္ေရးဥပေဒထုတ္ျပန္မႈေၾကာင့္ ရာထူးကဆိုင္းငံ့ခံရတဲ့အျပင္ ရဲတပ္ဖြဲ႕ဝင္ေတြ ပူးေပါင္းပါဝင္တဲ့ စုံစမ္းေရးအဖြဲ႕ရဲ႕စုံစမ္းစစ္ေဆးျခင္းကိုခံရမွာျဖစ္ပါတယ္။