လမ်းဘေးတွင် မီးဖွားခဲ့သော အမျိုးသမီးတစ်ဦးကို လူမှုကူညီရေးအသင်းမှ ဆေးရုံသို့ ပို့ဆောင်

1239

စော(NP News)- ဖေဖော်ဝါရီ ၁၇
ရန်ကုန်မြို့လမ်းဘေးတွင် မီးဖွားခဲ့သော အမျိုးသမီးတစ်ဦးကို လူမှုကူညီရေးအသင်းမှ ဗဟိုအမျိုးသမီးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မစီဒီးခါန်းလူငယ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယနေ့ (ဖေဖော်ဝါရီ ၁၇ရက်)၊ နံနက် (၃)နာရီခွဲဝန်းကျင်အချိန်က ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ (၃၃)လမ်းတွင် အိမ်ခြေမဲ့ အမျိုးသမီးတစ်ဦးက ကလေးမွေးဖွားခဲ့ခြင်းဖြစ်ရာ သက်ဆိုင်ရာမှ ဖုန်းဆက်အကြောင်းကြားသည့်အတွက် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရဲတွေက လှမ်းအကြောင်းကြားတာ။ အဲဒီလိုမျိုး လူနာရှိတယ် တစ်ချက်လောက် ကူညီပေးပါဆိုတော့ သွားကူညီတာ။ သူကကလေးတော့ မွေးထားပြီးသွားပြီး သူက အခြေအနေမကောင်းဘူးဖြစ်နေတာပေါ့။ အဲဒါကြောင့် သယ်ပြီးသွားပို့ပေးလိုက်တာ။ လက်ရှိအခြေအနေကတော့ မသိဘူး။ ကျွန်တော်တို့က ပို့ခဲ့ပြီး ပြန်လာလိုက်တာ”ဟု မစီဒီးခါန်းလူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။
အဆိုပါအမျိုးသမီးသည် ဒေါ်အန်တီလင်းဆိုသူဖြစ်ကာ မွေးဖွားခဲ့သည့် ကလေးငယ်မှာ ယောက်ျားလေးဖြစ်ပြီး လက်ရှိတွင် ဗဟိုအမျိုးသမီးဆေးရုံတွင် ဆေးကုသမှုဆက်လက်ခံယူနေကြောင်း သိရသည်။
“ကျွန်တော်တို့ သိတာတော့ ပုံမှန်အနေအထားပဲ။ ကလေးမွေးပြီးတော့ အားအင်မရှိတဲ့အတွက် မလှုပ်နိုင်ဘူးဖြစ်နေတာပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။

Zawgyi Version:
ရန္ကုန္ၿမိဳ႕လမ္းေဘးတြင္ မီးဖြားခဲ့ေသာ အမ်ိဳးသမီးတစ္ဦးကို လူမႈကူညီေရးအသင္းမွ ေဆး႐ုံသို႔ ပို႔ေဆာင္ေပး
ေစာ(NP News)- ေဖေဖာ္ဝါရီ ၁၇
ရန္ကုန္ၿမိဳ႕လမ္းေဘးတြင္ မီးဖြားခဲ့ေသာ အမ်ိဳးသမီးတစ္ဦးကို လူမႈကူညီေရးအသင္းမွ ဗဟိုအမ်ိဳးသမီးေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း မစီဒီးခါန္းလူငယ္လူမႈကူညီေရးအသင္းထံမွ သိရသည္။
ယေန႔ (ေဖေဖာ္ဝါရီ ၁၇ရက္)၊ နံနက္ (၃)နာရီခြဲဝန္းက်င္အခ်ိန္က ရန္ကုန္ၿမိဳ႕၊ ေက်ာက္တံတားၿမိဳ႕နယ္၊ (၃၃)လမ္းတြင္ အိမ္ေျခမဲ့ အမ်ိဳးသမီးတစ္ဦးက ကေလးေမြးဖြားခဲ့ျခင္းျဖစ္ရာ သက္ဆိုင္ရာမွ ဖုန္းဆက္အေၾကာင္းၾကားသည့္အတြက္ ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ရဲေတြက လွမ္းအေၾကာင္းၾကားတာ။ အဲဒီလိုမ်ိဳး လူနာရွိတယ္ တစ္ခ်က္ေလာက္ ကူညီေပးပါဆိုေတာ့ သြားကူညီတာ။ သူကကေလးေတာ့ ေမြးထားၿပီးသြားၿပီး သူက အေျခအေနမေကာင္းဘူးျဖစ္ေနတာေပါ့။ အဲဒါေၾကာင့္ သယ္ၿပီးသြားပို႔ေပးလိုက္တာ။ လက္ရွိအေျခအေနကေတာ့ မသိဘူး။ ကြၽန္ေတာ္တို႔က ပို႔ခဲ့ၿပီး ျပန္လာလိုက္တာ”ဟု မစီဒီးခါန္းလူငယ္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP Newsကိုေျပာသည္။
အဆိုပါအမ်ိဳးသမီးသည္ ေဒၚအန္တီလင္းဆိုသူျဖစ္ကာ ေမြးဖြားခဲ့သည့္ ကေလးငယ္မွာ ေယာက္်ားေလးျဖစ္ၿပီး လက္ရွိတြင္ ဗဟိုအမ်ိဳးသမီးေဆး႐ုံတြင္ ေဆးကုသမႈဆက္လက္ခံယူေနေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ သိတာေတာ့ ပုံမွန္အေနအထားပဲ။ ကေလးေမြးၿပီးေတာ့ အားအင္မရွိတဲ့အတြက္ မလႈပ္ႏိုင္ဘူးျဖစ္ေနတာေပါ့”ဟု ၎ကဆက္လက္ေျပာသည္။