စစ်ကိုင်းတံတား(အင်းဝ)ကို ပြန်လည်ပြုပြင်မှုစတင်

 1062

ပြည့်ဖြိုး (NP News) မေ-၂
ငလျင်ကြောင့် ပြိုကျသွားသည့် စစ်ကိုင်းတံတားဟောင်း(အင်းဝ)ကို ပြန်လည်တပ်ဆင် တည်ဆောက်မှုများစတင်နေပြီဟု ‌ဒေသခံများထံမှသိရသည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် စစ်ကိုင်းမြို့အနီး မြေအောက် ၁၀ ကီလိုမီတာအနက်တွင် ဗဟိုပြုလှုပ်ခတ်သွားသော ငလျင် အတွင်း အင်းဝတံတားခေါ် စစ်ကိုင်းတံတားဟောင်း ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့သည်။
မေလ၁ရက်နေ့မှစတင်ကာ ပျက်စီးပြုတ်ကျသွားသည့် တံတား အပိုင်းများကိုပြန်လည်တပ်ဆင်ရန် သက်ဆိုင်ရာက ဝန်ချီကရိန်းများဖြင့် စတင် ပြင်ဆင်နေခြင်းဖြစ်သည်။
“ တံတားပြန်ပြင်မယ်လို့သတင်းထွက်နေတာကြာပြီ အခု မေလထဲမှာလုပ်ငန်းစလုပ်တာတွေရပါတယ်။ ပြင်ဆင်ချိန် တစ်လလောက်ကြာမယ်လို့သတင်းတွေလဲထွက်‌နေပါတယ်”ဟု စစ်ကိုင်းမြို့ခံ တစ်ဦးက T NP News သတင်းဌာနသို့ဖြေကြားသည်။
စစ်ကိုင်းတံတား(အင်းဝ)ကို ၁၉၂၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးဘုရင်ခံ ဆာ ဟာကုတ် ဘတ်တလာက အုတ်မြစ်ချခဲ့သည်။ တံတားမှာ သံပေါင်ပေါင်းကူးတံတားဖြစ်ပြီး ရက်မကြီးကိုးခု၊ ရက်မလတ်တစ်ခု၊ ရက်မငယ် ခြောက်ခုရှိသည်။ ရက်မကြီးတစ်ခုလျှင် အလျားပေ ၃၅၀ အရှည်ရှိပြီး ရက်မလတ် မှာ ပေ ၂၅၀ ရှည်သည်။ အပိုင်းဆက်ရက်မတိုမှာ ပေ ၆၀ စီရှည်ပြီး သံတန်ချိန်ပေါင်း ၁၁,၁၄၅ တန် အသုံးပြုခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးသွားသော အင်းဝတံတားကြီးကြောင့် ၇၂၄ မိုင်ရှည် ရန်ကုန်-မြစ်ကြီးနား မီးရထားလမ်းသည် မန္တလေးမှတစ်ဆင့် အကြားအလတ်မရှိ တောက်လျှောက်ဆက်သွယ်နိုင်ခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း ပျက်စီးမှုတစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြိး ၁၉၅၄ခုနှစ်တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။

Zawgyi Version:
စစ္ကိုင္းတံတား(အင္းဝ)ကို ျပန္လည္ျပဳျပင္မႈစတင္
ျပည့္ၿဖိဳး (NP News) ေမ-၂
ငလ်င္ေၾကာင့္ ၿပိဳက်သြားသည့္ စစ္ကိုင္းတံတားေဟာင္း(အင္းဝ)ကို ျပန္လည္တပ္ဆင္ တည္ေဆာက္မႈမ်ားစတင္ေနၿပီဟု ‌ေဒသခံမ်ားထံမွသိရသည္။
၂၀၂၅ ခုႏွစ္ မတ္လ ၂၈ ရက္ ျမန္မာစံေတာ္ခ်ိန္ မြန္းလြဲ ၁၂ နာရီ ၅၀ မိနစ္ဝန္းက်င္တြင္ စစ္ကိုင္းၿမိဳ႕အနီး ေျမေအာက္ ၁၀ ကီလိုမီတာအနက္တြင္ ဗဟိုျပဳလႈပ္ခတ္သြားေသာ ငလ်င္ အတြင္း အင္းဝတံတားေခၚ စစ္ကိုင္းတံတားေဟာင္း ၿပိဳက်ပ်က္စီးမႈ ျဖစ္ပြားခဲ့သည္။
ေမလ၁ရက္ေန႔မွစတင္ကာ ပ်က္စီးျပဳတ္က်သြားသည့္ တံတား အပိုင္းမ်ားကိုျပန္လည္တပ္ဆင္ရန္ သက္ဆိုင္ရာက ဝန္ခ်ီကရိန္းမ်ားျဖင့္ စတင္ ျပင္ဆင္ေနျခင္းျဖစ္သည္။
“ တံတားျပန္ျပင္မယ္လို႔သတင္းထြက္ေနတာၾကာၿပီ အခု ေမလထဲမွာလုပ္ငန္းစလုပ္တာေတြရပါတယ္။ ျပင္ဆင္ခ်ိန္ တစ္လေလာက္ၾကာမယ္လို႔သတင္းေတြလဲထြက္‌ေနပါတယ္”ဟု စစ္ကိုင္းၿမိဳ႕ခံ တစ္ဦးက T NP News သတင္းဌာနသို႔ေျဖၾကားသည္။
စစ္ကိုင္းတံတား(အင္းဝ)ကို ၁၉၂၇ ခုႏွစ္တြင္ ျမန္မာႏိုင္ငံ၏ ပထမဆုံးဘုရင္ခံ ဆာ ဟာကုတ္ ဘတ္တလာက အုတ္ျမစ္ခ်ခဲ့သည္။ တံတားမွာ သံေပါင္ေပါင္းကူးတံတားျဖစ္ၿပီး ရက္မႀကီးကိုးခု၊ ရက္မလတ္တစ္ခု၊ ရက္မငယ္ ေျခာက္ခုရွိသည္။ ရက္မႀကီးတစ္ခုလွ်င္ အလ်ားေပ ၃၅၀ အရွည္ရွိၿပီး ရက္မလတ္ မွာ ေပ ၂၅၀ ရွည္သည္။ အပိုင္းဆက္ရက္မတိုမွာ ေပ ၆၀ စီရွည္ၿပီး သံတန္ခ်ိန္ေပါင္း ၁၁,၁၄၅ တန္ အသုံးျပဳခဲ့သည္။ ၁၉၃၄ ခုႏွစ္တြင္ တည္ေဆာက္ၿပီးစီးသြားေသာ အင္းဝတံတားႀကီးေၾကာင့္ ၇၂၄ မိုင္ရွည္ ရန္ကုန္-ျမစ္ႀကီးနား မီးရထားလမ္းသည္ မႏၲေလးမွတစ္ဆင့္ အၾကားအလတ္မရွိ ေတာက္ေလွ်ာက္ဆက္သြယ္ႏိုင္ခဲ့သည္။
ဒုတိယကမာၻစစ္အတြင္း ပ်က္စီးမႈတစ္ႀကိမ္ျဖစ္ေပၚခဲ့ၿပိး ၁၉၅၄ခုႏွစ္တြင္ ျပန္လည္ျပင္ဆင္ခဲ့သည္။

Related news

© 2021. All rights reserved.