၆၁ ကြိမ်မြောက် တောင်ကိုရီးယား Baeksang Arts Awards ဆုပေးပွဲ ကျင်းပပြီးစီး

92

ရောင်နီ (NP News) - မေ ၇
မေလ ၅ ရက် (တနင်္လာနေ့ ညပိုင်း) က တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ COES မှာ ၆၁ ကြိမ်မြောက် Baeksang Arts Awards ဆုပေးပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားမှူးများအဖြစ် ရှင်းဒုန်ရပ်၊ ဆူဇီနဲ့ ပက်ခ်ဘိုဂမ်တို့က ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
အကောင်းဆုံးဇာက်ကား Grand Prize တွေမှာ ဇာတ်လမ်းတွဲ Grand Prize ဆုကို Netflix ရဲ့ "Culinary Class Wars" နဲ့ ရုပ်ရှင် Grand Prize ဆုကို “Harbin” က ရရှိခဲ့ပါတယ်။
အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို - ဂျူဂျီဟွမ် (“The Trauma Code: Heroes on Call”)
အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို မင်းသမီး - ကင်တေးရီ ("Jeongnyeon: The Star Is Born”)
အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆိုကို - ချွဲဒယ်ဟွန်း ("When Life Gives You Tangerines”)
အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို - ယွန်းဟေရမ် (“When Life Gives You Tangerines”)
အကောင်းဆုံးဇာတ်ညွှန်းဆုကို - အင်ဆန်ချွန်း ("When Life Gives You Tangerines”)
အကောင်းဆုံး အမျိုးသား မျက်နှာသစ် သရုပ်ဆောင်ဆုကို - ချိုယောင်းဝူး ("The Tale of Lady Ok”)
အကောင်းဆုံး မင်းသမီး မျက်နှာသစ်ဆုကို - ချယ်ဝမ်ဘင်(“Doubt”) က အသီးသီး ရရှိခဲ့ကြပါတယ်။
၁၉၆၅ ခုနှစ်ကစ စတင်ပေးအပ်ခဲ့တဲ့ Baeksang Arts Awards ဆုပေးပွဲဟာ တောင်ကိုရီးယားရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ အထင်ရှားဆုံးနဲ့ ဂုဏ်သိက္ခာအရှိဆုံးဆုဖြစ်ပါတယ်။

ရောင်နီ (NP News) - မေ ၇