ယဇ်ပူဇော်ပွဲ ဆန်ဆန် ကြက်အရှင် ကိုက်ဖြတ်စားပြသည့် ကန္နားစီးကို အမြင့်ဆုံးဒဏ်အထိ အရေးယူ ဖွယ်ရှိ

 1449

စော (NP News)
ယဇ်ပူဇော်ပွဲဆန်ဆန် ကြက်အရှင် အစိမ်းစားပြသူ ကန္နားစီးကို အမြင့်ဆုံးဒဏ်အထိ အရေးယူ ဖွယ်ရှိကြောင်း ဝါရင့်ဒေဝါပညာရှင်တစ်ဦးက NP News ဂျာနယ်မှတစ်ဆင့် သုံးသပ်ပြောကြားသည်။
ယင်းကဲ့သို့စားပြခဲ့သူမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့မှ အောင်ကိုမင်းဆိုသူဖြစ်ပြီး ပြည် ကန်တော် သခင်မနတ်ပွဲတွင်ပြုလုပ်ခဲ့ခြင်းဖြစ်ကာ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် Video ဖိုင်နှင့်တကွတင်ခဲ့ခြင်းဖြစ်သည်။ ကျက်သရေအဖြာ ဖြာနှင့်ပြည့်စုံသော ဒေဝတာနတ်မင်းအပေါင်းတို့၏ ရှေ့၌ယခုကဲ့သို့ ပူဇော်ပသခြင်းသည် အင်မတန်မှ စက်ဆုတ်ရွံရှာဖွယ် အတိဖြစ်ကြောင်း၊ နတ်မင်းအ ပေါင်းအား ပူဇော်ပသရိုသေကြသည့်(၇)ရက်သားသမီးများမှလဲ အထင်အမြင်လွဲမှားစေသည့် စက်ဆုတ် ရွံ ရှာဖွယ်အသွင်သဏ္ဍာန်ကို ဖော်ဆောင်နေကြောင်း မြန်မာနိုင်ငံ ဒေဝါပညာရှင်များ စည်းကမ်း ထိန်းသိမ်းရေးကော်မတီ(ဗဟို)က ထုတ်ပြန်ထားသည်။
ယင်းအပြုအမူကို ကန့်ကွက်ရှုတ်ချကြောင်းနှင့် ကော်မတီ၏ လုပ်ထုံးလုပ်နည်းများအရ ဆက် လက်ပြီး အရေးယူဆောင်ရွက်ရန် ပြင်ဆင်နေကြောင်းလည်း ဖော်ပြထားခြင်းဖြစ်သည်။
“ဒါတွေက လုပ်ပိုင်ခွင့်ကိုမရှိတာ၊ လုပ်ကို မလုပ်ခိုင်းဘူး။ တိရစ္ဆာန်အရှင်နဲ့ကို မလုပ်ခိုင်းဘူး။ သူတို့ဘာသာသူတို့ထွင်ပြီး လုပ်ကြတာ။ အစ်ကိုတို့ ရန်ကုန်၊ မန္တလေးအပြင်နေရာတောက်လျှောက်တော် တော်များများက ကြက်ဆိုလည်း အသေ၊ ဆိတ်ဆို ဆိတ်ပေါင်၊ အမဲသားဆို အမဲသား။ အသေသားပဲ ဆက်တာလေ။ ပြည်ကန်တော်ထီးကြီးနန်းရင်းတော်မှာ အရှင်ဘယ်တော့မှ မတင်ဘူး။ အသေသားပဲတင် တာလေ”ဟု ဝါရင့်ဒေဝါပညာရှင်က ဆိုသည်။
အရေးယူမှုပြုလုပ်ရာတွင် ပွဲပါမစ်ပိတ်ခြင်း၊ လုပ်ငန်းလိုင်စင်ပိတ်ခြင်း စသည်ဖြင့် ပြစ်ဒဏ်မှ စတင်ကာ မလိုက်နာပါက ဥပဒေကြောင်းအရ အရေးယူခြင်းအထိ ဆောင်ရွက်ဖွယ်ရှိကြောင်း ၎င်းက သုံး သပ်သည်။ “ပွဲပါမစ်ပိတ်တာတို့၊ တည်ထောင်ခွင့်ဆိုတာ လုပ်ငန်းလိုင်စင်ပေါ့။ တည်ထောင်ခွင့်ပိတ်လိုက် ရင် နောက်ပွဲကလို့မရတော့ဘူး။ တည်ထောင်ခွင့် ပိတ်တာတို့ သူတို့လုပ်ရင်လုပ်ပေါ့။ အဲဒီလို မျိုးမလုပ် ဘူး။ ဒီဘက်က လိုက်လျောမှုနဲ့ပြောတာဆိုတာ မကျေနပ်ဘူးဆို ပြဿနာတက်ရင် ဌာနဆိုင်ရာကသူ့ ကို ဥပဒေနဲ့အရေးယူမှာပေါ့”ဟု ၎င်း ကဆိုသည်။

Zawgyi Version:
ယဇ္ပူေဇာ္ပြဲ ဆန္ဆန္ ၾကက္အရွင္ ကိုက္ျဖတ္စားျပသည့္ ကႏၷားစီးကို အျမင့္ဆုံးဒဏ္အထိ အေရးယူ ဖြယ္ရွိ
ေစာ (NP News)
ယဇ္ပူေဇာ္ပြဲဆန္ဆန္ ၾကက္အရွင္ အစိမ္းစားျပသူ ကႏၷားစီးကို အျမင့္ဆုံးဒဏ္အထိ အေရးယူ ဖြယ္ရွိေၾကာင္း ဝါရင့္ေဒဝါပညာရွင္တစ္ဦးက NP News ဂ်ာနယ္မွတစ္ဆင့္ သုံးသပ္ေျပာၾကားသည္။
ယင္းကဲ့သို႔စားျပခဲ့သူမွာ ဧရာဝတီတိုင္းေဒသႀကီး၊ ဖ်ာပုံၿမိဳ႕မွ ေအာင္ကိုမင္းဆိုသူျဖစ္ၿပီး ျပည္ ကန္ေတာ္ သခင္မနတ္ပြဲတြင္ျပဳလုပ္ခဲ့ျခင္းျဖစ္ကာ လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ Video ဖိုင္ႏွင့္တကြတင္ခဲ့ျခင္းျဖစ္သည္။ က်က္သေရအျဖာ ျဖာႏွင့္ျပည့္စုံေသာ ေဒဝတာနတ္မင္းအေပါင္းတို႔၏ ေရွ႕၌ယခုကဲ့သို႔ ပူေဇာ္ပသျခင္းသည္ အင္မတန္မွ စက္ဆုတ္႐ြံရွာဖြယ္ အတိျဖစ္ေၾကာင္း၊ နတ္မင္းအ ေပါင္းအား ပူေဇာ္ပသ႐ိုေသၾကသည့္(၇)ရက္သားသမီးမ်ားမွလဲ အထင္အျမင္လြဲမွားေစသည့္ စက္ဆုတ္ ႐ြံ ရွာဖြယ္အသြင္သ႑ာန္ကို ေဖာ္ေဆာင္ေနေၾကာင္း ျမန္မာႏိုင္ငံ ေဒဝါပညာရွင္မ်ား စည္းကမ္း ထိန္းသိမ္းေရးေကာ္မတီ(ဗဟို)က ထုတ္ျပန္ထားသည္။
ယင္းအျပဳအမူကို ကန႔္ကြက္ရႈတ္ခ်ေၾကာင္းႏွင့္ ေကာ္မတီ၏ လုပ္ထုံးလုပ္နည္းမ်ားအရ ဆက္ လက္ၿပီး အေရးယူေဆာင္႐ြက္ရန္ ျပင္ဆင္ေနေၾကာင္းလည္း ေဖာ္ျပထားျခင္းျဖစ္သည္။
“ဒါေတြက လုပ္ပိုင္ခြင့္ကိုမရွိတာ၊ လုပ္ကို မလုပ္ခိုင္းဘူး။ တိရစာၦန္အရွင္နဲ႔ကို မလုပ္ခိုင္းဘူး။ သူတို႔ဘာသာသူတို႔ထြင္ၿပီး လုပ္ၾကတာ။ အစ္ကိုတို႔ ရန္ကုန္၊ မႏၲေလးအျပင္ေနရာေတာက္ေလွ်ာက္ေတာ္ ေတာ္မ်ားမ်ားက ၾကက္ဆိုလည္း အေသ၊ ဆိတ္ဆို ဆိတ္ေပါင္၊ အမဲသားဆို အမဲသား။ အေသသားပဲ ဆက္တာေလ။ ျပည္ကန္ေတာ္ထီးႀကီးနန္းရင္းေတာ္မွာ အရွင္ဘယ္ေတာ့မွ မတင္ဘူး။ အေသသားပဲတင္ တာေလ”ဟု ဝါရင့္ေဒဝါပညာရွင္က ဆိုသည္။
အေရးယူမႈျပဳလုပ္ရာတြင္ ပြဲပါမစ္ပိတ္ျခင္း၊ လုပ္ငန္းလိုင္စင္ပိတ္ျခင္း စသည္ျဖင့္ ျပစ္ဒဏ္မွ စတင္ကာ မလိုက္နာပါက ဥပေဒေၾကာင္းအရ အေရးယူျခင္းအထိ ေဆာင္႐ြက္ဖြယ္ရွိေၾကာင္း ၎က သုံး သပ္သည္။ “ပြဲပါမစ္ပိတ္တာတို႔၊ တည္ေထာင္ခြင့္ဆိုတာ လုပ္ငန္းလိုင္စင္ေပါ့။ တည္ေထာင္ခြင့္ပိတ္လိုက္ ရင္ ေနာက္ပြဲကလို႔မရေတာ့ဘူး။ တည္ေထာင္ခြင့္ ပိတ္တာတို႔ သူတို႔လုပ္ရင္လုပ္ေပါ့။ အဲဒီလို မ်ိဳးမလုပ္ ဘူး။ ဒီဘက္က လိုက္ေလ်ာမႈနဲ႔ေျပာတာဆိုတာ မေက်နပ္ဘူးဆို ျပႆနာတက္ရင္ ဌာနဆိုင္ရာကသူ႔ ကို ဥပေဒနဲ႔အေရးယူမွာေပါ့”ဟု ၎ ကဆိုသည္။

Related news

© 2021. All rights reserved.