နာမည်ကြီး ဇူးရစ်မြို့အကြောင်း

 726

Pika (NP News) - မေလ ၁၆

ဇူးရစ်မြို့သည် ဆွစ်ဇာလန်နိုင်ငံတွင်းတွင် အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး ကျဉ်းမြောင်းသောလမ်း သွယ်များ၊ သမိုင်းဝင် ဗိသုကာလက်ရာများ၊ မြစ်ရှု ခင်းများ၊ ဈေးဆိုင်အမျိုးမျိုးနှင့် စားသောက်စရာ အတွက် ရွေးချယ်စရာမျိုးစုံရှိသော မြို့တစ်မြို့ဖြစ် ကာ အပန်းဖြေလမ်းလျှောက်ခြင်းနှင့် ယဉ်ကျေးမှုဆိုင်ရာစူးစမ်းရှာဖွေခြင်းများ လုပ်ဆောင်လိုသူများ အတွက်အကောင်းဆုံးမြို့တစ်မြို့အဖြစ် နာမည် ကျော်ကြားသည်။ ဇူးရစ်မြို့သည် ဇူးရစ်ရေကန်၏ အနောက်မြောက်ဘက်စွန်း ဆွစ်ဇာလန်၏မြောက်-အလယ်ပိုင်းတွင်တည်ရှိသည့် မြို့တစ်မြို့ဖြစ်သည်။ (၂၀၂၄)ခုနှစ် ဒီဇင်ဘာလအထိ ဇူးရစ်မြို့တွင် နေ ထိုင်သူလူဦးရေမှာ (၄၄၈၆၆၄) ဦးရှိကြောင်း သိရ သည်။ (၂၀၂၀)ပြည့်နှစ်အထိ ဇူးရစ်မြို့ ပြဧရိယာ တွင် နေထိုင်သူလူဦးရေမှာ (၁ ဒသမ ၄၅)သန်းရှိပြီး မြို့တော်ဧရိယာတွင် စုစုပေါင်း နေထိုင်သူလူဦးရေမှာ (၂ ဒသမ ၁)သန်းရှိကြောင်း သိရသည်။ ဇူးရစ်မြို့ သည် မီးရထားလမ်းများ၊ ကားလမ်းမများနှင့် လေ ကြောင်းသွားလာမှုအတွက် အချက်အချာကျသည့်မြို့တစ်မြို့လည်းဖြစ်သည်။
ထို့ပြင် ဇူးရစ်လေဆိပ်နှင့် ဇူးရစ်၏အဓိက မီးရထားဘူတာရုံတို့သည် ဆွစ်ဇာလန်နိုင်ငံတွင်း တွင် အကြီးဆုံးနှင့် အလုပ်အများဆုံးဖြစ်ကြောင်းလည်းသိရသည်။ ဇူးရစ်မြို့ကို လွန်ခဲ့သည့်နှစ်ပေါင်း (၂၀ဝဝ)ကျော်ခန့်တွင် ရောမလူမျိုးများက စတင်အခြေချနေထိုင်ခဲ့ခြင်းဖြစ်ပြီး အစောပိုင်းကာလများ တွင် Turicum မြို့ဟု ခေါ်ဆိုခဲ့ကြကြောင်းသိရသည်။သို့သော်လည်း အစောပိုင်းအခြေချနေထိုင်မှုများ သည် နှစ်ပေါင်း(၆၄၀ဝ)ကျော် သက်တမ်းရှိပြီဖြစ်ပြီး အဆိုပါဒေသတွင် လူသားများတည်ရှိခဲ့ခြင်းကိုသာ ညွှန်ပြခြင်းမျိုးဖြစ်ကာ မြို့တစ်မြို့အဖြစ်တည်ရှိခြင်းကို ဖော်ပြခြင်းမျိုးမဟုတ်ကြောင်းလည်းသိရသည်။အလယ်ခေတ်များအတွင်း ဇူးရစ်မြို့သည် လွတ်လပ်ပြီး အခွင့်ထူးခံ နယ်ချဲ့လက်အောက်ခံ အဆင့်အတန်းကိုရရှိခဲ့ပြီး (၁၅၁၉)ခုနှစ်တွင် ဆွစ်ဇာ လန်ဘာသာရေးစူးစမ်းလေ့လာသူ Huldrych Zwingli ၏ ဦးဆောင်မှုအောက်တွင် ပရိုတက် စတင့်ဝါဒီပြုပြင်ပြောင်းလဲရေး၏ အဓိကအချက် အချာ နေရာတစ်ခုဖြစ်ခဲ့ကြောင်းသိရသည်။ ဇူးရစ် မြို့၏ တရားဝင်ဘာသာစကားမှာ ဂျာမန်ဘာသာဖြစ်
ပြီး အဓိကပြောဆိုသည့်ဘာသာစကားမှာ ဇူးရစ်ဂျာမန်ဘာသာစကားဖြစ်ကြောင်းသိရသည်။ ဆွစ်ဇာလန် နိုင်ငံ၏ အဓိကဘဏ္ဍာရေးစင်တာများထဲမှ တစ်ခုဖြစ် သော ဇူးရစ်မြို့သည် ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ဘဏ်လုပ်ငန်းကုမ္ပဏီများ၏‌နေအိမ်ဖြစ်ကြောင်း လည်းသိရသည်။ ထို့ပြင် ဆွစ်ဇာလန် အမျိုးသား ပြတိုက်နှင့် Kunsthaus အနုပညာပြတိုက်တို့ အပါအဝင် ပြတိုက်များစွာနှင့် အနုပညာပြခန်းများစွာကို ဇူးရစ်မြို့တွင် တွေ့ရှိနိုင်သည်။ Schauspiel haus Zürich ပြဇာတ်ရုံသည် ဂျာမန် ဘာသာစကား ပြောသည့်ကမ္ဘာတွင် အရေးအကြီးဆုံး ပြ ဇာတ်ရုံများ ထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရကြောင်း သိရသည်။

စီးပွားရေး

ဇူးရစ်မြို့သည် ဆွစ်ဇာလန်နိုင်ငံ စုစုပေါင်း ဂျီဒီပီ၏ (၁၀)ရာခိုင်နှုန်းခန့်ကို ပံ့ပိုးပေးသည့်မြို့တစ် မြို့ဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် (၉၀)ရာခိုင်နှုန်းသော အလုပ်သမားများကို အဆင့်မြင့်ကဏ္ဍများတွင် အလုပ်ခန့်ထားကြောင်းသိရသည်။ (၂၀ဝ၉)ခုနှစ်တွင် လုပ်ဆောင်ခဲ့သော CityMayors.com ၏ စစ်တမ်းတစ်ခုအရ ဇူးရစ်မြို့သည် ကမ္ဘာပေါ်တွင် အာဏာအရှိဆုံးမြို့(၁၀)မြို့စာရင်းတွင် အဆင့်(၉)နေရာမှာ ရပ်တည်ခဲ့ကြောင်းသိရသည်။ (၂၀၁၇)ခုနှစ် ကမ္ဘာလုံး ဆိုင်ရာဘဏ္ဍာရေးစင်တာများအညွှန်း ကိန်းတွင် ဇူးရစ်မြို့သည် ကမ္ဘာပေါ်တွင် (၁၁)ခု မြောက် ပြိုင်ဆိုင်မှု အရှိဆုံး ဘဏ္ဍာရေးအချက်အချာ နေရာတစ်ခုဖြစ်ပြီး ဥရောပတွင် လန်ဒန်မြို့ပြီးလျှင် ဒုတိယမြောက်ပြိုင်ဆိုင်မှုအရှိဆုံးဖြစ်ကြောင်းသိရ သည်။ ထို့ပြင် Greater Zurich Area သည် ဆွစ်ဇာ လန်နိုင်ငံ၏ စီးပွားရေးအချက်အချာနေရာတစ် ခုဖြစ်ပြီး နိုင်ငံတကာကုမ္ပဏီများစွာ၏ နေအိမ်လည်း ဖြစ်သည်။
ဆွစ်ဇာလန်နိုင်ငံ၏ အကြီးဆုံးဘဏ္ဍာ ရေးအဖွဲ့အစည်းအချို့၏ ရုံးချုပ်များသည် ဇူးရစ်မြို့ တွင်တည်ရှိကြပြီး ၎င်းတို့မှ UBS ကုမ္ပဏီ၊ Credit Suisse ကုမ္ပဏီ၊ Zurich Cantonal ဘဏ်၊ Migros ဘဏ်၊Julius Baer ဘဏ်လုပ်ငန်းကော်ပိုရေးရှင်း၊ Zurich Insurance Group၊ Swiss Re နှင့် Swiss Life ကုမ္ပဏီတို့ဖြစ်ကြောင်းသိရသည်။

စီးပွားရေးအင်အားအတွက် ပံ့ပိုးပေးသည့်အချက်များ

ဇူးရစ်မြို့တွင် စီးပွားရေးတိုးတက်မှုအတွက် အကြောင်းပြချက်တစ်ခုအဖြစ် လူနေမှုဘဝမြင့်မား လာခြင်းကို ကိုးကားဖော်ပြခဲ့သည်။ ထို့ပြင် အတိုင်ပင်ခံကုမ္ပဏီ Mercer သည် ဇူးရစ်မြို့ကို ကမ္ဘာပေါ် တွင် လူနေမှုဘဝအမြင့်မားဆုံးမြို့အဖြစ် နှစ်ပေါင်း များစွာ အဆင့်သတ်မှတ်ခဲ့ကြောင်းသိရသည်။ အထူး သဖြင့် ဇူးရစ်မြို့သည် အလုပ်၊ အိမ်ရာ၊ အပန်းဖြေ၊ ပညာရေး နှင့် ဘေးကင်းရေးတို့အတွက် မြင့်မားသော ရမှတ်များကို ရရှိခဲ့ကြောင်းသိရသည်။ ဒေသတွင်းစီမံခန့်ခွဲရေးအာဏာပိုင်များသည် မြို့ပြနှင့်အပန်းဖြေနေရာများကြားတွင် ပြတ်ပြတ်သားသားခွဲခြားမှုများကို လုပ်ဆောင်ထားပြီး ဇူးရစ်မြို့တွင် သဘာဝဘေးမဲ့တောအများအပြားလည်းရှိကြောင်းသိရသည်။
ဇူးရစ်မြို့သည် ဟောင်ကောင်နှင့် တိုကျိုမြို့တို့ပြီးလျှင် ကမ္ဘာပေါ်တွင် (၃)ခုမြောက် ဈေးအကြီးဆုံးမြို့တစ်မြို့အဖြစ် အဆင့်ဝင်ခဲ့ပြီး စင်ကာပူထက် သာလွန်ခဲ့ကြောင်းသိရသည်။ ဇူးရစ် မြို့သည် ယေဘုယျအားဖြင့် ဆွစ်ဇာလန်နိုင်ငံ၏ ပုံမှန် ဖြစ်သော ပညာရေးတွင် မြင့်မားသောရင်းနှီး မြှုပ်နှံမှု အဆင့်မှ အကျိုးခံစားခွင့်များရရှိပြီး အဆင့်အားလုံး တွင် ကျွမ်းကျင်လုပ်သားများကို ပံ့ပိုးပေးထားကြောင်း သိရသည်။ ထို့ပြင် ဇူးရစ်မြို့သည် အဓိက တက္ကသိုလ် ကြီးနှစ်ခု၏ တည်ရှိရာနေရာဖြစ်သောကြောင့် ဘွဲ့ရများနှင့် နည်းပညာ မြင့်မားသော သုတေသနပြုမှု များကို ရရှိနိုင်သည့်မြို့လည်းဖြစ်သည်။ ပရော် ဖက်ရှင်နယ်လေ့ကျင့်ရေးတွင် လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံနှင့် ပညာရေးဆိုင်ရာ လေ့လာမှုများ ရောနှောပါဝင်နေသော်လည်း ယေဘုယျအားဖြင့် ကောင်းမွန်သောပညာရေးအဆင့်နှင့် ဘာသာစကား စွမ်းရည်ရရှိရေးအပေါ် အလေးပေးထားကြောင်း လည်းသိရသည်။ ရလဒ်အနေဖြင့် ဇူးရစ်မြို့သည် ဘာသာစကားမျိုးစုံသော လူများနေထိုင်ရာနေရာတစ် ခုဖြစ်ခဲ့ပြီး ဝန်ထမ်းများသည် စိတ် အားထက်သန်မှုနှင့် အလုပ်ပျက်ကွက်မှု နည်းပါးခြင်းတို့ကို ပြသခဲ့ကြ သည်။ ထို့ပြင်ဇူးရစ်မြို့တွင် အလုပ်အကိုင်ဆိုင်ရာ ဥပဒေများသည် အနီးအနားရှိ ဂျာမနီ သို့မဟုတ် ပြင်သစ်တို့ထက် ကန့်သတ်မှုနည်းပါးကြောင်း သိရသည်။ Google Zurich ကုမ္ပဏီသည် ဝန်ထမ်းပေါင်း(၅၀ဝဝ)နှင့်အတူ ဥရောပတွင် ၎င်း၏ လုပ်ငန်းဆောင်ရွက်မှုများအတွက် အဓိက အချက်အချာနေရာတစ်ခုဖြစ်ခဲ့သည်။ (၂၀၂၃) ခုနှစ် မတ်လတွင် ဗဟိုအလုပ်သမားများသည် အလုပ်မှ ထုတ်ပယ်မှုများ လျှော့ချရန်နှင့် လစာဖြတ်တောက်မှုများကိုဆန့်ကျင်ရန်အတွက် IT အလုပ်သမားများ သမဂ္ဂ Syndicomနှင့် ညှိနှိုင်းကာ စည်းလုံး ညီညွတ်ရေးလှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် Google Zurich ကုမ္ပဏီ၏ ပြောရေး ဆိုခွင့်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အရေးယူ ဆောင်ရွက်မှုများရှိနေသော်လည်း Google Zurich သည် အဓိက အလုပ်ရှင်အဖြစ် ဆက်လက်ရှိသွားလိမ့်မည်ဖြစ်ကြောင်းသိရသည်။

Zawgyi Version:
နာမည္ႀကီး ဇူးရစ္ၿမိဳ႕အေၾကာင္း
Pika (NSS) - ေမလ ၁၆

ဇူးရစ္ၿမိဳ႕သည္ ဆြစ္ဇာလန္ႏိုင္ငံတြင္းတြင္ အႀကီးဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး က်ဥ္းေျမာင္းေသာလမ္း သြယ္မ်ား၊ သမိုင္းဝင္ ဗိသုကာလက္ရာမ်ား၊ ျမစ္ရႈ ခင္းမ်ား၊ ေဈးဆိုင္အမ်ိဳးမ်ိဳးႏွင့္ စားေသာက္စရာ အတြက္ ေ႐ြးခ်ယ္စရာမ်ိဳးစုံရွိေသာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ ကာ အပန္းေျဖလမ္းေလွ်ာက္ျခင္းႏွင့္ ယဥ္ေက်းမႈဆိုင္ရာစူးစမ္းရွာေဖြျခင္းမ်ား လုပ္ေဆာင္လိုသူမ်ား အတြက္အေကာင္းဆုံးၿမိဳ႕တစ္ၿမိဳ႕အျဖစ္ နာမည္ ေက်ာ္ၾကားသည္။ ဇူးရစ္ၿမိဳ႕သည္ ဇူးရစ္ေရကန္၏ အေနာက္ေျမာက္ဘက္စြန္း ဆြစ္ဇာလန္၏ေျမာက္-အလယ္ပိုင္းတြင္တည္ရွိသည့္ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည္။ (၂၀၂၄)ခုႏွစ္ ဒီဇင္ဘာလအထိ ဇူးရစ္ၿမိဳ႕တြင္ ေန ထိုင္သူလူဦးေရမွာ (၄၄၈၆၆၄) ဦးရွိေၾကာင္း သိရ သည္။ (၂၀၂၀)ျပည့္ႏွစ္အထိ ဇူးရစ္ၿမိဳ႕ ျပဧရိယာ တြင္ ေနထိုင္သူလူဦးေရမွာ (၁ ဒသမ ၄၅)သန္းရွိၿပီး ၿမိဳ႕ေတာ္ဧရိယာတြင္ စုစုေပါင္း ေနထိုင္သူလူဦးေရမွာ (၂ ဒသမ ၁)သန္းရွိေၾကာင္း သိရသည္။ ဇူးရစ္ၿမိဳ႕ သည္ မီးရထားလမ္းမ်ား၊ ကားလမ္းမမ်ားႏွင့္ ေလ ေၾကာင္းသြားလာမႈအတြက္ အခ်က္အခ်ာက်သည့္ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။
ထို႔ျပင္ ဇူးရစ္ေလဆိပ္ႏွင့္ ဇူးရစ္၏အဓိက မီးရထားဘူတာ႐ုံတို႔သည္ ဆြစ္ဇာလန္ႏိုင္ငံတြင္း တြင္ အႀကီးဆုံးႏွင့္ အလုပ္အမ်ားဆုံးျဖစ္ေၾကာင္းလည္းသိရသည္။ ဇူးရစ္ၿမိဳ႕ကို လြန္ခဲ့သည့္ႏွစ္ေပါင္း (၂၀ဝဝ)ေက်ာ္ခန႔္တြင္ ေရာမလူမ်ိဳးမ်ားက စတင္အေျခခ်ေနထိုင္ခဲ့ျခင္းျဖစ္ၿပီး အေစာပိုင္းကာလမ်ား တြင္ Turicum ၿမိဳ႕ဟု ေခၚဆိုခဲ့ၾကေၾကာင္းသိရသည္။သို႔ေသာ္လည္း အေစာပိုင္းအေျခခ်ေနထိုင္မႈမ်ား သည္ ႏွစ္ေပါင္း(၆၄၀ဝ)ေက်ာ္ သက္တမ္းရွိၿပီျဖစ္ၿပီး အဆိုပါေဒသတြင္ လူသားမ်ားတည္ရွိခဲ့ျခင္းကိုသာ ၫႊန္ျပျခင္းမ်ိဳးျဖစ္ကာ ၿမိဳ႕တစ္ၿမိဳ႕အျဖစ္တည္ရွိျခင္းကို ေဖာ္ျပျခင္းမ်ိဳးမဟုတ္ေၾကာင္းလည္းသိရသည္။အလယ္ေခတ္မ်ားအတြင္း ဇူးရစ္ၿမိဳ႕သည္ လြတ္လပ္ၿပီး အခြင့္ထူးခံ နယ္ခ်ဲ႕လက္ေအာက္ခံ အဆင့္အတန္းကိုရရွိခဲ့ၿပီး (၁၅၁၉)ခုႏွစ္တြင္ ဆြစ္ဇာ လန္ဘာသာေရးစူးစမ္းေလ့လာသူ Huldrych Zwingli ၏ ဦးေဆာင္မႈေအာက္တြင္ ပ႐ိုတက္ စတင့္ဝါဒီျပဳျပင္ေျပာင္းလဲေရး၏ အဓိကအခ်က္ အခ်ာ ေနရာတစ္ခုျဖစ္ခဲ့ေၾကာင္းသိရသည္။ ဇူးရစ္ ၿမိဳ႕၏ တရားဝင္ဘာသာစကားမွာ ဂ်ာမန္ဘာသာျဖစ္
ၿပီး အဓိကေျပာဆိုသည့္ဘာသာစကားမွာ ဇူးရစ္ဂ်ာမန္ဘာသာစကားျဖစ္ေၾကာင္းသိရသည္။ ဆြစ္ဇာလန္ ႏိုင္ငံ၏ အဓိကဘ႑ာေရးစင္တာမ်ားထဲမွ တစ္ခုျဖစ္ ေသာ ဇူးရစ္ၿမိဳ႕သည္ ဘ႑ာေရးအဖြဲ႕အစည္းမ်ားႏွင့္ ဘဏ္လုပ္ငန္းကုမၸဏီမ်ား၏‌ေနအိမ္ျဖစ္ေၾကာင္း လည္းသိရသည္။ ထို႔ျပင္ ဆြစ္ဇာလန္ အမ်ိဳးသား ျပတိုက္ႏွင့္ Kunsthaus အႏုပညာျပတိုက္တို႔ အပါအဝင္ ျပတိုက္မ်ားစြာႏွင့္ အႏုပညာျပခန္းမ်ားစြာကို ဇူးရစ္ၿမိဳ႕တြင္ ေတြ႕ရွိႏိုင္သည္။ Schauspiel haus Zürich ျပဇာတ္႐ုံသည္ ဂ်ာမန္ ဘာသာစကား ေျပာသည့္ကမာၻတြင္ အေရးအႀကီးဆုံး ျပ ဇာတ္႐ုံမ်ား ထဲမွ တစ္ခုအျဖစ္ သတ္မွတ္ခံထားရေၾကာင္း သိရသည္။

စီးပြားေရး

ဇူးရစ္ၿမိဳ႕သည္ ဆြစ္ဇာလန္ႏိုင္ငံ စုစုေပါင္း ဂ်ီဒီပီ၏ (၁၀)ရာခိုင္ႏႈန္းခန႔္ကို ပံ့ပိုးေပးသည့္ၿမိဳ႕တစ္ ၿမိဳ႕ျဖစ္ၿပီး ခန႔္မွန္းေျခအားျဖင့္ (၉၀)ရာခိုင္ႏႈန္းေသာ အလုပ္သမားမ်ားကို အဆင့္ျမင့္က႑မ်ားတြင္ အလုပ္ခန႔္ထားေၾကာင္းသိရသည္။ (၂၀ဝ၉)ခုႏွစ္တြင္ လုပ္ေဆာင္ခဲ့ေသာ CityMayors.com ၏ စစ္တမ္းတစ္ခုအရ ဇူးရစ္ၿမိဳ႕သည္ ကမာၻေပၚတြင္ အာဏာအရွိဆုံးၿမိဳ႕(၁၀)ၿမိဳ႕စာရင္းတြင္ အဆင့္(၉)ေနရာမွာ ရပ္တည္ခဲ့ေၾကာင္းသိရသည္။ (၂၀၁၇)ခုႏွစ္ ကမာၻလုံး ဆိုင္ရာဘ႑ာေရးစင္တာမ်ားအၫႊန္း ကိန္းတြင္ ဇူးရစ္ၿမိဳ႕သည္ ကမာၻေပၚတြင္ (၁၁)ခု ေျမာက္ ၿပိဳင္ဆိုင္မႈ အရွိဆုံး ဘ႑ာေရးအခ်က္အခ်ာ ေနရာတစ္ခုျဖစ္ၿပီး ဥေရာပတြင္ လန္ဒန္ၿမိဳ႕ၿပီးလွ်င္ ဒုတိယေျမာက္ၿပိဳင္ဆိုင္မႈအရွိဆုံးျဖစ္ေၾကာင္းသိရ သည္။ ထို႔ျပင္ Greater Zurich Area သည္ ဆြစ္ဇာ လန္ႏိုင္ငံ၏ စီးပြားေရးအခ်က္အခ်ာေနရာတစ္ ခုျဖစ္ၿပီး ႏိုင္ငံတကာကုမၸဏီမ်ားစြာ၏ ေနအိမ္လည္း ျဖစ္သည္။
ဆြစ္ဇာလန္ႏိုင္ငံ၏ အႀကီးဆုံးဘ႑ာ ေရးအဖြဲ႕အစည္းအခ်ိဳ႕၏ ႐ုံးခ်ဳပ္မ်ားသည္ ဇူးရစ္ၿမိဳ႕ တြင္တည္ရွိၾကၿပီး ၎တို႔မွ UBS ကုမၸဏီ၊ Credit Suisse ကုမၸဏီ၊ Zurich Cantonal ဘဏ္၊ Migros ဘဏ္၊Julius Baer ဘဏ္လုပ္ငန္းေကာ္ပိုေရးရွင္း၊ Zurich Insurance Group၊ Swiss Re ႏွင့္ Swiss Life ကုမၸဏီတို႔ျဖစ္ေၾကာင္းသိရသည္။

စီးပြားေရးအင္အားအတြက္ ပံ့ပိုးေပးသည့္အခ်က္မ်ား

ဇူးရစ္ၿမိဳ႕တြင္ စီးပြားေရးတိုးတက္မႈအတြက္ အေၾကာင္းျပခ်က္တစ္ခုအျဖစ္ လူေနမႈဘဝျမင့္မား လာျခင္းကို ကိုးကားေဖာ္ျပခဲ့သည္။ ထို႔ျပင္ အတိုင္ပင္ခံကုမၸဏီ Mercer သည္ ဇူးရစ္ၿမိဳ႕ကို ကမာၻေပၚ တြင္ လူေနမႈဘဝအျမင့္မားဆုံးၿမိဳ႕အျဖစ္ ႏွစ္ေပါင္း မ်ားစြာ အဆင့္သတ္မွတ္ခဲ့ေၾကာင္းသိရသည္။ အထူး သျဖင့္ ဇူးရစ္ၿမိဳ႕သည္ အလုပ္၊ အိမ္ရာ၊ အပန္းေျဖ၊ ပညာေရး ႏွင့္ ေဘးကင္းေရးတို႔အတြက္ ျမင့္မားေသာ ရမွတ္မ်ားကို ရရွိခဲ့ေၾကာင္းသိရသည္။ ေဒသတြင္းစီမံခန႔္ခြဲေရးအာဏာပိုင္မ်ားသည္ ၿမိဳ႕ျပႏွင့္အပန္းေျဖေနရာမ်ားၾကားတြင္ ျပတ္ျပတ္သားသားခြဲျခားမႈမ်ားကို လုပ္ေဆာင္ထားၿပီး ဇူးရစ္ၿမိဳ႕တြင္ သဘာဝေဘးမဲ့ေတာအမ်ားအျပားလည္းရွိေၾကာင္းသိရသည္။
ဇူးရစ္ၿမိဳ႕သည္ ေဟာင္ေကာင္ႏွင့္ တိုက်ိဳၿမိဳ႕တို႔ၿပီးလွ်င္ ကမာၻေပၚတြင္ (၃)ခုေျမာက္ ေဈးအႀကီးဆုံးၿမိဳ႕တစ္ၿမိဳ႕အျဖစ္ အဆင့္ဝင္ခဲ့ၿပီး စင္ကာပူထက္ သာလြန္ခဲ့ေၾကာင္းသိရသည္။ ဇူးရစ္ ၿမိဳ႕သည္ ေယဘုယ်အားျဖင့္ ဆြစ္ဇာလန္ႏိုင္ငံ၏ ပုံမွန္ ျဖစ္ေသာ ပညာေရးတြင္ ျမင့္မားေသာရင္းႏွီး ျမႇဳပ္ႏွံမႈ အဆင့္မွ အက်ိဳးခံစားခြင့္မ်ားရရွိၿပီး အဆင့္အားလုံး တြင္ ကြၽမ္းက်င္လုပ္သားမ်ားကို ပံ့ပိုးေပးထားေၾကာင္း သိရသည္။ ထို႔ျပင္ ဇူးရစ္ၿမိဳ႕သည္ အဓိက တကၠသိုလ္ ႀကီးႏွစ္ခု၏ တည္ရွိရာေနရာျဖစ္ေသာေၾကာင့္ ဘြဲ႕ရမ်ားႏွင့္ နည္းပညာ ျမင့္မားေသာ သုေတသနျပဳမႈ မ်ားကို ရရွိႏိုင္သည့္ၿမိဳ႕လည္းျဖစ္သည္။ ပေရာ္ ဖက္ရွင္နယ္ေလ့က်င့္ေရးတြင္ လက္ေတြ႕လုပ္ငန္းခြင္ အေတြ႕အႀကဳံႏွင့္ ပညာေရးဆိုင္ရာ ေလ့လာမႈမ်ား ေရာေႏွာပါဝင္ေနေသာ္လည္း ေယဘုယ်အားျဖင့္ ေကာင္းမြန္ေသာပညာေရးအဆင့္ႏွင့္ ဘာသာစကား စြမ္းရည္ရရွိေရးအေပၚ အေလးေပးထားေၾကာင္း လည္းသိရသည္။ ရလဒ္အေနျဖင့္ ဇူးရစ္ၿမိဳ႕သည္ ဘာသာစကားမ်ိဳးစုံေသာ လူမ်ားေနထိုင္ရာေနရာတစ္ ခုျဖစ္ခဲ့ၿပီး ဝန္ထမ္းမ်ားသည္ စိတ္ အားထက္သန္မႈႏွင့္ အလုပ္ပ်က္ကြက္မႈ နည္းပါးျခင္းတို႔ကို ျပသခဲ့ၾက သည္။ ထို႔ျပင္ဇူးရစ္ၿမိဳ႕တြင္ အလုပ္အကိုင္ဆိုင္ရာ ဥပေဒမ်ားသည္ အနီးအနားရွိ ဂ်ာမနီ သို႔မဟုတ္ ျပင္သစ္တို႔ထက္ ကန႔္သတ္မႈနည္းပါးေၾကာင္း သိရသည္။ Google Zurich ကုမၸဏီသည္ ဝန္ထမ္းေပါင္း(၅၀ဝဝ)ႏွင့္အတူ ဥေရာပတြင္ ၎၏ လုပ္ငန္းေဆာင္႐ြက္မႈမ်ားအတြက္ အဓိက အခ်က္အခ်ာေနရာတစ္ခုျဖစ္ခဲ့သည္။ (၂၀၂၃) ခုႏွစ္ မတ္လတြင္ ဗဟိုအလုပ္သမားမ်ားသည္ အလုပ္မွ ထုတ္ပယ္မႈမ်ား ေလွ်ာ့ခ်ရန္ႏွင့္ လစာျဖတ္ေတာက္မႈမ်ားကိုဆန႔္က်င္ရန္အတြက္ IT အလုပ္သမားမ်ား သမဂၢ Syndicomႏွင့္ ညႇိႏႈိင္းကာ စည္းလုံး ညီၫြတ္ေရးလႈပ္ရွားမႈတစ္ရပ္ကို ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ Google Zurich ကုမၸဏီ၏ ေျပာေရး ဆိုခြင့္ရွိသူတစ္ဦး၏ ေျပာၾကားခ်က္အရ အေရးယူ ေဆာင္႐ြက္မႈမ်ားရွိေနေသာ္လည္း Google Zurich သည္ အဓိက အလုပ္ရွင္အျဖစ္ ဆက္လက္ရွိသြားလိမ့္မည္ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.