(၄၈)နာရီအတွင်း ယူကရိန်းစစ်တပ်၏ ဒရုန်းအစင်းရေ (၅၀၀)ကို ပစ်ချနိုင်ခဲ့ဟု ရုရှားစစ်တပ်ပြော

 813

ဂျန်ဇက် (NP News) - မေ ၂၃

အမေရိကန်၏ ကြားဝင်စေ့စပ်မှုများကြောင့် ရုရှားနှင့် ယူကရိန်းနိုင်ငံကြား ဆွေးနွေးမှုများဖြစ်ပွားနေသော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်ရာပြီးခဲ့သည့် (၄၈)နာရီအတွင်း ယူကရိန်း ဒရုန်းအစင်းရေ (၄၈၅)စင်းကိုပစ်ချနိုင်ခဲ့ကြောင်း ရုရှားစစ်တပ်ကသတင်းထုတ်ပြန်လိုက်သည်။

ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်များသည် ယူကရိန်းစစ်တပ်အသုံးပြုသော ဒရုန်းများကို ရာနှင့်ချီ ပစ်ချဖျက်ဆီးနိုင်ခဲ့ပြီး နယ်စပ်ဒေသဖြစ်သော အိုရယ်လ် ဒေသတွင် ယူကရိန်းဒရုန်းအစင်းရေ (၁၄၀)နီးပါးကို ပစ်ချနိုင်ခဲ့ကြောင်းရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။ယူကရိန်းသည် ရုရှားနိုင်ငံမြို့တော် မော်စကိုမြို့ကိုဦးတည် တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ ပြီးခဲ့သောရက်ပိုင်းတွင် မော်စကိုမြို့ကိုတိုက်ခိုက်ရန်ဦးတည်လာသော ယူကရိန်းဒရုန်းအစီးရေ အနည်းဆုံး ၄၀ကို ပစ်ချနိုင်ခဲ့ကြောင်း မော်စကိုမြို့တော်ဝန်ကအတည်ပြုထားသည်။ ရုရှားနှင့် ယူကရိန်းနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံစလုံးသည် ဒရုန်းများကိုအဓိကထားအသုံးပြုလာခဲ့ကြောင်းသိရသည်။မော်စကိုမြို့ကိုဦးတည်ပျံသန်းလာသော ယူကရိန်းဒရုန်းများကို ရုရှားဘက်က ပစ်ချနိုင်ခဲ့သော်လည်း ဒရုန်းအပျက်စီးများသည်မူကြိုကျောင်းနားကိုကျရောက်ခဲ့ခြင်းကြောင့် ကလေးငယ်များထိခိုက်ခဲ့ရပြီး ကလေးငယ်အနည်းဆုံး (၉၀)နီးပါး ဒဏ်ရာရခဲ့ကြောင်းမော်စကိုမြို့ ကလေးငယ်များဆိုင်ရာအခွင့်ရေး ကော်မရှင်နာက ပြောသည်။

ယူကရိန်းသည် ရုရှားကို ဒုံးကျည်များ၊ ပဲ့ထိန်းဗုံးများအသုံးပြုကာတိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း ရုရှား၏လေကြောင်းရန်ကာကွယ်ရေးစနစ်များကြောင့် ယူကရိန်း ဘက်မှတိုက်ခိုက်ခြင်းများကို ကြိတင်သိရှိ ဟန့်တားခြင်းများလုပ်ဆောင်နိုင်ခဲ့ကြောင်းသိရသည်။ လက်ရှိအချိန်တွင် ရုရှားနှင့် ယူကရိန်းနိုင်ငံကြား ၃နှစ်ကြာဖြစ်ပွားနေသော စစ်ပွဲကိုအဆုံးသတ်ရန်အတွက်အမေရိကန်အစိုးရက ကြားဝင်ကြိုးပမ်းနေသော်လည်း ထူးခြားသောတိုးတက်မှုများမရှိသေးကြောင်းသိရသည်။

zawgyi version
(၄၈)နာရီအတြင္း ယူကရိန္းစစ္တပ္၏ ဒ႐ုန္းအစင္းေရ (၅၀၀)ကို ပစ္ခ်ႏိုင္ခဲ့ဟု ႐ုရွားစစ္တပ္ေျပာ
ဂ်န္ဇက္ (NP News) - ေမ ၂၃

အေမရိကန္၏ ၾကားဝင္ေစ့စပ္မႈမ်ားေၾကာင့္ ႐ုရွားႏွင့္ ယူကရိန္းႏိုင္ငံၾကား ေဆြးေႏြးမႈမ်ားျဖစ္ပြားေနေသာ္လည္း တိုက္ပြဲမ်ားဆက္လက္ျဖစ္ပြားေနဆဲျဖစ္ရာၿပီးခဲ့သည့္ (၄၈)နာရီအတြင္း ယူကရိန္း ဒ႐ုန္းအစင္းေရ (၄၈၅)စင္းကိုပစ္ခ်ႏိုင္ခဲ့ေၾကာင္း ႐ုရွားစစ္တပ္ကသတင္းထုတ္ျပန္လိုက္သည္။

႐ုရွားေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ားသည္ ယူကရိန္းစစ္တပ္အသုံးျပဳေသာ ဒ႐ုန္းမ်ားကို ရာႏွင့္ခ်ီ ပစ္ခ်ဖ်က္ဆီးႏိုင္ခဲ့ၿပီး နယ္စပ္ေဒသျဖစ္ေသာ အိုရယ္လ္ ေဒသတြင္ ယူကရိန္းဒ႐ုန္းအစင္းေရ (၁၄၀)နီးပါးကို ပစ္ခ်ႏိုင္ခဲ့ေၾကာင္း႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာသည္။ယူကရိန္းသည္ ႐ုရွားႏိုင္ငံၿမိဳ႕ေတာ္ ေမာ္စကိုၿမိဳ႕ကိုဦးတည္ တိုက္ခိုက္ခဲ့ျခင္းျဖစ္ရာ ၿပီးခဲ့ေသာရက္ပိုင္းတြင္ ေမာ္စကိုၿမိဳ႕ကိုတိုက္ခိုက္ရန္ဦးတည္လာေသာ ယူကရိန္းဒ႐ုန္းအစီးေရ အနည္းဆုံး ၄၀ကို ပစ္ခ်ႏိုင္ခဲ့ေၾကာင္း ေမာ္စကိုၿမိဳ႕ေတာ္ဝန္ကအတည္ျပဳထားသည္။ ႐ုရွားႏွင့္ ယူကရိန္းႏိုင္ငံၾကားစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ႏွစ္ႏိုင္ငံစလုံးသည္ ဒ႐ုန္းမ်ားကိုအဓိကထားအသုံးျပဳလာခဲ့ေၾကာင္းသိရသည္။ေမာ္စကိုၿမိဳ႕ကိုဦးတည္ပ်ံသန္းလာေသာ ယူကရိန္းဒ႐ုန္းမ်ားကို ႐ုရွားဘက္က ပစ္ခ်ႏိုင္ခဲ့ေသာ္လည္း ဒ႐ုန္းအပ်က္စီးမ်ားသည္မူႀကိဳေက်ာင္းနားကိုက်ေရာက္ခဲ့ျခင္းေၾကာင့္ ကေလးငယ္မ်ားထိခိုက္ခဲ့ရၿပီး ကေလးငယ္အနည္းဆုံး (၉၀)နီးပါး ဒဏ္ရာရခဲ့ေၾကာင္းေမာ္စကိုၿမိဳ႕ ကေလးငယ္မ်ားဆိုင္ရာအခြင့္ေရး ေကာ္မရွင္နာက ေျပာသည္။

ယူကရိန္းသည္ ႐ုရွားကို ဒုံးက်ည္မ်ား၊ ပဲ့ထိန္းဗုံးမ်ားအသုံးျပဳကာတိုက္ခိုက္ခဲ့ျခင္းျဖစ္ေသာ္လည္း ႐ုရွား၏ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ားေၾကာင့္ ယူကရိန္း ဘက္မွတိုက္ခိုက္ျခင္းမ်ားကို ႀကိတင္သိရွိ ဟန႔္တားျခင္းမ်ားလုပ္ေဆာင္ႏိုင္ခဲ့ေၾကာင္းသိရသည္။ လက္ရွိအခ်ိန္တြင္ ႐ုရွားႏွင့္ ယူကရိန္းႏိုင္ငံၾကား ၃ႏွစ္ၾကာျဖစ္ပြားေနေသာ စစ္ပြဲကိုအဆုံးသတ္ရန္အတြက္အေမရိကန္အစိုးရက ၾကားဝင္ႀကိဳးပမ္းေနေသာ္လည္း ထူးျခားေသာတိုးတက္မႈမ်ားမရွိေသးေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.