မြင်းခြံခရိုင်တွင် တိုက်ပွဲဖော်ခဲ့သော PDF ပူးပေါင်းအဖွဲ့ကို တပ်မတော်က ပြန်လည်ထိုးစစ်ဆင်

3462

သုတကျော် (NP News)-မေ ၂၆
မြင်းခြံခရိုင်တွင် တိုက်ပွဲဖော်ခဲ့သော PDF ပူးပေါင်းအဖွဲ့ကို တပ်မတော်က ပြန်လည် ထိုးစစ်ဆင် နေရာ PDF ဘက်တွင် သေဆုံးသူ များပြားနေကြောင်း NP News ၏စစ်ရေး သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေလ (၁၅) ရက်က စတင်ကာ မြင်းခြံမြို့နယ်ရှိ အမှတ် (၁၈) ရပ်ကွက်အနီးရှိ တပ် စခန်း၊ ဆီမီးခုံရဲစခန်း၊ ကျောက်ပြုတ်ရွာ တပ်စခန်း၊ နန်းမြင့်တောင်ကြားတပ်စခန်း၊ တောင်သာမြို့နယ်ရှိ ထနောင်းကုန်း တပ်စခန်း၊ နွားထိုးကြီးမြို့နယ်က ဝက် လူးရဲစခန်း အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ၏ စခန်း (၈) ခု ကို PDF ပူးပေါင်းအဖွဲ့က စတိုက်သော ကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် တပ်မတော်က စစ်ကူဖြည့်ကာ ပြန်လည်တိုက်ခိုက်သည့်အတွက် PDF များ ဆုတ်ခွာထွက်ပြေးခဲ့ရပြီး လက်ရှိတွင် တပ်မတော်က နယ်မြေရှင်းလင်းကာ ထိုးစစ်ဆင်နေကြောင်း သိရ သည်။ “စစ်ကူဝင်လာတာပေါ့။ နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေကြတယ်လို့ သိရပါတယ်။ PDF
တွေက အသေအဆုံးလည်း တော်တော်များပါတယ်။ ရွာတွေမှာလည်း PDF တွေက မိုင်းတွေအများကြီး ခင်းခဲ့တော့ ရွာသားတွေလည်း ဝင်မရဘူး။ စစ်ကြောင်းကတော့ မိုင်းတွေ ရှင်းရတယ်။ နောက်ထပ် ထိတွေ့မှုလေးတွေ ထပ်ပြီး ဖြစ်နေဆဲပါ။ (၂၀) ရက် မှာ တပ်မတော်က ပြန်ပြီး ထိုးစစ်လုပ်တာပါ” ဟု အ ထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
PDF များ အတိုက်ခံခဲ့ရသော ဝက်လူး ရဲစခန်းဆိုလျှင် စခန်းတစ်ခုလုံး ကျည်ပေါက်ရာများ ဖြစ် သည်အထိ အတိုက်ခံရသော်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များက မဆုတ်ဘဲ ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကူ အရောက်တွင် PDF များ ထွက်ပြေးသွားကြောင်း သိရသည်။
“စခန်းတစ်ခုလုံးကို စုတ်ပြတ်သတ်သွားတဲ့အထိ ခံတိုက်တယ်။ ဝက်လူးစခန်းကလေ။ ဘာမှကို ရစရာ မရှိအောင် စုတ်ပြတ်သတ်သွားတာ။ တော် တော့်ကို ချီးကျူးစရာ စံတင်စရာ ကောင်းတယ်။ စစ် ကူမလာခင် ခြောက်ရက်နဲ့ငါးညတိတိ ခံတိုက်ခဲ့တာပါ။ ဘယ်အထိ ဖောက်ဝင်လဲဆို ရဲစခန်း ဆက်သွယ် ရေး တူးဖောက်အထိ သူတို့ ဖောက်ဝင်ခဲ့တာ” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။ တပ်မ တော်အနေဖြင့် မြင်းခြံခရိုင်တွင် လေကြောင်း ပစ်ကူကိုလည်း အပြည့်အဝ ပေးထားပြီး တပ်မတော်က အင်အားအပြည့်အဝဖြင့် ရန်သူကို ချေမှုန်းနေခြင်းဖြစ်ကြောင်း အခြားစစ်ရေး သတင်း ရင်းမြစ်တစ်ဦးက ဆိုသည်။ “ဒရုန်းအကြီးတွေ ပါတယ်။ အဖြူကောင်တွေလည်း ပါတယ်။ နွားထိုးကြီး PDF က ခေါင်း ဆောင် စိုးအောင်တောင်ထိသွားတယ် ပြောတယ်” ဟု မြင်းခြံခရိုင် တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
လက်ရှိတွင် မြေပြင်တိုက်ပွဲ အခြေအနေနှင့်ပတ်သက်၍ နောက်ဆက်တွဲသတင်းကို ဆက်သွယ် ရေး အခြေအနေကြောင့် အသေးစိတ် သိရခြင်းမရှိသေးပါ။

Zawgyi Version:
ျမင္းၿခံခ႐ိုင္တြင္ တိုက္ပြဲေဖာ္ခဲ့ေသာ PDF ပူးေပါင္းအဖြဲ႕ကို တပ္မေတာ္က ျပန္လည္ထိုးစစ္ဆင္
သုတေက်ာ္ (NP News)-ေမ ၂၆
ျမင္းၿခံခ႐ိုင္တြင္ တိုက္ပြဲေဖာ္ခဲ့ေသာ PDF ပူးေပါင္းအဖြဲ႕ကို တပ္မေတာ္က ျပန္လည္ ထိုးစစ္ဆင္ ေနရာ PDF ဘက္တြင္ ေသဆုံးသူ မ်ားျပားေနေၾကာင္း NP News ၏စစ္ေရး သတင္းရင္းျမစ္ တစ္ဦးက ေျပာသည္။
ၿပီးခဲ့သည့္ ေမလ (၁၅) ရက္က စတင္ကာ ျမင္းၿခံၿမိဳ႕နယ္ရွိ အမွတ္ (၁၈) ရပ္ကြက္အနီးရွိ တပ္ စခန္း၊ ဆီမီးခုံရဲစခန္း၊ ေက်ာက္ျပဳတ္႐ြာ တပ္စခန္း၊ နန္းျမင့္ေတာင္ၾကားတပ္စခန္း၊ ေတာင္သာၿမိဳ႕နယ္ရွိ ထေနာင္းကုန္း တပ္စခန္း၊ ႏြားထိုးႀကီးၿမိဳ႕နယ္က ဝက္ လူးရဲစခန္း အပါအဝင္ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ား ၏ စခန္း (၈) ခု ကို PDF ပူးေပါင္းအဖြဲ႕က စတိုက္ေသာ ေၾကာင့္ တိုက္ပြဲျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။
ယင္းေနာက္ တပ္မေတာ္က စစ္ကူျဖည့္ကာ ျပန္လည္တိုက္ခိုက္သည့္အတြက္ PDF မ်ား ဆုတ္ခြာထြက္ေျပးခဲ့ရၿပီး လက္ရွိတြင္ တပ္မေတာ္က နယ္ေျမရွင္းလင္းကာ ထိုးစစ္ဆင္ေနေၾကာင္း သိရ သည္။ “စစ္ကူဝင္လာတာေပါ့။ နယ္ေျမရွင္းလင္းေရးေတြ ဆက္လုပ္ေနၾကတယ္လို႔ သိရပါတယ္။ PDF
ေတြက အေသအဆုံးလည္း ေတာ္ေတာ္မ်ားပါတယ္။ ႐ြာေတြမွာလည္း PDF ေတြက မိုင္းေတြအမ်ားႀကီး ခင္းခဲ့ေတာ့ ႐ြာသားေတြလည္း ဝင္မရဘူး။ စစ္ေၾကာင္းကေတာ့ မိုင္းေတြ ရွင္းရတယ္။ ေနာက္ထပ္ ထိေတြ႕မႈေလးေတြ ထပ္ၿပီး ျဖစ္ေနဆဲပါ။ (၂၀) ရက္ မွာ တပ္မေတာ္က ျပန္ၿပီး ထိုးစစ္လုပ္တာပါ” ဟု အ ထက္ပါ သတင္းရင္းျမစ္က ဆိုသည္။
PDF မ်ား အတိုက္ခံခဲ့ရေသာ ဝက္လူး ရဲစခန္းဆိုလွ်င္ စခန္းတစ္ခုလုံး က်ည္ေပါက္ရာမ်ား ျဖစ္ သည္အထိ အတိုက္ခံရေသာ္လည္း လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက မဆုတ္ဘဲ ခုခံတိုက္ခိုက္ခဲ့ရာ စစ္ကူ အေရာက္တြင္ PDF မ်ား ထြက္ေျပးသြားေၾကာင္း သိရသည္။
“စခန္းတစ္ခုလုံးကို စုတ္ျပတ္သတ္သြားတဲ့အထိ ခံတိုက္တယ္။ ဝက္လူးစခန္းကေလ။ ဘာမွကို ရစရာ မရွိေအာင္ စုတ္ျပတ္သတ္သြားတာ။ ေတာ္ ေတာ့္ကို ခ်ီးက်ဴးစရာ စံတင္စရာ ေကာင္းတယ္။ စစ္ ကူမလာခင္ ေျခာက္ရက္နဲ႔ငါးညတိတိ ခံတိုက္ခဲ့တာပါ။ ဘယ္အထိ ေဖာက္ဝင္လဲဆို ရဲစခန္း ဆက္သြယ္ ေရး တူးေဖာက္အထိ သူတို႔ ေဖာက္ဝင္ခဲ့တာ” ဟု အထက္ပါ သတင္းရင္းျမစ္က ေျပာသည္။ တပ္မ ေတာ္အေနျဖင့္ ျမင္းၿခံခ႐ိုင္တြင္ ေလေၾကာင္း ပစ္ကူကိုလည္း အျပည့္အဝ ေပးထားၿပီး တပ္မေတာ္က အင္အားအျပည့္အဝျဖင့္ ရန္သူကို ေခ်မႈန္းေနျခင္းျဖစ္ေၾကာင္း အျခားစစ္ေရး သတင္း ရင္းျမစ္တစ္ဦးက ဆိုသည္။ “ဒ႐ုန္းအႀကီးေတြ ပါတယ္။ အျဖဴေကာင္ေတြလည္း ပါတယ္။ ႏြားထိုးႀကီး PDF က ေခါင္း ေဆာင္ စိုးေအာင္ေတာင္ထိသြားတယ္ ေျပာတယ္” ဟု ျမင္းၿခံခ႐ိုင္ တိုက္ပြဲအေျခအေနႏွင့္ပတ္သက္၍ အထက္ပါသတင္းရင္းျမစ္က ဆိုသည္။
လက္ရွိတြင္ ေျမျပင္တိုက္ပြဲ အေျခအေနႏွင့္ပတ္သက္၍ ေနာက္ဆက္တြဲသတင္းကို ဆက္သြယ္ ေရး အေျခအေနေၾကာင့္ အေသးစိတ္ သိရျခင္းမရွိေသးပါ။