မြစ်ကြီးနားက ဖွင့်ဟချက် (မြို့ အင်တာဗျူး)

 455

ပုံ။ ။ မြစ်ကြီးနားမြို့တွင် မှုခင်းတစ်ခု ဖြစ်ပွားပြီးနောက်တွေ့ရစဉ်( ဓာတ်ပုံ။ ။ CJ )

သုတကျော် ၊ ထိုက်စံ (NP News) - ဒီဇင်ဘာလ ၁၈

စစ်ပွဲ၏အနိဋ္ဌာရုံများအကြောင်းကို မြန်မာနိုင်ငံအတွင်းနေထိုင်သူများအားလုံး သိလာကြပေပြီ။ အချို့က စစ်ဒဏ်ကို တိုက်ရိုက်ခံကြရပြီး အချို့မှာမူ သွယ်ဝိုက်၍ခံကြရသည်။ ယင်းနှစ်မျိုးအနက် မြစ်ကြီးနားမြို့ တွင်နေထိုင်ကြရသူများကား ဒုတိယအမျိုးအစားအတွင်း ပါဝင်ပါလိမ့်မည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ NP News က မြစ်ကြီးနားမြို့ခံတစ်ဦးနှင့်မေးမြန်းခွင့်ရခဲ့ရာ စာဖတ်ပရိသတ် များအတွက် ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - လူမှုစီးပွားဘဝအခြေအနေကို အရင်မေးချင် တာပါ။ မြစ်ကြီးနားမှာ ဘယ်အချိန်လောက်ကစပြီး စီးပွားရေးကျပ်တည်းခဲ့ကြတာလဲ။
ဖြေ - မြစ်ကြီးနားမှာက ကိုဗစ်ကာလကစပြီးတော့ ကျပ်တည်းခဲ့တာပါ။
မေး - ဘယ်လိုစဖြစ်လာတာလဲ။
ဖြေ - ကိုဗစ်ကာလမှာ ဝင်ငွေတွေ စပြီးတော့ ကျပ် တည်းလာတယ်။ ဥပမာ ကျွန်မတို့ လက်ငုပ်လက်ရင်း လုပ်ငန်းဆိုရင် ဖောက်သည်ဆီတိုက်ရိုက်ပို့ရတဲ့လုပ် ငန်းမဟုတ်ဘူး။ တစ်ဆင့်ခံရောင်းချပေးသူတဲ့သူဆီ ပြန်ရောင်းရတာဆိုတော့ အဲဒီရောင်းချပေးသူတွေက လည်း ကိုဗစ်ကာလမှာ လုပ်ငန်းတွေရပ်နားထားရ တယ်။ အဲဒီတော့ ကျပ်တည်းတာ။
မေး - ကိုဗစ်တစ်လျှောက်လုံးလား။
ဖြေ - ကိုဗစ်ကာလမှာ တစ်လျှောက်လုံးကျပ်တည်း တယ်။ ပြီးတော့ နိုင်ငံရေးကလည်း တောက်လျှောက် လာတာလေ။ ဆိုတော့ ပြောရမယ်ဆိုရင် တစ်ဆက် တည်းလို ကျပ်တည်းတာကဖြစ်သွားတယ်။ ဘာလို့ လဲဆိုတော့ ကုန်ဈေးနှုန်းကြီးလာတာကြောင့်ပါ။
မေး - ကုန်ဈေးနှုန်းတွေက ဘယ်တည်းက စတက် တာလဲ။
ဖြေ - ကိုဗစ်ကာလကနေပြီး စတက်တာ အခုထိမကျ သေးဘူး။ ဆန်၊ ဆီ၊ ဆား အခြေခံ စားသောက်ကုန် တွေ အကုန်ဈေးကြီးတယ်။ အသီးအနှံဆိုရင်လည်း ကိုယ့်ဒေသထွက်သီးနှံတောင် ဈေးကြီးတယ်။ ကား လမ်းတွေပိတ်ရင်လည်း ကုန်ဈေးနှုန်းကပိုတက်တယ်။
မေး - လက်ရှိမှာကော ဖုန်းလိုင်းတွေက အဆင်ပြေ လား။
ဖြေ - မြစ်ကြီးနားမှာ ဖုန်းလိုင်းတွေက ပြီးခဲ့တဲ့နှစ် (၇)လပိုင်းမှာ လုံးဝပြတ်သွားသေးတယ်။ အင်တာ နက်လည်းပြတ်သွားတယ်။ အခုက ရနေတယ်ဆိုပေ မယ့် လိုင်းက မကောင်းတဲ့အခြေအနေပေါ့။
မေး - အဲဒီတုန်းက ရုတ်တရက် ဖုန်းလိုင်းပြတ်သွား တာလား။ ပျက်မယ်ဆိုတာကော ကြိုပြီးသိခဲ့လား။
ဖြေ - မသိခဲ့ပါဘူး။
မေး - ဆိုတော့ ဖုန်းအဆက်အသွယ်က ဘယ်အပိုင်း တွေရပြီး ဘယ်အပိုင်းတွေကမရဘူး ဖြစ်နေတာလဲ။
ဖြေ - မြို့ထဲဆိုရင်တော့ ဖုန်းလိုင်းကောင်းတယ်။ မြို့ ထဲဘက်မဟုတ်ရင်တော့ လိုင်းသိပ်မကောင်းဘူး။
မေး - ဆက်သွယ်ရေး နောက်တစ်ခုဖြစ်တဲ့ လမ်းပန်း ဆက်သွယ်ရေးအခြေအနေကကော ဘယ်လိုရှိပါသ လဲ။
ဖြေ - ရန်ကုန်ကိုလာမယ်ဆိုရင် အများစုက ကားနဲ့ သွားတာအန္တရာယ်များတယ်ဆိုပြီး လေယာဉ်နဲ့သွား ကြတယ်။ တချို့ကလည်း မြစ်ကြီးနားကနေမန္တလေး အထိ လေယာဉ်စီးပြီး မန္တလေးကနေရန်ကုန်ကို ကား နဲ့လာတာလည်းရှိတယ်။ ကားနဲ့ကတော့ ကြားထဲမှာ တိုက်ပွဲဖြစ်တာနဲ့လည်းတိုးမှာစိုးကြတာပေါ့။
မေး - မြစ်ကြီးနားဒေသထွက်ပစ္စည်းတွေတင်ပို့တဲ့ အခြေအနေကကော။
ဖြေ - လမ်းမှာ တိုက်ပွဲမဖြစ်ရင်တော့ တင်ပို့လို့ရတယ်။
မေး - မြစ်ကြီးနားမြို့ကို တိုက်ပွဲရောက်မလာဘူးဆို ပေမယ့် တိုက်ပွဲနဲ့ပတ်သက်လို့ အသံတွေဘာတွေ ကြားရတာမျိုးကောရှိလား။
ဖြေ - ကြားရတယ်။ မြစ်ကြီးနားမှာ တပ်ဘက်ကနေ အမြောက်နဲ့လှမ်းပစ်သံကြားရတယ်။ အဲဒီတုန်းက ဝိုင်းမော်ဘက်မှာ ဖြစ်နေတုန်းကပါ။
မေး - မြစ်ကြီးနားကို သူပုန်တွေက သိမ်းတော့မလိုလို ကောလာဟလအသံမျိုးကြားရတာကောရှိလား။
ဖြေ - အဲဒီလိုကြားရတာတော့ မရှိဘူး။
မေး - ကိုယ့်မြို့မှာ တိုက်ပွဲဖြစ်မှာကို စိုးရိမ်မိလား။
ဖြေ - တိုက်ပွဲဖြစ်မယ်၊ မဖြစ်မယ်ဆိုတာကတော့ ကိုယ်တိုင်က သတင်းတွေဖတ်တယ်။ သတင်းတွေမှာ ကြည့်တယ်၊ သတင်းတွေနားထောင်ပြီးတော့ မဖြစ် ဘူးဆိုတာတော့ခန့်မှန်းနိုင်ခဲ့တာပေါ့။ ဒါကြောင့် မ ကြောက်ခဲ့ပါဘူး။ တချို့ကျတော့လည်း ကောလဟလ သတင်းတွေဖတ်ပြီးတော့ ကြောက်တဲ့သူတွေလည်း ရှိပါတယ်။
မေး - ဆိုတော့ ခုနကမေးတဲ့ဟာလေး ပြန်ကောက်ရ ရင် ကိုဗစ်အပြီး၊ တိုက်ပွဲကာလအပြီးမှာ လက်ရှိကုန် ဈေးနှုန်းတက်နေတာဆိုတော့ ဘယ်သူတွေက အထိ နာဆုံးဖြစ်နေပါသလဲ။
ဖြေ - အခြေခံလူတန်းစားတွေရယ်၊ ပြီးတော့ တချို့ လူလတ်တန်းစားတွေလည်း အထိနာပါတယ်။
မေး - ဘယ်လိုမျိုးအထိနာတာလဲ။
ဖြေ - တစ်နေ့လုပ်မှတစ်နေ့စားရတဲ့သူတွေဆိုတော့ ဝင်ငွေနည်းရင်ခက်ခဲကြတယ်။ အဆင်မပြေကြဘူး။ တချို့ မိသားစုများတဲ့သူတွေဆိုရင်လည်း အဆင်မ ပြေကြဘူး။ လူလတ်တန်းစားတွေကတော့ ဝင်ငွေနဲ့ ထွက်ငွေ မမျှကြတာပေါ့။
မေး - ဆိုတော့ သိသာတဲ့နှိုင်းယှဉ်ချက်တစ်ခုပေး နိုင်မလား။ ရန်ကုန်နဲ့မြစ်ကြီးနား ဆိုပါစို့။ ရန်ကုန်က အစစအရာရာဈေးကြီးတယ်လို့ပြောကြတယ်။ ရန် ကုန် ကုန်ဈေးနှုန်းနဲ့ မြစ်ကြီးနားကုန်ဈေးနှုန်းဆိုရင် ဘယ်ဟာက ပိုသက်သာလဲ။
ဖြေ - ရန်ကုန်ကတောင်ပိုသက်သာနေတာ(ရယ် လျက်)။
မေး - သာမန်ပြည်သူတစ်ယောက်အနေနဲ့ ကုန် ဈေးနှုန်းတက်ရတဲ့အပေါ် ဘယ်လိုနားလည်ထားလဲ။
ဖြေ - ပစ္စည်းတွေက ကားလမ်းကနေတင်ပို့ရတယ်ဆို တော့ လာတဲ့လမ်းတွေမှာ PDF တွေက ပိုက်ဆံ တောင်းတယ်လေ။ ဟိုတစ်လောကတောင် ဖေ့စ် ဘွတ်ခ်မှာတွေ့လိုက်သေးတယ်။ ပစ္စည်းဝယ်လာတာ ကို မတန်တဆတောင်းတယ်ဆိုတာလေ။ မပေးရင် လည်း မသွားရဘူးပြောတယ်။ ဒီလိုမျိုးတွေကြောင့် ကုန်ဈေးနှုန်းတက်တယ်လို့ထင်တယ်။
မေး - ကိုဗစ်ကာလနဲ့ နိုင်ငံရေးအပြောင်းအလဲကာ လပေါ့လေ။ ဒီနှစ်ခုမှာ ဘယ်ဟာက ပိုကျပ်တည်းလဲ။
ဖြေ - နိုင်ငံရေးတွေဖြစ်နေတဲ့အချိန်တုန်းကတော့ ပိုခက်ခဲတယ်။ အလုပ်လည်းမဖြစ်ဘူး။ စီးပွားရေး လည်းမဖြစ်ဘူး။ ဝင်ငွေတွေလည်း အဲဒီတုန်းကပိုကျပ် တာပေါ့။ ပြီးတော့ လူမှုဆက်ဆံရေးမှာလည်း သိတယ် မဟုတ်လား တစ်ယောက်နဲ့တစ်ယောက်က ဆက်ဆံ ရေးအဆင်မပြေကြဘူး။ ပြောရရင် တစ်ယောက်နဲ့တစ် ယောက် ဆက်ဆံရေးတောင် ကောင်းကောင်းမွန်မွန် မဖြစ်ဘူး။ ကျပ်တည်းတယ်လို့တင်စားရမယ်ထင် တယ်။
မေး - မြစ်ကြီးနားမြို့ကိုပဲကွက်ပြီးတော့ ကုန်စည်ပိတ် ထားတာမျိုးကောရှိလား။
ဖြေ - အဲဒီလိုတော့မရှိပါဘူး။ ကားလမ်းတွေ ပိတ် သွားတာကြောင့် ကုန်စည်တွေမဝင်တာတော့ရှိတယ်။
မေး - အဲဒါကကော ဘယ်တုန်းကလဲ။
ဖြေ - တိုက်ပွဲဖြစ်နေတဲ့ကာလတွေဆိုရင်တော့ ပိတ် တတ်တယ်။
မေး - ဆိုတော့ ဒါကတော့ ပုဂ္ဂလိကမေးခွန်းဖြစ်ပါ တယ်။ စီးပွားရေးတွေကျပ်တည်းနေတယ်လို့ဆိုတဲ့ အခါ မိသားစုစားဝတ်နေရေးကို ဘယ်လိုဖြေရှင်းကြ ပါသလဲ။
ဖြေ - မရှိ၊ မရှား လူလတ်တန်းစားထဲပါပေမယ့် စီး ပွားရေးကကျပ်တည်းနေတော့ ရသလောက်ဝင်ငွေကို ပဲ ချွေတာပြီးသုံးစွဲရတယ်။ အလုပ်ကို ပိုပြီးလုပ်ရတယ်။ တစ်ရက်မှကိုနားလို့မရဘူး။ ကုန်ဈေးနှုန်းမြင့်တက် တာက လူတွေကိုစိတ်ဓာတ်ကျစေတဲ့အထိကို ရိုက် ခတ်တာပါ။ လူလတ်တန်းစားလို့ ကိုယ့်ကိုယ်ကိုယ် ပြောနိုင်တာတောင် လက်ထဲမှာ ငွေပိုငွေလျှံမရှိဘူး။ ရလာတဲ့ဝင်ငွေက စားစရိတ်နဲ့တင်ပြီးနေတာ။ အဲဒီ ကြားထဲမှာ ရောဂါဖြစ်လာလို့ဆေးကုရမယ်ဆိုရင် တော့ အသေတောင်ခံရမယ့်သဘောရှိပါတယ်။
မေး - ကုန်ဈေးနှုန်းတက်တဲ့အခြေအနေမှာ အောက် ခြေလူတန်းစားပမာဏတိုးလာတယ်လို့ထင်လား။
ဖြေ - များလာတယ်။ လူလည်းဆင်းရဲလာကြတယ်။ စိတ်တွေလည်း ဆင်းရဲနေကြရတာပေါ့။
မေး - တစ်ခုလောက်ထပ်မေးပါရစေ။ ဖောင်စီးရင်း ရေငတ်ဆိုသလို အလုပ်လုပ်နေပါရဲ့နဲ့ ထမင်းငတ်တဲ့ သူကောရှိလား။
ဖြေ - ရှိတယ်။ အလုပ်လုပ်နေရင်းကို အဲဒီလိုအ ခြေအနေ တစ်ခါတလေရောက်သွားရတာမျိုးပေါ့။
မေး - ဘယ်လိုမျိုးလဲ။
ဖြေ - ဥပမာ ကိုယ်တိုင်ပဲပြောပါတော့မယ်။ ကျွန်မ တို့မိသားစုဆိုရင် ကျောင်းတက်တဲ့သူကများတော့ ရ တဲ့ဝင်ငွေက ဒီကာလမှာ နည်းပြီးတော့ တစ်ခါတလေ ထမင်းငတ်တဲ့အခြေအနေမျိုးအထိရှိဖူးတယ်။ ပိုက် ဆံကပြတ်သွားတာပေါ့။ ပစ္စည်းကရှိတယ်။ ပိုက်ဆံက ပြတ်သွားတယ် အဲဒီလိုမျိုး။
မေး - ကုန်ဈေးနှုန်းမြင့်တက်တယ်။ လူနေမှုဘဝတွေ ကို အခြေပျက်စေတယ်ဆိုတဲ့အခြေအနေမျိုးမှာ မြို့ ကနေပြောင်းသွားတဲ့သူတွေ များလား။
မေး - လူငယ်အတော်များများကတော့ စီးပွားရေး အခြေအနေမကောင်းဘူးဆိုပြီးတော့ နိုင်ငံခြားထွက် ကြတယ်။ တချို့ ပိုက်ဆံရှိတဲ့သူဌေးတွေကတော့ တခြားမြို့မှာအခြေချကြတယ်။
မေး - အခုဆို မြစ်ကြီးနားကနေ ရန်ကုန်ကိုလာပြီး ပြောင်းရွှေ့အခြေချတဲ့သူတစ်ယောက်အနေနဲ့ ရန် ကုန်နဲ့မြစ်ကြီးနားက ဘာကွာသွားလဲ။
ဖြေ - အစားအသောက်၊ ပစ္စည်းတွေနဲ့ပတ်သက်ရင် ရန်ကုန်က ဈေးပိုသက်သာတယ်လို့ပြောနိုင်တယ်။ နေရတာကတော့ မွေးရပ်မြေကိုပဲပိုသဘောကျပါ တယ်။ ဒါပေမဲ့ ရန်ကုန်မြို့ကတော့ အခွင့်အလမ်းပိုများ ပါတယ်။
မေး - မြစ်ကြီးနားမြို့မှာ ခိုး၊ ဆိုး၊ လု၊ နှိုက် အခြေ အနေကကော ဘယ်လို ရှိပါသလဲ။
ဖြေ - နိုင်ငံရေးအခြေအနေအရဆိုရင်တော့ လုံခြုံပါ တယ်။ ခိုး၊ ဆိုး၊ လု၊ နှိုက်ကတော့ရှိတယ်။ သတိထားပြီး သွား၊ လာနေကြရတယ်။
မေး - ဘယ်လိုဖြစ်စဉ်တွေရှိနေပါသလဲ။
ဖြေ - ရိုးရိုးတန်းတန်းလုယက်တာမဟုတ်ဘဲ လူပါ သတ်သွားတာမျိုးရှိတယ်။ ကြောက်ဖို့ကောင်းတယ်။ နိုင်ငံရေးကိုအကြောင်းပြုပြီး ဥပဒေမဲ့ရမ်းကားနေတာ ပေါ့။ လူငယ်တွေလည်းပါတယ်။
မေး - ဆိုတော့ ကိုယ့်အိမ်ကိုယ်တော့ လုံခြုံအောင် လုပ်နေရတာပေါ့။
ဖြေ - ဟုတ်ပါတယ်။ ညဘက်တွေဆို ပုံမှန်ထက် သတိထားရတာပေါ့။
မေး - အခုက ကိုယ်တိုင်တော့ ရန်ကုန်ရောက်နေပြီ ဆိုတော့ ကျန်ခဲ့တဲ့မိသားစုတွေကိုကော စိုးရိမ်လား။
ဖြေ - စိုးရိမ်စိတ်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မြစ် ကြီးနားက လုယက်တာ၊ သတ်ဖြတ်တာ ရဲတင်းလို့ပါ။
မေး - လူငယ်ကဏ္ဍပေါ့လေ။ မြစ်ကြီးနားက လက်ရှိ အခြေအနေမှာ လူငယ်တွေအတွက် အနာဂတ်ရှိတယ် ထင်လား။
ဖြေ - မထင်ဘူး။ အခွင့်အလမ်းကနည်းနေတယ်။ လူငယ်အတော်များများက အခုဆိုရင် နိုင်ငံခြားထွက် ပြီးအလုပ်လုပ်ချင်ကြတယ်။ ပညာသင်အနေနဲ့မဟုတ် ဘဲ သူများနိုင်ငံမှာ သွားပြီးအလုပ်လုပ်ချင်ကြတာပါ့။ လူငယ်တွေကို စိတ်ဓာတ်မြှင့်တင်ပေးနိုင်ဖို့လိုတယ်။
မေး - မြို့မှာကျန်ခဲ့တဲ့လူငယ်တွေကျတော့ကော။ အ ခြေခံလစာတွေက ဘယ်လိုရကြလဲ။
ဖြေ - အထည်ဆိုင်လိုမျိုးဆိုရင်တော့ အခြေခံလစာ နှစ်သိန်းသုံးသောင်း၊ တချို့ကျတော့လည်း သုံးသိန်း၊ တချို့ကျတော့လည်း လေးသိန်းပေါ့ အဲဒီလိုရကြ တယ်။
မေး - မြို့က ကုန်ဈေးနှုန်းတက်တဲ့ဒဏ်ကိုခံနေရ တဲ့ အခါ အခြေခံလစာတွေကကော လိုက်တိုးလား။
ဖြေ - ပညာနဲ့လုပ်ရတဲ့အလုပ်ဆိုရင်တော့ နည်းနည်း တက်လာတယ်။ လစာမတက်တဲ့အလုပ်တွေလည်း ရှိပါတယ်။
မေး - မူးယစ်ဆေးဝါးသုံးစွဲမှုအခြေအနေကကော ဘယ်လိုရှိပါသလဲ။
ဖြေ - မူးယစ်ဆေးဝါးကတော့ အရမ်းပေါပါတယ်။ တချို့ဆို ပေါ်တင်သုံးတဲ့သူတွေရှိတယ်။ ရောင်း၊ ဝယ် နေကြတဲ့သူတွေလည်း ရှိတယ်။
မေး - ဘယ်လောက်ပမာဏအထိ မူးယစ်ဆေးဝါးပေါ များတယ်ဆိုနိုင်မလဲ။ သုံးစွဲသူတွေရဲ့ အသက်အပိုင်း အခြားကကော။
ဖြေ - အတိအကျတော့မပြောတတ်ဘူး။ ဒါပေမဲ့ တော်တော်များတယ်။ သုံးစွဲသူဆိုရင်တော့ အသက် (၂၀) ကနေ (၃၀) ကြားက အများဆုံးဖြစ်မယ်ထင် တယ်။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Zawgyi Version:
ျမစ္ႀကီးနားက ဖြင့္ဟခ်က္
(ၿမိဳ႕ အင္တာဗ်ဴး)
သုတေက်ာ္ ၊ ထိုက္စံ (NP News) - ဒီဇင္ဘာလ ၁၈

စစ္ပြဲ၏အနိ႒ာ႐ုံမ်ားအေၾကာင္းကို ျမန္မာႏိုင္ငံအတြင္းေနထိုင္သူမ်ားအားလုံး သိလာၾကေပၿပီ။ အခ်ိဳ႕က စစ္ဒဏ္ကို တိုက္႐ိုက္ခံၾကရၿပီး အခ်ိဳ႕မွာမူ သြယ္ဝိုက္၍ခံၾကရသည္။ ယင္းႏွစ္မ်ိဳးအနက္ ျမစ္ႀကီးနားၿမိဳ႕ တြင္ေနထိုင္ၾကရသူမ်ားကား ဒုတိယအမ်ိဳးအစားအတြင္း ပါဝင္ပါလိမ့္မည္။ အဆိုပါအေျခအေနမ်ားႏွင့္ပတ္သက္၍ NP News က ျမစ္ႀကီးနားၿမိဳ႕ခံတစ္ဦးႏွင့္ေမးျမန္းခြင့္ရခဲ့ရာ စာဖတ္ပရိသတ္ မ်ားအတြက္ ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - လူမႈစီးပြားဘဝအေျခအေနကို အရင္ေမးခ်င္ တာပါ။ ျမစ္ႀကီးနားမွာ ဘယ္အခ်ိန္ေလာက္ကစၿပီး စီးပြားေရးက်ပ္တည္းခဲ့ၾကတာလဲ။
ေျဖ - ျမစ္ႀကီးနားမွာက ကိုဗစ္ကာလကစၿပီးေတာ့ က်ပ္တည္းခဲ့တာပါ။
ေမး - ဘယ္လိုစျဖစ္လာတာလဲ။
ေျဖ - ကိုဗစ္ကာလမွာ ဝင္ေငြေတြ စၿပီးေတာ့ က်ပ္ တည္းလာတယ္။ ဥပမာ ကြၽန္မတို႔ လက္ငုပ္လက္ရင္း လုပ္ငန္းဆိုရင္ ေဖာက္သည္ဆီတိုက္႐ိုက္ပို႔ရတဲ့လုပ္ ငန္းမဟုတ္ဘူး။ တစ္ဆင့္ခံေရာင္းခ်ေပးသူတဲ့သူဆီ ျပန္ေရာင္းရတာဆိုေတာ့ အဲဒီေရာင္းခ်ေပးသူေတြက လည္း ကိုဗစ္ကာလမွာ လုပ္ငန္းေတြရပ္နားထားရ တယ္။ အဲဒီေတာ့ က်ပ္တည္းတာ။
ေမး - ကိုဗစ္တစ္ေလွ်ာက္လုံးလား။
ေျဖ - ကိုဗစ္ကာလမွာ တစ္ေလွ်ာက္လုံးက်ပ္တည္း တယ္။ ၿပီးေတာ့ ႏိုင္ငံေရးကလည္း ေတာက္ေလွ်ာက္ လာတာေလ။ ဆိုေတာ့ ေျပာရမယ္ဆိုရင္ တစ္ဆက္ တည္းလို က်ပ္တည္းတာကျဖစ္သြားတယ္။ ဘာလို႔ လဲဆိုေတာ့ ကုန္ေဈးႏႈန္းႀကီးလာတာေၾကာင့္ပါ။
ေမး - ကုန္ေဈးႏႈန္းေတြက ဘယ္တည္းက စတက္ တာလဲ။
ေျဖ - ကိုဗစ္ကာလကေနၿပီး စတက္တာ အခုထိမက် ေသးဘူး။ ဆန္၊ ဆီ၊ ဆား အေျခခံ စားေသာက္ကုန္ ေတြ အကုန္ေဈးႀကီးတယ္။ အသီးအႏွံဆိုရင္လည္း ကိုယ့္ေဒသထြက္သီးႏွံေတာင္ ေဈးႀကီးတယ္။ ကား လမ္းေတြပိတ္ရင္လည္း ကုန္ေဈးႏႈန္းကပိုတက္တယ္။
ေမး - လက္ရွိမွာေကာ ဖုန္းလိုင္းေတြက အဆင္ေျပ လား။
ေျဖ - ျမစ္ႀကီးနားမွာ ဖုန္းလိုင္းေတြက ၿပီးခဲ့တဲ့ႏွစ္ (၇)လပိုင္းမွာ လုံးဝျပတ္သြားေသးတယ္။ အင္တာ နက္လည္းျပတ္သြားတယ္။ အခုက ရေနတယ္ဆိုေပ မယ့္ လိုင္းက မေကာင္းတဲ့အေျခအေနေပါ့။
ေမး - အဲဒီတုန္းက ႐ုတ္တရက္ ဖုန္းလိုင္းျပတ္သြား တာလား။ ပ်က္မယ္ဆိုတာေကာ ႀကိဳၿပီးသိခဲ့လား။
ေျဖ - မသိခဲ့ပါဘူး။
ေမး - ဆိုေတာ့ ဖုန္းအဆက္အသြယ္က ဘယ္အပိုင္း ေတြရၿပီး ဘယ္အပိုင္းေတြကမရဘူး ျဖစ္ေနတာလဲ။
ေျဖ - ၿမိဳ႕ထဲဆိုရင္ေတာ့ ဖုန္းလိုင္းေကာင္းတယ္။ ၿမိဳ႕ ထဲဘက္မဟုတ္ရင္ေတာ့ လိုင္းသိပ္မေကာင္းဘူး။
ေမး - ဆက္သြယ္ေရး ေနာက္တစ္ခုျဖစ္တဲ့ လမ္းပန္း ဆက္သြယ္ေရးအေျခအေနကေကာ ဘယ္လိုရွိပါသ လဲ။
ေျဖ - ရန္ကုန္ကိုလာမယ္ဆိုရင္ အမ်ားစုက ကားနဲ႔ သြားတာအႏၲရာယ္မ်ားတယ္ဆိုၿပီး ေလယာဥ္နဲ႔သြား ၾကတယ္။ တခ်ိဳ႕ကလည္း ျမစ္ႀကီးနားကေနမႏၲေလး အထိ ေလယာဥ္စီးၿပီး မႏၲေလးကေနရန္ကုန္ကို ကား နဲ႔လာတာလည္းရွိတယ္။ ကားနဲ႔ကေတာ့ ၾကားထဲမွာ တိုက္ပြဲျဖစ္တာနဲ႔လည္းတိုးမွာစိုးၾကတာေပါ့။
ေမး - ျမစ္ႀကီးနားေဒသထြက္ပစၥည္းေတြတင္ပို႔တဲ့ အေျခအေနကေကာ။
ေျဖ - လမ္းမွာ တိုက္ပြဲမျဖစ္ရင္ေတာ့ တင္ပို႔လို႔ရတယ္။
ေမး - ျမစ္ႀကီးနားၿမိဳ႕ကို တိုက္ပြဲေရာက္မလာဘူးဆို ေပမယ့္ တိုက္ပြဲနဲ႔ပတ္သက္လို႔ အသံေတြဘာေတြ ၾကားရတာမ်ိဳးေကာရွိလား။
ေျဖ - ၾကားရတယ္။ ျမစ္ႀကီးနားမွာ တပ္ဘက္ကေန အေျမာက္နဲ႔လွမ္းပစ္သံၾကားရတယ္။ အဲဒီတုန္းက ဝိုင္းေမာ္ဘက္မွာ ျဖစ္ေနတုန္းကပါ။
ေမး - ျမစ္ႀကီးနားကို သူပုန္ေတြက သိမ္းေတာ့မလိုလို ေကာလာဟလအသံမ်ိဳးၾကားရတာေကာရွိလား။
ေျဖ - အဲဒီလိုၾကားရတာေတာ့ မရွိဘူး။
ေမး - ကိုယ့္ၿမိဳ႕မွာ တိုက္ပြဲျဖစ္မွာကို စိုးရိမ္မိလား။
ေျဖ - တိုက္ပြဲျဖစ္မယ္၊ မျဖစ္မယ္ဆိုတာကေတာ့ ကိုယ္တိုင္က သတင္းေတြဖတ္တယ္။ သတင္းေတြမွာ ၾကည့္တယ္၊ သတင္းေတြနားေထာင္ၿပီးေတာ့ မျဖစ္ ဘူးဆိုတာေတာ့ခန႔္မွန္းႏိုင္ခဲ့တာေပါ့။ ဒါေၾကာင့္ မ ေၾကာက္ခဲ့ပါဘူး။ တခ်ိဳ႕က်ေတာ့လည္း ေကာလဟလ သတင္းေတြဖတ္ၿပီးေတာ့ ေၾကာက္တဲ့သူေတြလည္း ရွိပါတယ္။
ေမး - ဆိုေတာ့ ခုနကေမးတဲ့ဟာေလး ျပန္ေကာက္ရ ရင္ ကိုဗစ္အၿပီး၊ တိုက္ပြဲကာလအၿပီးမွာ လက္ရွိကုန္ ေဈးႏႈန္းတက္ေနတာဆိုေတာ့ ဘယ္သူေတြက အထိ နာဆုံးျဖစ္ေနပါသလဲ။
ေျဖ - အေျခခံလူတန္းစားေတြရယ္၊ ၿပီးေတာ့ တခ်ိဳ႕ လူလတ္တန္းစားေတြလည္း အထိနာပါတယ္။
ေမး - ဘယ္လိုမ်ိဳးအထိနာတာလဲ။
ေျဖ - တစ္ေန႔လုပ္မွတစ္ေန႔စားရတဲ့သူေတြဆိုေတာ့ ဝင္ေငြနည္းရင္ခက္ခဲၾကတယ္။ အဆင္မေျပၾကဘူး။ တခ်ိဳ႕ မိသားစုမ်ားတဲ့သူေတြဆိုရင္လည္း အဆင္မ ေျပၾကဘူး။ လူလတ္တန္းစားေတြကေတာ့ ဝင္ေငြနဲ႔ ထြက္ေငြ မမွ်ၾကတာေပါ့။
ေမး - ဆိုေတာ့ သိသာတဲ့ႏႈိင္းယွဥ္ခ်က္တစ္ခုေပး ႏိုင္မလား။ ရန္ကုန္နဲ႔ျမစ္ႀကီးနား ဆိုပါစို႔။ ရန္ကုန္က အစစအရာရာေဈးႀကီးတယ္လို႔ေျပာၾကတယ္။ ရန္ ကုန္ ကုန္ေဈးႏႈန္းနဲ႔ ျမစ္ႀကီးနားကုန္ေဈးႏႈန္းဆိုရင္ ဘယ္ဟာက ပိုသက္သာလဲ။
ေျဖ - ရန္ကုန္ကေတာင္ပိုသက္သာေနတာ(ရယ္ လ်က္)။
ေမး - သာမန္ျပည္သူတစ္ေယာက္အေနနဲ႔ ကုန္ ေဈးႏႈန္းတက္ရတဲ့အေပၚ ဘယ္လိုနားလည္ထားလဲ။
ေျဖ - ပစၥည္းေတြက ကားလမ္းကေနတင္ပို႔ရတယ္ဆို ေတာ့ လာတဲ့လမ္းေတြမွာ PDF ေတြက ပိုက္ဆံ ေတာင္းတယ္ေလ။ ဟိုတစ္ေလာကေတာင္ ေဖ့စ္ ဘြတ္ခ္မွာေတြ႕လိုက္ေသးတယ္။ ပစၥည္းဝယ္လာတာ ကို မတန္တဆေတာင္းတယ္ဆိုတာေလ။ မေပးရင္ လည္း မသြားရဘူးေျပာတယ္။ ဒီလိုမ်ိဳးေတြေၾကာင့္ ကုန္ေဈးႏႈန္းတက္တယ္လို႔ထင္တယ္။
ေမး - ကိုဗစ္ကာလနဲ႔ ႏိုင္ငံေရးအေျပာင္းအလဲကာ လေပါ့ေလ။ ဒီႏွစ္ခုမွာ ဘယ္ဟာက ပိုက်ပ္တည္းလဲ။
ေျဖ - ႏိုင္ငံေရးေတြျဖစ္ေနတဲ့အခ်ိန္တုန္းကေတာ့ ပိုခက္ခဲတယ္။ အလုပ္လည္းမျဖစ္ဘူး။ စီးပြားေရး လည္းမျဖစ္ဘူး။ ဝင္ေငြေတြလည္း အဲဒီတုန္းကပိုက်ပ္ တာေပါ့။ ၿပီးေတာ့ လူမႈဆက္ဆံေရးမွာလည္း သိတယ္ မဟုတ္လား တစ္ေယာက္နဲ႔တစ္ေယာက္က ဆက္ဆံ ေရးအဆင္မေျပၾကဘူး။ ေျပာရရင္ တစ္ေယာက္နဲ႔တစ္ ေယာက္ ဆက္ဆံေရးေတာင္ ေကာင္းေကာင္းမြန္မြန္ မျဖစ္ဘူး။ က်ပ္တည္းတယ္လို႔တင္စားရမယ္ထင္ တယ္။
ေမး - ျမစ္ႀကီးနားၿမိဳ႕ကိုပဲကြက္ၿပီးေတာ့ ကုန္စည္ပိတ္ ထားတာမ်ိဳးေကာရွိလား။
ေျဖ - အဲဒီလိုေတာ့မရွိပါဘူး။ ကားလမ္းေတြ ပိတ္ သြားတာေၾကာင့္ ကုန္စည္ေတြမဝင္တာေတာ့ရွိတယ္။
ေမး - အဲဒါကေကာ ဘယ္တုန္းကလဲ။
ေျဖ - တိုက္ပြဲျဖစ္ေနတဲ့ကာလေတြဆိုရင္ေတာ့ ပိတ္ တတ္တယ္။
ေမး - ဆိုေတာ့ ဒါကေတာ့ ပုဂၢလိကေမးခြန္းျဖစ္ပါ တယ္။ စီးပြားေရးေတြက်ပ္တည္းေနတယ္လို႔ဆိုတဲ့ အခါ မိသားစုစားဝတ္ေနေရးကို ဘယ္လိုေျဖရွင္းၾက ပါသလဲ။
ေျဖ - မရွိ၊ မရွား လူလတ္တန္းစားထဲပါေပမယ့္ စီး ပြားေရးကက်ပ္တည္းေနေတာ့ ရသေလာက္ဝင္ေငြကို ပဲ ေခြၽတာၿပီးသုံးစြဲရတယ္။ အလုပ္ကို ပိုၿပီးလုပ္ရတယ္။ တစ္ရက္မွကိုနားလို႔မရဘူး။ ကုန္ေဈးႏႈန္းျမင့္တက္ တာက လူေတြကိုစိတ္ဓာတ္က်ေစတဲ့အထိကို ႐ိုက္ ခတ္တာပါ။ လူလတ္တန္းစားလို႔ ကိုယ့္ကိုယ္ကိုယ္ ေျပာႏိုင္တာေတာင္ လက္ထဲမွာ ေငြပိုေငြလွ်ံမရွိဘူး။ ရလာတဲ့ဝင္ေငြက စားစရိတ္နဲ႔တင္ၿပီးေနတာ။ အဲဒီ ၾကားထဲမွာ ေရာဂါျဖစ္လာလို႔ေဆးကုရမယ္ဆိုရင္ ေတာ့ အေသေတာင္ခံရမယ့္သေဘာရွိပါတယ္။
ေမး - ကုန္ေဈးႏႈန္းတက္တဲ့အေျခအေနမွာ ေအာက္ ေျခလူတန္းစားပမာဏတိုးလာတယ္လို႔ထင္လား။
ေျဖ - မ်ားလာတယ္။ လူလည္းဆင္းရဲလာၾကတယ္။ စိတ္ေတြလည္း ဆင္းရဲေနၾကရတာေပါ့။
ေမး - တစ္ခုေလာက္ထပ္ေမးပါရေစ။ ေဖာင္စီးရင္း ေရငတ္ဆိုသလို အလုပ္လုပ္ေနပါရဲ႕နဲ႔ ထမင္းငတ္တဲ့ သူေကာရွိလား။
ေျဖ - ရွိတယ္။ အလုပ္လုပ္ေနရင္းကို အဲဒီလိုအ ေျခအေန တစ္ခါတေလေရာက္သြားရတာမ်ိဳးေပါ့။
ေမး - ဘယ္လိုမ်ိဳးလဲ။
ေျဖ - ဥပမာ ကိုယ္တိုင္ပဲေျပာပါေတာ့မယ္။ ကြၽန္မ တို႔မိသားစုဆိုရင္ ေက်ာင္းတက္တဲ့သူကမ်ားေတာ့ ရ တဲ့ဝင္ေငြက ဒီကာလမွာ နည္းၿပီးေတာ့ တစ္ခါတေလ ထမင္းငတ္တဲ့အေျခအေနမ်ိဳးအထိရွိဖူးတယ္။ ပိုက္ ဆံကျပတ္သြားတာေပါ့။ ပစၥည္းကရွိတယ္။ ပိုက္ဆံက ျပတ္သြားတယ္ အဲဒီလိုမ်ိဳး။
ေမး - ကုန္ေဈးႏႈန္းျမင့္တက္တယ္။ လူေနမႈဘဝေတြ ကို အေျခပ်က္ေစတယ္ဆိုတဲ့အေျခအေနမ်ိဳးမွာ ၿမိဳ႕ ကေနေျပာင္းသြားတဲ့သူေတြ မ်ားလား။
ေမး - လူငယ္အေတာ္မ်ားမ်ားကေတာ့ စီးပြားေရး အေျခအေနမေကာင္းဘူးဆိုၿပီးေတာ့ ႏိုင္ငံျခားထြက္ ၾကတယ္။ တခ်ိဳ႕ ပိုက္ဆံရွိတဲ့သူေဌးေတြကေတာ့ တျခားၿမိဳ႕မွာအေျခခ်ၾကတယ္။
ေမး - အခုဆို ျမစ္ႀကီးနားကေန ရန္ကုန္ကိုလာၿပီး ေျပာင္းေ႐ႊ႕အေျခခ်တဲ့သူတစ္ေယာက္အေနနဲ႔ ရန္ ကုန္နဲ႔ျမစ္ႀကီးနားက ဘာကြာသြားလဲ။
ေျဖ - အစားအေသာက္၊ ပစၥည္းေတြနဲ႔ပတ္သက္ရင္ ရန္ကုန္က ေဈးပိုသက္သာတယ္လို႔ေျပာႏိုင္တယ္။ ေနရတာကေတာ့ ေမြးရပ္ေျမကိုပဲပိုသေဘာက်ပါ တယ္။ ဒါေပမဲ့ ရန္ကုန္ၿမိဳ႕ကေတာ့ အခြင့္အလမ္းပိုမ်ား ပါတယ္။
ေမး - ျမစ္ႀကီးနားၿမိဳ႕မွာ ခိုး၊ ဆိုး၊ လု၊ ႏႈိက္ အေျခ အေနကေကာ ဘယ္လို ရွိပါသလဲ။
ေျဖ - ႏိုင္ငံေရးအေျခအေနအရဆိုရင္ေတာ့ လုံၿခဳံပါ တယ္။ ခိုး၊ ဆိုး၊ လု၊ ႏႈိက္ကေတာ့ရွိတယ္။ သတိထားၿပီး သြား၊ လာေနၾကရတယ္။
ေမး - ဘယ္လိုျဖစ္စဥ္ေတြရွိေနပါသလဲ။
ေျဖ - ႐ိုး႐ိုးတန္းတန္းလုယက္တာမဟုတ္ဘဲ လူပါ သတ္သြားတာမ်ိဳးရွိတယ္။ ေၾကာက္ဖို႔ေကာင္းတယ္။ ႏိုင္ငံေရးကိုအေၾကာင္းျပဳၿပီး ဥပေဒမဲ့ရမ္းကားေနတာ ေပါ့။ လူငယ္ေတြလည္းပါတယ္။
ေမး - ဆိုေတာ့ ကိုယ့္အိမ္ကိုယ္ေတာ့ လုံၿခဳံေအာင္ လုပ္ေနရတာေပါ့။
ေျဖ - ဟုတ္ပါတယ္။ ညဘက္ေတြဆို ပုံမွန္ထက္ သတိထားရတာေပါ့။
ေမး - အခုက ကိုယ္တိုင္ေတာ့ ရန္ကုန္ေရာက္ေနၿပီ ဆိုေတာ့ က်န္ခဲ့တဲ့မိသားစုေတြကိုေကာ စိုးရိမ္လား။
ေျဖ - စိုးရိမ္စိတ္ျဖစ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ျမစ္ ႀကီးနားက လုယက္တာ၊ သတ္ျဖတ္တာ ရဲတင္းလို႔ပါ။
ေမး - လူငယ္က႑ေပါ့ေလ။ ျမစ္ႀကီးနားက လက္ရွိ အေျခအေနမွာ လူငယ္ေတြအတြက္ အနာဂတ္ရွိတယ္ ထင္လား။
ေျဖ - မထင္ဘူး။ အခြင့္အလမ္းကနည္းေနတယ္။ လူငယ္အေတာ္မ်ားမ်ားက အခုဆိုရင္ ႏိုင္ငံျခားထြက္ ၿပီးအလုပ္လုပ္ခ်င္ၾကတယ္။ ပညာသင္အေနနဲ႔မဟုတ္ ဘဲ သူမ်ားႏိုင္ငံမွာ သြားၿပီးအလုပ္လုပ္ခ်င္ၾကတာပါ့။ လူငယ္ေတြကို စိတ္ဓာတ္ျမႇင့္တင္ေပးႏိုင္ဖို႔လိုတယ္။
ေမး - ၿမိဳ႕မွာက်န္ခဲ့တဲ့လူငယ္ေတြက်ေတာ့ေကာ။ အ ေျခခံလစာေတြက ဘယ္လိုရၾကလဲ။
ေျဖ - အထည္ဆိုင္လိုမ်ိဳးဆိုရင္ေတာ့ အေျခခံလစာ ႏွစ္သိန္းသုံးေသာင္း၊ တခ်ိဳ႕က်ေတာ့လည္း သုံးသိန္း၊ တခ်ိဳ႕က်ေတာ့လည္း ေလးသိန္းေပါ့ အဲဒီလိုရၾက တယ္။
ေမး - ၿမိဳ႕က ကုန္ေဈးႏႈန္းတက္တဲ့ဒဏ္ကိုခံေနရ တဲ့ အခါ အေျခခံလစာေတြကေကာ လိုက္တိုးလား။
ေျဖ - ပညာနဲ႔လုပ္ရတဲ့အလုပ္ဆိုရင္ေတာ့ နည္းနည္း တက္လာတယ္။ လစာမတက္တဲ့အလုပ္ေတြလည္း ရွိပါတယ္။
ေမး - မူးယစ္ေဆးဝါးသုံးစြဲမႈအေျခအေနကေကာ ဘယ္လိုရွိပါသလဲ။
ေျဖ - မူးယစ္ေဆးဝါးကေတာ့ အရမ္းေပါပါတယ္။ တခ်ိဳ႕ဆို ေပၚတင္သုံးတဲ့သူေတြရွိတယ္။ ေရာင္း၊ ဝယ္ ေနၾကတဲ့သူေတြလည္း ရွိတယ္။
ေမး - ဘယ္ေလာက္ပမာဏအထိ မူးယစ္ေဆးဝါးေပါ မ်ားတယ္ဆိုႏိုင္မလဲ။ သုံးစြဲသူေတြရဲ႕ အသက္အပိုင္း အျခားကေကာ။
ေျဖ - အတိအက်ေတာ့မေျပာတတ္ဘူး။ ဒါေပမဲ့ ေတာ္ေတာ္မ်ားတယ္။ သုံးစြဲသူဆိုရင္ေတာ့ အသက္ (၂၀) ကေန (၃၀) ၾကားက အမ်ားဆုံးျဖစ္မယ္ထင္ တယ္။
ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။

Related news

© 2021. All rights reserved.