ငလျင်ကြောင့် ရွှေစက်တော်သို့ ဘုရားဖူးဝင်ရောက်မှု နည်းသည့်အတွက် ဒေသခံများ စီးပွားရေး ကျပ်တည်းနေဟုဆို

 545

Pearl (NP News)-မေ ၂၆

မန္တလေးငလျင်ကြီးကြောင့် ရွှေစက်တော်သို့ ဘုရားဖူးဝင်ရောက်မှု နည်းသွားသည့်အတွက် ဒေသခံများ စီးပွားရေးကျပ်တည်းနေကြောင်း မန်း ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကို က NP News သို့ပြောသည်။
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားသို့ ခရီးသွားဝင်ရောက် မှုသည် G-12 စာမေးပွဲအပြီးကာလ၌ အများအပြား ဝင်ရောက်နိုင်သည်ဟု မျှော်မှန်းထားသော်လည်း မန္တလေး ငလျင်ကြီး လှုပ်ခတ်ပြီးသည့်အချိန်မှစ၍ လာရောက်လည်ပတ်သူ နည်းသွားခဲ့ကြောင်း သိရသည်။
“တကယ် လူစည်မယ့် G-12 စာမေးပွဲ တွေအပြီး ခရီးသွားတွေကို မျှော်လင့်တဲ့အချိန်မှာ မန္တလေး၊ စစ်ကိုင်း ငလျင်ကြီး ဖြစ်သွားတဲ့အခါကျတော့ ဘုရားဖူးလာရောက်မှုက အရမ်းနည်းပါးသွားတဲ့ အနေ အထားရှိတယ်။ ငလျင်မလှုပ်ခင်အထိတော့ ထိုက်သင့်တဲ့ ခရီးသွားဝင်ရောက်မှုတော့ရှိပါတယ်။ သို့သော် လည်း ငလျင်အပြီး အထက်မြန်မာပြည်၊ စစ် ကိုင်းတိုင်းက ခရီးသွားက မရှိသလောက်နည်းပါး ပါတယ်” ဟု ဦးအေးကိုက ပြောသည်။
လက်ရှိတွင် ခရီးသွားဝင်ရောက်မှု အနည်းငယ်ရှိသော်လည်း မျှော်မှန်းထားသည့်အတိုင်း ဘုရား ဖူးဝင်ရောက်မှုမရှိသည့်အတွက် ဒေသခံ ဈေးသည် များ၊ တည်းခိုရေးလုပ်ငန်းများ နှင့် အခြားလုပ်ငန်း များအနေဖြင့် ဝင်ငွေနည်းပါးသည့်အတွက် အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။
“ဈေးသည်တွေလည်း ခရီးသွားမလာတော့ ဒီနှစ်က သိပ်အဆင်မပြေဘူးပေါ့ဗျာ။ ဘုရားဖူး ဝင်ရောက်မှုနည်းပါးတဲ့အတွက် ဈေးသည်တွေရောင်း ချရမှုတို့၊ တည်းခိုမှုတို့ နောက်အထွေထွေ အရပ် ရပ်လုပ်ငန်းတွေကလည်း ရရှိငွေက နည်းပါး ပါတယ်။ နည်းပါးတဲ့အခါကျတော့ ဒီနှစ် စာရင်းချုပ်ရင် တော့ အဆင်ပြေမှုနည်းတယ်၊ အဆင်မပြေဘူးလို့ ပဲ ပြောရမှာပေါ့” ဟု ဦးအေးကိုက ဆက်လက်ပြော သည်။ လက်ရှိတွင် မန်းရွှေစက်တော်ဘုရားသို့ သွားရောက်သည့်လမ်းတွင် လုံခြုံမှုရှိပြီး တစ်စုံတစ်ရာ အနှောင့်အယှက် အဟန့်အတားမရှိသည့်အတွက် ဘုရားဖူးများ လာရောက်လည်ပတ်ရန် ဒေသခံများ မျှော်လင့်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ငလ်င္ေၾကာင့္ ေ႐ႊစက္ေတာ္သို႔ ဘုရားဖူးဝင္ေရာက္မႈ နည္းသည့္အတြက္ ေဒသခံမ်ား စီးပြားေရး က်ပ္တည္းေနဟုဆို
Pearl (NP News)-ေမ ၂၆

မႏၲေလးငလ်င္ႀကီးေၾကာင့္ ေ႐ႊစက္ေတာ္သို႔ ဘုရားဖူးဝင္ေရာက္မႈ နည္းသြားသည့္အတြက္ ေဒသခံမ်ား စီးပြားေရးက်ပ္တည္းေနေၾကာင္း မန္း ေ႐ႊစက္ေတာ္ဘုရား ေဂါပကအဖြဲ႕ ဥကၠ႒ ဦးေအးကို က NP News သို႔ေျပာသည္။
မေကြးတိုင္းေဒသႀကီး မင္းဘူး (စကု) ၿမိဳ႕နယ္ရွိ မန္းေ႐ႊစက္ေတာ္ဘုရားသို႔ ခရီးသြားဝင္ေရာက္ မႈသည္ G-12 စာေမးပြဲအၿပီးကာလ၌ အမ်ားအျပား ဝင္ေရာက္ႏိုင္သည္ဟု ေမွ်ာ္မွန္းထားေသာ္လည္း မႏၲေလး ငလ်င္ႀကီး လႈပ္ခတ္ၿပီးသည့္အခ်ိန္မွစ၍ လာေရာက္လည္ပတ္သူ နည္းသြားခဲ့ေၾကာင္း သိရသည္။
“တကယ္ လူစည္မယ့္ G-12 စာေမးပြဲ ေတြအၿပီး ခရီးသြားေတြကို ေမွ်ာ္လင့္တဲ့အခ်ိန္မွာ မႏၲေလး၊ စစ္ကိုင္း ငလ်င္ႀကီး ျဖစ္သြားတဲ့အခါက်ေတာ့ ဘုရားဖူးလာေရာက္မႈက အရမ္းနည္းပါးသြားတဲ့ အေန အထားရွိတယ္။ ငလ်င္မလႈပ္ခင္အထိေတာ့ ထိုက္သင့္တဲ့ ခရီးသြားဝင္ေရာက္မႈေတာ့ရွိပါတယ္။ သို႔ေသာ္ လည္း ငလ်င္အၿပီး အထက္ျမန္မာျပည္၊ စစ္ ကိုင္းတိုင္းက ခရီးသြားက မရွိသေလာက္နည္းပါး ပါတယ္” ဟု ဦးေအးကိုက ေျပာသည္။
လက္ရွိတြင္ ခရီးသြားဝင္ေရာက္မႈ အနည္းငယ္ရွိေသာ္လည္း ေမွ်ာ္မွန္းထားသည့္အတိုင္း ဘုရား ဖူးဝင္ေရာက္မႈမရွိသည့္အတြက္ ေဒသခံ ေဈးသည္ မ်ား၊ တည္းခိုေရးလုပ္ငန္းမ်ား ႏွင့္ အျခားလုပ္ငန္း မ်ားအေနျဖင့္ ဝင္ေငြနည္းပါးသည့္အတြက္ အခက္အခဲမ်ားစြာ ျဖစ္ေပၚေနေၾကာင္း သိရသည္။
“ေဈးသည္ေတြလည္း ခရီးသြားမလာေတာ့ ဒီႏွစ္က သိပ္အဆင္မေျပဘူးေပါ့ဗ်ာ။ ဘုရားဖူး ဝင္ေရာက္မႈနည္းပါးတဲ့အတြက္ ေဈးသည္ေတြေရာင္း ခ်ရမႈတို႔၊ တည္းခိုမႈတို႔ ေနာက္အေထြေထြ အရပ္ ရပ္လုပ္ငန္းေတြကလည္း ရရွိေငြက နည္းပါး ပါတယ္။ နည္းပါးတဲ့အခါက်ေတာ့ ဒီႏွစ္ စာရင္းခ်ဳပ္ရင္ ေတာ့ အဆင္ေျပမႈနည္းတယ္၊ အဆင္မေျပဘူးလို႔ ပဲ ေျပာရမွာေပါ့” ဟု ဦးေအးကိုက ဆက္လက္ေျပာ သည္။ လက္ရွိတြင္ မန္းေ႐ႊစက္ေတာ္ဘုရားသို႔ သြားေရာက္သည့္လမ္းတြင္ လုံၿခဳံမႈရွိၿပီး တစ္စုံတစ္ရာ အေႏွာင့္အယွက္ အဟန႔္အတားမရွိသည့္အတြက္ ဘုရားဖူးမ်ား လာေရာက္လည္ပတ္ရန္ ေဒသခံမ်ား ေမွ်ာ္လင့္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.