လားရှိုးသို့ မြောက်ပိုင်း(၃)ဖွဲ့ ကြီးစိုးရာဒေသများမှ မြို့ခံများ ပြောင်းရွှေ့နေထိုင်မှုပိုများလာ

 950

Pearl (NP News)-မေ ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို အစိုးရက ပြန်လည်ထိန်းချုပ်ပြီးနောက် TNLA၊ MNDAA၊ KIA ကြီးစိုးရာ ကွတ်ခိုင်မြို့၊ သီပေါမြို့၊ ကျောက်မဲမြို့နှင့် မန်တုံမြို့မှ ဒေသခံအများအပြား လာရောက် ပြောင်းရွှေ့နေထိုင်ကြကြောင်း ဒေသခံများထံ NP News မှ ဆက်သွယ်မေး မြန်းထားသည့် အချက် အလက်များအရ သိရသည်။
လက်ရှိ မြောက်ပိုင်း(၃)ဖွဲ့ကြီးစိုးရာ ဒေသများတွင် AA အဖွဲ့ဝင်များ ယခင်ထက် ပိုမိုများပြားလာ ကြောင်း ဒေသခံတစ်ဦးက NP News သို့ ပြောသည်။
“အရင် ကွတ်ခိုင်မှာ AA က အုံနဲ့ကျင်းနဲ့ မရှိဘူး။ ခုက AA တွေပိုများလာတယ်။ AA ၊ ပလောင်၊ ကိုးကန့်ရယ် KIA တွေ ခြေရှုပ်နေကြသလို AA ပါပါ လာတော့ သူတို့ချင်းအဝေမတည့်ကြဘူး ။ ကွတ်ခိုင် မှာ အဖွဲ့အစည်းတွေများလာသလို ပြည်သူတွေကလည်း ကြောက်နေရတယ်။ အရင်ထက်ကို အဖွဲ့ အစည်း ပိုများလာတယ်။ အဖွဲ့အစည်းများတော့ မြို့ခံတွေမနေရဲကြလို့ တိတ်တိတ်လေးပြောင်းကြတာ တွေရှိတယ်။ လားရှိုးဘက်ကိုပြောင်းကြသလို တခြားနယ်ပယ်တွေကို ပြောင်းကြတယ်” ဟု အခြား ဒေသခံ တစ်ဦးက ပြောသည်။
ထို့ပြင် TNLA၊ MNDAA၊ KIA အဖွဲ့ များအနေဖြင့် ၎င်းတို့အချင်းချင်း နယ်မြေအငြင်းပွားမှုများ ဖြစ်ပေါ်နေလျက်ရှိပြီး အတင်းအဓမ္မတပ်သားသစ်စုဆောင်းမှုများကိုလည်း ယခုနောက်ပိုင်းပိုမို လုပ် ဆောင်လာသည့်အတွက် ဒေသခံများက နေရပ်စွန့်ခွာကာ တပ်မတော်ထိန်းချုပ်ရာဒေသများသို့ ပြောင်း ရွှေ့နေထိုင်နေကြကြောင်း သိရသည်။
“လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့အနေအထားက TNLA၊ MNDAA၊ KIA ပေါ့နော်။ နယ်မြေ ခွဲဝေမှုတွေနဲ့ မတည့်ကြဘူး။ နယ်မြေ အငြင်းပွားမှုနောက်မှာ စစ်သားစုဆောင်းခြင်းခံရတဲ့ ကိစ္စရပ်တွေ လည်း ဖြစ်လာပါတယ်။ စစ်သားသစ်ကို လည်း ရတဲ့နည်းနဲ့ လူစုနေတာ။ ဒေသခံတွေလည်း အများစုက လားရှိုးကို ပြောင်းကြတယ်။ တော်တော်များများက ပြောင်းနေကြတယ်”ဟု ဒေသခံတစ်ဦးက ပြော သည်။
လက်ရှိတွင် လားရှိုးမြို့၌ TNLA၊ MNDAA၊ KIA ကြီးစိုးရာ ဒေသများမှ ဒေသခံအများအပြား လာရောက် ပြောင်းရွှေ့နေထိုင်လျက်ရှိပြီး ဆေးရုံအပါအဝင် ဌာနဆိုင်ရာလုပ်ငန်းများ စတင်လည်ပတ် နေပြီဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
လားရႈိးသို႔ ေျမာက္ပိုင္း(၃)ဖြဲ႕ ႀကီးစိုးရာေဒသမ်ားမွ ၿမိဳ႕ခံမ်ား ေျပာင္းေ႐ႊ႕ေနထိုင္မႈပိုမ်ားလာ
Pearl (NP News)-ေမ ၂၇
ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရႈိးၿမိဳ႕ကို အစိုးရက ျပန္လည္ထိန္းခ်ဳပ္ၿပီးေနာက္ TNLA၊ MNDAA၊ KIA ႀကီးစိုးရာ ကြတ္ခိုင္ၿမိဳ႕၊ သီေပါၿမိဳ႕၊ ေက်ာက္မဲၿမိဳ႕ႏွင့္ မန္တုံၿမိဳ႕မွ ေဒသခံအမ်ားအျပား လာေရာက္ ေျပာင္းေ႐ႊ႕ေနထိုင္ၾကေၾကာင္း ေဒသခံမ်ားထံ NP News မွ ဆက္သြယ္ေမး ျမန္းထားသည့္ အခ်က္ အလက္မ်ားအရ သိရသည္။
လက္ရွိ ေျမာက္ပိုင္း(၃)ဖြဲ႕ႀကီးစိုးရာ ေဒသမ်ားတြင္ AA အဖြဲ႕ဝင္မ်ား ယခင္ထက္ ပိုမိုမ်ားျပားလာ ေၾကာင္း ေဒသခံတစ္ဦးက NP News သို႔ ေျပာသည္။
“အရင္ ကြတ္ခိုင္မွာ AA က အုံနဲ႔က်င္းနဲ႔ မရွိဘူး။ ခုက AA ေတြပိုမ်ားလာတယ္။ AA ၊ ပေလာင္၊ ကိုးကန႔္ရယ္ KIA ေတြ ေျခရႈပ္ေနၾကသလို AA ပါပါ လာေတာ့ သူတို႔ခ်င္းအေဝမတည့္ၾကဘူး ။ ကြတ္ခိုင္ မွာ အဖြဲ႕အစည္းေတြမ်ားလာသလို ျပည္သူေတြကလည္း ေၾကာက္ေနရတယ္။ အရင္ထက္ကို အဖြဲ႕ အစည္း ပိုမ်ားလာတယ္။ အဖြဲ႕အစည္းမ်ားေတာ့ ၿမိဳ႕ခံေတြမေနရဲၾကလို႔ တိတ္တိတ္ေလးေျပာင္းၾကတာ ေတြရွိတယ္။ လားရႈိးဘက္ကိုေျပာင္းၾကသလို တျခားနယ္ပယ္ေတြကို ေျပာင္းၾကတယ္” ဟု အျခား ေဒသခံ တစ္ဦးက ေျပာသည္။
ထို႔ျပင္ TNLA၊ MNDAA၊ KIA အဖြဲ႕ မ်ားအေနျဖင့္ ၎တို႔အခ်င္းခ်င္း နယ္ေျမအျငင္းပြားမႈမ်ား ျဖစ္ေပၚေနလ်က္ရွိၿပီး အတင္းအဓမၼတပ္သားသစ္စုေဆာင္းမႈမ်ားကိုလည္း ယခုေနာက္ပိုင္းပိုမို လုပ္ ေဆာင္လာသည့္အတြက္ ေဒသခံမ်ားက ေနရပ္စြန႔္ခြာကာ တပ္မေတာ္ထိန္းခ်ဳပ္ရာေဒသမ်ားသို႔ ေျပာင္း ေ႐ႊ႕ေနထိုင္ေနၾကေၾကာင္း သိရသည္။
“လက္ရွိ ရွမ္းျပည္နယ္ေျမာက္ပိုင္းရဲ႕အေနအထားက TNLA၊ MNDAA၊ KIA ေပါ့ေနာ္။ နယ္ေျမ ခြဲေဝမႈေတြနဲ႔ မတည့္ၾကဘူး။ နယ္ေျမ အျငင္းပြားမႈေနာက္မွာ စစ္သားစုေဆာင္းျခင္းခံရတဲ့ ကိစၥရပ္ေတြ လည္း ျဖစ္လာပါတယ္။ စစ္သားသစ္ကို လည္း ရတဲ့နည္းနဲ႔ လူစုေနတာ။ ေဒသခံေတြလည္း အမ်ားစုက လားရႈိးကို ေျပာင္းၾကတယ္။ ေတာ္ေတာ္မ်ားမ်ားက ေျပာင္းေနၾကတယ္”ဟု ေဒသခံတစ္ဦးက ေျပာ သည္။
လက္ရွိတြင္ လားရႈိးၿမိဳ႕၌ TNLA၊ MNDAA၊ KIA ႀကီးစိုးရာ ေဒသမ်ားမွ ေဒသခံအမ်ားအျပား လာေရာက္ ေျပာင္းေ႐ႊ႕ေနထိုင္လ်က္ရွိၿပီး ေဆး႐ုံအပါအဝင္ ဌာနဆိုင္ရာလုပ္ငန္းမ်ား စတင္လည္ပတ္ ေနၿပီျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.