နယ်မြေသိမ်းယူရေး ဘင်္ဂလားဒေ့ရှ်၏ ပရိယာယ် အပိုင်း(၂)

1733

ကျွန်းသားငမန်း (NP News) - မေ ၂၇
ဘင်္ဂါလီများ၏ သီးခြားလွတ်လပ်သော မွတ်စလင်ပြည်နယ်ထူထောင်ရေးအကြံ
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်နေထိုင်နေကြသောဘင်္ဂါလီများမှာ မြန်မာနိုင်ငံအပေါ် ချစ်မြတ်နိုး သူ များမဟုတ်ကြ။ မြန်မာနိုင်ငံကိုဖဲ့ထုတ်ပြီး ၎င်းတို့နှင့် ဘာသာတူရာ အရှေ့ပါကစ္စတန် နိုင်ငံနှင့် ပူးပေါင်းနိုင်ရေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအဖြစ် ဖြစ်ပေါ်လာပြီးနောက်တွင်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ပူးပေါင်းနိုင်ရေးကို အစဉ်တစိုက် ဆောင်ရွက်ခဲ့ကြသူများဖြစ်ကြသည်။ ယခုလည်း ဆက်လက် ဆောင် ရွက်နေဆဲပင်ဖြစ်သည်။ မြန်မာနိုင်ငံအနောက်ဘက်ဒေသတွင် မွတ်စလင်နိုင်ငံထူထောင်နိုင်ရေးအတွက် မြန်မာနိုင်ငံအတွင်း ဗြိတိသျှ ကိုလိုနီလက်ထက်ကပင် ဝင်ရောက်နေထိုင်ခဲ့ကြသောဘင်္ဂါလီ လူမျိုးများသည် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီကပင် ကြံဆောင်လုပ်ကိုင်ခဲ့ကြသည်။
ဤလုပ်ရပ်များအတွက် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများသည် ၎င်းတို့နှင့် ကိုးကွယ်ရာဘာသာတူ သည့် မွတ်စလင်နိုင်ငံများ၏ အကူအညီအထောက်အပံ့များ ရရှိရေးကို အစဉ်တစိုက် ကြိုးပမ်းဆောင် ရွက်ခဲ့ကြသည်။ ကမ္ဘာ့မွတ်စလင်နိုင်ငံများကလည်း အရှေ့တောင်အာရှဒေသကို မွတ်စလင်ဘာသာ လွှမ်းမိုးနိုင်စေရေး၊ အိန္ဒိယသမုဒ္ဒရာနှင့်ထိစပ်နေသော ဘင်္ဂလားပင်လယ်ကမ်းခြေတစ်လျှောက် မွတ်စ လင်ခါးပတ် ဖြစ်လာစေရေးရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံရှိ မွတ်စလင်ဘာသာဝင်ဘင်္ဂါလီများကို အထောက်အပံ့များ ပေးလျက်ရှိနေသည်။
ဗြိတိသျှ ကိုလိုနီလက်ထက်ကပင် ဝင်ရောက်နေထိုင်ရှိခဲ့ကြသောဘင်္ဂါလီများသည် မြန်မာနိုင်ငံအ နောက်ဘက်ဒေသရှိ ဒေသခံဘင်္ဂါလီများနှင့်ပူးပေါင်းကာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီး တောင်ဒေသကို မွတ်စလင်နိုင်ငံထူထောင်နိုင်ရေးအတွက် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီကပင် ကြံ ဆောင် လုပ်ကိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံလွတ်လပ်ရေး မရမီကပင်ဖွဲ့စည်းထားခဲ့သည့် မူဂျာဟစ်အဖွဲ့ သည် (၁၉၄၈) ခုနှစ် စက်တင်ဘာလတွင် မွတ်စလင်လွတ်မြောက်ရေးညီလာခံကို မောင်တောမြို့နယ် တွင်ကျင်းပခဲ့ပြီး မူဂျာဟစ်ပါတီဟု တရားဝင်ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုညီလာခံမှ ကုလားတန်မြစ် အနောက်ဘက်ခြမ်းနှင့် နတ်မြစ်အရှေ့ဘက်ခြမ်းဒေသကို မွတ်စလင်တို့၏ National Home အဖြစ် သတ်မှတ်ပေးရန်နှင့် ရခိုင်ရှိ မွတ်စလင်များအားလုံးကို တိုင်းရင်းသားစာရင်းသို့ ထည့်သွင်းပေးရန် စတင် တောင်းဆိုခဲ့သည်။ ယင်းပြင် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး (၁၉၅၁)ခုနှစ် ဇွန်လတွင် မောင်တော မြို့ နယ် အလယ်သန်ကျော် ကျေးရွာ၌ မွတ်စလင်ညီလာခံကိုကျင်းပခဲ့ပြီး အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော တောင်းဆိုချက် (၁၄) ချက်ပါ အိတ်ဖွင့်ပေးစာကို ဖဆပလအစိုးရသို့ ပေးပို့တောင်းဆိုခဲ့သည်။
အဆိုပါ တောင်းဆိုချက်များတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းကို လွတ်လပ်သော မွတ်စလင်ပြည် နယ် အဖြစ်ဖွဲ့စည်းပေးရေး၊ ပြည်နယ်စစ်တပ်၊ ပြည်နယ် ရဲတပ်ဖွဲ့၊ ပြည်နယ်လုံခြုံရေးအဖွဲ့များ ဖွဲ့စည်း ပေးရေး၊ စစ်တွေမြို့ကို ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့တော်ဟု သတ်မှတ်ပေးရေး၊ မွတ်စလင် (၅၀) ရာခိုင် နှုန်းပါဝင်သော လက်နက်ကိုင်တပ် ဖွဲ့စည်းပေးရေးဗဟိုအစိုးရတွင် မွတ်စလင်ဝန်ကြီးခန့် ထားပေးရေး၊ မွတ်စလင် ကောင်စီထားရှိခွင့်ပြုရေး၊ တိုင်းပြည်ပြုလွှတ်တော်တစ်ခွင် မွတ်စလင်ကိုယ်စားလှယ်များကို အခြားတိုင်းရင်းသားများနည်းတူ အညီအမျှထည့်သွင်းပေးရေး။ အစ္စလာမ်အထက်တန်းကျောင်းများ၊ ကောလိပ်များဖွင့်လှစ်ခွင့်ပြုရေးစသည်များပါဝင်ခဲ့သည်။ အလွန် ကြီးမားသော ရည်ရွယ်ချက်ဖြစ်သည်။ ဤရည်ရွယ်ချက်နောက်ကွယ်တွင် ၎င်းတို့၏နယ်မြေခွဲထွက်ရေး သဘောထားကို အထင်းသားတွေ့မြင် နိုင်သည်။ ဤတောင်းဆိုချက်များက အထက်တွင်ဖော်ပြခဲ့သည့် ရခိုင်ပြည်နယ်တွင် AA ကဖွဲ့စည်းမည့် အစိုးရအဖွဲ့အဆင့်တိုင်းတွင် ဘင်္ဂါလီများကို ထည့်သွင်းဖွဲ့စည်းသည်ကိုမြင်လိုကြောင်းပြောဆိုသည့် အချက်များနှင့် ဆက်စပ်စဉ်းစားရမည်ဖြစ်သည်။
(၁၉၄၂)ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ၊ (၁၉၄၆)ခုနှစ် မြန်မာ့လွတ်လပ်ရေးအကြိုကာလတွင် မောင်တော၊ ဘူးသီးတောင် နှစ်မြို့နယ်ကို ပါကစ္စတန် နိုင်ငံနှင့်ပေါင်းစည်းနိုင်ရန် ပါကစ္စတန်ခေါင်း ဆောင် မိုဟာမက်အလီဂျင်းနားနှင့်ဆက်သွယ်ကြိုးပမ်းခဲ့မှုနှင့် မူဂျာဟစ်သောင်းကျန်းသူအဖွဲ့ကို ထူ ထောင်ကာ နယ်မြေသိမ်းယူခဲ့မှု၊ (၁၉၆၆)ခုနှစ်တွင် ဖဆပလ ဝန် ကြီးဟောင်း စူလ်တင်မာမွတ် ဦးဆောင် သော ဘင်္ဂါလီအဖွဲ့အစည်းသည် ထိုင်းမွတ်စလင်အဖွဲ့၏ထောက်ခံချက်ဖြင့် လစ်ဗျားသို့သွားကာ ရခိုင် ပြည်နယ်မြောက် ပိုင်း မေယုကမ်းမြောင်ဒေသကို အာကစ္စတန် (Arkiston) နိုင်ငံအဖြစ် ထူထောင်ရန် ကြိုးပမ်းခဲ့မှုတို့မှာ ထင်ရှားသောအဖြစ်များ ဖြစ်ကြသည်။
(၂၀၁၂)ခုနှစ်တွင်ပဋိပက္ခဖြစ်ခဲ့ရပြီး မောင်တော၊ ဘူးသီးတောင်မြို့နယ်ရှိ ရခိုင်ဒေသခံများ ဘေး လွတ်ရာ ရခိုင်ပြည်နယ်အတွင်းပိုင်းဒေသများသို့ ထွက်ပြေးခဲ့ကြရမှုနှင့် ဘင်္ဂါလီများက ရခိုင်ပြည်နယ် မြောက်ပိုင်းကို (Proclamation of Rohingya Independence State) ဟုကြေညာခဲ့ခြင်းက ၎င်းတို့၏ နယ်မြေသိမ်းယူရေးလိုလားချက်များကို ထင်ဟပ်နေခြင်းပင်ဖြစ်သည်။
နောက်ဆုံးဖြစ်ရပ်မှာ (၂၀၁၆)ခုနှစ် အောက်တို ဘာလ(၉)ရက်တွင် မောင်တောမြို့နယ် အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာန ချုပ် (ကျီးကန်ပြင်)အပါအဝင် ရဲကင်းစခန်းများကိုတိုက် ခိုက်ခဲ့ခြင်းနှင့် (၂၀၁၇) ခုနှစ် ဩဂုတ်လ (၂၅) ရက် တွင် မောင်တောခရိုင်အတွင်းရှိ နယ်မြေခံတပ်စခန်းတစ်ခု အပါအ ဝင် ရဲကင်းစခန်း (၃၀)ကို တိုက်ခိုက်ခဲ့ကာ ဒေသခံတိုင်းရင်းသားကျေးရွာများ မီးရှို့ခြင်း၊ ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်ခဲ့မှုများကိုလုပ်ဆောင်ခဲ့ကာ သောင်းကျန်းသူ အကြမ်းဖက်အဖွဲ့များအနေဖြင့် အကြမ်းဖက်သတ်ဖြတ်မှုများပြုလုပ်ခြင်း၊ ဘင်္ဂါလီများကို စည်းရုံးခြိမ်းခြောက်ဖိအားပေးခြင်း လုပ်ရပ်များ ကြောင့် ဘင်္ဂါလီများ အလုံးအရင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာသွားခဲ့ရာမှ နေရပ်စွန့်ခွာသူ များအရေး ပေါ်ပေါက်လာရခြင်းဖြစ်သည်။
လက်ခံရေး ဆောင်ရွက်မှုများ
OIC နိုင်ငံများနှင့်အနောက်နိုင်ငံများသည် မြန် မာနိုင်ငံအနောက်ဘက် နယ်စပ်ဒေသကို ပိုင်စိုးနိုင် ရေးနှင့် မွတ်စလင်နိုင်ငံထူထောင်ရေးအတွက် ဘင်္ဂ လားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားသူများကိုအကြောင်း ပြုအသုံးချကာ မြန်မာနိုင်ငံအားစီးပွားရေး၊ နိုင်ငံရေးအားဖြင့် ဖိအားပေးဆောင်ရွက်နေကြသည်။ ၎င်းတို့ အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ခွာသွားသူများအနက် မိမိနိုင်ငံတွင် အမှန်တကယ်နေထိုင်ခဲ့သူများ ကို မြန်မာနိုင်ငံမှ သဘောရိုးဖြင့် စိစစ်လက်ခံရန်ဆောင်ရွက်နေမှုများကို မသိကျိုးကျွံပြုကာ မြန်မာနိုင်ငံ အား ဖိအားပေးရန်ကြိုးပမ်းလုပ်ဆောင်လာကြသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့်ခွာသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားခြင်းဖြစ်စဉ် မှာ မြန်မာနိုင်ငံမှ နိုင်ငံရေးလုပ်စားသူများအတွက် နိုင်ငံတကာတွင်လုပ်ကိုင်စားသောက်၍ကောင်းသော၊ စားကွက် ရှာ၍ကောင်းသော အကြောင်းအချက်တစ်ရပ် ဖြစ်နေသည်။ ကုလသမဂ္ဂတွင်ဖြစ်စေ၊ ကုလ သမဂ္ဂ၏ လူ့အခွင့်အရေးခေါင်းစဉ်အောက်တွင်ဖြစ်စေ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာသွား သူဘင်္ဂါလီများအရေးမှာ ဆွေးနွေးစရာအကြောင်း တစ်ချက်လည်းဖြစ်နေခဲ့သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရသည်လည်းကောင်း၊ ပြည်ပရောက်ဘင်္ဂါလီအရေးလှုပ်ရှားသူဆိုသူများသည် လည်းကောင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့် ခွာသူများကို ပြန်လည်လက်ခံရေးဆောင်ရွက်ခြင်း ကို မအောင်မမြင်ဖြစ်ရန် နည်းမျိုးစုံဖြင့် ကြံဆလုပ်ဆောင်နေကြသည်ကိုကား မေ့ထားရန်မသင့်ဘဲ မြန်မာနိုင်ငံအတွက်လည်း အန္တရာယ်ကြီးတစ်ခုဖြစ်သည်ကို ထည့်သွင်းသိရှိထားကြရန်လိုပေမည်။
(၂၀၁၆) ခုနှစ်နှင့်(၂၀၁၇) ခုနှစ် ဖြစ်စဉ်နှစ်ခု နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာသွားသည့်နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ အကြား ဆွေးနွေးမှုများကို အစဉ်တစိုက်ပြုလုပ်လျက်ရှိသည်။ (၂၃-၁၁-၂၀၁၇) ရက်တွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်သဘောတူညီချက်ကို နေပြည်တော်၌ နှစ်နိုင်ငံ ဝန်ကြီးများအဆင့်က လက်မှတ်ရေးထိုးနိုင် ခဲ့သည်။ ဆက်လက်ပြီး (၁၉-၁၂-၂၀၁၇) တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာမြို့တွင် နှစ်နိုင်ငံနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဆင့်တို့က ရခိုင် ပြည်နယ် မှ နေရပ်စွန့်ခွာသွားသူများကို ပြန်လည်လက် ခံရေးအတွက်ဖွဲ့စည်းထားသော မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအတွက်လုပ်ငန်းလမ်းညွှန်ကို လက် မှတ်ရေးထိုးခဲ့ကြသည်။ ဆက်လက်ပြီး (၁၆-၁-၂၀၁၈) တွင် နေပြည်တော်၌ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဆင့်တို့က ရခိုင်ပြည်နယ် မှနေရပ်စွန့်ခွာသွားသူများကို ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အရ လက်တွေ့ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များကို လက်မှတ်ရေးထိုးခဲ့ကြသည်။
နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေးလုပ်ငန်းအကောင်အထည်ဖော်ရေးအတွက် အဓိက ဆွေး နွေးဆောင်ရွက်နေသည့်ယန္တရားမှာ “နေရပ်စွန့်ခွာ သူများ ပြန်လည်လက်ခံရေးဆိုင်ရာ ပူးတွဲ လုပ်ငန်းအဖွဲ့”ဖြစ်သည်။ အဆိုပါ နှစ်နိုင်ငံပူးတွဲလုပ်ငန်းအစည်းအဝေးများကို (၂၀၁၈)ခုနှစ်အတွင်း ဇန်န ဝါရီလ၊ မေလ အောက်တိုဘာလတို့နှင့် (၂၀၁၉)ခုနှစ် မေလတို့တွင် (၄)ကြိမ်ကျင်းပခဲ့သည်။
ထို့နောက် (ကိုဗစ်-၁၉) ကပ်ရောဂါကြောင့် အစည်းအဝေးများ ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ သုံးနှစ် ကျော်အကြာ (၁၄-၆-၂၂)တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်ပူးတွဲလုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပနိုင်ခဲ့သည်။
ထို့အတူ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို စိစစ်ဆောင်ရွက်ရာတွင်ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို နှစ်ဖက် အပြန်အလှန်ဆွေးနွေးညှိနှိုင်းအဖြေရှာသွားနိုင်ရန်အတွက် “ရခိုင်ပြည်နယ်မှ နေရပ်စွန့် ခွာသူများ ပြန်လည်လက်ခံရေးအတွက် စိစစ်ရေးလုပ် ငန်းစဉ်ဆိုင်ရာအထူး အဖွဲ့” များကို လည်း (၂၀၂၁) ခုနှစ်ကုန်ပိုင်းက နှစ်ဖက်ဖွဲ့စည်းခဲ့ကြကာ အထူးအဖွဲ့များအကြား အစည်းအဝေးများကို (၂၇-၁-၂၂)နှင့် (၁၆-၉-၂၂ )ရက်များတွင် ကျင်းပခဲ့ကြသည်။
ဤဆောင်ရွက်ချက်များကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံလက်မှတ်ရေးထိုး ထားကြသည့် သဘောတူညီချက်များနှင့်အညီ ရခိုင်ပြည် နယ်မှနေရပ်စွန့်ခွာသွားသူများကို ပြန်လည် လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်နေခြင်းကို တွေ့ရမည် ဖြစ်သည်။ ဤသို့သဘောတူညီချက်များနှင့်အညီ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံညှိနှိုင်းပြီးနောက် နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစတင်နိုင်ရန်အ တွက် (၁၅-၁၁-၂၀၁၈)တွင် နေရပ်စွန့်ခွာသူ (၂၂၆၀) ဦးနှင့် (၂၂-၈-၂၀၁၉)တွင် (၃၄၅၀) ဦးကို လက်ခံရန်ဆောင်ရွက်ခဲ့သည်။ ပြန်လည်လက်ခံရေး အတွက် မြန်မာနိုင်ငံမှတာဝန်ရှိသူများသာမက အာ ဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်ရေး အာဆီယံညှိနှိုင်းရေးဗဟိုဌာန (AHA Centre) နှင့် အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့်ဆန်း စစ်လေ့လာမှုအဖွဲ့ (ASEAN- ERAT) တို့မှ ကိုယ် စားလှယ်များပါ နှစ်နိုင်ငံနယ်စပ်ဂိတ်တွင်သွားရောက်ပြီး အတူစောင့်ဆိုင်းနေခဲ့ကြသော်လည်း ဘင်္ဂလား ဒေ့ရှ် နိုင်ငံဘက်မှ နှစ်နိုင်ငံသဘောတူညီချက်ထားသည့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပို့ဆောင်ပေး နိုင်ခြင်း မရှိခဲ့ပေ။
နေရပ်စွန့်ခွာသူများနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်ဘက်မှ စခန်းများတွင်ရှိနေသည့်အဖျက်အမှောင့် လုပ်ဆောင်နေသူများ၊ အကြမ်းဖက်အဖွဲ့ဝင်များက နေရပ်စွန့်ခွာသူများကို ခြိမ်းခြောက်မှုများ၊ အခြား ဖိ အားများကြောင့် ပြန်လည်ခံရေးလုပ်ငန်းမှာ မအောင် မမြင်ဖြစ်နေရခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘက်မှ ပြန်လည်လက်ခံရေးလုပ်ဆောင်မှုများကို အဆင် သင့်ပြုလုပ်ထားသကဲ့သို့ နှစ်နိုင်ငံ ဆွေးနွေးသဘော တူညီချက်များနှင့်အညီလုပ်ဆောင်ခဲ့သော်လည်း ဤဆောင်ရွက်ချက်များကို မသိကျိုးကျွံပြုကာ မြန်မာ နိုင်ငံဘက်မှ ကြန့်ကြာအောင်လုပ်နေသည်ဟုပင် ဘင်္ဂလားဒေ့ရှ်သတင်းမီဒီယာများအပါအဝင် နိုင်ငံခြား သတင်းဌာနများကပါ ထုတ်ပြန်ခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံသဘောတူညီချက်များကိုအခြေခံပြီး (၂၀၁၆)ခုနှစ်နှင့်(၂၀၁၇)ခုနှစ် ဖြစ်စဉ်အပြီး နေရပ်စွန့်ခွာသွားသူများကို ပြန်လည်လက်ခံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိခဲ့ သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လည်း နိုင်ငံတော်၏အကျိုးစီးပွားကိုမထိခိုက်ပါက နှစ်နိုင်ငံသဘောတူညီချက်များကို ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း (၈-၂-၂၀၂၁) ရက်က ပြောကြားခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော် တာဝန်ယူခဲ့ပြီးနောက်ပိုင်းတွင်လည်း နေရပ်စွန့်ခွာ သူများ ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံသဘော တူညီချက်များနှင့်အညီဆောင်ရွက်လျက်ရှိနေသည်။
ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများကို ပြန်လည်စိစစ်နေသည့်လုပ်ငန်းများကို ရပ်တန့်ခြင်းမရှိ ဘဲ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးများအပြင် နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးမှုယန္တရားအသစ်များကိုပါ တိုးချဲ့၍ ညှိနှိုင်းအစည်းအဝေးများကို နှစ်နိုင်ငံအစိုးရတာဝန်ရှိသူအ ဆင့်ဆင့်အကြား ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
(၂၀၂၃)ခုနှစ် မတ်လအတွင်း နေရပ်စွန့်ခွာသူများအတွက် မြန်မာနိုင်ငံမှစိစစ်ပြီး လူဦးရေ (၁၀ဝဝ) ကျော်ကို ရှေ့ပြေးစမ်းသပ်စီမံကိန်းတစ်ရပ်ဖြင့် ပြန်လည်လက်ခံရေးလုပ်ငန်းဆောင်ရွက်ရန် စီစဉ်ထားခဲ့ သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြန်လည်လက်ခံရာတွင် အဆင်သင့်ဖြစ်နေစေရန်အ တွက် ပြန်လည်လက်ခံရေးစခန်းများနှင့် ကြားစခန်းများကို ပြန်လည်ပြင်ဆင်ခြင်းများ၊ ပြန်လည်နေရာချ ထားပေးမည့်နေရာများ၌ အသက်မွေးဝမ်းကျောင်း ကိစ္စများ၊ ပညာရေး၊ ကျန်းမာရေးစသည့် အခြေခံလို အပ်ချက်များ ကြိုတင်ပြင်ဆင်မှုများကို သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၊ ဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကာ အစိုးရအဖွဲ့ဝန်ကြီးများကိုယ်တိုင်လည်း (၂၀၂၃)ခုနှစ် ဖေဖော်ဝါရီလ မှစတင်ပြီး ရခိုင်ပြည်နယ်သို့ အကြိမ်ကြိမ်လာရောက် စစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ကြသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှနေရပ်စွန့်ခွာ၍ ဘင်္ဂလားဒေ့ရှၤနိုင်ငံသို့ ထွက်ခွာသွားသူများ ပြန် လည်လက်ခံရေးလုပ်ငန်းများကို (၂၀၂၃)ခုနှစ်အထိလုပ်ဆောင်ခဲ့သော်လည်း (၁၀၂၇) အရေးအခင်းတွင် မောင်တောနယ်စပ်ဒေသတစ်ခုလုံးကို AA က သိမ်းပိုက်သွားပြီးနောက် ရပ်တန့်သွားခဲ့ရခြင်းဖြစ်သည်။ လက်ရှိဘင်္ဂလားဒေ့ရှ် ယာယီအစိုးရက AA စစ်တပ် နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု လေသံပစ်လာသည်။ စာရင်းအင်းမရှိ ဘယ်လိုလက်ခံကြမည်နည်းကို တော့မသိ။ ထွက်သွားဘင်္ဂါလီများကို စာရင်းနှင့် တိုက် ဆိုင်စစ်ဆေးပြီးလက်ခံရေးမှာ မြန်မာနိုင်ငံ၏မူဝါဒလည်းဖြစ်သည်။
ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ (၂၀၂၅) ခုနှစ် ဧပြီလအတွင်းက ထိုင်းနိုင်ငံတွင်ပြုလုပ်ခဲ့ သည့် ဘင်းစတက်အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတာဝန်ရှိသူနှင့်တွေ့ဆုံရာ၌ မြန်မာနိုင်ငံ မှ ထွက်ခွာသွားသူဘင်္ဂါလီ (၁ ဒသမ ၂) သန်းကျော်ကို ပြန်လည်လက်ခံရေးဆောင်ရွက်မည်ဖြစ်ကြောင်း လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့ပြီးဖြစ်သည်။
zawgyi version
နယ္ေျမသိမ္းယူေရး ဘဂၤလားေဒ့ရွ္၏ ပရိယာယ္ အပိုင်း(၂)
ကြၽန္းသားငမန္း (NP News) - ေမ ၂၇
ဘဂၤါလီမ်ား၏ သီးျခားလြတ္လပ္ေသာ မြတ္စလင္ျပည္နယ္ထူေထာင္ေရးအႀကံ
ရခိုင္ျပည္နယ္ေျမာက္ပိုင္းတြင္ေနထိုင္ေနၾကေသာဘဂၤါလီမ်ားမွာ ျမန္မာႏိုင္ငံအေပၚ ခ်စ္ျမတ္ႏိုး သူ မ်ားမဟုတ္ၾက။ ျမန္မာႏိုင္ငံကိုဖဲ့ထုတ္ၿပီး ၎တို႔ႏွင့္ ဘာသာတူရာ အေရွ႕ပါကစၥတန္ ႏိုင္ငံႏွင့္ ပူးေပါင္းႏိုင္ေရး၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံအျဖစ္ ျဖစ္ေပၚလာၿပီးေနာက္တြင္လည္း ဘဂၤလားေဒ့ရွ္ ႏိုင္ငံႏွင့္ ပူးေပါင္းႏိုင္ေရးကို အစဥ္တစိုက္ ေဆာင္႐ြက္ခဲ့ၾကသူမ်ားျဖစ္ၾကသည္။ ယခုလည္း ဆက္လက္ ေဆာင္ ႐ြက္ေနဆဲပင္ျဖစ္သည္။ ျမန္မာႏိုင္ငံအေနာက္ဘက္ေဒသတြင္ မြတ္စလင္ႏိုင္ငံထူေထာင္ႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံအတြင္း ၿဗိတိသွ် ကိုလိုနီလက္ထက္ကပင္ ဝင္ေရာက္ေနထိုင္ခဲ့ၾကေသာဘဂၤါလီ လူမ်ိဳးမ်ားသည္ ျမန္မာႏိုင္ငံလြတ္လပ္ေရးမရမီကပင္ ႀကံေဆာင္လုပ္ကိုင္ခဲ့ၾကသည္။
ဤလုပ္ရပ္မ်ားအတြက္ ရခိုင္ျပည္နယ္ရွိ ဘဂၤါလီမ်ားသည္ ၎တို႔ႏွင့္ ကိုးကြယ္ရာဘာသာတူ သည့္ မြတ္စလင္ႏိုင္ငံမ်ား၏ အကူအညီအေထာက္အပံ့မ်ား ရရွိေရးကို အစဥ္တစိုက္ ႀကိဳးပမ္းေဆာင္ ႐ြက္ခဲ့ၾကသည္။ ကမာၻ႔မြတ္စလင္ႏိုင္ငံမ်ားကလည္း အေရွ႕ေတာင္အာရွေဒသကို မြတ္စလင္ဘာသာ လႊမ္းမိုးႏိုင္ေစေရး၊ အိႏၵိယသမုဒၵရာႏွင့္ထိစပ္ေနေသာ ဘဂၤလားပင္လယ္ကမ္းေျခတစ္ေလွ်ာက္ မြတ္စ လင္ခါးပတ္ ျဖစ္လာေစေရးရည္႐ြယ္ခ်က္ျဖင့္ ျမန္မာႏိုင္ငံရွိ မြတ္စလင္ဘာသာဝင္ဘဂၤါလီမ်ားကို အေထာက္အပံ့မ်ား ေပးလ်က္ရွိေနသည္။
ၿဗိတိသွ် ကိုလိုနီလက္ထက္ကပင္ ဝင္ေရာက္ေနထိုင္ရွိခဲ့ၾကေသာဘဂၤါလီမ်ားသည္ ျမန္မာႏိုင္ငံအ ေနာက္ဘက္ေဒသရွိ ေဒသခံဘဂၤါလီမ်ားႏွင့္ပူးေပါင္းကာ ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေမာင္ေတာ၊ ဘူးသီး ေတာင္ေဒသကို မြတ္စလင္ႏိုင္ငံထူေထာင္ႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံလြတ္လပ္ေရးမရမီကပင္ ႀကံ ေဆာင္ လုပ္ကိုင္ခဲ့ၾကသည္။ ျမန္မာႏိုင္ငံလြတ္လပ္ေရး မရမီကပင္ဖြဲ႕စည္းထားခဲ့သည့္ မူဂ်ာဟစ္အဖြဲ႕ သည္ (၁၉၄၈) ခုႏွစ္ စက္တင္ဘာလတြင္ မြတ္စလင္လြတ္ေျမာက္ေရးညီလာခံကို ေမာင္ေတာၿမိဳ႕နယ္ တြင္က်င္းပခဲ့ၿပီး မူဂ်ာဟစ္ပါတီဟု တရားဝင္ေျပာင္းလဲဖြဲ႕စည္းခဲ့သည္။ ထိုညီလာခံမွ ကုလားတန္ျမစ္ အေနာက္ဘက္ျခမ္းႏွင့္ နတ္ျမစ္အေရွ႕ဘက္ျခမ္းေဒသကို မြတ္စလင္တို႔၏ National Home အျဖစ္ သတ္မွတ္ေပးရန္ႏွင့္ ရခိုင္ရွိ မြတ္စလင္မ်ားအားလုံးကို တိုင္းရင္းသားစာရင္းသို႔ ထည့္သြင္းေပးရန္ စတင္ ေတာင္းဆိုခဲ့သည္။ ယင္းျပင္ ျမန္မာႏိုင္ငံလြတ္လပ္ေရးရၿပီး (၁၉၅၁)ခုႏွစ္ ဇြန္လတြင္ ေမာင္ေတာ ၿမိဳ႕ နယ္ အလယ္သန္ေက်ာ္ ေက်း႐ြာ၌ မြတ္စလင္ညီလာခံကိုက်င္းပခဲ့ၿပီး အဂၤလိပ္ဘာသာျဖင့္ ေရးသားထားေသာ ေတာင္းဆိုခ်က္ (၁၄) ခ်က္ပါ အိတ္ဖြင့္ေပးစာကို ဖဆပလအစိုးရသို႔ ေပးပို႔ေတာင္းဆိုခဲ့သည္။
အဆိုပါ ေတာင္းဆိုခ်က္မ်ားတြင္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းကို လြတ္လပ္ေသာ မြတ္စလင္ျပည္ နယ္ အျဖစ္ဖြဲ႕စည္းေပးေရး၊ ျပည္နယ္စစ္တပ္၊ ျပည္နယ္ ရဲတပ္ဖြဲ႕၊ ျပည္နယ္လုံၿခဳံေရးအဖြဲ႕မ်ား ဖြဲ႕စည္း ေပးေရး၊ စစ္ေတြၿမိဳ႕ကို ရခိုင္ျပည္နယ္ေျမာက္ပိုင္းၿမိဳ႕ေတာ္ဟု သတ္မွတ္ေပးေရး၊ မြတ္စလင္ (၅၀) ရာခိုင္ ႏႈန္းပါဝင္ေသာ လက္နက္ကိုင္တပ္ ဖြဲ႕စည္းေပးေရးဗဟိုအစိုးရတြင္ မြတ္စလင္ဝန္ႀကီးခန႔္ ထားေပးေရး၊ မြတ္စလင္ ေကာင္စီထားရွိခြင့္ျပဳေရး၊ တိုင္းျပည္ျပဳလႊတ္ေတာ္တစ္ခြင္ မြတ္စလင္ကိုယ္စားလွယ္မ်ားကို အျခားတိုင္းရင္းသားမ်ားနည္းတူ အညီအမွ်ထည့္သြင္းေပးေရး။ အစၥလာမ္အထက္တန္းေက်ာင္းမ်ား၊ ေကာလိပ္မ်ားဖြင့္လွစ္ခြင့္ျပဳေရးစသည္မ်ားပါဝင္ခဲ့သည္။ အလြန္ ႀကီးမားေသာ ရည္႐ြယ္ခ်က္ျဖစ္သည္။ ဤရည္႐ြယ္ခ်က္ေနာက္ကြယ္တြင္ ၎တို႔၏နယ္ေျမခြဲထြက္ေရး သေဘာထားကို အထင္းသားေတြ႕ျမင္ ႏိုင္သည္။ ဤေတာင္းဆိုခ်က္မ်ားက အထက္တြင္ေဖာ္ျပခဲ့သည့္ ရခိုင္ျပည္နယ္တြင္ AA ကဖြဲ႕စည္းမည့္ အစိုးရအဖြဲ႕အဆင့္တိုင္းတြင္ ဘဂၤါလီမ်ားကို ထည့္သြင္းဖြဲ႕စည္းသည္ကိုျမင္လိုေၾကာင္းေျပာဆိုသည့္ အခ်က္မ်ားႏွင့္ ဆက္စပ္စဥ္းစားရမည္ျဖစ္သည္။
(၁၉၄၂)ခုႏွစ္တြင္ျဖစ္ပြားခဲ့သည့္ ပဋိပကၡ၊ (၁၉၄၆)ခုႏွစ္ ျမန္မာ့လြတ္လပ္ေရးအႀကိဳကာလတြင္ ေမာင္ေတာ၊ ဘူးသီးေတာင္ ႏွစ္ၿမိဳ႕နယ္ကို ပါကစၥတန္ ႏိုင္ငံႏွင့္ေပါင္းစည္းႏိုင္ရန္ ပါကစၥတန္ေခါင္း ေဆာင္ မိုဟာမက္အလီဂ်င္းနားႏွင့္ဆက္သြယ္ႀကိဳးပမ္းခဲ့မႈႏွင့္ မူဂ်ာဟစ္ေသာင္းက်န္းသူအဖြဲ႕ကို ထူ ေထာင္ကာ နယ္ေျမသိမ္းယူခဲ့မႈ၊ (၁၉၆၆)ခုႏွစ္တြင္ ဖဆပလ ဝန္ ႀကီးေဟာင္း စူလ္တင္မာမြတ္ ဦးေဆာင္ ေသာ ဘဂၤါလီအဖြဲ႕အစည္းသည္ ထိုင္းမြတ္စလင္အဖြဲ႕၏ေထာက္ခံခ်က္ျဖင့္ လစ္ဗ်ားသို႔သြားကာ ရခိုင္ ျပည္နယ္ေျမာက္ ပိုင္း ေမယုကမ္းေျမာင္ေဒသကို အာကစၥတန္ (Arkiston) ႏိုင္ငံအျဖစ္ ထူေထာင္ရန္ ႀကိဳးပမ္းခဲ့မႈတို႔မွာ ထင္ရွားေသာအျဖစ္မ်ား ျဖစ္ၾကသည္။
(၂၀၁၂)ခုႏွစ္တြင္ပဋိပကၡျဖစ္ခဲ့ရၿပီး ေမာင္ေတာ၊ ဘူးသီးေတာင္ၿမိဳ႕နယ္ရွိ ရခိုင္ေဒသခံမ်ား ေဘး လြတ္ရာ ရခိုင္ျပည္နယ္အတြင္းပိုင္းေဒသမ်ားသို႔ ထြက္ေျပးခဲ့ၾကရမႈႏွင့္ ဘဂၤါလီမ်ားက ရခိုင္ျပည္နယ္ ေျမာက္ပိုင္းကို (Proclamation of Rohingya Independence State) ဟုေၾကညာခဲ့ျခင္းက ၎တို႔၏ နယ္ေျမသိမ္းယူေရးလိုလားခ်က္မ်ားကို ထင္ဟပ္ေနျခင္းပင္ျဖစ္သည္။
ေနာက္ဆုံးျဖစ္ရပ္မွာ (၂၀၁၆)ခုႏွစ္ ေအာက္တို ဘာလ(၉)ရက္တြင္ ေမာင္ေတာၿမိဳ႕နယ္ အမွတ္ (၁) နယ္ျခားေစာင့္ရဲကြပ္ကဲမႈဌာန ခ်ဳပ္ (က်ီးကန္ျပင္)အပါအဝင္ ရဲကင္းစခန္းမ်ားကိုတိုက္ ခိုက္ခဲ့ျခင္းႏွင့္ (၂၀၁၇) ခုႏွစ္ ဩဂုတ္လ (၂၅) ရက္ တြင္ ေမာင္ေတာခ႐ိုင္အတြင္းရွိ နယ္ေျမခံတပ္စခန္းတစ္ခု အပါအ ဝင္ ရဲကင္းစခန္း (၃၀)ကို တိုက္ခိုက္ခဲ့ကာ ေဒသခံတိုင္းရင္းသားေက်း႐ြာမ်ား မီးရႈိ႕ျခင္း၊ ျပည္သူမ်ားကို အၾကမ္းဖက္သတ္ျဖတ္ခဲ့မႈမ်ားကိုလုပ္ေဆာင္ခဲ့ကာ ေသာင္းက်န္းသူ အၾကမ္းဖက္အဖြဲ႕မ်ားအေနျဖင့္ အၾကမ္းဖက္သတ္ျဖတ္မႈမ်ားျပဳလုပ္ျခင္း၊ ဘဂၤါလီမ်ားကို စည္း႐ုံးၿခိမ္းေျခာက္ဖိအားေပးျခင္း လုပ္ရပ္မ်ား ေၾကာင့္ ဘဂၤါလီမ်ား အလုံးအရင္းႏွင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္သို႔ ထြက္ခြာသြားခဲ့ရာမွ ေနရပ္စြန႔္ခြာသူ မ်ားအေရး ေပၚေပါက္လာရျခင္းျဖစ္သည္။
လက္ခံေရး ေဆာင္႐ြက္မႈမ်ား
OIC ႏိုင္ငံမ်ားႏွင့္အေနာက္ႏိုင္ငံမ်ားသည္ ျမန္ မာႏိုင္ငံအေနာက္ဘက္ နယ္စပ္ေဒသကို ပိုင္စိုးႏိုင္ ေရးႏွင့္ မြတ္စလင္ႏိုင္ငံထူေထာင္ေရးအတြက္ ဘဂၤ လားေဒ့ရွ္ႏိုင္ငံသို႔ ထြက္ခြာသြားသူမ်ားကိုအေၾကာင္း ျပဳအသုံးခ်ကာ ျမန္မာႏိုင္ငံအားစီးပြားေရး၊ ႏိုင္ငံေရးအားျဖင့္ ဖိအားေပးေဆာင္႐ြက္ေနၾကသည္။ ၎တို႔ အေနျဖင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ထြက္ခြာသြားသူမ်ားအနက္ မိမိႏိုင္ငံတြင္ အမွန္တကယ္ေနထိုင္ခဲ့သူမ်ား ကို ျမန္မာႏိုင္ငံမွ သေဘာ႐ိုးျဖင့္ စိစစ္လက္ခံရန္ေဆာင္႐ြက္ေနမႈမ်ားကို မသိက်ိဳးကြၽံျပဳကာ ျမန္မာႏိုင္ငံ အား ဖိအားေပးရန္ႀကိဳးပမ္းလုပ္ေဆာင္လာၾကသည္။
ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွ ေနရပ္စြန႔္ခြာသူမ်ား ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ထြက္ခြာသြားျခင္းျဖစ္စဥ္ မွာ ျမန္မာႏိုင္ငံမွ ႏိုင္ငံေရးလုပ္စားသူမ်ားအတြက္ ႏိုင္ငံတကာတြင္လုပ္ကိုင္စားေသာက္၍ေကာင္းေသာ၊ စားကြက္ ရွာ၍ေကာင္းေသာ အေၾကာင္းအခ်က္တစ္ရပ္ ျဖစ္ေနသည္။ ကုလသမဂၢတြင္ျဖစ္ေစ၊ ကုလ သမဂၢ၏ လူ႔အခြင့္အေရးေခါင္းစဥ္ေအာက္တြင္ျဖစ္ေစ ဘဂၤလားေဒ့ရွ္ႏိုင္ငံေရာက္ ျမန္မာႏိုင္ငံမွ ေနရပ္စြန႔္ခြာသြား သူဘဂၤါလီမ်ားအေရးမွာ ေဆြးေႏြးစရာအေၾကာင္း တစ္ခ်က္လည္းျဖစ္ေနခဲ့သည္။
ဘဂၤလားေဒ့ရွ္အစိုးရသည္လည္းေကာင္း၊ ျပည္ပေရာက္ဘဂၤါလီအေရးလႈပ္ရွားသူဆိုသူမ်ားသည္ လည္းေကာင္း ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွ ေနရပ္စြန႔္ ခြာသူမ်ားကို ျပန္လည္လက္ခံေရးေဆာင္႐ြက္ျခင္း ကို မေအာင္မျမင္ျဖစ္ရန္ နည္းမ်ိဳးစုံျဖင့္ ႀကံဆလုပ္ေဆာင္ေနၾကသည္ကိုကား ေမ့ထားရန္မသင့္ဘဲ ျမန္မာႏိုင္ငံအတြက္လည္း အႏၲရာယ္ႀကီးတစ္ခုျဖစ္သည္ကို ထည့္သြင္းသိရွိထားၾကရန္လိုေပမည္။
(၂၀၁၆) ခုႏွစ္ႏွင့္(၂၀၁၇) ခုႏွစ္ ျဖစ္စဥ္ႏွစ္ခု ေနာက္ပိုင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္သို႔ ထြက္ခြာသြားသည့္ေနရပ္စြန႔္ခြာသူမ်ားကို ျပန္လည္လက္ခံႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံႏွင့္ ဘဂၤလားေဒ့ရွ္ႏွစ္ႏိုင္ငံ အၾကား ေဆြးေႏြးမႈမ်ားကို အစဥ္တစိုက္ျပဳလုပ္လ်က္ရွိသည္။ (၂၃-၁၁-၂၀၁၇) ရက္တြင္ ရခိုင္ျပည္နယ္မွ ေနရပ္စြန႔္ခြာသူမ်ားကို ျပန္လည္လက္ခံေရးလုပ္ငန္းစဥ္သေဘာတူညီခ်က္ကို ေနျပည္ေတာ္၌ ႏွစ္ႏိုင္ငံ ဝန္ႀကီးမ်ားအဆင့္က လက္မွတ္ေရးထိုးႏိုင္ ခဲ့သည္။ ဆက္လက္ၿပီး (၁၉-၁၂-၂၀၁၇) တြင္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံ ဒါကာၿမိဳ႕တြင္ ႏွစ္ႏိုင္ငံႏိုင္ငံျခားေရး ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္အဆင့္တို႔က ရခိုင္ ျပည္နယ္ မွ ေနရပ္စြန႔္ခြာသြားသူမ်ားကို ျပန္လည္လက္ ခံေရးအတြက္ဖြဲ႕စည္းထားေသာ ျမန္မာ-ဘဂၤလားေဒ့ရွ္ ပူးတြဲလုပ္ငန္းအတြက္လုပ္ငန္းလမ္းၫႊန္ကို လက္ မွတ္ေရးထိုးခဲ့ၾကသည္။ ဆက္လက္ၿပီး (၁၆-၁-၂၀၁၈) တြင္ ေနျပည္ေတာ္၌ ႏွစ္ႏိုင္ငံႏိုင္ငံျခားေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္အဆင့္တို႔က ရခိုင္ျပည္နယ္ မွေနရပ္စြန႔္ခြာသြားသူမ်ားကို ျပန္လည္လက္ခံေရးလုပ္ငန္းစဥ္အရ လက္ေတြ႕ေဆာင္႐ြက္မည့္လုပ္ငန္း အစီအစဥ္မ်ားကို လက္မွတ္ေရးထိုးခဲ့ၾကသည္။
ေနရပ္စြန႔္ခြာသူမ်ားကို ျပန္လည္လက္ခံေရးလုပ္ငန္းအေကာင္အထည္ေဖာ္ေရးအတြက္ အဓိက ေဆြး ေႏြးေဆာင္႐ြက္ေနသည့္ယႏၲရားမွာ “ေနရပ္စြန႔္ခြာ သူမ်ား ျပန္လည္လက္ခံေရးဆိုင္ရာ ပူးတြဲ လုပ္ငန္းအဖြဲ႕”ျဖစ္သည္။ အဆိုပါ ႏွစ္ႏိုင္ငံပူးတြဲလုပ္ငန္းအစည္းအေဝးမ်ားကို (၂၀၁၈)ခုႏွစ္အတြင္း ဇန္န ဝါရီလ၊ ေမလ ေအာက္တိုဘာလတို႔ႏွင့္ (၂၀၁၉)ခုႏွစ္ ေမလတို႔တြင္ (၄)ႀကိမ္က်င္းပခဲ့သည္။
ထို႔ေနာက္ (ကိုဗစ္-၁၉) ကပ္ေရာဂါေၾကာင့္ အစည္းအေဝးမ်ား က်င္းပႏိုင္ျခင္းမရွိခဲ့ဘဲ သုံးႏွစ္ ေက်ာ္အၾကာ (၁၄-၆-၂၂)တြင္ ျမန္မာ-ဘဂၤလားေဒ့ရွ္ပူးတြဲလုပ္ငန္းအဖြဲ႕၏ ပၪၥမအႀကိမ္အစည္းအေဝးကို ဗီဒီယိုကြန္ဖရင့္ျဖင့္ က်င္းပႏိုင္ခဲ့သည္။
ထို႔အတူ ရခိုင္ျပည္နယ္မွ ေနရပ္စြန႔္ခြာသူမ်ားကို စိစစ္ေဆာင္႐ြက္ရာတြင္ႀကဳံေတြ႕ရသည့္ စိန္ေခၚမႈမ်ားကို ႏွစ္ဖက္ အျပန္အလွန္ေဆြးေႏြးညႇိႏႈိင္းအေျဖရွာသြားႏိုင္ရန္အတြက္ “ရခိုင္ျပည္နယ္မွ ေနရပ္စြန႔္ ခြာသူမ်ား ျပန္လည္လက္ခံေရးအတြက္ စိစစ္ေရးလုပ္ ငန္းစဥ္ဆိုင္ရာအထူး အဖြဲ႕” မ်ားကို လည္း (၂၀၂၁) ခုႏွစ္ကုန္ပိုင္းက ႏွစ္ဖက္ဖြဲ႕စည္းခဲ့ၾကကာ အထူးအဖြဲ႕မ်ားအၾကား အစည္းအေဝးမ်ားကို (၂၇-၁-၂၂)ႏွင့္ (၁၆-၉-၂၂ )ရက္မ်ားတြင္ က်င္းပခဲ့ၾကသည္။
ဤေဆာင္႐ြက္ခ်က္မ်ားကိုၾကည့္ျခင္းအားျဖင့္ ျမန္မာႏိုင္ငံအေနျဖင့္ ႏွစ္ႏိုင္ငံလက္မွတ္ေရးထိုး ထားၾကသည့္ သေဘာတူညီခ်က္မ်ားႏွင့္အညီ ရခိုင္ျပည္ နယ္မွေနရပ္စြန႔္ခြာသြားသူမ်ားကို ျပန္လည္ လက္ခံေရးအတြက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံႏွင့္ အစဥ္တစိုက္ ပူးေပါင္းေဆာင္႐ြက္ေနျခင္းကို ေတြ႕ရမည္ ျဖစ္သည္။ ဤသို႔သေဘာတူညီခ်က္မ်ားႏွင့္အညီ ျမန္မာ-ဘဂၤလားေဒ့ရွ္ႏွစ္ႏိုင္ငံညႇိႏႈိင္းၿပီးေနာက္ ေနရပ္ စြန႔္ခြာသူမ်ား ျပန္လည္လက္ခံေရးလုပ္ငန္းစတင္ႏိုင္ရန္အ တြက္ (၁၅-၁၁-၂၀၁၈)တြင္ ေနရပ္စြန႔္ခြာသူ (၂၂၆၀) ဦးႏွင့္ (၂၂-၈-၂၀၁၉)တြင္ (၃၄၅၀) ဦးကို လက္ခံရန္ေဆာင္႐ြက္ခဲ့သည္။ ျပန္လည္လက္ခံေရး အတြက္ ျမန္မာႏိုင္ငံမွတာဝန္ရွိသူမ်ားသာမက အာ ဆီယံအတြင္းေရးမႉးခ်ဳပ္႐ုံး၊ ေဘးအႏၲရာယ္စီမံခန႔္ခြဲမႈ ဆိုင္ရာ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီ ေပးအပ္ေရး အာဆီယံညႇိႏႈိင္းေရးဗဟိုဌာန (AHA Centre) ႏွင့္ အာဆီယံ အေရးေပၚတုံ႔ျပန္ေရးႏွင့္ဆန္း စစ္ေလ့လာမႈအဖြဲ႕ (ASEAN- ERAT) တို႔မွ ကိုယ္ စားလွယ္မ်ားပါ ႏွစ္ႏိုင္ငံနယ္စပ္ဂိတ္တြင္သြားေရာက္ၿပီး အတူေစာင့္ဆိုင္းေနခဲ့ၾကေသာ္လည္း ဘဂၤလား ေဒ့ရွ္ ႏိုင္ငံဘက္မွ ႏွစ္ႏိုင္ငံသေဘာတူညီခ်က္ထားသည့္ မည္သူတစ္ဦးတစ္ေယာက္ကိုမွ် ပို႔ေဆာင္ေပး ႏိုင္ျခင္း မရွိခဲ့ေပ။
ေနရပ္စြန႔္ခြာသူမ်ားေနထိုင္ရာ ဘဂၤလားေဒ့ရွ္ဘက္မွ စခန္းမ်ားတြင္ရွိေနသည့္အဖ်က္အေမွာင့္ လုပ္ေဆာင္ေနသူမ်ား၊ အၾကမ္းဖက္အဖြဲ႕ဝင္မ်ားက ေနရပ္စြန႔္ခြာသူမ်ားကို ၿခိမ္းေျခာက္မႈမ်ား၊ အျခား ဖိ အားမ်ားေၾကာင့္ ျပန္လည္ခံေရးလုပ္ငန္းမွာ မေအာင္ မျမင္ျဖစ္ေနရျခင္းျဖစ္သည္။ ျမန္မာႏိုင္ငံဘက္မွ ျပန္လည္လက္ခံေရးလုပ္ေဆာင္မႈမ်ားကို အဆင္ သင့္ျပဳလုပ္ထားသကဲ့သို႔ ႏွစ္ႏိုင္ငံ ေဆြးေႏြးသေဘာ တူညီခ်က္မ်ားႏွင့္အညီလုပ္ေဆာင္ခဲ့ေသာ္လည္း ဤေဆာင္႐ြက္ခ်က္မ်ားကို မသိက်ိဳးကြၽံျပဳကာ ျမန္မာ ႏိုင္ငံဘက္မွ ၾကန႔္ၾကာေအာင္လုပ္ေနသည္ဟုပင္ ဘဂၤလားေဒ့ရွ္သတင္းမီဒီယာမ်ားအပါအဝင္ ႏိုင္ငံျခား သတင္းဌာနမ်ားကပါ ထုတ္ျပန္ခဲ့ၾကသည္။
ျမန္မာႏိုင္ငံအေနျဖင့္ ႏွစ္ႏိုင္ငံသေဘာတူညီခ်က္မ်ားကိုအေျခခံၿပီး (၂၀၁၆)ခုႏွစ္ႏွင့္(၂၀၁၇)ခုႏွစ္ ျဖစ္စဥ္အၿပီး ေနရပ္စြန႔္ခြာသြားသူမ်ားကို ျပန္လည္လက္ခံေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိခဲ့ သည္။ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က လည္း ႏိုင္ငံေတာ္၏အက်ိဳးစီးပြားကိုမထိခိုက္ပါက ႏွစ္ႏိုင္ငံသေဘာတူညီခ်က္မ်ားကို ဆက္လက္ေဆြးေႏြးေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း (၈-၂-၂၀၂၁) ရက္က ေျပာၾကားခဲ့ၿပီးျဖစ္သည္။ ျမန္မာႏိုင္ငံတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ႏိုင္ငံေတာ္ တာဝန္ယူခဲ့ၿပီးေနာက္ပိုင္းတြင္လည္း ေနရပ္စြန႔္ခြာ သူမ်ား ျပန္လည္လက္ခံေရးအတြက္ ႏွစ္ႏိုင္ငံသေဘာ တူညီခ်က္မ်ားႏွင့္အညီေဆာင္႐ြက္လ်က္ရွိေနသည္။
ရခိုင္ျပည္နယ္မွေနရပ္စြန႔္ခြာသူမ်ားကို ျပန္လည္စိစစ္ေနသည့္လုပ္ငန္းမ်ားကို ရပ္တန႔္ျခင္းမရွိ ဘဲ ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံပူးတြဲလုပ္ငန္းအဖြဲ႕ အစည္းအေဝးမ်ားအျပင္ နည္းပညာပိုင္းဆိုင္ရာ ေဆြးေႏြးမႈယႏၲရားအသစ္မ်ားကိုပါ တိုးခ်ဲ႕၍ ညႇိႏႈိင္းအစည္းအေဝးမ်ားကို ႏွစ္ႏိုင္ငံအစိုးရတာဝန္ရွိသူအ ဆင့္ဆင့္အၾကား ဆက္လက္ေဆာင္႐ြက္လ်က္ရွိသည္။
(၂၀၂၃)ခုႏွစ္ မတ္လအတြင္း ေနရပ္စြန႔္ခြာသူမ်ားအတြက္ ျမန္မာႏိုင္ငံမွစိစစ္ၿပီး လူဦးေရ (၁၀ဝဝ) ေက်ာ္ကို ေရွ႕ေျပးစမ္းသပ္စီမံကိန္းတစ္ရပ္ျဖင့္ ျပန္လည္လက္ခံေရးလုပ္ငန္းေဆာင္႐ြက္ရန္ စီစဥ္ထားခဲ့ သည္။ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ျပန္လည္လက္ခံရာတြင္ အဆင္သင့္ျဖစ္ေနေစရန္အ တြက္ ျပန္လည္လက္ခံေရးစခန္းမ်ားႏွင့္ ၾကားစခန္းမ်ားကို ျပန္လည္ျပင္ဆင္ျခင္းမ်ား၊ ျပန္လည္ေနရာခ် ထားေပးမည့္ေနရာမ်ား၌ အသက္ေမြးဝမ္းေက်ာင္း ကိစၥမ်ား၊ ပညာေရး၊ က်န္းမာေရးစသည့္ အေျခခံလို အပ္ခ်က္မ်ား ႀကိဳတင္ျပင္ဆင္မႈမ်ားကို သက္ဆိုင္ရာ လုပ္ငန္းေကာ္မတီမ်ား၊ ဝန္ႀကီးဌာနမ်ားအၾကား ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္ခဲ့ၾကကာ အစိုးရအဖြဲ႕ဝန္ႀကီးမ်ားကိုယ္တိုင္လည္း (၂၀၂၃)ခုႏွစ္ ေဖေဖာ္ဝါရီလ မွစတင္ၿပီး ရခိုင္ျပည္နယ္သို႔ အႀကိမ္ႀကိမ္လာေရာက္ စစ္ေဆးၾကပ္မတ္ေဆာင္႐ြက္ခဲ့ၾကသည္။
ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွေနရပ္စြန႔္ခြာ၍ ဘဂၤလားေဒ့ရွၤႏိုင္ငံသို႔ ထြက္ခြာသြားသူမ်ား ျပန္ လည္လက္ခံေရးလုပ္ငန္းမ်ားကို (၂၀၂၃)ခုႏွစ္အထိလုပ္ေဆာင္ခဲ့ေသာ္လည္း (၁၀၂၇) အေရးအခင္းတြင္ ေမာင္ေတာနယ္စပ္ေဒသတစ္ခုလုံးကို AA က သိမ္းပိုက္သြားၿပီးေနာက္ ရပ္တန႔္သြားခဲ့ရျခင္းျဖစ္သည္။ လက္ရွိဘဂၤလားေဒ့ရွ္ ယာယီအစိုးရက AA စစ္တပ္ ႏွင့္ ပူးေပါင္းေဆာင္႐ြက္မည္ဟု ေလသံပစ္လာသည္။ စာရင္းအင္းမရွိ ဘယ္လိုလက္ခံၾကမည္နည္းကို ေတာ့မသိ။ ထြက္သြားဘဂၤါလီမ်ားကို စာရင္းႏွင့္ တိုက္ ဆိုင္စစ္ေဆးၿပီးလက္ခံေရးမွာ ျမန္မာႏိုင္ငံ၏မူဝါဒလည္းျဖစ္သည္။
ျပန္လည္လက္ခံေရးႏွင့္ပတ္သက္၍ (၂၀၂၅) ခုႏွစ္ ဧၿပီလအတြင္းက ထိုင္းႏိုင္ငံတြင္ျပဳလုပ္ခဲ့ သည့္ ဘင္းစတက္အစည္းအေဝးတြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ အစိုးရတာဝန္ရွိသူႏွင့္ေတြ႕ဆုံရာ၌ ျမန္မာႏိုင္ငံ မွ ထြက္ခြာသြားသူဘဂၤါလီ (၁ ဒသမ ၂) သန္းေက်ာ္ကို ျပန္လည္လက္ခံေရးေဆာင္႐ြက္မည္ျဖစ္ေၾကာင္း လည္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က ေျပာၾကားခဲ့ၿပီးျဖစ္သည္။