မျှစ်ချိုးခြင်းနှင့် တောင်ယာခုတ်ခြင်းများလာသောကြောင့် ဝါးအထွက်နှုန်း လျော့လာ

 303

စော (NP News)- ဇွန် ၃
မြန်မာနိုင်ငံသည် ဝါးသယံဇာတပေါများ သည့် နိုင်ငံဖြစ်သော်လည်း မျှစ်ချိုးခြင်းနှင့် တောင် ယာခုတ်ခြင်း များလာသည့်အတွက် ဝါးအထွက်နှုန်း လျော့နည်းလာကြောင်း မျှစ်နှင့်ဝါးစိုက်ပျိုးထုတ်လုပ် သူများအသင်းမှ ဝါးပညာရှင် ဦးကျော်ဝင်းက NP News ကို ပြောသည်။
မြန်မာနိုင်ငံအတွင်း သစ်တောဧရိယာ ဖုံးလွှမ်းမှု၊ ဝါးသယံဇာတများစွာရှိသည့် နိုင်ငံတစ်ခုဖြစ်ပြီး ယခုနောက်ပိုင်းတွင် ဝါးထုတ်လုပ်မှုအနေဖြင့် ကျဆင်းလာလျက်ရှိသည်ကို တွေ့ရှိရကြောင်း သစ်တော သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က လည်း မေလ (၂၄)ရက်က ရှမ်းပြည်နယ် ကျိုင်း တုံမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားရာတွင် ထည့်သွင်းပြောကြားထားခဲ့သေးသည်။
“ဝါးအထွက်နှုန်းကျသွားတာက မျှစ်ချိုးတဲ့နှုန်းများတယ်။ တောင်ယာခုတ်ကြတာများတဲ့ အခါကျ တော့ ဝါးကအရင်တုန်းကတော့ လမ်းပေါက် တဲ့နီးနီးနားနားက ခုတ်လို့ရပေမယ့် အခုတစ်ခါကျတော့ ကျွန်တော်တို့ဆီကိုရောက်တဲ့ဝါးတွေဆိုရင် တခြား တစ်နေရာကနေ နွားတွေနဲ့ဆွဲထုတ်ရတာပေါ့။ အခု သစ်တောကလူတွေဆိုရင် ဆင်တွေနဲ့ဆွဲထုတ် ကြတယ်။ နည်းနည်းဝေးသွားတာပေါ့။ နီးနီးနားနားက မျှစ်ချိုးကြတာဆိုတော့ ဝါးကောင်းကောင်းကမရှိ တော့ဘူး}}ဟု ဝါးအထွက်နှုန်း ကျဆင်းသွားရခြင်း အကြောင်းရင်းနှင့်ပတ်သက်၍ ဦးကျော်ဝင်းက ရှင်းပြသည်။
ထို့ပြင် လက်ရှိတွင် ဝါးဝယ်လိုအားမြင့် တက်နေသော်လည်း ပစ္စည်းရှားနေသည့်အပြင် ဝါးခုတ် လုပ်သားရှားပါးခြင်းနှင့် စက်သုံးဆီဈေးမြင့် တက်နေခြင်းကိုလည်း ကြုံတွေ့နေရကြကြောင်း ၎င်းကဆို သည်။
“ Demand အားကြောင့်တော့ အထွက် နှုန်းကျသွားတာမဟုတ်ဘူး။ Demand အားကတော့ ကောင်းတယ်။ Supply နည်းပြီး Demand က မြင့်တက်နေတာပေါ့ ” ဟု ၎င်းကဆက်လက်ပြောသည်။ ဝါး တစ်လုံးတန်ဖိုးမှာ ပြီးခဲ့သည့်နှစ်က ငွေကျပ် (၁၂၀ဝ)သာ ကျသင့်ခဲ့သော်လည်း လက်ရှိတွင် ငွေကျပ် (၃၅၀ဝ) အထိ မြင့်တက်လာပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှထွက်ရှိသောဝါးများကို နိုင်ငံတကာမှ ဝယ်လိုအားရှိနေသော်လည်း ဝါးကို စနစ် တကျ မခုတ်ခြင်း၊ မျှစ်ကို စနစ်တကျမချိုးခြင်းကြောင့် အရည်အသွေးမြင့် ဝါးတောများမရှိသည့်အတွက် ဝင်ငွေနည်းပါးနေခြင်းဖြစ်ကြောင်း သိရသည်။
ဝါးသည် လျင်မြန်စွာကြီးပြင်းနိုင်သည့်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ ကာဗွန်ဒိုင် အောက် ဆိုက်လျော့နည်းစေခြင်း၊ မြေဆီလွှာထိန်းသိမ်းနိုင်ခြင်းနှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းနိုင်ခြင်း စသည့်ကောင်းကျိုးများကိုလည်း ပေးစွမ်းနိုင်ကြောင်း သိရသည်။

Zawgyi Version:
မွ်စ္ခ်ိဳးျခင္းႏွင့္ ေတာင္ယာခုတ္ျခင္းမ်ားလာေသာေၾကာင့္ ဝါးအထြက္ႏႈန္း ေလ်ာ့လာ
ေစာ (NP News)- ဇြန္ ၃
ျမန္မာႏိုင္ငံသည္ ဝါးသယံဇာတေပါမ်ား သည့္ ႏိုင္ငံျဖစ္ေသာ္လည္း မွ်စ္ခ်ိဳးျခင္းႏွင့္ ေတာင္ ယာခုတ္ျခင္း မ်ားလာသည့္အတြက္ ဝါးအထြက္ႏႈန္း ေလ်ာ့နည္းလာေၾကာင္း မွ်စ္ႏွင့္ဝါးစိုက္ပ်ိဳးထုတ္လုပ္ သူမ်ားအသင္းမွ ဝါးပညာရွင္ ဦးေက်ာ္ဝင္းက NP News ကို ေျပာသည္။
ျမန္မာႏိုင္ငံအတြင္း သစ္ေတာဧရိယာ ဖုံးလႊမ္းမႈ၊ ဝါးသယံဇာတမ်ားစြာရွိသည့္ ႏိုင္ငံတစ္ခုျဖစ္ၿပီး ယခုေနာက္ပိုင္းတြင္ ဝါးထုတ္လုပ္မႈအေနျဖင့္ က်ဆင္းလာလ်က္ရွိသည္ကို ေတြ႕ရွိရေၾကာင္း သစ္ေတာ သယံဇာတ ႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္း ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ရီ က လည္း ေမလ (၂၄)ရက္က ရွမ္းျပည္နယ္ က်ိဳင္း တုံၿမိဳ႕၌ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာမ်ားကို ေဆြးေႏြး ေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားထားခဲ့ေသးသည္။
“ဝါးအထြက္ႏႈန္းက်သြားတာက မွ်စ္ခ်ိဳးတဲ့ႏႈန္းမ်ားတယ္။ ေတာင္ယာခုတ္ၾကတာမ်ားတဲ့ အခါက် ေတာ့ ဝါးကအရင္တုန္းကေတာ့ လမ္းေပါက္ တဲ့နီးနီးနားနားက ခုတ္လို႔ရေပမယ့္ အခုတစ္ခါက်ေတာ့ ကြၽန္ေတာ္တို႔ဆီကိုေရာက္တဲ့ဝါးေတြဆိုရင္ တျခား တစ္ေနရာကေန ႏြားေတြနဲ႔ဆြဲထုတ္ရတာေပါ့။ အခု သစ္ေတာကလူေတြဆိုရင္ ဆင္ေတြနဲ႔ဆြဲထုတ္ ၾကတယ္။ နည္းနည္းေဝးသြားတာေပါ့။ နီးနီးနားနားက မွ်စ္ခ်ိဳးၾကတာဆိုေတာ့ ဝါးေကာင္းေကာင္းကမရွိ ေတာ့ဘူး}}ဟု ဝါးအထြက္ႏႈန္း က်ဆင္းသြားရျခင္း အေၾကာင္းရင္းႏွင့္ပတ္သက္၍ ဦးေက်ာ္ဝင္းက ရွင္းျပသည္။
ထို႔ျပင္ လက္ရွိတြင္ ဝါးဝယ္လိုအားျမင့္ တက္ေနေသာ္လည္း ပစၥည္းရွားေနသည့္အျပင္ ဝါးခုတ္ လုပ္သားရွားပါးျခင္းႏွင့္ စက္သုံးဆီေဈးျမင့္ တက္ေနျခင္းကိုလည္း ႀကဳံေတြ႕ေနရၾကေၾကာင္း ၎ကဆို သည္။
“ Demand အားေၾကာင့္ေတာ့ အထြက္ ႏႈန္းက်သြားတာမဟုတ္ဘူး။ Demand အားကေတာ့ ေကာင္းတယ္။ Supply နည္းၿပီး Demand က ျမင့္တက္ေနတာေပါ့ ” ဟု ၎ကဆက္လက္ေျပာသည္။ ဝါး တစ္လုံးတန္ဖိုးမွာ ၿပီးခဲ့သည့္ႏွစ္က ေငြက်ပ္ (၁၂၀ဝ)သာ က်သင့္ခဲ့ေသာ္လည္း လက္ရွိတြင္ ေငြက်ပ္ (၃၅၀ဝ) အထိ ျမင့္တက္လာၿပီျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံမွထြက္ရွိေသာဝါးမ်ားကို ႏိုင္ငံတကာမွ ဝယ္လိုအားရွိေနေသာ္လည္း ဝါးကို စနစ္ တက် မခုတ္ျခင္း၊ မွ်စ္ကို စနစ္တက်မခ်ိဳးျခင္းေၾကာင့္ အရည္အေသြးျမင့္ ဝါးေတာမ်ားမရွိသည့္အတြက္ ဝင္ေငြနည္းပါးေနျခင္းျဖစ္ေၾကာင္း သိရသည္။
ဝါးသည္ လ်င္ျမန္စြာႀကီးျပင္းႏိုင္သည့္အတြက္ ပတ္ဝန္းက်င္ထိန္းသိမ္းျခင္း၊ ကာဗြန္ဒိုင္ ေအာက္ ဆိုက္ေလ်ာ့နည္းေစျခင္း၊ ေျမဆီလႊာထိန္းသိမ္းႏိုင္ျခင္းႏွင့္ ေရေဝေရလဲေဒသမ်ား ထိန္းသိမ္းႏိုင္ျခင္း စသည့္ေကာင္းက်ိဳးမ်ားကိုလည္း ေပးစြမ္းႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.