မြစ်ဆုံစီမံကိန်းကို ကန့်ကွက်မနေသင့်တော့ပါ (အတွေးအမြင်)

412

HtayOung (NP News)-ဒီဇင်ဘာ-၁၈
ကမ္ဘာ့နိုင်ငံအသီးသီးဟာ စွမ်းအင်လိုအပ်မှုစစ်ပွဲမှာ ပါ၀င်ဆင်နွှဲနေကြရပါတယ်။
စွမ်းအင်ပိုပိုသာသာ သုံးစွဲနိုင်တယ်ဆိုတာ လူ (၁၀၀) မှာ (၁၀၀) လုံး အသုံးပြုနိုင်ခြင်းကို ပြောခြင်းမဟုတ်ပဲ လူ တစ်ယောက်ရဲ့ နေ့စဉ် လူနေမှုဘ၀နဲ့ စက်မှုကုန်ထုတ်လုပ်ရေး-သယ်ယူပို့ဆောင်ရေး-အခြေခံအ ဆောက်အ အုံများ မကျန် ဖောဖောသီသီ သုံးစွဲနိုင်ခြင်းကို ဆိုလိုပါတယ်။ တိုတိုပြောရရင် လူ့အကျိုးပြု လုပ်ငန်းများအတွက် ယခင် ကျွဲနွားမြင်း စသည်တို့အစား စွမ်းအင်ကို ခိုင်းစားခြင်းပါ။
ဥပမာ အမေရိကန်-တရုတ်-ဂျပန်စတဲ့ စက်မှုနိုင်ငံကြီးများမှာ လူတိုင်း လျှပ်စစ်ဓါတ်အား အသုံးပြုနေကြတဲ့ အပြင် စက်ရုံကြီးများမှာလည်း တစ်နာရီလျင် လျှပ်စစ်မီဂါ၀ပ်နဲ့ ချီပြီး အသုံးပြုနေကြပါတယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးနယ်ပယ်အထိ လျှပ်စစ်ဓါတ်အားကို အသုံးပြုပြီး ဥတုရာသီမရွေး အထွက်တိုးအောင် ထုတ်လုပ် နေကြတယ်။ စက်ရုံကြီးများဟာ ထုတ်လုပ်သမျှ လျှပ်စစ်ရဲ့ ၆၀% အထိ သုံးနိုင်ကြတဲ့ တိုင်းပြည်များရှိတယ်။ များများ မြန်မြန်နဲ့ မှန်မှန်ထုတ်လုပ်နိုင်တဲ့အတွက် လူတိုင်းကို ၀လင်အောင် ကျွေးမွေးနိုင်ပြီး ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ထိန်းထားနိုင်တယ်။ ပြည်ပတင်ပို့မှု တိုးချဲ့နိုင်တယ်။ အဲ့ဒီတော့ ချမ်းသာကြတာ မဆန်းပါ။
စွမ်းအင်လိုအပ်မှု စစ်ပွဲမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အတော်စိတ်၀င်စားစရာကောင်းပါတယ်။ ဘင်္ဂ လားဒေ့ရှ်ဟာ ကျောက်မီးသွေး-သဘာ၀ဓါတ်ငွေ့သုံးပြီး လျှပ်စစ်ထုတ်ယူနေယုံမက အိမ်နီးချင်း အိန္ဒိယထံကပါ ၀ယ်သုံးပါတယ်။ အခုဆို ရုရှားအကူအညီနဲ့ နျူကလီယာဓါတ်အားပေးစက်ရုံကြီး ၂-ရုံ တည်ဆောက်နေတာ မကြာခင် လည်ပတ်တော့မယ်။ ဘင်္ဂလားဒေ့ရှ်မှာ လူ (၁၀၀) လျင် (၁၀၀) လုံး လျှပ်စစ်ဓါတ်အား သုံးစွဲနိုင်ယုံမက ပိုပိုသာသာ သုံးပြီး ကုန်ထုတ် လုပ်နေကြတာ ၃-နှစ်လောက်ရှိပြီ၊ လူဦးရေပေါက်ကွဲနေတဲ့ တိုင်းပြည်ရဲ့ နိုင်ငံ သားတစ်ဦးချင်း၀င်ငွေဟာ အိန္ဒိယကို ကျော်တက်သွားတယ်ဆိုတာ ယုံကြမှာလား ။
ကျွန်တော်တို့မှာတော့ မှောင်ထဲ ငုတ်တုပ်ထိုင်ရင်း ကြားဖူးနား၀နဲ့ ကျောက်မီးသွေးလဲ ကန့်ကွက်-ဆည်လဲ သဘောမတူ ကန့်လန့်တိုက်နေကြတယ်။ မီးပျက်ရကောင်းလား ဆဲရကောင်းမှန်းတော့ တတ်ကြပါတယ်။ ဆဲရင်း ဆဲရင်း ဆင်းရဲနေကြတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့ဟာ ရာသီဥတုကို ပြောင်းလဲစေတဲ့ ကမ႓ာ့ဖန်လုံအိမ်ဓါတ်ငွေ့ အထုတ်လွှတ်ဆုံး ပထမ တရုတ်နဲ့၊ တတိ်ယ အိန္ဒိယကြားမှာ တည်ရှိနေပါတယ်။ အဲ့ဒါတွေ ကန့်ကွက်လို့ မြန်မာပြည်မှာ ရာသီဥတု ပြန် ကောင်းလာမယ်လို့ အာမခံနိ်ုင်သူ ရှိရင် ပြောပါ။ ကျွန်တော် ၀န်ချတောင်းပန်ပြီး ဒီ ပို့စ်ကို ဖျက်သိမ်းပေးပါ့မယ်။ ဘင်္ဂလားဒေ့ရှ်ဟာ အဲ့ဒါကို ကောင်းကောင်းနားလည်တယ်။
မြစ်ဆုံစီမံကိန်းဆိုတာ ဦးသန်းရွှေလက်ထက်မှာ စတင်ခဲ့တာပါ။ တရုတ်ရဲ့ အကျိုးစီးပွားပါ၀င်နေတဲ့အတွက် မ တည်ဆောက်ဖြစ်အောင် ဦးဆောင်ကန့်ကွက်ကြဖို့ အမေရိကန်က မြန်မာ ကတြွက်လှုပ်ရှားသူများ- လူသိများ ထင်ရှားသူများ- ပညာရှင်များကို အထောက်အပံ့ ပေးပြီးစည်းရုံးခဲ့ပါတယ်။ ဟီလာရီကလင်တန် နိုင်ငံခြား ရေး ၀န်ကြီး လက်ထက် အီရတ်စစ်ရာဇ၀တ်မှုများကို ဖော်ထုတ်ဖို့ သံတမန်ရေး အီးမေးလ်များကို ကြားဖြတ်ခိုးယူခဲ့ တဲ့ ဝီကီလိခ်ဟာ မမျှော်လင့်ပဲ ဒီအကြောင်း သိသွားပြီး ဂါးဒီးယန်း သတင်းစာမှတဆင့် ဖွင့်ချခဲ့တယ်။ အပေါ်မှာ မူရင်းသတင်းဓါတ်ပုံကို ဖော်ပြလိုက်ပါတယ်။ ကျွန်တော်တို့ ပညာရှင်ဆိုသူတွေဟာ အလွန်ဈေးပေါတယ်။
မြစ်ဆုံဆိုပေမယ့် ဧရာ၀တီမြစ်ကြီးကို ကန့်လန့်ဖြတ် တမံတုတ်ခြင်း မဟုတ်ပါ။ စီမံကိန်းငယ် ၇-ခုကို သိမ်းကြုံး ခေေါ်၀ါ်ခြင်း ဖြစ်ပါတယ်။ ချီဗွေဆိုရင် ကန့်ကွက် မခံရခင် တည်ဆောက်ခဲ့ခြင်းဖြစ်လို့ လည်ပတ်နေပြီး မြစ်ကြီး နားဘက်မှာ လျှပ်စစ်ဖြန့်ဖြူးတာတောင် ကြာပြီလို့ သိရပါတယ်။
အဲ့ဒီ စီမံကိန်းများမှာ သဘာ၀ပတ်၀န်းကျင်ကို အကြီးအကျယ် ထိခိုက်စေတာ ပါ၀င်နေကြောင်း သေချာရင် မဆောက်ပဲ နေနိုင်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုကြောင့် ရေခဲမြစ်များ ပျောက်ဆုံးနေလို့ ဆည်ငယ်တစ်ချို့ လုပ်ဖြစ်မယ် မထင်ပါ။ ဧရာ၀တီမြစ်အတွင်း ရေရင်းမြစ်ဖြည့်သွင်းနေတာ အဲ့ဒီ ရေခဲမြစ်ချည့်သက်သက် မဟုတ်၊ အခြား မြစ်လက်တက်ပေါင်း များစွာနဲ့ မြစ်ကျဉ်းကြီး ၄-ခုကြောင့်လဲ ပါပါတယ်။ ခုနေ ဆည်ဆောက်ပြီးရင် တောင် တရုတ်က လျှပ်စစ် ၀ယ်တော့မယ် မထင်ပါ။ သူ့ဆီမှာ ပိုနေလို့ ပြန်တောင် ရောင်းမယ်ထင်ပါတယ်။
ရောင်းနိုင်ရင် ပိုက်ဆံရမယ့်အပြင် လျှပ်စစ်ရာနှုန်းတစ်ချို့ အလကားရမယ်။ နွေရာသီမှာ သောင်ထွန်းတတ်ပြီး မိုးရာသီ ရေကြီးရေလျံလေ့ရှိတဲ့ ဧရာ၀တီဟာ တစ်နှစ်ပတ်လုံး ယခုထက် ပိုသုံးနိုင်မယ်။
“ငလျင်ကြောပေါ်ကျလို့ ဆောက်လို့မဖြစ်ဘူး” နားစွန်နားဖျား သတင်းနဲ့ လာ ငြင်းမနေပါနဲ့။ ငလျင်ကြောပေါ် တည့်တည့်ရောက်တဲ့ ဗြဟ္မပုတ္တရ မြစ်ဖျားပိုင်းနဲ့ မြစ်အလယ်ပိုင်းမှာ တရုတ်နဲ့ အိန္ဒိယတို့က မြစ်ဆုံထက် အဆပေါင်းများစွာ ကြီးတဲ့ ဆည်ကြီးတွေ တည်ဆောက်နေလို့ ဖြစ်ပါတယ်။
.

Zawgyi Version:
ျမစ္ဆုံစီမံကိန္းကို ကန္႔ကြက္မေနသင့္ေတာ့ပါ
HtayOung (NP News)-ဒီဇင္ဘာ-၁၈
ကမာၻ႔ႏိုင္ငံအသီးသီးဟာ စြမ္းအင္လိုအပ္မႈစစ္ပြဲမွာ ပါ၀င္ဆင္ႏႊဲေနၾကရပါတယ္။
စြမ္းအင္ပိုပိုသာသာ သုံးစြဲႏိုင္တယ္ဆိုတာ လူ (၁၀၀) မွာ (၁၀၀) လုံး အသုံးျပဳႏိုင္ျခင္းကို ေျပာျခင္းမဟုတ္ပဲ လူ တစ္ေယာက္ရဲ႕ ေန႔စဥ္ လူေနမႈဘ၀နဲ႔ စက္မႈကုန္ထုတ္လုပ္ေရး-သယ္ယူပို႔ေဆာင္ေရး-အေျခခံအ ေဆာက္အ အုံမ်ား မက်န္ ေဖာေဖာသီသီ သုံးစြဲႏိုင္ျခင္းကို ဆိုလိုပါတယ္။ တိုတိုေျပာရရင္ လူ႔အက်ိဳးျပဳ လုပ္ငန္းမ်ားအတြက္ ယခင္ ကြၽဲႏြားျမင္း စသည္တို႔အစား စြမ္းအင္ကို ခိုင္းစားျခင္းပါ။
ဥပမာ အေမရိကန္-တ႐ုတ္-ဂ်ပန္စတဲ့ စက္မႈႏိုင္ငံႀကီးမ်ားမွာ လူတိုင္း လွ်ပ္စစ္ဓါတ္အား အသုံးျပဳေနၾကတဲ့ အျပင္ စက္႐ုံႀကီးမ်ားမွာလည္း တစ္နာရီလ်င္ လွ်ပ္စစ္မီဂါ၀ပ္နဲ႔ ခ်ီၿပီး အသုံးျပဳေနၾကပါတယ္။ စိုက္ပ်ိဳးေရးနဲ႔ ေမြးျမဴေရးနယ္ပယ္အထိ လွ်ပ္စစ္ဓါတ္အားကို အသုံးျပဳၿပီး ဥတုရာသီမေ႐ြး အထြက္တိုးေအာင္ ထုတ္လုပ္ ေနၾကတယ္။ စက္႐ုံႀကီးမ်ားဟာ ထုတ္လုပ္သမွ် လွ်ပ္စစ္ရဲ႕ ၆၀% အထိ သုံးႏိုင္ၾကတဲ့ တိုင္းျပည္မ်ားရွိတယ္။ မ်ားမ်ား ျမန္ျမန္နဲ႔ မွန္မွန္ထုတ္လုပ္ႏိုင္တဲ့အတြက္ လူတိုင္းကို ၀လင္ေအာင္ ေကြၽးေမြးႏိုင္ၿပီး ကုန္ေဈးႏႈန္း ႀကီးျမင့္မႈကို ထိန္းထားႏိုင္တယ္။ ျပည္ပတင္ပို႔မႈ တိုးခ်ဲ႕ႏိုင္တယ္။ အဲ့ဒီေတာ့ ခ်မ္းသာၾကတာ မဆန္းပါ။
စြမ္းအင္လိုအပ္မႈ စစ္ပြဲမွာ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံဟာ အေတာ္စိတ္၀င္စားစရာေကာင္းပါတယ္။ ဘဂၤ လားေဒ့ရွ္ဟာ ေက်ာက္မီးေသြး-သဘာ၀ဓါတ္ေငြ႕သုံးၿပီး လွ်ပ္စစ္ထုတ္ယူေနယုံမက အိမ္နီးခ်င္း အိႏၵိယထံကပါ ၀ယ္သုံးပါတယ္။ အခုဆို ႐ုရွားအကူအညီနဲ႔ န်ဴကလီယာဓါတ္အားေပးစက္႐ုံႀကီး ၂-႐ုံ တည္ေဆာက္ေနတာ မၾကာခင္ လည္ပတ္ေတာ့မယ္။ ဘဂၤလားေဒ့ရွ္မွာ လူ (၁၀၀) လ်င္ (၁၀၀) လုံး လွ်ပ္စစ္ဓါတ္အား သုံးစြဲႏိုင္ယုံမက ပိုပိုသာသာ သုံးၿပီး ကုန္ထုတ္ လုပ္ေနၾကတာ ၃-ႏွစ္ေလာက္ရွိၿပီ၊ လူဦးေရေပါက္ကြဲေနတဲ့ တိုင္းျပည္ရဲ႕ ႏိုင္ငံ သားတစ္ဦးခ်င္း၀င္ေငြဟာ အိႏၵိယကို ေက်ာ္တက္သြားတယ္ဆိုတာ ယုံၾကမွာလား ။
ကြၽန္ေတာ္တို႔မွာေတာ့ ေမွာင္ထဲ ငုတ္တုပ္ထိုင္ရင္း ၾကားဖူးနား၀နဲ႔ ေက်ာက္မီးေသြးလဲ ကန္႔ကြက္-ဆည္လဲ သေဘာမတူ ကန္႔လန္႔တိုက္ေနၾကတယ္။ မီးပ်က္ရေကာင္းလား ဆဲရေကာင္းမွန္းေတာ့ တတ္ၾကပါတယ္။ ဆဲရင္း ဆဲရင္း ဆင္းရဲေနၾကတယ္။
ျမန္မာ-ဘဂၤလားေဒ့ရွ္တို႔ဟာ ရာသီဥတုကို ေျပာင္းလဲေစတဲ့ ကမ႓ာ့ဖန္လုံအိမ္ဓါတ္ေငြ႕ အထုတ္လႊတ္ဆုံး ပထမ တ႐ုတ္နဲ႔၊ တတိ္ယ အိႏၵိယၾကားမွာ တည္ရွိေနပါတယ္။ အဲ့ဒါေတြ ကန္႔ကြက္လို႔ ျမန္မာျပည္မွာ ရာသီဥတု ျပန္ ေကာင္းလာမယ္လို႔ အာမခံနိ္ုင္သူ ရွိရင္ ေျပာပါ။ ကြၽန္ေတာ္ ၀န္ခ်ေတာင္းပန္ၿပီး ဒီ ပို႔စ္ကို ဖ်က္သိမ္းေပးပါ့မယ္။ ဘဂၤလားေဒ့ရွ္ဟာ အဲ့ဒါကို ေကာင္းေကာင္းနားလည္တယ္။
ျမစ္ဆုံစီမံကိန္းဆိုတာ ဦးသန္းေ႐ႊလက္ထက္မွာ စတင္ခဲ့တာပါ။ တ႐ုတ္ရဲ႕ အက်ိဳးစီးပြားပါ၀င္ေနတဲ့အတြက္ မ တည္ေဆာက္ျဖစ္ေအာင္ ဦးေဆာင္ကန္႔ကြက္ၾကဖို႔ အေမရိကန္က ျမန္မာ ကႂတြက္လႈပ္ရွားသူမ်ား- လူသိမ်ား ထင္ရွားသူမ်ား- ပညာရွင္မ်ားကို အေထာက္အပံ့ ေပးၿပီးစည္း႐ုံးခဲ့ပါတယ္။ ဟီလာရီကလင္တန္ ႏိုင္ငံျခား ေရး ၀န္ႀကီး လက္ထက္ အီရတ္စစ္ရာဇ၀တ္မႈမ်ားကို ေဖာ္ထုတ္ဖို႔ သံတမန္ေရး အီးေမးလ္မ်ားကို ၾကားျဖတ္ခိုးယူခဲ့ တဲ့ ဝီကီလိခ္ဟာ မေမွ်ာ္လင့္ပဲ ဒီအေၾကာင္း သိသြားၿပီး ဂါးဒီးယန္း သတင္းစာမွတဆင့္ ဖြင့္ခ်ခဲ့တယ္။ အေပၚမွာ မူရင္းသတင္းဓါတ္ပုံကို ေဖာ္ျပလိုက္ပါတယ္။ ကြၽန္ေတာ္တို႔ ပညာရွင္ဆိုသူေတြဟာ အလြန္ေဈးေပါတယ္။
ျမစ္ဆုံဆိုေပမယ့္ ဧရာ၀တီျမစ္ႀကီးကို ကန္႔လန္႔ျဖတ္ တမံတုတ္ျခင္း မဟုတ္ပါ။ စီမံကိန္းငယ္ ၇-ခုကို သိမ္းႀကဳံး ေခေၚ၀ၚျခင္း ျဖစ္ပါတယ္။ ခ်ီေဗြဆိုရင္ ကန္႔ကြက္ မခံရခင္ တည္ေဆာက္ခဲ့ျခင္းျဖစ္လို႔ လည္ပတ္ေနၿပီး ျမစ္ႀကီး နားဘက္မွာ လွ်ပ္စစ္ျဖန္႔ျဖဴးတာေတာင္ ၾကာၿပီလို႔ သိရပါတယ္။
အဲ့ဒီ စီမံကိန္းမ်ားမွာ သဘာ၀ပတ္၀န္းက်င္ကို အႀကီးအက်ယ္ ထိခိုက္ေစတာ ပါ၀င္ေနေၾကာင္း ေသခ်ာရင္ မေဆာက္ပဲ ေနႏိုင္ပါတယ္။ ရာသီဥတု ေျပာင္းလဲမႈေၾကာင့္ ေရခဲျမစ္မ်ား ေပ်ာက္ဆုံးေနလို႔ ဆည္ငယ္တစ္ခ်ိဳ႕ လုပ္ျဖစ္မယ္ မထင္ပါ။ ဧရာ၀တီျမစ္အတြင္း ေရရင္းျမစ္ျဖည့္သြင္းေနတာ အဲ့ဒီ ေရခဲျမစ္ခ်ည့္သက္သက္ မဟုတ္၊ အျခား ျမစ္လက္တက္ေပါင္း မ်ားစြာနဲ႔ ျမစ္က်ဥ္းႀကီး ၄-ခုေၾကာင့္လဲ ပါပါတယ္။ ခုေန ဆည္ေဆာက္ၿပီးရင္ ေတာင္ တ႐ုတ္က လွ်ပ္စစ္ ၀ယ္ေတာ့မယ္ မထင္ပါ။ သူ႔ဆီမွာ ပိုေနလို႔ ျပန္ေတာင္ ေရာင္းမယ္ထင္ပါတယ္။
ေရာင္းႏိုင္ရင္ ပိုက္ဆံရမယ့္အျပင္ လွ်ပ္စစ္ရာႏႈန္းတစ္ခ်ိဳ႕ အလကားရမယ္။ ေႏြရာသီမွာ ေသာင္ထြန္းတတ္ၿပီး မိုးရာသီ ေရႀကီးေရလ်ံေလ့ရွိတဲ့ ဧရာ၀တီဟာ တစ္ႏွစ္ပတ္လုံး ယခုထက္ ပိုသုံးႏိုင္မယ္။
“ငလ်င္ေၾကာေပၚက်လို႔ ေဆာက္လို႔မျဖစ္ဘူး” နားစြန္နားဖ်ား သတင္းနဲ႔ လာ ျငင္းမေနပါနဲ႔။ ငလ်င္ေၾကာေပၚ တည့္တည့္ေရာက္တဲ့ ျဗဟၼပုတၱရ ျမစ္ဖ်ားပိုင္းနဲ႔ ျမစ္အလယ္ပိုင္းမွာ တ႐ုတ္နဲ႔ အိႏၵိယတို႔က ျမစ္ဆုံထက္ အဆေပါင္းမ်ားစြာ ႀကီးတဲ့ ဆည္ႀကီးေတြ တည္ေဆာက္ေနလို႔ ျဖစ္ပါတယ္။
.