မြေဩဇာတင်သွင်း/ထုတ်လုပ်လိုသူ ၇၆၀၀ ကျော်ကိုလိုင်စင်ထုတ်ပေးထား

 325

NP News ဇွန် ၅
မြေဩဇာကော်မတီအနေဖြင့် ပြည်တွင်း မြေဩဇာတင်သွင်းခွင့်နှင့် ထုတ်လုပ်ခွင့် လုပ်ငန်းလုပ်ကိုင်လိုသူပေါင်း ၇၆၀၀ ကျော်အား လုပ်ငန်းမှတ်ပုံတင်ထုတ်ပေးထားပြီး လုပ်ကိုင်ခွင့်ပြုထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ဝန်ကြီးဌာနအနေဖြင့် ထပ်မံလျှောက်ထားလိုသူများကိုလည်း စိစစ်၍ လုပ်ငန်းမှတ်ပုံတင် ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း သိရသည်။
“စိုက်ပျိုးရေးသွင်းအားစုတွေဖြစ်တဲ့ မြေဩဇာတွေကို ကုမ္ပဏီအများစုက မှတ်ပုံတင် ပြုလုပ်ချင်တယ်၊ တင်သွင်း တင်ပို့လျှောက်ထားတာတွေပြုလုပ်ချင်တယ်ဆိုရင် ဌာနအနေနဲ့ ပိုမိုလွယ်ကူလျင်မြန်စေဖို့ရယ် ပွင့်လင်းမြင်သာမှု ရှိဖို့ရယ် အွန်လိုင်းစနစ်နဲ့ဆောင်ရွက်ပေးနေပါတယ်။
လျှောက်ထားလိုသူဟာ ဌာနရဲ့ ဝက်ဘ်ဆိုဒ်ထဲမှာ ဝင်ပြီးတော့ လျှောက်ထားရမှာဖြစ်ပါတယ်” ဟု ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြေဩဇာများ တင်သွင်းခွင့်၊ ထုတ်လုပ်ခွင့်နှင့် တင်ပို့ခွင့်များကို လျှောက်ထားသူသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ/လုပ်ငန်းဖြစ်သည့်အပြင် လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ၊ ပြည်ပကုမ္ပဏီ၏ စံချိန်စံညွှန်းပြည့်မီကြောင်း အာမခံချက်၊ ပြည်တွင်းကုမ္ပဏီ၏ အရည်အသွေးပြည့်မီကြောင်း ကတိဝန်ခံချက်၊ မြေဩဇာနမူနာနှင့် မြေဩဇာအိတ်ခွံ နမူနာ စသဖြင့် လိုအပ်ကြောင်းလည်း သိရသည်။
ထို့အပြင် မြေဩဇာတင်သွင်းခွင့် မှတ်ပုံတင်လက်မှတ်ရရှိပြီးသူများအနေဖြင့် ပြည်တွင်း၌ တင်သွင်းဖြန့်ဖြူးမည်ဆိုပါက ကုန်သွယ်ရေးဦးစီးဌာနမှာ သွင်းကုန်လိုင်စင်ပြန်လည်လျှောက်ထားနိုင်ဖို့အတွက် စိုက်ပျိုးရေးဦးစီးဌာန၏ မြေဩဇာစစ်ဆေးရေးအဖွဲ့မှ ထောက်ခံစာများကို ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
လက်ရှိမှာ မြေဩဇာကော်မတီအနေဖြင့် ပြည်တွင်းတွင် မြေဩဇာတင်သွင်းမှု၊ ထုတ်လုပ်မှုလုပ်ငန်းများအတွက် ခွင့်ပြုထားတဲ့ ကုမ္ပဏီပေါင်း ၅၂၈ ခုရှိပြီး မှတ်ပုံတင်အစောင် ၇၆၂၆ စောင်ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဇွန် ၂ ရက်နေ့စာရင်းများအရ သိရသည်။

Zawgyi Version:
ေျမဩဇာတင္သြင္း/ထုတ္လုပ္လိုသူ ၇၆၀၀ ေက်ာ္ကိုလိုင္စင္ထုတ္ေပးထား
NP News ဇြန္ ၅
ေျမဩဇာေကာ္မတီအေနျဖင့္ ျပည္တြင္း ေျမဩဇာတင္သြင္းခြင့္ႏွင့္ ထုတ္လုပ္ခြင့္ လုပ္ငန္းလုပ္ကိုင္လိုသူေပါင္း ၇၆၀၀ ေက်ာ္အား လုပ္ငန္းမွတ္ပုံတင္ထုတ္ေပးထားၿပီး လုပ္ကိုင္ခြင့္ျပဳထားေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနမွ သိရသည္။
အဆိုပါ ဝန္ႀကီးဌာနအေနျဖင့္ ထပ္မံေလွ်ာက္ထားလိုသူမ်ားကိုလည္း စိစစ္၍ လုပ္ငန္းမွတ္ပုံတင္ ခြင့္ျပဳထုတ္ေပးလ်က္ရွိေၾကာင္း သိရသည္။
“စိုက္ပ်ိဳးေရးသြင္းအားစုေတြျဖစ္တဲ့ ေျမဩဇာေတြကို ကုမၸဏီအမ်ားစုက မွတ္ပုံတင္ ျပဳလုပ္ခ်င္တယ္၊ တင္သြင္း တင္ပို႔ေလွ်ာက္ထားတာေတြျပဳလုပ္ခ်င္တယ္ဆိုရင္ ဌာနအေနနဲ႔ ပိုမိုလြယ္ကူလ်င္ျမန္ေစဖို႔ရယ္ ပြင့္လင္းျမင္သာမႈ ရွိဖို႔ရယ္ အြန္လိုင္းစနစ္နဲ႔ေဆာင္႐ြက္ေပးေနပါတယ္။
ေလွ်ာက္ထားလိုသူဟာ ဌာနရဲ႕ ဝက္ဘ္ဆိုဒ္ထဲမွာ ဝင္ၿပီးေတာ့ ေလွ်ာက္ထားရမွာျဖစ္ပါတယ္” ဟု ဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။
ေျမဩဇာမ်ား တင္သြင္းခြင့္၊ ထုတ္လုပ္ခြင့္ႏွင့္ တင္ပို႔ခြင့္မ်ားကို ေလွ်ာက္ထားသူသည္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္တြင္ မွတ္ပုံတင္ထားသည့္ ကုမၸဏီ/လုပ္ငန္းျဖစ္သည့္အျပင္ ေလွ်ာက္ထားသူ၏ မွတ္ပုံတင္မိတၱဴ၊ ျပည္ပကုမၸဏီ၏ စံခ်ိန္စံၫႊန္းျပည့္မီေၾကာင္း အာမခံခ်က္၊ ျပည္တြင္းကုမၸဏီ၏ အရည္အေသြးျပည့္မီေၾကာင္း ကတိဝန္ခံခ်က္၊ ေျမဩဇာနမူနာႏွင့္ ေျမဩဇာအိတ္ခြံ နမူနာ စသျဖင့္ လိုအပ္ေၾကာင္းလည္း သိရသည္။
ထို႔အျပင္ ေျမဩဇာတင္သြင္းခြင့္ မွတ္ပုံတင္လက္မွတ္ရရွိၿပီးသူမ်ားအေနျဖင့္ ျပည္တြင္း၌ တင္သြင္းျဖန႔္ျဖဴးမည္ဆိုပါက ကုန္သြယ္ေရးဦးစီးဌာနမွာ သြင္းကုန္လိုင္စင္ျပန္လည္ေလွ်ာက္ထားႏိုင္ဖို႔အတြက္ စိုက္ပ်ိဳးေရးဦးစီးဌာန၏ ေျမဩဇာစစ္ေဆးေရးအဖြဲ႕မွ ေထာက္ခံစာမ်ားကို ထုတ္ေပးလ်က္ရွိေၾကာင္းသိရသည္။
လက္ရွိမွာ ေျမဩဇာေကာ္မတီအေနျဖင့္ ျပည္တြင္းတြင္ ေျမဩဇာတင္သြင္းမႈ၊ ထုတ္လုပ္မႈလုပ္ငန္းမ်ားအတြက္ ခြင့္ျပဳထားတဲ့ ကုမၸဏီေပါင္း ၅၂၈ ခုရွိၿပီး မွတ္ပုံတင္အေစာင္ ၇၆၂၆ ေစာင္ျဖင့္ လုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၏ ဇြန္ ၂ ရက္ေန႔စာရင္းမ်ားအရ သိရသည္။

Related news

© 2021. All rights reserved.