ကော့သောင်းတွင်နယ်စပ်ဝင်ပေါက်ထွက်ပေါက် အဆောက်အအုံသစ်ဖွင့်လှစ်

472

NP News ဇွန် ၅ ရက်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၌ အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက်အအုံသစ်ကို မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ကုန်သွယ်ရေး ၊ ခရီးသွားလုပ်ငန်းနှင့် လူမှုစီးပွား ဆက်သွယ်ရေးကို မြှင့်တင်ရန်နှင့် နယ်စပ်ဖြတ်သန်းမှု စနစ်တကျဖြစ်စေရန် ရည်ရွယ်၍ ဇွန် ၂ ရက်နေ့က ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ အဆောက်အအုံသစ်မှာ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံခြားသင်္ဘောများနှင့် စက်လှေများ မြို့မဆိပ်ခံတံတားကို ပိုမို ဝင်/ထွက်ဆိုက်ကပ်လာ၍ တိုးတက်လာသည့် ခေတ်နှင့်အညီ နှစ်ပေါင်း(၆၀)ခန့်အဆောက်အအုံကို မြန်မာ့ယဉ်ကျေးမှု အနုသုခုမလက်ရာများဖြင့် နိုင်ငံတကာအဆင့်မီသည့် နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက် ဂိတ် အဆောက်အအုံအဖြစ် ပြင်ဆင်တည်ဆောက်ခဲ့တာဖြစ်ကြောင်းသိရသည်။
ခရီးသွားရာသီများတွင် နေ့ချင်းပြန်/ညအိပ် ကျွန်းအလည်အပတ်ခရီးစဉ်များဖြင့် လာရောက်လည်ပတ်ပြီး ကော့သောင်းမြို့၏ ရေ၊ မြေ၊ တော၊ တောင်တို့၏ သဘာဝအလှတရားများကို ကြည့်ရှုခံစားမည့် နိုင်ငံခြားသားခရီးသွား ဧည့်သည်များပိုမိုဝင်ရောက်လာနိုင်တယ်ရန် ရည်ရွည်းထားကြောင်းသိရသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက်အအုံသစ်ကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေကျပ် ၁,၆၉၇ ဒသမ ၁၄ သန်းဖြင့် ၂၀၂၃ ခုနှစ်မှစတင်ပြီး နောင်ရိုးမြန်မာဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်မှတာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ရာ သံကူကွန်ကရစ်အဆောက်အဦးအမျိုးအစားဖြစ်ပြီး အလျား(၁၂၀)ပေ၊ အနံ(၆၀) ပေ၊ အမြင့်(၁၄)ပေရှိပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုလွှမ်းခြုံသော ခေတ်မီဗိသုကာဒီဇိုင်းဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်းသိရသည်။

Zawgyi Version:
NP News ဇွန် ၅ ရက်