NUG လက်အောက်ခံ ကသာမြို့နယ် ပကဖ (၃) ဦး SNA အဖွဲ့ထံအလင်းဝင်

1013
သန့်ဇင်(NP News)-ဇွန် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ရှမ်းနီအမျိုးသားများတပ်မတော်(SNA) အဖွဲ့၏ တပ်မဟာ ၆၁၄ ထံသို့ NUG လက်အောက်ခံ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်(၃)ဦး ယနေ့(ဇွန်လ ၅ရက်)က အလင်းဝင်ခဲ့ကြောင်း သိရသည်။
အလင်းဝင်ရောက်လာသည့် ပကဖအဖွဲ့ဝင်(၃)ဦးတွင် လက်နက်ငယ်ကျည်(၅)တောင့်ပါပြီး ပကဖအင်္ကျီများနှင့်အတူ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါ ဘတ်တံဆိပ်များပါရှိကြောင်း သိရသည်။
ဗန်းမောက်မြို့တွင် ပြီးခဲ့သည့် ၂၀၂၂ခုနှစ်က စတင်ကာ KIA၊ PDFပူပေါင်းအဖွဲ့နှင့် SNAအဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင်လည်း ဗန်းမောက်မြို့၌ KIA၊ PDFပူးပေါင်းအဖွဲ့နှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)အဖွဲ့တို့ တိုက်ပွဲများမကြာခဏ လာရောက်တိုက်ပွဲဖော်ဆောင်လျက်ရှိပြီး ဒေသတွင်း ပြည်သူများစွာသည်လည်း ထွက်ပြေးနေရဆဲဖြစ်ကြောင်း သိရသည်။
Zawgyi Version:
NUG လက္ေအာက္ခံ ကသာၿမိဳ႕နယ္ ပကဖ (၃) ဦး SNA အဖြဲ႕ထံအလင္းဝင္
သန႔္ဇင္(NP News)-ဇြန္ ၅
စစ္ကိုင္းတိုင္းေဒသႀကီး၊ ဗန္းေမာက္ၿမိဳ႕နယ္အတြင္းရွိ ရွမ္းနီအမ်ိဳးသားမ်ားတပ္မေတာ္(SNA) အဖြဲ႕၏ တပ္မဟာ ၆၁၄ ထံသို႔ NUG လက္ေအာက္ခံ ကသာၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ဝင္(၃)ဦး ယေန႔(ဇြန္လ ၅ရက္)က အလင္းဝင္ခဲ့ေၾကာင္း သိရသည္။
အလင္းဝင္ေရာက္လာသည့္ ပကဖအဖြဲ႕ဝင္(၃)ဦးတြင္ လက္နက္ငယ္က်ည္(၅)ေတာင့္ပါၿပီး ပကဖအက်ႌမ်ားႏွင့္အတူ ကသာၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ပါ ဘတ္တံဆိပ္မ်ားပါရွိေၾကာင္း သိရသည္။
ဗန္းေမာက္ၿမိဳ႕တြင္ ၿပီးခဲ့သည့္ ၂၀၂၂ခုႏွစ္က စတင္ကာ KIA၊ PDFပူေပါင္းအဖြဲ႕ႏွင့္ SNAအဖြဲ႕တို႔ ထိေတြ႕တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္လည္း ဗန္းေမာက္ၿမိဳ႕၌ KIA၊ PDFပူးေပါင္းအဖြဲ႕ႏွင့္ ရွမ္းနီအမ်ိဳးသားမ်ားတပ္မေတာ္(SNA)အဖြဲ႕တို႔ တိုက္ပြဲမ်ားမၾကာခဏ လာေရာက္တိုက္ပြဲေဖာ္ေဆာင္လ်က္ရွိၿပီး ေဒသတြင္း ျပည္သူမ်ားစြာသည္လည္း ထြက္ေျပးေနရဆဲျဖစ္ေၾကာင္း သိရသည္။