စားသုံးသူကာကွယ်ရေးတိုင်ကြားရေးစင်တာ ၅၁ ခုထိ ဖွင့်လှစ်ထား

104

NP News - ဇွန် ၇
နိုင်ငံတစ်ဝှမ်း၌ စားသုံးသူသတင်းပြန်ကြားရေး နှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ စုစုပေါင်း ၅၁ ခု ရှိပြီး တိုင်ကြားမှု လက်ခံဖြေရှင်းသည့်လုပ်ငန်းစဉ်ကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေး နှင့် ကျန်ဒေသများတွင်လည်း တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရမည်ဟု မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ သိရသည်။
မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က လက်ရှိတွင် စားသုံးသူသတင်းပြန်ကြားရေး နှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာများ တိုးချဲ့ဖွင့်လှစ် နိုင်ရေးနှင့်ပတ်သက်၍ မကွေးခရိုင်၊ သရက်ခရိုင်နှင့် မင်းဘူးခရိုင်တို့တွင် တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် စုစုပေါင်း ၅၁ ခု ဖွင့်လှစ်နိုင်ခဲ့ကြောင်း ပြောကြားခဲသည်။
ထို့အတူ စားသုံးသူ အသိပညာပေးဆောင်ရွက်မှုနှင့် ပတ်သက်၍ ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဧပြီလကုန် အထိ လူဦးရေ ၆ ဒသမ ၄၀ သန်းကို အသိပညာပေးဆောင်ရွက်နိုင်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ လူဦးရေ၏ ၁၂ ဒသမ ၄၈ ရာခိုင်နှုန်းကျော် လွှမ်းခြုံဆောင်ရွက်နိုင်ခဲ့ရာ စားသုံးသူအသိပညာပေးကဏ္ဍကိုလည်း နယ်ပယ်အသီးသီးတွင် တိုးချဲ့ဆောင်ရွက်သွားရန်လိုအပ်ကြောင်း သိရသည်။
လက်ရှိကာလတွင် စားသုံးသူတိုင်ကြားမှုအများဆုံးဖြစ်သော အွန်လိုင်းငွေကြေးဝန်ဆောင်မှုကဏ္ဍ၊ ဆက်သွယ်ရေး ဝန်ဆောင်မှုကဏ္ဍနှင့် မော်တော်ယာဉ်အရောင်းကဏ္ဍများနှင့်ပတ်သက်၍ ဝန်ဆောင်မှုပေးသူဘက်က မှားယွင်းမှုများ၊ ပျက်ကွက်မှုများကြောင့်ဖြစ်ပေါ်လာသော စားသုံးသူနစ်နာဆုံးရှုံးမှုများကို ဖြေရှင်းပေးနိုင်ခဲ့ကြောင်း၊ ဖြေရှင်းဆောင်ရွက်ပေးရန် ကျန်ရှိနေသော တိုင်ကြားမှုများကိုလည်း ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်သွား ရန် လိုအပ်ကြောင်း အသိပေးပြောကြားသည်။
ထို့အပြင် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စားသုံးသူရေးရာကော်မတီများအနေဖြင့် စားသုံးသူ ကာကွယ်ရေးနှင့် လုပ်ငန်းသဘောသဘာဝချင်းဆက်စပ်နေသော ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးကိစ္စရပ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်စပ်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
စားသုံးသူကာကြယ္ေရးတိုင္ၾကားေရးစင္တာ ၅၁ ခုထိ ဖြင့္လွစ္ထား
NP News - ဇြန္ ၇
ႏိုင္ငံတစ္ဝွမ္း၌ စားသုံးသူသတင္းျပန္ၾကားေရး ႏွင့္ တိုင္ၾကားမႈလက္ခံေဆာင္႐ြက္ေရးစင္တာ စုစုေပါင္း ၅၁ ခု ရွိၿပီး တိုင္ၾကားမႈ လက္ခံေျဖရွင္းသည့္လုပ္ငန္းစဥ္ကို ပိုမိုထိေရာက္စြာေဆာင္႐ြက္ႏိုင္ေရး ႏွင့္ က်န္ေဒသမ်ားတြင္လည္း တိုးခ်ဲ႕ဖြင့္လွစ္ႏိုင္ေရး ေဆာင္႐ြက္သြားရမည္ဟု ျမန္မာႏိုင္ငံ စားသုံးသူကာကြယ္ေရးေကာ္မရွင္မွ သိရသည္။
ျမန္မာႏိုင္ငံ စားသုံးသူကာကြယ္ေရးေကာ္မရွင္၏ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ ျမန္မာႏိုင္ငံ စားသုံးသူ ကာကြယ္ေရးေကာ္မရွင္ဥကၠ႒ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးထြန္းအုံ က လက္ရွိတြင္ စားသုံးသူသတင္းျပန္ၾကားေရး ႏွင့္ တိုင္ၾကားမႈလက္ခံေဆာင္႐ြက္ေရးစင္တာမ်ား တိုးခ်ဲ႕ဖြင့္လွစ္ ႏိုင္ေရးႏွင့္ပတ္သက္၍ မေကြးခ႐ိုင္၊ သရက္ခ႐ိုင္ႏွင့္ မင္းဘူးခ႐ိုင္တို႔တြင္ တိုးခ်ဲ႕ဖြင့္လွစ္ႏိုင္ခဲ့သည့္အတြက္ စုစုေပါင္း ၅၁ ခု ဖြင့္လွစ္ႏိုင္ခဲ့ေၾကာင္း ေျပာၾကားခဲသည္။
ထို႔အတူ စားသုံးသူ အသိပညာေပးေဆာင္႐ြက္မႈႏွင့္ ပတ္သက္၍ ၂၀၁၆ ခုႏွစ္ ဧၿပီ ၁ ရက္မွ ၂၀၂၅ ခုႏွစ္ ဧၿပီလကုန္ အထိ လူဦးေရ ၆ ဒသမ ၄၀ သန္းကို အသိပညာေပးေဆာင္႐ြက္ႏိုင္ခဲ့ၿပီး တစ္ႏိုင္ငံလုံးရွိ လူဦးေရ၏ ၁၂ ဒသမ ၄၈ ရာခိုင္ႏႈန္းေက်ာ္ လႊမ္းၿခဳံေဆာင္႐ြက္ႏိုင္ခဲ့ရာ စားသုံးသူအသိပညာေပးက႑ကိုလည္း နယ္ပယ္အသီးသီးတြင္ တိုးခ်ဲ႕ေဆာင္႐ြက္သြားရန္လိုအပ္ေၾကာင္း သိရသည္။
လက္ရွိကာလတြင္ စားသုံးသူတိုင္ၾကားမႈအမ်ားဆုံးျဖစ္ေသာ အြန္လိုင္းေငြေၾကးဝန္ေဆာင္မႈက႑၊ ဆက္သြယ္ေရး ဝန္ေဆာင္မႈက႑ႏွင့္ ေမာ္ေတာ္ယာဥ္အေရာင္းက႑မ်ားႏွင့္ပတ္သက္၍ ဝန္ေဆာင္မႈေပးသူဘက္က မွားယြင္းမႈမ်ား၊ ပ်က္ကြက္မႈမ်ားေၾကာင့္ျဖစ္ေပၚလာေသာ စားသုံးသူနစ္နာဆုံးရႈံးမႈမ်ားကို ေျဖရွင္းေပးႏိုင္ခဲ့ေၾကာင္း၊ ေျဖရွင္းေဆာင္႐ြက္ေပးရန္ က်န္ရွိေနေသာ တိုင္ၾကားမႈမ်ားကိုလည္း ထိထိေရာက္ေရာက္ ေျဖရွင္းေဆာင္႐ြက္သြား ရန္ လိုအပ္ေၾကာင္း အသိေပးေျပာၾကားသည္။
ထို႔အျပင္ ျပည္ေထာင္စုနယ္ေျမ၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္စားသုံးသူေရးရာေကာ္မတီမ်ားအေနျဖင့္ စားသုံးသူ ကာကြယ္ေရးႏွင့္ လုပ္ငန္းသေဘာသဘာဝခ်င္းဆက္စပ္ေနေသာ ကုန္ေဈးႏႈန္းတည္ၿငိမ္ေရး၊ တရားမဝင္ ကုန္သြယ္မႈတိုက္ဖ်က္ေရးကိစၥရပ္မ်ား၊ စားသုံးသူကာကြယ္ေရးဥပေဒပါ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ ဆက္စပ္ေဆာင္႐ြက္သြားရန္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။