ဘိလပ်မြေထုတ်လုပ်သူများအသင်း ဖွဲ့စည်းလိုက်ပြီး ထုတ်လုပ်သုံးစွဲမှုများကို စိစစ်မည်

3287

Pearl (NP News) - ဇွန် ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ခွင့်ပြုချက်အရ ဘိလပ်မြေထုတ်လုပ်သူများ အသင်းဖွဲ့စည်း၍ ပြည်တွင်း၌ ဘိလပ်မြေထုတ်လုပ်သုံးစွဲမှုကို စိစစ်မည်ဖြစ်ကြောင်း နစက၏အချက်အလက်များအရ သိရသည်။
ပြည်တွင်း၌လိုအပ်လျက်ရှိသော ဘိလပ်မြေများကို ဘိလပ်မြေစက်ရုံများမှ ပြည့်မီစွာ ထုတ်လုပ်နိုင်ရန် ဘိလပ်မြေ စက်ရုံများ၏ ထုတ်လုပ်မှုနှင့် စက်ရုံများ စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရာ တွင် ကြုံတွေ့နေရသည့်အခက်အခဲများ၊ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် နာယက အပါအဝင် လူပုဂ္ဂိုလ် (၂၂) ဦးပါဝင်သော ဘိလပ်မြေထုတ်လုပ်သူများအသင်းကို ဖွဲ့စည်းထားကြောင်း သိရသည်။ ထိုသို့ ဖွဲ့စည်း ခြင်းဖြင့် ဘိလပ်မြေ ပိုမိုထွက်ရှိလာနိုင်သော်လည်း ဘိလပ်မြေ မလုံလောက်မှုဆက်လက်ရှိနေနိုင်ကြောင်းလည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားထားသည်။
“ဘိလပ်မြေစက်ရုံက ဘယ်လိုပဲထုတ်ထုတ် အဲဒီမတိုင်ခင်ကတည်းက ဘိလပ် မြေက (Shortage) ဖြစ်နေတာလေ။ သူက အဲဒါကို အားထည့်ပြီး ပြင်ဖို့ လုပ်နေတယ်။ ပြင်တာတော့ ကောင်းတာပေါ့။ ဘိလပ်မြေ တော့ ပိုထွက်လာ တာပေါ့။ ဒါပေမဲ့ ပြဿနာက ဘိလပ်မြေက မလုံလောက် ဘူး။ မလုံလောက်ဘူးဆိုတာ ငလျင်မလှုပ်ခင်ကတည်းက ဈေးတွေတက်ပြီး ဈေးကွက်ထဲမှာ ပြတ်နေ တာ။ အဲဒီအတွက်တော့ ပြင်တာတော့ ကောင်းတာပေါ့နော်။ ဒါပေမဲ့ ဈေးကွက်လိုအပ်ချက်အရ ဒီအခြေ အနေနဲ့ဆို ဘိလပ် မြေကရှိနေဦးမှာပဲ။ ငလျင်မလှုပ်ခင်က အခြေအနေမှာ တောင်မှ (Shortage) ဖြစ်နေတာကိုး” ဟု အထက် ပါလုပ်ငန်းရှင်က ဆိုသည်။
ဘိလပ်မြေထုတ်လုပ်သူများအသင်းအနေဖြင့် ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့တွင် မှတ်ပုံတင် ထားသော ပြည်တွင်းအသင်းအဖွဲ့ဖြစ်၍ နိုင်ငံတစ်ဝန်းလုံးတွင် လှုပ်ရှားဆောင်ရွက်ခွင့်ရှိကြောင်း သိရ သည်။
အဆိုပါအသင်းအနေဖြင့် အရည်အသွေး စံချိန် စံညွှန်းသတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်နိုင် ရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်နှင့် ပြည်တွင်း၌ ဘိလပ်မြေထုတ်လုပ်နိုင်မှု၊ သုံးစွဲမှုနှင့် ပြည်ပမှ တင်သွင်းသည့် ဘိလပ်မြေပမာဏတို့ကိုစာရင်းပြုစု၍ သက်ဆိုင်ရာဝန်ကြီး ဌာနများသို့ တင်ပြနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် သဘာဝသယံဇာတနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေး အစီအမံများ၊ သဘာဝသယံဇာတအရင်းအမြစ်များ လျော့နည်းဆုံးရှုံးမှုကို တားဆီးရေးနှင့် စဉ်ဆက် မပြတ် အကျိုးရှိစွာအသုံးပြု နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရမည်ဖြစ် ကြောင်း သိရသည်။
အလားတူ ဘိလပ်မြေထုတ်လုပ်မှုနည်းပညာများနှင့် သတင်းအချက်အလက်နည်းပညာများကို ပေါင်းစပ် အသုံးချလျက် နိုင်ငံတော်၏ သဘာဝသယံဇာတနှင့် လူသားအရင်းအမြစ်များကို သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြင့် အကျိုးရှိစွာအသုံးချနိုင်သည့် နည်းလမ်းကောင်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း သိရသည်။
နာယကအဖြစ် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က တာဝန်ယူဆောင်ရွက်ပြီး ဥက္ကဋ္ဌ အဖြစ် ရွှေတောင်ဘိလပ်မြေစက်ရုံ အမှု ဆောင်အရာရှိချုပ် ဦးအောင်ဇော်နိုင်၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် Mother Group of Company ဥက္ကဋ္ဌ ဦးအောင်မြတ်နှင့် အလုပ်အမှုဆောင်များအဖြစ် အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဒေါ်မီမီဝင်းညီ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ ဒုတိယ အထွေထွေမန်နေဂျာ ဦးသုတ၊ ဆင်မင်းဘိလပ်မြေစက်ရုံမှ စက်ရုံမှူး ဦးခင်မောင်ဆွေ၊ ငွေရည်ပုလဲ ဘိလပ်မြေစက်ရုံမှ မန်နေဂျာ ဦးအောင်သန်းဝင်း၊ မက်စ်မြန်မာဘိလပ်မြေစက်ရုံမှ ဒါရိုက်တာ ဦးစောမြသောင်းတို့ဖြင့် အသင်းကိုဖွဲ့စည်းထား သည်။
အဖွဲ့ဝင်များအဖြစ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တု တွင်းလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ကုန်သွယ်ရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် ပတ္တမြားနဂါး၊ ရှမ်းရိုးမ၊ မြန်မာဆင်၊ AAA၊ ရွှေတောင်၊ Myanmar Conch နှင့် သံတော်မြတ် ဘိလပ်မြေစက်ရုံတို့မှ တာဝန်ရှိသူများပါဝင်ကြောင်း သိရသည်။

Zawgyi Version;
ဘိလပ္ေျမထုတ္လုပ္သူမ်ားအသင္း ဖြဲ႕စည္းလိုက္ၿပီး ထုတ္လုပ္သုံးစြဲမႈမ်ားကို စိစစ္မည္
Pearl (NP News) - ဇြန္ ၉
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ႐ုံး၏ ခြင့္ျပဳခ်က္အရ ဘိလပ္ေျမထုတ္လုပ္သူမ်ား အသင္းဖြဲ႕စည္း၍ ျပည္တြင္း၌ ဘိလပ္ေျမထုတ္လုပ္သုံးစြဲမႈကို စိစစ္မည္ျဖစ္ေၾကာင္း နစက၏အခ်က္အလက္မ်ားအရ သိရသည္။
ျပည္တြင္း၌လိုအပ္လ်က္ရွိေသာ ဘိလပ္ေျမမ်ားကို ဘိလပ္ေျမစက္႐ုံမ်ားမွ ျပည့္မီစြာ ထုတ္လုပ္ႏိုင္ရန္ ဘိလပ္ေျမ စက္႐ုံမ်ား၏ ထုတ္လုပ္မႈႏွင့္ စက္႐ုံမ်ား စက္စြမ္းအားျပည့္ လည္ပတ္ထုတ္လုပ္ႏိုင္ေရးေဆာင္႐ြက္ရာ တြင္ ႀကဳံေတြ႕ေနရသည့္အခက္အခဲမ်ား၊ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္း ေဆာင္႐ြက္ေပးႏိုင္ရန္ နာယက အပါအဝင္ လူပုဂၢိဳလ္ (၂၂) ဦးပါဝင္ေသာ ဘိလပ္ေျမထုတ္လုပ္သူမ်ားအသင္းကို ဖြဲ႕စည္းထားေၾကာင္း သိရသည္။ ထိုသို႔ ဖြဲ႕စည္း ျခင္းျဖင့္ ဘိလပ္ေျမ ပိုမိုထြက္ရွိလာႏိုင္ေသာ္လည္း ဘိလပ္ေျမ မလုံေလာက္မႈဆက္လက္ရွိေနႏိုင္ေၾကာင္းလည္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္တစ္ဦးက သုံးသပ္ေျပာၾကားထားသည္။
“ဘိလပ္ေျမစက္႐ုံက ဘယ္လိုပဲထုတ္ထုတ္ အဲဒီမတိုင္ခင္ကတည္းက ဘိလပ္ ေျမက (Shortage) ျဖစ္ေနတာေလ။ သူက အဲဒါကို အားထည့္ၿပီး ျပင္ဖို႔ လုပ္ေနတယ္။ ျပင္တာေတာ့ ေကာင္းတာေပါ့။ ဘိလပ္ေျမ ေတာ့ ပိုထြက္လာ တာေပါ့။ ဒါေပမဲ့ ျပႆနာက ဘိလပ္ေျမက မလုံေလာက္ ဘူး။ မလုံေလာက္ဘူးဆိုတာ ငလ်င္မလႈပ္ခင္ကတည္းက ေဈးေတြတက္ၿပီး ေဈးကြက္ထဲမွာ ျပတ္ေန တာ။ အဲဒီအတြက္ေတာ့ ျပင္တာေတာ့ ေကာင္းတာေပါ့ေနာ္။ ဒါေပမဲ့ ေဈးကြက္လိုအပ္ခ်က္အရ ဒီအေျခ အေနနဲ႔ဆို ဘိလပ္ ေျမကရွိေနဦးမွာပဲ။ ငလ်င္မလႈပ္ခင္က အေျခအေနမွာ ေတာင္မွ (Shortage) ျဖစ္ေနတာကိုး” ဟု အထက္ ပါလုပ္ငန္းရွင္က ဆိုသည္။
ဘိလပ္ေျမထုတ္လုပ္သူမ်ားအသင္းအေနျဖင့္ ျပည္ေထာင္စုမွတ္ပုံတင္ေရးအဖြဲ႕တြင္ မွတ္ပုံတင္ ထားေသာ ျပည္တြင္းအသင္းအဖြဲ႕ျဖစ္၍ ႏိုင္ငံတစ္ဝန္းလုံးတြင္ လႈပ္ရွားေဆာင္႐ြက္ခြင့္ရွိေၾကာင္း သိရ သည္။
အဆိုပါအသင္းအေနျဖင့္ အရည္အေသြး စံခ်ိန္ စံၫႊန္းသတ္မွတ္ခ်က္မ်ားႏွင့္အညီ ထုတ္လုပ္ႏိုင္ ေရးႏွင့္ ကုန္ထုတ္လုပ္မႈဖြံ႕ၿဖိဳးတိုးတက္ေရးေဆာင္႐ြက္ရန္ႏွင့္ ျပည္တြင္း၌ ဘိလပ္ေျမထုတ္လုပ္ႏိုင္မႈ၊ သုံးစြဲမႈႏွင့္ ျပည္ပမွ တင္သြင္းသည့္ ဘိလပ္ေျမပမာဏတို႔ကိုစာရင္းျပဳစု၍ သက္ဆိုင္ရာဝန္ႀကီး ဌာနမ်ားသို႔ တင္ျပႏိုင္ေရး ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ သဘာဝသယံဇာတႏွင့္ ယဥ္ေက်းမႈအေမြအႏွစ္မ်ားကို ထိန္းသိမ္းေစာင့္ေရွာက္ေရး အစီအမံမ်ား၊ သဘာဝသယံဇာတအရင္းအျမစ္မ်ား ေလ်ာ့နည္းဆုံးရႈံးမႈကို တားဆီးေရးႏွင့္ စဥ္ဆက္ မျပတ္ အက်ိဳးရွိစြာအသုံးျပဳ ႏိုင္ေရးအတြက္ အသိပညာေပးလုပ္ငန္းစဥ္မ်ား ေဆာင္႐ြက္ရမည္ျဖစ္ ေၾကာင္း သိရသည္။
အလားတူ ဘိလပ္ေျမထုတ္လုပ္မႈနည္းပညာမ်ားႏွင့္ သတင္းအခ်က္အလက္နည္းပညာမ်ားကို ေပါင္းစပ္ အသုံးခ်လ်က္ ႏိုင္ငံေတာ္၏ သဘာဝသယံဇာတႏွင့္ လူသားအရင္းအျမစ္မ်ားကို သဘာဝပတ္ဝန္းက်င္ကို ထိခိုက္မႈအနည္းဆုံးျဖင့္ အက်ိဳးရွိစြာအသုံးခ်ႏိုင္သည့္ နည္းလမ္းေကာင္းမ်ား၊ သုေတသနႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈ လုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း သိရသည္။
နာယကအျဖစ္ စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးရင္ေမာင္ၫြန႔္က တာဝန္ယူေဆာင္႐ြက္ၿပီး ဥကၠ႒ အျဖစ္ ေ႐ႊေတာင္ဘိလပ္ေျမစက္႐ုံ အမႈ ေဆာင္အရာရွိခ်ဳပ္ ဦးေအာင္ေဇာ္ႏိုင္၊ ဒုတိယ ဥကၠ႒အျဖစ္ Mother Group of Company ဥကၠ႒ ဦးေအာင္ျမတ္ႏွင့္ အလုပ္အမႈေဆာင္မ်ားအျဖစ္ အမွတ္(၂) အႀကီးစားစက္မႈလုပ္ငန္းမွ အေထြေထြမန္ေနဂ်ာ ေဒၚမီမီဝင္းညီ၊ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္းမွ ဒုတိယ အေထြေထြမန္ေနဂ်ာ ဦးသုတ၊ ဆင္မင္းဘိလပ္ေျမစက္႐ုံမွ စက္႐ုံမႉး ဦးခင္ေမာင္ေဆြ၊ ေငြရည္ပုလဲ ဘိလပ္ေျမစက္႐ုံမွ မန္ေနဂ်ာ ဦးေအာင္သန္းဝင္း၊ မက္စ္ျမန္မာဘိလပ္ေျမစက္႐ုံမွ ဒါ႐ိုက္တာ ဦးေစာျမေသာင္းတို႔ျဖင့္ အသင္းကိုဖြဲ႕စည္းထား သည္။
အဖြဲ႕ဝင္မ်ားအျဖစ္ သယံဇာတႏွင့္ သဘာဝ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ သတၱဳ တြင္းလုပ္ငန္း၊ လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴးေရးလုပ္ငန္း၊ ျမန္မာ့ေရနံႏွင့္သဘာဝဓာတ္ေငြ႕လုပ္ငန္း၊ ကုန္သြယ္ေရးဦးစီးဌာန၊ စက္မႈဝန္ႀကီးဌာနႏွင့္ ပတၱျမားနဂါး၊ ရွမ္း႐ိုးမ၊ ျမန္မာဆင္၊ AAA၊ ေ႐ႊေတာင္၊ Myanmar Conch ႏွင့္ သံေတာ္ျမတ္ ဘိလပ္ေျမစက္႐ုံတို႔မွ တာဝန္ရွိသူမ်ားပါဝင္ေၾကာင္း သိရသည္။