အမေရိကန်နိုင်ငံမှာ ပိုင်ရှင်လက်က ထွက်ပြေးသွားတဲ့ အိမ်မွေးတိရစ္ဆာန် မြင်းကျားကို ရဟတ်ယာဉ်နဲ့ ဖမ်းဆီးပြန်ပို့

 156

ရောင်နီ (NP News) - ဇွန် ၁ဝ

အမေရိကန်နိုင်ငံ၊ တန်နန်ဆက်ပြည်နယ်၊ ရက်စာဖို့ဒ် ကောင်တီမှာ သီတင်းတစ်ပတ်နီးပါး ထွက်ပြေးလွတ်မြောက် သွားတဲ့ အိမ်မွေးတိရစ္ဆာန်မြင်းကျားတစ်ကောင်ကို တာဝန်ရှိသူတွေက ဟယ်လီကော်ပတာနဲ့ခေါ်ဆောင်ပြီး ပိုင်ရှင် ဆီ ပြန်ပို့ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
အက်ဒ် အမည်ရှိ အဆိုပါ တိရစ္ဆာန်ကို ရပ်သာဖို့ဒ် ကောင်တီ ရဲအရာရှိရုံးက ဇွန် ၈ ရက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ သူ့ရဲ့ပိုင်ရှင်ဆီ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ရဲအရာရှိရဲ့ Facebook မှာ တင်ထားတဲ့ဗီဒီယိုတစ်ခုမှာ မြင်းကျားရဲ့ခေါင်းနဲ့ခြေထောက်တွေကို ပိုက်ကွန်နဲ့ ချည်နှောင်ပြီး အဝါရောင်ရဟတ် ယာဉ်နဲ့ ဝေဟင်မှ တွဲလောင်းခေါ်ဆောင်သွားတာ တွေ့ရပါတယ်။
Interstate 24 အနီး စားကျတ်မြေတစ်ခုမှာ အဆိုပါ မြင်းကျားကို တွေ့ရှိပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ အမည်မဖော်လိုတဲ့ပိုင်ရှင် ဖြစ်သူက အဆိုပါ မြင်းကျားကို မေလ ၃၀ ရက်က ရရှိခဲ့ပြီး နောက်တစ်နေ့ နံနက်မှာ မြင်းကျားက ထွက်ပြေးပျောက်ဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ မြင်းကျား ဘယ်လို လွတ်မြောက် သွားသလဲ ဆိုတာတော့ မသိရသေးပါဘူး။ အဆိုပါ မြင်းကျားကို ဇွန် ၆ ရက်က နက်ရှ်ဗီးလ်မြို့ တောင်ဘက် ၆၄ ကီလိုမီတာအကွာ၊ ခရစ္စတီးနားမြို့အနီးရှိ ကွင်းပြင်တစ်ခုမှာ ရဲတပ်ဖွဲ့က ဒရုန်းနဲ့ရှာဖွေရာမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဇွန်လ ၈ ရက် နံနက်မှာတော့ တန်နန်ဆက် အဝေးပြေးကင်းလှည့်အဖွဲ့နဲ့ တန်နန်ဆက် တောရိုင်း တိရစ္ဆာန်အရင်းအမြစ်အေဂျင်စီ ပူးပေါင်းပြီး အဆိုပါ မြင်းကျားကိုဖမ်းဆီးကာ ပိုင်ရှင်ဆီ ပြန်ပို့လိုက်တယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံမွာ ပိုင္ရွင္လက္က ထြက္ေျပးသြားတဲ့ အိမ္ေမြးတိရစာၦန္ ျမင္းက်ားကို ရဟတ္ယာဥ္နဲ႔ ဖမ္းဆီးျပန္ပို႔
ေရာင္နီ (NP News) - ဇြန္ ၁ဝ

အေမရိကန္ႏိုင္ငံ၊ တန္နန္ဆက္ျပည္နယ္၊ ရက္စာဖို႔ဒ္ ေကာင္တီမွာ သီတင္းတစ္ပတ္နီးပါး ထြက္ေျပးလြတ္ေျမာက္ သြားတဲ့ အိမ္ေမြးတိရစာၦန္ျမင္းက်ားတစ္ေကာင္ကို တာဝန္ရွိသူေတြက ဟယ္လီေကာ္ပတာနဲ႔ေခၚေဆာင္ၿပီး ပိုင္ရွင္ ဆီ ျပန္ပို႔ေပးႏိုင္ခဲ့တယ္လို႔ သိရပါတယ္။
အက္ဒ္ အမည္ရွိ အဆိုပါ တိရစာၦန္ကို ရပ္သာဖို႔ဒ္ ေကာင္တီ ရဲအရာရွိ႐ုံးက ဇြန္ ၈ ရက္က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ သူ႔ရဲ႕ပိုင္ရွင္ဆီ ျပန္လည္ပို႔ေဆာင္ေပးခဲ့တယ္လို႔ ဆိုပါတယ္။ ရဲအရာရွိရဲ႕ Facebook မွာ တင္ထားတဲ့ဗီဒီယိုတစ္ခုမွာ ျမင္းက်ားရဲ႕ေခါင္းနဲ႔ေျခေထာက္ေတြကို ပိုက္ကြန္နဲ႔ ခ်ည္ေႏွာင္ၿပီး အဝါေရာင္ရဟတ္ ယာဥ္နဲ႔ ေဝဟင္မွ တြဲေလာင္းေခၚေဆာင္သြားတာ ေတြ႕ရပါတယ္။
Interstate 24 အနီး စားက်တ္ေျမတစ္ခုမွာ အဆိုပါ ျမင္းက်ားကို ေတြ႕ရွိၿပီး ဖမ္းဆီးေခၚေဆာင္သြားခဲ့တယ္လို႔ သိရပါတယ္။ အမည္မေဖာ္လိုတဲ့ပိုင္ရွင္ ျဖစ္သူက အဆိုပါ ျမင္းက်ားကို ေမလ ၃၀ ရက္က ရရွိခဲ့ၿပီး ေနာက္တစ္ေန႔ နံနက္မွာ ျမင္းက်ားက ထြက္ေျပးေပ်ာက္ဆုံးသြားခဲ့တယ္လို႔ ဆိုပါတယ္။ အဆိုပါ ျမင္းက်ား ဘယ္လို လြတ္ေျမာက္ သြားသလဲ ဆိုတာေတာ့ မသိရေသးပါဘူး။ အဆိုပါ ျမင္းက်ားကို ဇြန္ ၆ ရက္က နက္ရွ္ဗီးလ္ၿမိဳ႕ ေတာင္ဘက္ ၆၄ ကီလိုမီတာအကြာ၊ ခရစၥတီးနားၿမိဳ႕အနီးရွိ ကြင္းျပင္တစ္ခုမွာ ရဲတပ္ဖြဲ႕က ဒ႐ုန္းနဲ႔ရွာေဖြရာမွာ ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ ဇြန္လ ၈ ရက္ နံနက္မွာေတာ့ တန္နန္ဆက္ အေဝးေျပးကင္းလွည့္အဖြဲ႕နဲ႔ တန္နန္ဆက္ ေတာ႐ိုင္း တိရစာၦန္အရင္းအျမစ္ေအဂ်င္စီ ပူးေပါင္းၿပီး အဆိုပါ ျမင္းက်ားကိုဖမ္းဆီးကာ ပိုင္ရွင္ဆီ ျပန္ပို႔လိုက္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.